Maths Genius Abacus & Maths Centre

Maths Genius Abacus & Maths Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maths Genius Abacus & Maths Centre, Education, Chaung Wa Street, Shwedaung.

14/08/2026

Happy Birthday parသမီးလေးနန်းမြတ်ရေ(13.8.26)ရက်နေ့မွေးနေ့မှစ၍ပညာရည်ထူးချွန်တဲ့သမီးလိမ္မာလေးဖြစ်ပါစေမိဘအပေါ်တတ်သိလိမ္မာတဲ့သမီးလေးဖြစ်ပါစေလို့Maths Geniusမှတီချယ်များအားလုံးကဆုတောင်းပေးပါတယ်နော်သမီးလေးရေ🥰🥰🥰😘😘

12/08/2026

ကလေးအမှတ်ဘယ်လောက်ရလဲဆိုတာထက်... ဒီနေ့ သူ မနေ့ကထက် ဘာတွေ ပိုသိလာလဲ။ နေ့တိုင်း ပုံမှန်လေ့လာတဲ့ အလေ့အကျင့် ရလာပြီလား။ မသိတာကို မေးရဲလာပြီလား။ အမှားလုပ်ပြီးရင် ထပ်ကြိုးစားရဲသေးလား။
ဒါတွေကို ပိုအာရုံစိုက်ပေးပါ။
ကလေးတိုင်းမှာ ကိုယ်ပိုင်အချိန်ရှိပါတယ်။ တချို့က မြန်မြန်ပွင့်တယ်။ တချို့က ဖြည်းဖြည်းချင်း ပွင့်တယ်။
ဒါပေမယ့်... အချိန်မှန် ရေ၊ မြေ၊ နေရောင် ရတဲ့ပန်းဟာ နောက်ဆုံးမှာတော့ လှလှပပ ပွင့်လာတာပါပဲ။
ကလေးတွေလည်း ဒီလိုပါပဲ။
အမှတ်ကို မလိုက်ဘဲ သင်ယူမှုကို ချစ်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်ရင်... အဲဒါက မိဘတစ်ယောက်ရဲ့ အကြီးမားဆုံး အောင်မြင်မှုပါ။ ❤️`

11/08/2026

လက်ရှိ မြန်မာနိုင်ငံရဲ့ စနစ်သစ်သင်ရိုးတွေဟာ ကလေးတွေကို အလွတ်ကျက်တာထက် Critical Thinking (ဝေဖန်ပိုင်းခြား တွေးခေါ်မှု) ကို ဦးတည်လာပါတယ်။ Singapore Maths ရဲ့ သင်ကြားပုံက စနစ်သစ်သင်ရိုးရဲ့ ရည်ရွယ်ချက်နဲ့ ထပ်တူကျတာမို့ ကျောင်းစာကို ပိုပြီး ထူးချွန်လွယ်ကူစေပါတယ်။
​အလွတ်ကျက် စာမေးပွဲဖြေစနစ်ကနေ ရုန်းထွက်နိုင်ခြင်း:
သင်္ချာကို အလွတ်မကျက်ဘဲ "သဘောတရား" ကို နားလည်သွားတဲ့အတွက် စာမေးပွဲမှာ မမြင်ဖူးတဲ့ ပုစ္ဆာအသစ်တွေ လှည့်မေးရင်တောင် ကလေးက ကိုယ်ပိုင်ဉာဏ်နဲ့ အေးဆေး ဖြေဆိုနိုင်စွမ်း ရှိသွားပါတယ်။
​ ​🌍🌍ကျွန်တော်တို့ ကလေးတွေကို သင်္ချာသင်ပေးနေတာဟာ အနာဂတ်ရဲ့ ခက်ခဲတဲ့ ဘဝခရီးမှာ ဘယ်လိုပြဿနာမျိုး ကြုံကြုံ စနစ်တကျနဲ့ ဆင်ခြင်တုံတရားရှိရှိ ဖြေရှင်းကျော်ဖြတ်နိုင်မယ့် "ဦးနှောက်ရဲ့ ကြွက်သားများ" သန်မာလာစေဖို့ ဖြစ်ပါတယ်။🌍🌍
​အသက် ၇နှစ်၊ ၈ဆိုတဲ့ Primary 2အရွယ်ဟာ ဒီဦးနှောက်ကြွက်သားတွေကို အကောင်းဆုံး တည်ဆောက်ရမယ့် ရွှေရောင်အချိန်ကာလပါပဲ။
🚫✨️​သင့်ကလေးကို အလွတ်ကျက်မှတ်တဲ့ စက်ရုပ် မဖြစ်စေဘဲ၊ တွေးခေါ်မှု အားကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့အတွက် ပျိုး​ထောင်​​ပေးနိုင်ဖို့ကအရမ်းကိုအ​ရေးကြီးပါတယ်✨️🚫
​

08/08/2026

ဒီအရွယ်ဟာ ကလေးတစ်ယောက်ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ အကူးအပြောင်း ကာလဖြစ်ပါတယ်။
​ဒီလို သင်ယူခဲ့တဲ့ ကလေးဟာ ပုစ္ဆာရှုပ်ရှုပ်ထွေးထွေးတွေကို ကြောက်မသွားဘဲ၊ ခေါင်းအေးအေးနဲ့ အပိုင်းပိုင်း ဖြတ်တောက်ပြီး ဖြေရှင်းတတ်တဲ့ အလေ့အထ (တကယ့်လက်တွေ့ဘဝ ပြဿနာ ရှင်းနည်း) ကို အလိုအလျောက် တတ်မြောက်သွားပါတယ်။

​ပုစ္ဆာတွက် (Word Problems) တွေကို လွယ်လွယ်ကူကူ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း:မြန်မာကျောင်းစာမှာ ကလေးတွေ အခက်ခဲဆုံးက စာသားအရှည်ကြီးတွေနဲ့ ပေးထားတဲ့ ပုစ္ဆာတွက်တွေပါ။ Singapore Maths ရဲ့ Model Method ကို တတ်မြောက်ထားတဲ့ ကလေးဟာ မြန်မာကျောင်းစာက ပုစ္ဆာတွေကို မြင်လိုက်တာနဲ့ ဘယ်လိုပုံစံပြောင်းပြီး လွယ်လွယ်ကူကူ တွက်ရမလဲဆိုတာ ချက်ချင်း ဉာဏ်ပွင့်သွားပါတယ်။
​အလွတ်ကျက် စာမေးပွဲဖြေစနစ်ကနေ ရုန်းထွက်နိုင်ခြင်း:
သင်္ချာကို အလွတ်မကျက်ဘဲ "သဘောတရား" ကို နားလည်သွားတဲ့အတွက် စာမေးပွဲမှာ မမြင်ဖူးတဲ့ ပုစ္ဆာအသစ်တွေ လှည့်မေးရင်တောင် ကလေးက ကိုယ်ပိုင်ဉာဏ်နဲ့ အေးဆေး ဖြေဆိုနိုင်စွမ်း ရှိသွားပါတယ်။
​ ​🌍🌍ကျွန်တော်တို့ ကလေးတွေကို သင်္ချာသင်ပေးနေတာဟာ စာမေးပွဲမှာ အမှတ်ကောင်းရဖို့တင် မဟုတ်ပါဘူး။ အနာဂတ်ရဲ့ ခက်ခဲတဲ့ ဘဝခရီးမှာ ဘယ်လိုပြဿနာမျိုး ကြုံကြုံ စနစ်တကျနဲ့ ဆင်ခြင်တုံတရားရှိရှိ ဖြေရှင်းကျော်ဖြတ်နိုင်မယ့် "ဦးနှောက်ရဲ့ ကြွက်သားများ" သန်မာလာစေဖို့ ဖြစ်ပါတယ်။🌍🌍
​
​

05/08/2026

🚫✨️​ အလွတ်ကျက်မှတ်တဲ့ စက်ရုပ် မဖြစ်စေဘဲ၊ တွေးခေါ်မှု အားကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့အတွက် ပျိုး​ထောင်​​ပေးနိုင်ဖို့ကအ​ရေးကြီးပါတယ်✨️🚫🥰🥰🥰
​

04/08/2026

ကလေးတိုင်းမှာ ကိုယ်ပိုင်အချိန်ရှိပါတယ်။ တချို့က မြန်မြန်ပွင့်တယ်။ တချို့က ဖြည်းဖြည်းချင်း ပွင့်တယ်။
ဒါပေမယ့်... အချိန်မှန် ရေ၊ မြေ၊ နေရောင် ရတဲ့ပန်းဟာ နောက်ဆုံးမှာတော့ လှလှပပ ပွင့်လာတာပါပဲ။
ကလေးတွေလည်း ဒီလိုပါပဲ။
သင်ယူမှုကို ချစ်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်ရင်... အဲဒါက မိဘတစ်ယောက်ရဲ့ အကြီးမားဆုံး အောင်မြင်မှုပါ။နောက်ဆုံးဖြေတဲ့အစ်မကြီးကတော့ဖြေသွားပါတယ်အသည်းပါတဲ့🥰🥰🥰❤️` Maths

03/08/2026

ကလေးအမှတ်ဘယ်လောက်ရလဲဆိုတာထက်... ဒီနေ့ သူ မနေ့ကထက် ဘာတွေ ပိုသိလာလဲ။ နေ့တိုင်း ပုံမှန်လေ့လာတဲ့ အလေ့အကျင့် ရလာပြီလား။ မသိတာကို မေးရဲလာပြီလား။ အမှားလုပ်ပြီးရင် ထပ်ကြိုးစားရဲသေးလား။
ဒါတွေကို ပိုအာရုံစိုက်ပေးပါ။
ကလေးတိုင်းမှာ ကိုယ်ပိုင်အချိန်ရှိပါတယ်။ တချို့က မြန်မြန်ပွင့်တယ်။ တချို့က ဖြည်းဖြည်းချင်း ပွင့်တယ်။
ဒါပေမယ့်... အချိန်မှန် ရေ၊ မြေ၊ နေရောင် ရတဲ့ပန်းဟာ နောက်ဆုံးမှာတော့ လှလှပပ ပွင့်လာတာပါပဲ။
ကလေးတွေလည်း ဒီလိုပါပဲ။
အမှတ်ကို မလိုက်ဘဲ သင်ယူမှုကို ချစ်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်ရင်... အဲဒါက မိဘတစ်ယောက်ရဲ့ အကြီးမားဆုံး အောင်မြင်မှုပါ။ ❤️

🎯 ဩဂုတ်လအတွက် အသစ်စတင်မည့် Singapore Maths (စင်ကာပူသင်္ချာ) သင်တန်းများသို့ ဖိတ်ခေါ်ပါတယ်ရှင် 🎯​✅ကလေးငယ်တွေရဲ့ သင်္ချာတွ...
02/08/2026

🎯 ဩဂုတ်လအတွက် အသစ်စတင်မည့် Singapore Maths (စင်ကာပူသင်္ချာ) သင်တန်းများသို့ ဖိတ်ခေါ်ပါတယ်ရှင် 🎯

​✅ကလေးငယ်တွေရဲ့ သင်္ချာတွေးခေါ်နိုင်စွမ်း (Critical Thinking) နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving Skills) ကို အကောင်းဆုံးမြှင့်တင်ပေးမယ့် ကမ္ဘာကျော် Singapore Maths စနစ်ဖြင့် သင်ကြားမည့် အတန်းသစ်များကို ဩဂုတ်လ တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။

​📌Singapore Maths စနစ်ဟာ ရိုးရိုးတွက်ချက်ရုံသာမက ကလေးငယ်များ၏ ဦးနှောက်ကို စဉ်းစားတွေးခေါ်မှုပိုင်းဆိုင်ရာမှာ ပိုမိုထက်မြက်လာစေရန် (Concrete -> Pictorial -> Abstract) နည်းလမ်းများဖြင့် အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးတာကြောင့် သင်္ချာကို လွယ်ကူပျော်ရွှင်စွာ တတ်မြောက်စေပါတယ်။

📚 ဖွင့်လှစ်မည့် အတန်းများ
​📣Primary 1 ( Grade 1 &2) - အခြေခံတွေးခေါ်မှုနှင့် ဂဏန်းသင်္ချာစနစ်ကို စတင်ပျော်ရွှင်စွာ လေ့လာရန်
​📣Primary 2 ( Grade 2 &3) - ပုံစံများကို အခြေခံ၍ တွက်ချက်မှုပိုင်းဆိုင်ရာ တိုးတက်စေရန်
​📣Primary 4 ( Grade 4 &5) - အဆင့်မြင့် တွက်ချက်မှုများ၊ ပြဿနာများနှင့် မော်ဒယ်ဆွဲနည်းများကို ကျွမ်းကျင်စေရန်
​📣📣Secondary 1 ( Grade 7 &8) - Pre IGCSE( IG foundation)လို့မိဘတွေကြားလူသိများကြတဲ့အတန်းတစ်ခုဘဲဖြစ်ပါတယ်✅
အလယ်တန်းအဆင့် င်္သချာသဘောတရားများသာမက အထက်တန်းအဆင့်အခြေခံအုပ်ချုပ်က်ိုခိုင်မာစွာတည်ဆောက်နိုင်မယ့်အပြင် ဝါသနာပါရာ နိုင်ငံတကာ စာမေးပွဲများအတွက် ခိုင်မာသော အခြေခံတည်ဆောက်ရန်🍒

​⭐ ဘာကြောင့် Singapore Maths ကို ရွေးချယ်သင့်တာလဲ?
​✔️ ရိုးရိုးအလွတ်ကျက်ခိုင်းခြင်းမဟုတ်ဘဲ သဘောတရားကို နားလည်စေခြင်း (Conceptual Understanding)
✔️ စဉ်းစားတွေးခေါ်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခြင်း (Critical Thinking)
✔️ နေ့စဉ်ဘဝ ပြဿနာများကို သင်္ချာနည်းဖြင့် ဖြေရှင်းတတ်လာစေခြင်း (Real-world Application)
​📌အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Page Messenger ( သို့မဟုတ် ) အောက်ပါဖုန်းနံပါတ်သို့ ယခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

​📞 ဆက်သွယ်ရန်ဖုန်းနံပါတ်-
09678709487/09979206800

🚨🚨နေရာဦးရေ ကန့်သတ်၍ လက်ခံသွားမှာဖြစ်တဲ့အတွက် 2.8.2026(Sunday)မှ 13.8.2026အတွင်း သင်တန်းကြေးနှင့် စာအူပ်ဖိုးများပေးသွင်း၍ အတန်းအပ်နှံနိုင်ပါပီရှင်🚨

🏆Maths Genius Centreရဲ့အားသာချက်တွေကတော့

✅ON CAMPUS အတန်းများနှင့် Online တန်းများ အားလုံး၏ တစ်နေ့စာတစ်နေ့ သင်ကြားမှု videoများကိုအချိန်မရွေးပြန်လည်လေ့လာနိုင်ရန် Telegram Groupများဖွဲ့၍ ပေးပို့ပေးသွားမှာဖြစ်ပီး….

✅အခန်းတစ်ခန်းပြီးတိုင်း တတ်မြောက်မှုများစစ်ဆေးပီး ကလေး၏ တိုးတက်မှု သို့မဟုတ် လိုအပ်ချက် အခြေနေများကို မိဘများထံတိုက်ရိုက် အသိပေးသွားမှာဘဲဖြစ်ပါတယ်ရှင်

✅နောက်ဆုံးသင်ရိုးပီးပါက Level upစာမေးပွဲများ စစ်ဆေးပီး နှစ်စဉ်ကျင်းပပြုလုပ်မည့်သင်တန်းဆင်းပွဲတွင်ဆုရရှိသူများနှင့်အောင်မြင်သူများကို ဆုများနှင့် Certificate များပေးအပ်ချီးမြှင့်သွားမှာဘဲဖြစ်ပါတယ်ရှင်

01/08/2026

🚫✨️​သင့်ကလေးကို အလွတ်ကျက်မှတ်တဲ့ စက်ရုပ် မဖြစ်စေဘဲ၊ တွေးခေါ်မှု အားကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့အတွက် ပျိုး​ထောင်​​ပေးနိုင်ဖို့ကအ​ရေးကြီးပါတယ်✨️
​

31/07/2026

အပိုင်းကိန်းပုစ္ဆာတွေကို အဆင့်အများကြီးချတွက်နေစရာမလိုဘဲ Thinkingနည်းသုံးပီး၂ဆင့်လောက် နဲ့အဖြေရအောင်တွက်နိုင်သွားတာ Singapore Mathsရဲ့အားသားချက်ထဲက တစ်ခုပါဘဲရှင်😊😊

Address

Chaung Wa Street
Shwedaung

Telephone

+959979206800

Website

Alerts

Be the first to know and let us send you an email when Maths Genius Abacus & Maths Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category