10/03/2026
Rakhine Academy
အသက်(၃)နှစ်အရွယ်မှ တက္ကသိုလ်အရွယ် အစိ
10/03/2026
08/03/2026
“Rural Youth Pathways Bridge Program (RYPB) ကို မိတ်ဆက်ခြင်း”| English Below |
ကျွန်တော်တို့ Burma Institute for Rural Development (BIRD) အနေနဲ့ မြန်မာနိုင်ငံကျေးလက်ဒေသပိုင်းရှိ လူငယ်များအတွက် ရည်ရွယ်ထားတဲ့ Rural Youth Pathways Bridge Program (RYPB) ကို စတင်မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ။ ဒီ Programကတော့ လူငယ်များအနေနဲ့ အဆင့်မြင့်ပညာရေးဆီ ဆက်လက်လျှောက်လှမ်းနိုင်ရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း ဦးဆောင်မှုအခန်းကဏ္ဍများကို ထမ်းဆောင်နိုင်ရန် ပံ့ပိုးကူညီပေးနိုင်တဲ့ အရေးကြီးသော bridge program တစ်ခုဖြစ်လာဖို့ရန်အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။
🟤Program Overview (အစီအစဉ်အကျဉ်းချုပ်)
RYPB Program ဟာဆိုရင် ပညာရေးဆိုင်ရာ ပြင်ဆင်မှုများနှင့် ရပ်ရွာအခြေပြု လက်တွေ့လုပ်ဆောင်မှုများကို စုစုပေါင်းလေးလတာ တစ်ပြိုင်နက်တည်း ပေါင်းစပ်သင်ယူရမယ့် programတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။
🟤၃ လတာ Intensive Training
Academic English (Listening, Speaking, Reading, Writing)၊
Social Science အခြေခံဘာသာရပ်များ၊
Research နှင့် Developmental Studies မိတ်ဆက်၊
Pre-College အဆင့်သို့ တက်ရောက်နိုင်ရန် ပြင်ဆင်မှုများ၊
Google Workspace အသုံးပြုခြင်း၊
Professional career development (CV, Resume, Portfolio တည်ဆောက်ခြင်း)၊
Digital tools အသုံးပြုနိုင်မှု ကျွမ်းကျင်မှုများ
🟤၁ လတာ Service-Learning Program
သင်တန်းသူ၊သားများအနေဖြင့် သင်တန်းကာလအတွင်း သင်ယူခဲ့သည့် အသိပညာများကို လက်တွေ့အသုံးချကာ
ရပ်ရွာအခြေပြု Project များကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲခြင်း
Volunteerism (လူမှုတာဝန်ယူမှုစိတ်ဓာတ်) မြှင့်တင်ခြင်း
Civic engagement နှင့် လူမှုအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း
တို့ကို အကောင်အထည်ဖော်လုပ်ဆောင်ရမာပဲဖြစ်ပါတယ်ခင်ဗျာ။။
🟤Why This Matters (ဤအစီအစဉ်၏ အရေးပါမှု)
မြန်မာနိုင်ငံကျေးလက်ဒေသပိုင်းရှိ လူငယ်များအနေနဲ့
နိုင်ငံရေးမတည်ငြိမ်မှု၊
အင်တာနက်နှင့် ဆက်သွယ်ရေး အခက်အခဲများ၊
သင်ယူနိုင်သော informal learning spaces မရှိခြင်း စသည့် အတားအဆီးများကြောင့် ပညာရေးအခွင့်အလမ်းများကို လက်လှမ်းမီရန် ကြိုးပမ်းဖို့ အခက်အခဲတွေ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။
ဒီအခက်အခဲများလျော့နည်းစေရန် BIRD ၏ RYPB Program မှ အောက်ပါအသိပညာ၊အခွင့်အလမ်းများကို ပံ့ပိုးပေးသွားမာပဲဖြစ်ပါတယ်ခင်ဗျာ။
🟫Equitable Higher Education Access
ကျေးလက်ဒေသမှ လူငယ်များအား မြန်မာနိုင်ငံအတွင်းရှိ အသိအမှတ်ပြု Diploma နှင့် Pre-College Programs များသို့ ဝင်ရောက်နိုင်ရန် လမ်းကြောင်းဖန်တီးပေးခြင်း။
🟫Social Cohesion
အပတ်စဉ် Ethnic Youth Talks များကို စီစဉ်ပေးကာ မတူညီသော လူမျိုးစုနောက်ခံများမှ လူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် နားလည်မှုတိုးတက်စေရန် ဆွေးနွေးဖလှယ်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း။
🟫Civic Engagement
သင်တန်းသားများသည် မိမိတို့၏ မူလဒေသများတွင် လူတစ်ဦးချင်းသို့မဟုတ် အဖွဲ့လိုက် Community Projects များကို ဆောင်ရွက်နိုင်ရန် အနည်းငယ်သော project funding များကို ထောက်ပံ့ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
🟤Who Can Apply? (ဘယ်သူတွေ လျှောက်ထားနိုင်သလဲ)
🔸မြန်မာနိုင်ငံအတွင်းရှိ Pre-College Program တစ်ခုတွင် တက်ရောက်ပညာသင်ကြားချင်သော်လည်း တက်ရောက်နိုင်ရန်အတွက် လမ်းကြောင်းလိုအပ်နေသူများ
🔸မိမိရပ်ရွာဒေသအတွက် အကျိုးပြုဆောင်ရွက်လိုပြီး ဒေသဖွံ့ဖြိုးရေးတွင် ပါဝင်ဦးဆောင်လိုသူများ
🔸Elementary level English (မဖြစ်မနေမဟုတ်သော်လည်း ပိုမိုအဆင်ပြေစေရန်ဖြစ်သည်)
🔸လေးလတာ အစီအစဉ်တစ်လျှောက်လုံး အပြည့်အဝပါဝင်နိုင်ပြီး တက်ကြွစွာ ကြိုးစားလေ့လာသင်ယူနိုင်သူများ
🟤How to Apply (လျှောက်ထားနည်း)
လျှောက်ထားမှုလုပ်ငန်းစဉ်ကို referral system ဖြင့် အဆင့်လိုက် ဆောင်ရွက်သွားမာပဲဖြစ်ပါတယ်။
🟫Stage 1 – Referral
တက်ရောက်ရန်စိတ်ဝင်စားသူများအနေဖြင့် မိမိကိုအာမခံပေးနိုင်မည့် ဆရာ/ဆရာမ၊ mentor သို့မဟုတ် အသိုင်းအဝိုင်းခေါင်းဆောင်တစ်ဦးထံ ဆက်သွယ်၍ ထို recommender ကပင် လျှောက်ထားသူအတွက် Referral Form ကို ပထမအဆင့်အဖြစ် ဖြည့်သွင်းပေးရမာပဲဖြစ်ပါတယ်ခင်ဗျာ။
❗️အရေးကြီးမှတ်ချက်
ရွေးချယ်မှုလုပ်ငန်းစဉ်၏ တိကျမှန်ကန်မှုနှင့် ပွင့်လင်းမြင်သာမှုကို ထိန်းသိမ်းရန်အတွက် သွေးသားဆက်နွယ်မှုရှိသော မိသားစုဝင်များသည် referee သို့မဟုတ် recommender အဖြစ် ပါဝင်ခွင့်မရှိပါ။
🟫Stage 2 – Application
Referral မှတဆင့် ရွေးချယ်ခံရသူများကို Personal Application Form ဖြည့်ရန် ဖိတ်ကြားမည်ဖြစ်ပြီး မိမိ၏ ရည်မှန်းချက်များနှင့် စိတ်အားထက်သန်မှုများကို ပြန်လည်မျှဝေရမာပဲဖြစ်ပါတယ်။
🟫Stage 3 – Interview
Shortlisted applicants များသည် BIRD Team နှင့် နောက်ဆုံး Interview Session ပြုလုပ်ရတာပဲဖြစ်ပါတယ်ခင်ဗျာ။
🟤Program Timeline (အစီအစဉ်အချိန်ဇယား)
🟫March – April
Stakeholder မိတ်ဆက်ခြင်း၊ လျှောက်လွှာဖွင့်ခြင်းနှင့် သင်တန်းသားရွေးချယ်ခြင်း
🟫May – October
Program Orientation, Intensive Training, Weekly Ethnic Youth Talks နှင့် Service-Learning Projects
🟫November
Final Project Reporting နှင့် Certification Ceremony
❕Notice
“Referral Application Forms များကို ၂၀၂၆ မတ်လ တတိယအပတ်အတွင်း တရားဝင် ထုတ်ပြန်ပေးသွားမာပဲဖြစ်ပါတယ်ခင်ဗျာ။”
English Version
Introducing the Rural Youth Pathways Bridge Program (RYPB)
The Burma Institute for Rural Development (BIRD) is proud to announce our newest initiative: the Rural Youth Pathways Bridge Program (RYPB). Designed specifically for motivated youth in Central Myanmar, this program serves as a vital bridge to pursue further higher education and community leadership.
🟤Program Overview
The RYPB is a comprehensive four-month learning cycle that balances academic preparation with hands-on community service.
🟫3 Months of Intensive Training:
Focuses on Academic English (all four skills), foundational social science, research and developmental studies, and essential pre-college preparation—including google workspace usage, professional career development building (CV, Resume, Portfolio), and digital tool proficiency.
🟫1 Month of Service-Learning:
Participants apply their classroom knowledge by designing and implementing community-based projects, fostering a culture of volunteerism, social responsibility, and civic-driven youths.
🟤 Why This Matters
Youth in rural areas of the Central Burma often face significant barriers to access formal education due to political instability, internet challenges, and a lack of informal learning spaces.
BIRD’s RYPB aims to change that by providing:
🟫Equitable Higher Education Access:
Bridging the gap for rural youths seeking admission into recognized diploma and pre-college programs in Myanmar.
🟫Social Cohesion:
Weekly Ethnic Youth Talks featuring ethnic emerging youths from diverse backgrounds to promote cross-cultural dialogue and solidarity.
🟫Civic engagement:
individuals or group community projects across their original regions providing a small amount of funding will be distributed.
🟤Who Can Apply?
🔸Individuals who are passionate about attending a Pre-College Program in Myanmar but need a clear roadmap to get there.
🔸Individuals who are eager to become an active contributor to your community and lead local development.
🔸Individuals with at least an elementary level of English (preferred, but not mandatory).
🔸Individuals who are able to fully participate and stay dedicated until the end of the four-month program.
🟤How to Apply
The selection process follows a structured referral basis to identify motivated candidates.
🟫Stage 1 (Referral): Interested applicants should contact a mentor, teacher, or community leader to act as their recommender. The recommender will submit an initial form on the applicant’s behalf.
Important Note: To maintain the integrity and transparency of the selection process, individuals with blood relations to the applicant are strictly prohibited from serving as referees or recommenders.
🟫Stage 2 (Application): Candidates selected from the referral pool will be invited to complete a personal application form to share more about their goals.
🟫Stage 3 (Interview): Shortlisted applicants will participate in a final interview session with the BIRD team.
🟤Program Timeline
🟫March – April: Stakeholder intro, application release, and student selection.
🟫May – October: Program orientation, training, weekly ethnic youth talks, and service-learning projects.
🟫November: Certification and final project reporting.
❕“Our referral application forms will officially be released during the third week of March 2026”
01/03/2026
Dual Master Degree ကို Full Scholarship နဲ့ ယူကြမယ် ✨
ပညာရေးအခွင့်အလမ်းသစ်တွေကို အမြဲစောင့်မျှော်နေတဲ့ တို့ Timers လေးတွေအတွက် အရမ်းလန်းတဲ့ Master Scholarship အကြောင်းလေး TYT ကနေ ဝေမျှပေးချင်ပါတယ်။ ဒီအခွင့်အလမ်းက အရှေ့တောင်အာရှနဲ့ နော်ဝေအစိုးရတို့ ပူးပေါင်းပြီး ပေးအပ်မှာပါ။
အသေးစိတ်ကို အောက်မှာ ကြည့်လိုက်ရအောင်!
🎓 ASEAN Master in Sustainability Management Full Scholarship
ဒီ Program က Sustainability Management ပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ရည်ရွယ်တာဖြစ်ပြီး Full Scholarship ဖြစ်တဲ့အတွက် ကုန်ကျစရိတ်အားလုံးကို 100% Cover ဖြစ်ပါတယ်။
✨ ဘာကြောင့် လျှောက်သင့်တာလဲ?
Dual Master Degree: Indonesia မှာ တက်ရောက်နေစဉ်အတွင်း Norway မှာ ၆ ပတ်ကြာ သွားရောက်သင်ကြားရမှာဖြစ်ပြီး Norway University ကပါ ပေးအပ်တဲ့ Master ဘွဲ့ကို တစ်ပါတည်း ရရှိမှာပါ။
ဦးစားပေးနိုင်ငံများ: Myanmar, Laos, Cambodia နဲ့ Timor Leste က လူငယ်တွေကို အဓိက ဦးစားပေး ရွေးချယ်မှာဖြစ်လို့ တို့မြန်မာနိုင်ငံက Timers လေးတွေအတွက် အခွင့်အရေး ပိုများပါတယ်။
ကာလအပိုင်းအခြား: စုစုပေါင်း (၁၈) လ ကြာမြင့်မှာဖြစ်ပြီး August 2026 မှာ စတင်တက်ရောက်ရမှာပါ။
📝 လျှောက်ထားဖို့ လိုအပ်ချက်များ
အသက်ကန့်သတ်ချက်: အသက် (၃၀) နှစ် မကျော်ရပါ။
ပညာအရည်အချင်း: သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်မှာ Bachelor ဘွဲ့ ရရှိထားသူ ဖြစ်ရပါမယ်။
စိတ်အားထက်သန်မှု: Sustainability နယ်ပယ်မှာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိသူဖြစ်ရပါမယ်။
📅 Important Dates
Deadline: 31st March 2026
Course Start: August 2026
လျှောက်လွှာတင်ဖို့ အချိန် (၁) လကျော်လောက်ပဲ ကျန်တော့တာမို့ အခုကတည်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်!
အသေးစိတ် အချက်အလက်တွေနဲ့ လျှောက်လွှာပုံစံကိုတော့ အောက်က Official Website Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်-
🔗 Official Website: http://asean-sustainability.mba
စာရွက်စာတမ်း ဘာသာပြန်တာနဲ့ နိုတြီလုပ်ဖို့ အကူအညီလိုအပ်ရင် TYT Page Messenger ကနေဖြစ်စေ၊ Notary Service ရဲ့ Direct ဖုန်းနံပါတ်ကနေဖြစ်စေ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါနော်။
အခွင့်အရေးဆိုတာ ရှာဖွေသူတွေအတွက် အမြဲရှိနေတာမို့ အခုပဲ လက်မလွှတ်တမ်းကြိုးစားကြည့်လိုက်ရအောင်!
Good luck all! 🇲🇲✨
28/02/2026
ဖားကန့် မြစ်ကြီးနား ကချင်က ရခိုင်မိသားစုဝင်တိ
အတွက် အထူးသဖြင့် G-12 အချေတိ 👇👇👇
Grade -12 အထူးတန်းခွဲ (၁)
Grade -11 အထူးတန်းခွဲ (၁) ကျောင်းသား/သူများ
မိဘများ ခင်ဗျာ အထူးတန်းခွဲများ March (2) ရက်
နေ့စတင်ဖွင့်လှစ်ပါမည် ခင်ဗျာ 📣
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
) အကျလုံးဝ လုံးဝ မရှိ
) ဂုဏ်ထူးရှင် သား/သမီးများ မွေးထုတ်နိုင်ရန်
I.E.L.T IPSS ကိုယ်ပိုင်အထက်တန်းကျောင်းမှ
တာဝန်ယူပါရစေခင်ဗျာ။။
) ကျောင်းစရိတ်များကို အရစ်ကျ ပေးသွင်းနိုင်သလို
လိုအပ်ချက်များကိုလည်း မိသားစုပနာ ဆွေးနွေး
နိုင်ပါသည် ခင်ဗျာ ။။
) ခလေးကော မိဘများရဲ့ ပင်ပန်းမူပါ အကျိုးထူး
စေချင်ပါက ထူးချွန်စွာ အောင်မြင်လိုပါက
IELT IPSS ကိုယ်ပိုင်အထက်တန်းကျောင်းသို့
လှမ်းလာခဲ့ပါခင်ဗျာ ။။
လိပ်စာ ။။
School -1 👇👇👇
…………………………………….
ယုဇနညစျေးအနီး အစိုးရဆောက်လုပ်ရေး
ယန္တားဝန်းရှေ့၊ ယုဇနရပ်ကွက် ၊ မြစ်ကြီးနားမြို့ ။။
School-2 (၃)ထပ်ဆောင် 👇👇
…………………………………………..
No-764B၊ လမ်းသွယ်(၁၀)၊ ရင်စိန်ဆေးရုံလမ်း၊ Mr .Duwa bakery မျက်နှာချင်းဆိုင်လမ်းကြား ။။
ဆက်သွယ်ရန် ဖုန်းနံပါတ် ။။👇👇
09-400039097 ၊ 09-424373954 ☎️ ☎️
27/02/2026
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Sittwe