JOAH

JOAH

Share

당신의밝은미래를위해JOAH가있습니다

Photos from JOAH's post 31/05/2024

여러분, 안녕하세요...🤗

ကိုးရီးယားမှာရှိရေ ကျောင်းတစ်ကျောင်းနဲ့မိတ်ဆက်ပီးပါမေ။ မိတ်ဆက်ပီးဖို့ကျောင်းကတော့ 𝓢𝓮𝓸𝓾𝓵 𝓦𝓸𝓶𝓮𝓷'𝓼 𝓤𝓷𝓲𝓿𝓮𝓻𝓼𝓲𝓽𝔂 ပဲဖြစ်ပါရေ။

🇰🇷 ဆိုးလ်မှာမှ ကျောင်းတက်ချင်ပါရေဆိုရေ ကျောင်းသူ/ ကျောင်းသား ​တိအတွက် နာမည်ကြီး Private Uni တစ်ခုဖြစ်ရေ Seoul Women's University ရှိပါရေ။
Women's University ဆိုကေလေ့ Language Program ကိုတော့ ယောင်္ကျား​ချေ တိပါတက်လို့ရပါရေ။

🇰🇷 SWU ကျောင်းက United States, Canada, France, Germany, Great Britain, New Zealand, Vietnam, China, and Japanမှာ ရှိရေ Universities တိနဲ့လေ့ exchange programs တိ ရှိပါရေ။

🇰🇷 The SWELL program ဆိုရေ English Language language Programလည်းရှိပြီးကေ native speakers ဆရာတိကိုယ်တိုင်သင်ကြားပီးစော် ဖြစ်ပါရေ။

🇰🇷 Bahrom International Program ကိုတော့ နိုင်ငံခြားသားကျောင်းသားတိကို Koreaနိုင်ငံ၏ သမိုင်း၊ စာပေ၊ယဥ်ကျေးမှုနဲ့ နိုင်ငံရေး၊ စီးပွားရေး တိကို သင်ကြားပို့ချပီးရေ program ဖြစ်ပြီးကေ SWU နဲ့ချိတ်ဆက်ထားရေ နိုင်ငံတကာတက္ကသိုလ်တိက ကျောင်းသားတိ တက်ရောက်ကတ်ပါရေ။

🇰🇷 SWU မှာ undergraduate ကျောင်းသားတိအတွက် မေဂျာ 31 ခု၊ Masterဘွဲ့ ကျောင်းသားတိအတွက် ဌာန 25 ခုနဲ့ ပါရဂူဘွဲ့ရကျောင်းသားတိအတွက် ဌာနခွဲ 2 ခုမှာ ဌာန 13 ခု ရှိပါရေ။

🇰🇷 Scholarship အကြောင်းကို နောက်ဆုံးပုံမှာပြပီးထားပါရေ။ အသေးစိတ်ကိုတော့ official website linkပီးထားလို့ ဝင်ဖတ်ကြည့်နိုင်ပါရေ။

Application Fees = KRW 50,000
Language Program
1 sem = KRW 1,400,000
4 sem x 1,400,000 = KRW 5,600,000

Dormitory fees = 992,000/15weeks
Qualifications = Language Program Student(Female Only)

Department အနေနဲ့ကတော့
1)College of Humanities
2)College of Social Sciences
3)College of Natural Sciences
4)College of Interdisciplinary Studies for Emerging Industries
5)School of Art and Design
6)Graduate School
7)Graduate School of Education
8)Graduate School of Human Services Studies
9)Graduate School of Professional Therapeutic Technology

Seoul Women's University Official Website -
https://www.swu.ac.kr/therapy/thexam_1.html

ကျတော်ရို့ JOAH သင်တန်းကျောင်းကနိန်လေ့
Seoul Women's Universityနဲ့ ချိတ်ဆက်ထားပြီး
- D4 Visa ( Language Program)
- D2 Visa ( Undergraduate/ Master) 2မျိုးလုံးအတွက်ကျောင်းလျှောက်ဝန်ဆောင်မှုပီးနိန်ရေအတွက် အသေးစိတ်ကို ထပ်သိချင်ကေတော့ ကျတော်ရို့ကို ဆက်သွယ် စုံစမ်းနိုင်ပါရေ။

နောက်လည်း အခြား University တိအကြောင်းကို sharing လုပ်ပီးလားဖို့​ဖြစ်လို့စိတ်ဝင်စားကေ ကျတော်ရို့ Page​ချေ ကို Like & Follow ထားကတ်ဖို့မမိန့်ပါကေ့နန်း 😚

𝐘𝐄𝐀𝐑 - 𝟐𝟎𝟐𝟒 >> 𝐃𝐄𝐂 𝐈𝐍𝐓𝐀𝐊𝐄" အတွက် ကျောင်းလျှောက်ထားခြင်းနဲ့ပတ်သတ်လို့ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက....

☎️09257659259
09789907976
viber -09789907976

ကိုဆက်သွယ်မေးမြန်းနိူင်ပါရေ။
🏠 လိပ်စာ - နတ်စင်လမ်း၊ ဝန်ထမ်းအကွက်(၆) ၊ မင်းဂံ၊ စစ်တွေမြို့။




Photos from JOAH's post 27/05/2024

ကိုးရီးယားမှာ ကျောင်းလားတက်ချင်ရေ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသား ၊ ဘွဲ့ရပြီးသား သူတိအတွက် JOAH ကနိန် စတင်ဝန်ဆောင်မှုပီးနိန်ပါဗျာလ်။

❣ 𝟮𝟬𝟮𝟰 - 𝗗𝗘𝗖𝗘𝗠𝗕𝗘𝗥 𝗜𝗡𝗧𝗔𝗞𝗘𝗦 ❣ အတွက် စတင်စုံစမ်း အပ်နှံနိုင်ပါဗျာလ် 🤗

JOAH မှတဆင့် တိုက်ရိုက်လျှောက်ထားနိုင်ရေ တက္ကသိုလ်တိ နဲ့ ဝန်ဆောင်မှုတိအကြောင်းကို ပြောပြပီးပါမေ 🤗

ကျတော် ရို့ JOAH သင်တန်းက လက်ရှိမှာ
ကိုးရီးယားနိုင်ငံ အနယ်နယ်အရပ်ရပ်က တက္ကသိုလ်ပေါင်း 𝟯𝟬 ကျော်နဲ့ တိုက်ရိုက်ချိတ်ဆက် လျှောက်ထားပီးလျက်ရှိပါရေ။

JOAH သင်တန်းကနိန်တစ်ဆင့် အခြေခံအကျဆုံးဖြစ်ရေ ဘာသာစကားသင်ကြားရေး‌ကနိန် ကိုရီးယားနိုင်ငံမှာ ပညာတော်သင်​လား ရောက်နိုင်ရေ အထိ 𝐎𝐧𝐞-𝐒𝐭𝐨𝐩-𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့တာဝန်ယူ ဆောင်ရွက်ပီး နိန်ပါဗျာလ်။

♦️ ဝန်ဆောင်မှုများ ♦️

☑️ ကျောင်းသားတိအတွက် သင့်တော်ရေ တက္ကသိုလ်ကိုရွေးချယ်နိုင်ဖို့ အသေးစိတ် တိုင်ပင်ဆွေးနွေးပီးခြင်း ။

☑️ လိုအပ်သော စာရွက်စာတမ်းတိကို Notary ပြန်ပီးခြင်း နဲ့
နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)ရုံးမှာ တံဆိပ်တုံးထုပီးခြင်း ။

☑️သံရုံးစည်းထုထား ပြီးရေ စာရွက်စာတမ်းတိကို ကျောင်းသား ကိုယ်စားပြန်လည်ထုတ်ယူပီးခြင်း ။

☑️ VISA Form ဖြည့်ပီးပြီး သံရုံးဝင်ဖို့အတွက် လိုအပ်ရေ စာရွက်စာတမ်းတိအားလုံး အသင့်ပြင်ဆင်ပီးခြင်း ။

☑️ ကျောင်းသားတိ ရည်ရွယ်ထားရေ Intake မှာ ကျောင်းဝင်ခွင့် ရရှိရေအထိ လျှောက်ထားပီးခြင်း။

☑️ ကျောင်းဝင်ခွင့် အင်တာဗျူးဖြေဆိုနိုင်ဖို့ One by One Training တိနဲ့ လေ့ကျင့် သင်ကြားပီးခြင်း ။

☑️ လေယာဉ်လက်မှတ် Booking နဲ့ ကိုရီးယားလေဆိပ်မှာ သက်ဆိုင်ရာ ကျောင်းတာဝန်ခံတိမှ အကြိုအပို့ လုပ်ပီးခြင်း ။

☑️ ကျောင်းဆောင် (သို့) အပြင်ဆောင် နိန်ထိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပီးခြင်း။

☑️ ကိုရီးယားဝမ်လဲပီးခြင်းနဲ့ ဖုန်းဆင်းကဒ်လျှောက်ထားပီးခြင်း။

☑️ Show Money Service စီစဉ်ဆောင်ရွက်ပီးခြင်း။

♦️ 𝐒𝐄𝐀𝐋 ထုပြီးသားစာရွက်စာတမ်း အပြည့်အစုံပါရှိရေ ကျောင်းသားတိကို
𝗔𝗴𝗲𝗻𝗰𝘆 𝗙𝗲𝗲𝘀 ထဲက ❗ $𝟱𝟬 ❗ လျှော့ပေးပီးသိပါရေ 🤗💛

" 𝐘𝐄𝐀𝐑 - 𝟐𝟎𝟐𝟒 >> 𝐃𝐄𝐂 𝐈𝐍𝐓𝐀𝐊𝐄" အတွက် ကျောင်းလျှောက်ထားခြင်းနဲ့ပတ်သတ်လို့ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက....

☎️09257659259
09789907976
viber-09789907976
ကိုဆက်သွယ်မေးမြန်းနိူင်ပါရေ။




27/05/2024

internet လိုင်းမရရေအတွက်ကြောင့် နှောင့်နှေးစရာတိရှိခလို့ ကျတော်ရို့ဘက်က အနူးအညွှန့်တောင်းပန်ပါရေ😞

အေကြားထဲမှာ ကိုးရီးယားနိူင်ငံကိုကျောင်းလားတက်ချင်ရေ လူငယ်ချေတိအတွက် အကောင်းဆုံးဝန်ဆောင်မှုတိပီးလားနိူင်ဖို့ပြင်ဆင်ထားပါရေ😊

ကိုးရီးယားနိူင်ငံမှာကျောင်းလားတက်ဖို့ဆန္ဒရှိရေ လူငယ်ချေတိအတွက် ကျတော်ရို့ဘက်က လက်လှမ်းကြိုဆိုနိန်ပါ​ရေ နန်း💛💛

02/02/2024

JOAH Korea EPS သင်တန်းမှ စိတ်မကောင်းစွာဖြင့် သင်တန်းဖွင့်ရန်ကို နောက်ဆုတ်ထားရပါရေ

📞 09669242996
လောလောဆယ် သင်တန်းစုံစမ်းရန် ဒေဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါရေ

06/01/2024

၂၀၂၄ ခုနှစ်မှာ အခြေခံလစာ လက်ရှိပေါက်စျေးနဲ့
မြန်မာငွေ သိန်း၅၀ ကျော်သွားပါပြီခင်ဗျာ။ 😍

2024년 기본 시간 및 월 임금 ⤵️

🔼기본시급 : 9,860원
(* 초과근무 기본시급(1.5배) : 14,790원

🔼월기본급 : 2,060,740원
(* 209시간/월, 주 5일, 40시간/주)

၂၀၂၄ အခြေခံနာရီနှင့် လစဉ်လုပ်အားခ ⤵️

🔼အခြေခံနာရီလုပ်အားခ: 9,860 won
(* အချိန်ပို အခြေခံတစ်နာရီလုပ်အားခ(၁.၅ဆ): 14,790 won

🔼လစဥ်အခြေခံလုပ်အားခ : 2,060,740 won
(* 209 နာရီ/ တစ်လ၊ တစ်ပတ် ၅ ရက်၊ နာရီ ၄၀ / တစ်ပတ် )

credit


02/01/2024

🙋ချစ်ခင်​ရရေ အမျိူးတိ အားလုံး သာလီစွပါ။အခုဆိုကေ JOAH Korea EPSသင်တန်းမှ ဖွင့်လှစ်ဖို့ သင်တန်းအချိန်ကာလလည်း နီးကပ်လို့လာပါဗျာလ်နန်း👏👏

🙋အလုပ်အကိုင်အခွင့်အလမ်းတိ အများကြီးရှိရေ Koreaနိုင်ငံပိုင် တိုးတက်နိန်ရေ ‌နိန်ရာမှာ လစာတိစုရင်း မိသားစုကို ထောက်ပံ့ချင်ရေ သူတိအနေနဲ့ Koreaမှာ အလုပ်လုပ်နိုင်ဖို့ koreaဘာသာစကားသင်တန်းတော့ တက်ထားဖို့လိုပါရေ။

🙋စလေ့လာဖို့ စဉ်းစားနိန်ရေ အမျိူးတိအတွက်JOAH Korea EPS သင်တန်းကနိန် သင်တန်းကြေးချိုချိုသာသာ နဲ့တက်ခွင့်ရဖို့​​ဖြစ်လို့ အရင်တက်ရောက်ဖို့ ဖိတ်​ခေါ်ပါရေ။စာမေးပွဲ ဖြေဆို၍ ကျရှုံးရေ ကျောင်းသားတိအတွက်လည်း 100 % သင်တန်းကြေး ကင်းလွတ်ခွင့်နဲ့ ပြန်တက်ခွင့်ပီးထားလို့ သင်တန်းကြေးထပ်ကုန်စရာမလိုပဲ မအောင်မချင်း တက်ရောက်နိူင်ပါဗျာလ်။

🙋လူပြည့်လားကေ အခွင့်အရေးကို ဆုံးရူံးရဖို့ဖြစ်လို့ ခြေတစ်လှမ်းနောက်မကျစီဖို့ အမြန် စုံစမ်း‌လိုက်ပါဖိနန်း onlineရော offline ပါ ဖွင့်ပီးထားစော်ဖြစ်လို့ အဆင်ပြေဖို့ နည်းလမ်း​ချေကို ရွေးချယ်တက်ရောက်လို့ရပါဗျာလ်နန်း

သင်တန်းကိုအသူရို့တက်ရောက်ခွင့်ရပါဖို့လဲ🕺???????
https://m.facebook.com/story.php?story_fbid=122105089430130925&id=61553927770085&mibextid=Nif5oz

✅ သင့်မှာ ကိုးရီးယားနိူင်ငံကို အလုပ်လားလုပ်ဖို့ ဆန္ဒရှိကေ JOAH က အစအဆုံးတာဝန်ယူပြီးဆောင်ရွက်ပီးလားဖို့ဖြစ်ပါရေ။

🙏 တစ်ခြား free အတန်းများနှင့် ကိုးရီးယားအကြောင်းသိရှိလိုပါက JOAH page အား like and follow ပြုလုပ်ထားပီးပါ။

သင်တန်းစတင်မည့်ရက်- 18.01.2024
တနလာ် - ကြာသပတေး (9:00 AM - 11:00 AM)

ရုံချိန်ပြင်ပ အတန်းချိန် စတင်မည့်ရက် - 27.01.2024

စနေ- တနဂ်နွေ ( 9:00 AM - 12:00 PM)

🕕 သင်တန်းကာလ - ၆ လ

သင်ကြားပီးလားဖို့သင်ခန်းစာတိ

✅ korean basic
✅ EPS topik book part 1,part 2
✅ Q.2000

📲 စုံစမ်းမေးမြန်းရန် -09266480457
-09257659259

🏠 လိပ်စာ - နတ်စင်လမ်း၊ ဝန်ထမ်းအကွက်(၆)
မင်းဂံ၊ စစ်တွေမြို့


31/12/2023

နှစ်သစ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိူင်ကတ်ပါစီလို့ JOAH ကမေတ္တာနဲ့ ဆုတောင်းပီးလိုက်ပါရေ💚💚💚


30/12/2023

်မဟာသတင်းထူး 2023.12.29

တောင်ကိုရီးယားနိုင်ငံ EPS လောကအတွက် အကြီးမားဆုံးသော ဆုံးဖြတ်ချက် တစ်ခုကို 2023 ခုနှစ် 12 လပိုင်း 29 ရက်နေ့က ဆိုးလ် မြို့တွင် ကျင်းပခဲ့သော 41 ကြီမ်မြောက် နိုင်ငံခြားသား အလုပ်သမား မူဝါဒရေးရာ ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

အဓိကကြေညာချက် (၁)

EPS စနစ်ကို တောင်ကိုရီးယားနိုင်ငံတွင် 2004 ခုနှစ်မှ စတင် လည်ပတ်ခဲ့ပြီး လိုအပ်သည့် လုပ်သား အင်အားကို နိုင်ငံပေါင်း (16) နိုင်ငံမှသာ ခေါ်ယူရန် 2015 ခုနှစ်က နောက်ဆုံး သတ်မှတ်ထားခဲ့ကြသည်။ သို့သော် 2015 ခုနှစ်မှ (၈) နှစ်အကြာ ယခု 2023 ခုနှစ် (12)လပိုင်း တွင် EPS လုပ်သား ခေါ်ယူမည့် နိုင်ငံသစ် တစ်နိုင်ငံ တိုးချဲ့ရန် ကြေညာခဲ့သည်။ ထိုနိုင်ငံမှာ အာရှအလယ်ပိုင်းမှ တာဂျစ်ကစ္စတန် နိုင်ငံဖြစ်သည်။
တာဂျစ်ကစ္စတန်နိုင်ငံ အစိုးရဌာနများသည် ပွင့်လင်းမြင်သာမှု ရှိလာပြီး၊ EPS စနစ်အတွက် ကြိုတင်ပြင်ဆင် လေ့ကျင့် သင်ကြားနိုင်စွမ်း၊ အခြေခံအဆောက်အအုံ၊ လုပ်သားလွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ တာဝန်ယူ ဆောင်ရွက်နိုင်မည်ဟု ယူဆသောကြောင့် တောင်ကိုရီးယား အစိုးရအနေဖြင့် 2024 ခုနှစ်တွင် MOU ( နားလည်မှုစာချွန်လွှာ) ရေးထိုးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး 2025 ခုနှစ်မှ စပြီး တာဂျစ်ကစ္စတန်နိုင်ငံသားများ ကိုရီးယားနိုင်ငံကို EPS စနစ်ဖြင့် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုသွားမည်ဟု ကြေညာသည်။ ထို့ကြောင့် 2025 ခုနှစ်တွင် EPS စနစ် ခေါ်ယူသည့် နိုင်ငံ (17) နိုင်ငံဖြစ်လာတော့မည်ဖြစ်သည်။

အဓိကကြေညာချက် (၂)
ဟိုတယ်နှင့် ကွန်ဒိုလုပ်ငန်းများတွင် လိုအပ်သော သန့်ရှင်းရေး ဝန်ထမ်း၊ မီးဖိုချောင်အကူ ဝန်ထမ်းများကို EPS (E9) လုပ်သားများကို 2024 ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ခွင့်ပြုသွားမည်။ မြို့အားလုံးကို တစ်ပြိုင်တည်း ခွင့်ပြုတာမျိုးမဟုတ်ဘဲ နိုင်ငံခြားသား လာရောက် လည်ပတ်မှု များပြားသည့် ဆိုးလ်၊ ဘူဆန်၊ ဂန်းဝမ်ဒိုနှင့် ဂျယ်ဂျူ ‌တို့တွင် ကနဦးခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ယခင်က E9 လုပ်သားများသည် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း စသည့် လုပ်ငန်း နယ်ပယ် (၅)မျိုးတွင်သာ အလုပ်လုပ်ကိုင်ခွင့် ရှိခဲ့သော်လည်း ‌၂၀၂၃ ဩဂုတ်လတွင် ပြန်တွင်း စက်မှုလုပ်ငန်းနယ်ပယ်၊ အမြန်ချောပို့နယ်ပယ် ၊ လေယာဉ် မြေပြင် ကိုင်တွယ်ခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး နယ်ပယ်၍ လည်းကောင်း၊ ၂၀၂၃ နိုဝင်ဘာလတွင် စားသောက်ဆိုင်များနှင့် ဆက်စပ်သည့် နယ်ပယ်များတွင်လည်းကောင်း၊ 2023 ခုနှစ် ဒီဇင်ဘာလတွင် ဟိုတယ်နှင့် ကွန်ဒိုလုပ်ငန်းခွင်များတွင် လည်းကောင်း E9 အလုပ်သမားများကို လုပ်ငန်း နယ်ပယ်တိုးချဲ့၍ လုပ်ကိုင်ခွင့်ပြုသွားမည်ဟု တရားဝင်ကြေညာထားသည်။

ထုတ်ပြန်ကြေညာချက်ကို ckkrsharingvlog မှ အလျဉ်းသင့်သလို ဘာသာပြန်၍ ပြန်လည်မျှဝေပေးပါသည်။

ဒီထုတ်ပြန်ချက် အပြည့်အစုံ အသေးစိတ်နဲ့ ရှေ့လျောက် ဖြစ်လာနိုင်တဲ့ ၊ မျှော်လင့်လို့ ရနိုင်တဲ့ အခွင့်အလမ်းတွေကို သိပ်မကြာခင် Youtube မှာ တင်ပေးသွားပါတယ်။

EPS စနစ်ဟာ အချိန် စောင့်ဆိုင်းရတာ ကြန့်ကြာတာ မှန်ပေမဲ့ တကယ် အခွင့်အလမ်းကောင်းတွေ ရှိတဲ့ စနစ်တစ်ခုဆိုတာတော့ ဒီပြောင်းလဲမှုတွေကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ဇွဲမလျော့ဘဲ ကြိုးစားဖို့ တိုက်တွန်းပါတယ်ဗျာ။


#2023.12.30

Credit CK KR Sharing Vlog

Photos from JOAH's post 28/12/2023

2024 ခုနှစ် EPS စာမေးပွဲမှာ ပြန်လည်ပါဝင်နိူင်ရေ skill test အကြောင်း ကျောင်းသားများသိရှိနိူင်ရန်အတွက် မျှဝေခြင်း

photo crd.


25/12/2023

နီပေါမှာ ဒီတခေါက် EPS ဖြေဆိုသူ အယောက် ၁သိန်းကျော်တယ်ဆိုတဲ့ သတင်းကို အားလုံးလဲ တွေ့ပြီးကြလောက်ပြီ ထင်ပါတယ် ......

တကယ်တော့ ဒီသတင်းကမှ EPS ဖြေဆိုမဲ့ ကျောင်းသားတွေ အကုန်လုံးအတွက် စိတ်ဝင်စားစရာကိစ္စပါ .....

ဟိုဘာမှန်း‌သေချာ အတိကျမသိရသေးတဲ့ မေးခွန်း 6 ထောင်
ကိစ္စထက်စာရင် ဒီသတင်းဟာ တကယ်အစစ်မှန်ဖြစ်တော့ နည်နည်းစိတ်ပူရမဲ့ ကိစ္စပါပဲ ......

ဘာကြောင့် စိတ်ပူရမဲ့ကိစ္စလို့ပြောလဲဆိုတော့ ဖြေဆိုသူ အယောက်
၁ သိန်းကျော်လောက်မှာ အောင်မြင်သူဦးရေ ဘယ်လောက်ထိပေးမယ်ထင်လဲ ......

ကိုရီးယား HRD ဘက်က အလုပ်ခေါ်စာနှုန်းနဲ့ နီပေါနိုင်ငံရဲ့ လုပ်သားခေါ်ယူမှုအခြေနေအရ ခန့်မှန်းကြည့်မယ်ဆို အခုဝင်ရောက်ဖြေဆိုသူဦးရေ အယောက် ၁ သိန်းကျော်မှာ ‌အောင်မြင်သူဦးရေကို အလွန်ဆုံး ပေးနိုင်ရင် 2သောင်း / ဒါမှမဟုတ် 3သောင်းထိပေါ့ဗျာ .....

ဒါက ဘာကိုပြလဲဆိုတော့ လူ
အယောက် ၁ သိန်းမှာ 3သောင်းထိ အအောင်ပေးမယ်ဆိုရင်တောင်
10 ယောက်မှာ 3 ယောက်ပဲ အောင်မယ်ဆိုတဲ့ 10 ချိုး 3 ချိုး ( 10/3 ) ဆိုတဲ့ သဘောပါပဲ .....

( ဒါက လက်ရှိ နီပေါနိုင်ငံအခြေနေပေါ့နော် ....ဘာကြောင့် ဖြေဆိုသူအဲ့လောက်များပြီး စံချိန်တင်သွားလဲတော့ သေချာမပြောတတ်ဘူး )

ဒါဆို ကျနော်တို့ မြန်မာနိုင်ငံမှာရော ဒီနှစ် စာမေးပွဲ ဖြေဆိုသူ ဘယ်လောက်ထိများသွားနိုင်မလဲ ‌....

အရင် နှစ်တွေက EPS စာမေးပွဲ ဖြေဆိုသူ ဦးရေဟာ အနည်းဆုံး အယောက် ၄ သောင်းကျော် ဝန်းကျင်ရှိပါတယ် ....

ကျနော်မှတ်မိသလောက်ဆို ဟိုးအရင် ၁၂ ကြိမ်တုန်းကဆို ဖြေဆိုသူ ၄ သောင်းကျော်မှာ အောင်မြင်သူက
၈ ထောင်ကျော်လောက်ပဲ ပေးတာဆို‌
တော့ 5/1 လောက်ဖြစ်တယ်....

အနီးကပ်ဆုံး 15 ကြိမ်မှာတော့ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူဦးရေ 5 သောင်းခန့်ရှိပြီး ကုန်ထုတ်နဲ့ဖြေဆိုသူ ၄သောင်းခွဲမှာ အောင်မြင်သူဦးရေကို ကုန်ထုတ်မှာ ၁သောင်းခွဲလောက်ပေးသွားတယ် .....
ဒါဆို 3/1 လောက်ဖြစ်ပြီး 3 ယောက်မှာ 1 ယောက်‌ အောင်သေးတယ်ပေါ့နော် ....

ဒါပေမဲ့ မြန်မာနိုင်ငံမှာလဲ
အခုလာမည့်နှစ်မှာ EPS စာမေးပွဲဖြေဆိုသူဦးရေဟာ အရင်နှစ်တွေထက် ပိုများပြီး စံချိန်တင်လောက်မယ်ထင်ပါတယ် .....

ဘာလို့ဆို လမ်းသွားရင်း ခလုတ်တိုက်ရင်တောင် အသက် 20 ကျော် ယောက်ကျားလေးဆို EPS သမားပဲ တွေ့နေရလို့ပါ ..... 😅

လွန်ခဲ့တဲ့ 3လ လောက်ကဆို Bus ကားစီးတိုင်း ကျနော် အမြဲ နားစွင့်ကြည့်တယ် ....
အသက် 20 ကျော် ယောက်ကျားလေး 2 ယောက်လောက် အချင်းချင်း သင်တန်းအကြောင်း /စာမေးပွဲအကြောင်း / Calling အကြောင်း စကားပြောနေပြီဆို နားစွင့်ကြည့်လိုက်.....
သေချာတယ် EPS ဖြေမဲ့ ညီအကိုတွေ နဲ့ calling စောင့်နေသူတွေပဲ .......ဒါမျိုးခနခန ကြုံရတာမို့ မယုံရင် သွားရင်းလာရင်း နားစွင့်လေ့လာကြည့်ကြပါ ....

ပြီးတော့ သင်တန်းတွေမှာ ကျောင်းသားဘယ်လောက်ပုံအောနေလဲ ကြည့်ရင်လဲ သိမှာပါ.....

အဲ့တော့ မြန်မာနိုင်ငံမှာလဲ ခုလာမည့် နှစ်စာမေးပွဲမှာ ဖြေဆိုသူ ဦးရေ
အယောက် 6 သောင်းလောက်ထိရှိမယ်ဆို အောင်မြင်သူဦးရေဟာ အလွန်ဆုံး ပေးနိုင် 2 သောင်းကျော်လောက်ပေါ့ ....
(24000 ထိပဲထားတွက်ကြည့် ...)

EPS စာမေးပွဲရဲ့ ထုံးစံအတိုင်း အောင်မှတ်ဆိုတာ တရားသေ မရှိပဲ အမှတ်အများဆုံး လူ 2 သောင်းကျော်ကိုပဲ အအောင်ပေးမှာပါ ....

အဲ့တော့ 10/4 လောက်ဖြစ်သွားပြီး 10 ယောက်မှာ 6 ယောက်ကျပါမယ် ....
ဖြေဆိုသူ ဦးရေအရမ်းများ‌လေ အကျများလေမို့ စိတ်ပူရမဲ့ကိစ္စဆိုလဲ မမှားပါဘူး....

ကျနော့် သင်တန်းသားတွေကို Moti ပေးနေကျ စကားအတိုင်း အကြံပေးရမယ်ဆိုရင် ကိုယ်က စာမေးပွဲအောင်တဲ့ 4 ယောက်ထဲပါချင်ရင် ကျန်တဲ့ 6 ယောက်ထက် စာပိုကြိုးစားဖို့လိုပါတယ် ....

သူတို့ တနေ့ 4 နာရီစာလုပ်တယ်ဆို ကိုယ်က သူတို့ထက် 2 နာရီ ပိုပြီး 6 နာရီလောက် စာလုပ်ရပါမယ်....
ဒီလိုကြိုးစားမှသာ စာမေးပွဲအောင်နိုင်မှာမို့ စာပိုကြိုးစားလုပ်ကြပါ.....

အဲ့တော့ တခြားသော EPS ဖြေဆိုမဲ့ ညီအကိုတွေ အားလုံးလဲ အရင်ကထက် စာပိုကြိုးစားလုပ်မှ ရတော့မယ်လို့ပဲ အကြံပေးချင်ပါတယ်.....
Credit
For You - Korea EPS Topik


25/12/2023

❤메리 크리스마스❤

အေနိန့်ကတော့ Joah သင်တန်းမှာ vinyl စတင်ဖို့နိန့်ပါ😍


Photos from JOAH's post 24/12/2023

စာရင်းပီးထားရေလူတိလေ့ ကျောင်းလာအပ်လို့ရပါဗျာလ်😍

ကြားရက် အတန်း

သင်တန်းရက်- (တနလာ်- ကြာသပတေး )
သင်တန်းချိန် - (9:00 AM - 11:00 AM)
🕕 သင်တန်းကာလ - ၆ လ
❤ သင်တန်းစတင်မည့်ရက် -18.01.2024

ရုံချိန်လွတ်အတန်း

သင်တန်းရက် -(စနေ-တနဂ်နွေ)
သင်တန်းချိန် - (9:00 AM - 12:00 PM)
🕕 သင်တန်းကာလ - ၆ လ
❤ သင်တန်းစတင်မည့်ရက် -27.01.2024

📲 စုံစမ်းမေးမြန်းရန် -09266480457
-09257659259

🏠 လိပ်စာ - နတ်စင်လမ်း၊ ဝန်ထမ်းအကွက်(၆)
မင်းဂံ၊ စစ်တွေမြို့


Want your school to be the top-listed School/college in Sittwe?

Click here to claim your Sponsored Listing.

Location

Telephone

Address


Sittwe