11/05/2017
Community Leadership and Social Studies (CLASS), a one-year intensive program from Thabyay Education enables hundreds of Myanmar students each year across the country to gain the skills, knowledge and qualifications to work effectively in their communities and access further study.
We have successfully nominated students from Rakhine State in batch 4,5,6,and 7 continuously. One graduated student has been back to her home land again and being employed in an INGO working for gender issue. We will soon share about her experience with CEAL, KKEC and her recent first paid job ever.
There are 4 students who took exam for CLASS program/batch-8 and we don't know who will be the successful candidate! Stay Tuned!
We together make changes in rural Youth!
CLASS ပရိုဂမ်လို့ ခေါ်တဲ့ ကံ့ကော်ပညာရေးစင်တာရဲ့ တစ်နှစ်တာ ဒီပလိုမာ အစီအစဉ်တစ်ခုကတော့ မြန်မာနိုင်ငံမှာတစ်ဝှမ်းလုံးက လူငယ်တွေရဲ့ အနာဂတ်ပညာရေးနှင့် လုပ်ငန်းခွင်တိုးတက်မှု အတွက် အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ဖို့ လိုအပ်သော ဗဟုသုတများ၊ စွမ်းဆောင်ရည်များ၊ ကျွမ်းကျင်မှု စသည်တို့ကိုလေ့ကျင့်သင်ကြားပေးတဲ့ အစီအစဉ်လေးတစ်ခုပါ။
အဲဒီအစီအစဉ်မှာ အပတ်စဉ်-၄ မှ စပြီး ရခိုင်ပြည်မှ ကျောင်းသူ၊ ကျောင်းသားများကို ၀င်ရောက်ဖြေဆိုစေခဲ့ရာ အပတ်စဉ်-၇ အထိ စုစုပေါင်းလေးယောက် အောင်မြင်ခဲ့ပါတယ်။ တစ်နှစ်တာသင်တန်းကို ပြီးစီးအောင်မြင်သွားတဲ့ ကျောင်းသူတစ်ယောက်တော့ လက်ရှိ ရခိုင်ပြည်နယ်၊စစ်တွေမြို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ကိုင်ဖို့ ရွေးချယ်ခံရပြီး ကျား-မတန်းတူညီမှုမြှင့်တင်ရေး ကဏ္ဍမှာ အလုပ်လုပ်ကိုင်နေပါတယ်။ သူမရဲ့ ပထမဦးဆုံး ၀င်ငွေရတဲ့ အလုပ်အကိုင်အတွေ့အကြုံ၊ CEAL မှသင်ကြားပေးခဲ့တဲ့ အတွေ့အကြုံ အပြင် ကံ့ကော်ပညာရေးစင်တာတွင် ရရှိခဲ့သော အတွေ့အကြုံများကိုလည်း အခြားလူငယ်တွေ အတွက်မျှဝေ ပေးသွားမှာပါ။
ယခုလက်ရှိ အပတ်စဉ်-၈ အတွက် ရခိုင်ပြည်နယ်မြို့နယ်-၃ ခုမှ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း-၄ ဦးဖြေဆိုထားပြီး ဘယ်သူက အောင်မြင်သွားမလဲဆိုတာ စောင့်ကြည့်ရအောင်နော်။
ကျွန်မတို့အတူတကွ ကျေးလက်ဒေသ (သို့) မြို့နဲ့အလှမ်းဝေးကွာပြီး ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသော လူငယ်များဘ၀ကို ပြောင်းလဲမြှင့်တင်ပေးရအောင်!