ဖြေဆို ၂၀ဦး
အောင်မြင် ၁၅
ကျရှူး ၅
Wailuuwun Computer Training Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wailuuwun Computer Training Centre, Computer training school, ကယ်ဆယ်ရေးလမ်း, Sittwe.
21/09/2021
Covid 19 ကပ်ရောဂါကြောင့် ရပ်နားထားခဲ့သော ကျွန်တော်တို့၏ Wailuuwun Computer Training Centre (WCTC)အား ယခုအခါပြန်လည်ဖွင့်လှစ်လျက်ရှိပါသည်။ ထို့ကြောင့် သင်တန်းမပြီးဆုံးသေးသော သင်တန်းသားများနှင့် ကွန်ပျုတာသင်တန်းတက်ရောက်လိုသော မိတ်ဆွေများအနေနှင့် အောက်ဖော်ပြပါဖုန်းနံပါတ်များ(သို့) လူကိုယ်တိုင်လာရောက်၍စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Ph. 09421761691
Ph. 09262503356
08/09/2021
အသစ်ထွက်လာတဲ့ Microsoft ရဲ့ Windows 11 အသုံးပြုချင်သူအတွက် သိထားရမယ့် ကိုယ့်ရဲ့ computer မှာ ရှိရမယ့် လိုအပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
1. Processor:
1 gigahertz (GHz) or faster with 2 or more cores on a compatible 64-bit processor or System on a Chip (SoC)
2. RAM:
4 gigabyte (GB)
3. Storage:
64 GB or larger storage device
Note: See below under “More information on storage space to keep Windows 11 up-to-date” for more details.
4. System firmware:
UEFI, Secure Boot capable
4. Graphics card:
Compatible with DirectX 12 or later with WDDM 2.0 driver
5. Display:
High definition (720p) display that is greater than 9” diagonally, 8 bits per color channel
1. Processor 1GHz မြန်နှုန်း အနည်းဆုံးရှိတဲ့ processor တွေမှာ အသုံးပြုနိုင်ပြီး ကိုယ် အသုံးပြုမယ့် software အလိုက် ပိုမြန်တဲ့ processor တွေကို အသုံးပြုနိုင်ပါတယ် အနည်းဆုံး Pentium CPU လောက်ကို ဆိုလိုတာဖြစ်ပါတယ်။ 64bits အသုံးပြုလို့ရမယ့် Processor ဖြစ်ရပါမယ်(ဒီအချက်ကတော့ သိပ်စိုးရိမ်စရာမရှိပါဘူး processor တော်တော်များများက 64bit support ရနေပြီမို့ပါ)
2. RAM : 4GB ဒီ အချက်ကတော့ လက်ရှိ windows 7 ,8,8.1,10 အသုံးပြုသူအနေနဲ့ သတိပြုရမယ့်အချက် windows 10 အထိ laptop တော်တောများများဟာ 4GB နဲ့သာ ဝင်လာခဲ့တာပါ။ နောက်ပိုင်း 11 laptop တွေမှာ RAM 8GB အနည်းဆုံးဝင်လာမယ်လို့ ထင်မြင်မိပါတယ်။ windows ရဲ့ requirement ကတောင် 4GB ဖြစ်နေရင် Design, Video Edit , Gaming သမားတွေအတွက် RAM ပမာဏ များများလိုအပ်မှာဖြစ်ပါတယ်။ ဒီတော့ လက်ရှိ 4GB နဲ့ အသုံးပြုနေသူတွေကတော့ windows 11 သုံးမယ် ဆိုရင် 8GB နဲ့ အထက် တိုးဖို့စဉ်းစားစေချင်ပါတယ်။
3. Storage : 64GB Windows 11 အသုံးပြုဖို့အတွက် Hard Disk (HDD), Solid State Drive (SSD) ဘာသုံးပါလို့ပြောမထားပေမယ့် Windows 11 သုံးဖို့အတွက် Windows ဘက် အခြမ်းကို SSD မဖြစ်မနေသုံးစေချင်ပါတယ်။ windows 11 ရဲ့ feature တွေဟာ 10 ထက် Multitasking ကို ပိုပြီး အသားပေးလာတဲ့အတွက် HDD အသုံးပြုသူတွေအနဲ့ Windows တင်သုံးမယ်ဆိုရင် လေးနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် Windows ခြမ်းကို SSD ပြောင်းသုံးစေချင်ပါတယ်။
4. UEFI : ဒီအချက်က Legacy Boot Only ရတဲ့ BIOS တွေကို ပေးပြီး Windows 11 ပေးမတင်တာဖြစ်ဖို့ များပါတယ်။ ကျနော့်အနေနဲ့ legacy နဲ့ တင်သုံးမကြည့်ရသေးတာကြောင့် အတိအကျပြောဖို့ခက်ပါတယ်။ UEFI support လုပ်မှ သာ သုံးလို့ရဖို့ တော့ဖြစ်နိုင်ချေများပါတယ်။ ဒီတော့ Legacy သီးသန့်ပဲရတဲ့ Laptop, Desktop တွေ ကတော့ အရမ်းလည်းကြာနေပြီဖြစ်တာကြောင့် အမြင့်သုံးမယ်ဆို Windows 10 ပဲဆက်သုံးသင့်ပါတယ်။
5. Graphics card: Graphic Card တွေအနေနဲ့ DirectX 12 Driver အသုံးပြုထားတဲ့ Card တွေကို support လုပ်ပေးမယ်လို့ဖော်ပြထားပါတယ်။ ဒီအချက်က အရင်ကဒ်တွေအသုံးပြုလို့ မရတော့တာတော့မဟုတ်ပါဘူး Graphic Card company တွေက သက်ဆိုင်ရာ Driver တွေကို update ချပေးဦးမှာပါ။ Driver Update မပေးတဲ့ card တွေကတော့ အချို့ Feature တွေ Windows 11 အတွက် ထွက်တဲ့ game တွေ၊ software တွေသုံးတဲ့ အခါ error အချို့ပြနိုင်ပါတယ်။ နောက်ပိုင်း စမ်းရင်းနဲ့မှသာ ပိုပြီးအတိအကျသိလာနိုင်မှာပါ။
6. High definition (720p) display that is greater than 9” diagonally
ဒီအချက်ကတော့ ရဲ့ ၉ လက်မနဲ့အထက် Display (Monitor) တွေမှာ အသုံးပြုလို့ရနိုင်တယ်လို့ ဆိုလိုပါတယ် ဒီတော့ Windows OS နဲ့ထွက်လာမယ့် Tablet တွေအတွက် ၉ လက်မနဲ့အထက် မြင်တွေ့ရဖို့ရှိပါတယ်။
ဖော်ပြပါအချက်အလက်တွေကတော့ Windows 11 အသုံးပြုဖို့အတွက် computer ရဲ့လိုအပ်ချက်တွေ ကို Myanmar Pyi Team က နေ သုံးသပ်ပြီး အကြံပြုချက်တွေနဲ့ ရေးသားဖော်ပြပေးထားတာဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မိမိရဲ့ အမြင်ကို comment မှာဆွေးနွေးသွားလို့ရပါတယ်ခင်ဗျာ။
Windows 11 ကိုယ့်စက်မှာ အသုံးပြုလို့ ရ/မရ စစ်ဆေးဖို့အတွက် Microsoft PC Health Check ကိုဒီလင့်မှာဒေါင်းပါ 👇👇
https://aka.ms/GetPCHealthCheckApp
မှတ်ချက်။ ။ ကျွန်တော်တို့ကိုယ်တိုင် windows 10 သုံးနေတုန်းပါ။ 11 ကသုံးကြည့်သလောက် သိပ်အဆင်မပြေပါဘူး။ 11 အတည်တကျဖြစ်ရင်လည်း ပို့စ်ပြန်တင်ပေးပါ့မယ်။
Myanmar Pyi - Online Class
26/02/2021
#ဝေဠုဝန်ကွန်ပျူတာသင်တန်း ၏ ကွန်ပျူတာပညာရပ်များအား သင်ကြားနေမှုမြင်ကွင်းပုံရိပ်၊ ( 26/2/2021 )
ဝေဠုဝန် ကွန်ပျူတာ လေ့ကျင့်ရေးသင်တန်းကျောင်း
(WCTC)
ဝေဠုဝန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်း၊
မင်းဒြားချိပ်ရွာဟောင်း၊ဆပ်ရိုးကျ၊(ကယ်ဆယ်ရေးအနီး)၊
စစ်တွေမြို့၊ ရခိုင်ပြည်။
ဖုန်း - 09421761691
26/02/2021
ဝေဠုဝန် ကွန်ပျူတာ လေ့ကျင့်ရေးသင်တန်းတွင် ကွန်ပျူတာ ပညာရပ်များအား သင်ကြားပို့ချလျက်ရှိပါသည်။
ဝေဠုဝန် ကွန်ပျူတာ လေ့ကျင့်ရေးသင်တန်းကျောင်း
(WCTC)
ဝေဠုဝန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်း၊
မင်းဒြားချိပ်ရွာဟောင်း၊ဆပ်ရိုးကျ၊(ကယ်ဆယ်ရေးအနီး)၊
စစ်တွေမြို့၊ ရခိုင်ပြည်။
ဖုန်း - 09421761691
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Sittwe