TMO Education center

TMO Education center TMO Engineering Survey Training

15/08/2026

📏 Measure Beyond Limits. Achieve Greater Accuracy.

When precision matters, professionals need more than just a measuring tool. The Fluke 424D Laser Distance Meter delivers advanced measurement capabilities, helping engineers, contractors, and facility professionals work faster and reduce measurement errors. (fluke.com)

✔ Measures distances up to 100 m with ±1 mm accuracy
✔ Calculates area, volume, and indirect measurements using Pythagoras functions
✔ Built-in 180° inclination sensor for leveling and height measurements
✔ Integrated compass and corner angle feature for difficult measurement points
✔ Large 4-line backlit display for clear viewing
✔ Stores last 20 measurements for quick reference
✔ IP54-rated for protection against dust and water splashes

📐 Faster measurements. Fewer errors. Better results.

''မိုးရာသီနဲ့ဆက်စပ်ပြီး လမ်းအင်္ဂါရပ်မှာပါတဲ့ ရေမြောင်းတွေရဲ့အကြောင်း''မိုး​တွေ အရမ်းရွာလာရင် အရင်ဆုံးကြုံရတတ်တာက လမ်းဘေ...
15/08/2026

''မိုးရာသီနဲ့ဆက်စပ်ပြီး လမ်းအင်္ဂါရပ်မှာပါတဲ့ ရေမြောင်းတွေရဲ့အကြောင်း''

မိုး​တွေ အရမ်းရွာလာရင် အရင်ဆုံးကြုံရတတ်တာက လမ်းဘေးရေမြောင်းတွေ ရေပြည့်ရေလျှံဖြစ်ပြီး လမ်းတွေပေါ်ရေကျော်တာပါဘဲ။

ကိုယ့်ပါတ်ဝန်းကျင်မှာလဲ မိုးတအားရွာတဲ့အချိန်
ကတ္တရာလမ်းတွေပေါ် ရေတွေဖြတ်ပြီး စီးနေတာတွေ တွေ့နေရမှာပါ။

လမ်းပေါ် ရေကျော်တာဟာ ကျွန်တော်တို့လမ်း အင်ဂျင်နီယာတွေအတွက်တော့ အင်မတန်ဒုက္ခပေးတဲ့ ပြဿနာပါဘဲ။

လမ်း ရေမကျော်ရေးဟာ ဘယ်လောက်များအရေးကြီးသလဲဆိုရင် ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)ရဲ့ လမ်းညွှန်ချက်တစ်ခုမှာ ''လမ်းကိုဖျက်စီးတာ ရေနဲ့တန်ပို''၊ ''လမ်း၏အသက်သည်ရေမြောင်း'' လို့တောင် ပြောကြားခဲ့ဖူးတာ မှတ်မိပါသေးတယ်။

တကယ်လဲ လမ်းပေါ်ရေကျော်တဲ့ဖြစ်စဥ်ဟာ ကျွန်တော်တို့ လမ်းတွေအတွက်အများကြီးထိခိုက်ပျက်စီးမှုတွေ ဖြစ်စေပါတယ်။

လမ်းပေါ်ကျော်ပြီး စီးဆင်းသွားတဲ့ ရေဟာ လမ်းသားကို ပုံစံနှစ်မျိုးတဲ့ ဖျက်စီးတတ်ပါတယ်။

(၁)erosion လို့ခေါ်တဲ့ ဖြတ်သန်းစီးဆင်းတဲ့မျက်နှာပြင်တစ်လျောက် တိုက်စားသွားမယ်
(၂)လမ်းအောက်ခံလွှာတွေထဲထိ စိမ့်ဝင်သွားပြီး လမ်းရဲ့ အလေးဝန်ခံနိုင်အား၊ bearing capicityတွေကို လျော့ကြစေမယ်၊ ကြာလာရင် လမ်းသားတွေ လွယ်လွယ်ပျက်စီးသွားမယ်ပေါ့။

အပေါ်ကပြောခဲ့သလို လမ်းရဲ့အသက်ဟာ ရေမြောင်းဆိုတဲ့အတိုင်း လမ်းတစ်ခုကို geimetric design ပုံစံထုတ်စဥ်ကတည်းက လမ်းရဲ့အင်္ဂါရပ်များမှာ ရေမြောင်းတွေကိုပါ ထည့်သွင်းစဥ်းစားပြီး ပုံစံထုတ်ကြရတာ ဖြစ်ပါတယ်။

လမ်းနဲ့ပါတ်သတ်တဲ့ ရေမြောင်း(drain system) တော်တော်များများနဲ့ ကျွန်တော်တို့ ရင်းနှီးကြပေမဲ့ စနစ်တကျတော့ မလုပ်ဖြစ်ခဲ့ကြပါဘူး။
ဒါကြောင့်လဲ ကျွန်တော်တို့လမ်းတွေဟာ လမ်းဘေးရေမြောင်းတွေရှိနေပေမဲ့ မကြာခန လမ်းပေါ်ရေကျော်နေတတ်တာပါ။

ဒါဆို လမ်းပေါ်ရေမကျော်ရေးအတွက် အဓိက မင်းသားကြီးတွေဖြစ်တဲ့ drainတွေအကြောင်းနဲ့ သူတို့ကလမ်းကိုဘာတွေများ အထောက်အကူပေးသလဲ ပြောကြရအောင်ပါ။

ရေမြောင်းတွေကို
-လုပ်ဆောင်ချက်အရ (၅)မျိုး
-ပုံစံအရ(၃)မျိုး
-အမျိုးအစား(၂)မျိုး ဆိုပြီး ခွဲခြားနိုင်ပါတယ်။

အရင်တုန်းကတော့ လုပ်ဆောင်ချက်ပေါ် မူတည်ပြီး drain(၃)မျိုးလို့ မှတ်သားခဲ့ကြရပေမယ့် ဒီနေ့တော့ ကျွန်တော်က (၅)မျိုးအထိတိုးပြီး ပြောပြပါ့မယ်။

1. Surface drain
2. Side drain
3. Catch drain
4. Cross drain
5. Mitre drain ဆိုပြီး functionအရ ၅မျိုးရှိပါတယ်။

1. Surface drain

မကြားဖူးတဲ့ အခေါ်အဝေါ်ဖြစ်နေမယ်ထင်ပါတယ်။ တကယ်တော့ surface drainဆိုတာ road camberကို ဆိုလိုတာပါဘဲ။

စဥ်းစားကြည့်လေ.. လမ်းမျက်နှာပြင်ပေါ် ရေမတင်ဖို့ road camberကို အဓိကထား ဆောင်ရွက်ခဲ့ကြတယ်မဟုတ်လား။

Camberဟာ သတ်မှတ်ထားတဲ့ % မမှန်ရင် ဒါမှမဟုတ် စနစ်မကျဘူးဆိုရင် လမ်းမျက်နှာပြင်ပေါ် ရောက်လာမယ့် ရေတွေဟာ လမ်းပေါ်မှာဘဲ အိုင်နေမယ်၊ သတ်မှတ်ထားသလို ရေစီးသွားရမယ့်ပုံစံတွေမမှန်တော့ဘဲရှိမယ်၊ နောက်ဆုံးမှာတော့ မျက်နှာပြင်လွှာတွေကို ပျက်စီးစေတော့မှာပေါ့။

ဒါကြောင့် road camber လို့ခေါ်ကြတဲ့ surface drain တွေ မှန်ကန်စနစ်ကျဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

2. Side drain or side ditches

လမ်းဘေးရေမြောင်း side drainတွေကိုတော့ သိပြီးသားဖြစ်မှာပါ။

side drainတွေဟာ လမ်းမျက်နှာပြင်ပေါ်က စီးဆင်းလာမယ့် ရေတွေကို carriage wayလို့ခေါ်တဲ့ ရေမြောင်းအတွင်းလမ်းကြောင်းမှာ စုဆောင်းမယ် ပြီးရင် လမ်းနဲ့ဝေးရာကို သယ်သွားမယ်ပေါ့။

side drainတွေဟာ လမ်းရဲ့ geometric designအရ ပုံစံအမျိုးမျိုးရှိတတ်ပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ trapezium (ဇလားပုံစံ)နဲ့ rectangular(လေးထောင့်ပုံစံ)တွေ အသုံးများပါတယ်။

Side drainတွေရဲ့ design depthကတော့ ပုံမှန် 0.3m/ 1ပေ ရှိတတ်ပါတယ်။

3.Catch drain

မြန်မာလို ရေဖမ်းမြောင်းလို့ ခေါ်ပါတယ်။
လမ်းထက်မြင့်နေတဲ့နေရာတွေ၊ တောင်ကမ်းပါးယံတွေဆီက စီးဆင်းလာမယ့်ရေတွေကို လမ်းပေါ်ရောက်မသွားအောင် ဖမ်းထားပေးမယ့် မြောင်းတွေပါ။

အထူးသဖြင့် တောင်ပေါ်လမ်းပိုင်းတွေရဲ့ one side cut(or) two side cutတွေမှာ ဖြတ်ချလိုက်တဲ့ တောင်နံရံတွေရဲ့ အမြင့်ကိုကြည့်ပြီးအဲ့ဒီ နံရံတွေဆီကတဆင့် စီးဆင်းလာမယ့်ရေတွေကို ဖမ်းယူဖို့ လိုအပ်ရင်လိုအပ်သလို catch drainတွေ ထည့်ပေးတတ်ပါတယ်။

catch drainတွေဟာ အများအားဖြင့် လမ်းနဲ့အပြိုင်ဆောင်ရွက်ရပြီး ရေကိုတားဖို့၊ ဖမ်းဖို့အတွက်လမ်းဘက်အခြမ်းကို အနည်းငယ်မြှင့်ပြီး trapezium ပုံတည်ဆောက်ကြရပါတယ်။

4. Cross drain

ကန့်လန့်ရေမြောင်းလို့ အလွယ်ခါ်ကြပါတယ်။

လမ်းပေါ်မှာရေတွေအရမ်းအိုင်နေပြီး လမ်းဘေးက side drainထဲကို ရေကစီးမသွားဘဲဖြစ်နေတဲ့အချိန်မျိုးကြုံဖူးကြမှာပေါ့။

ဒါဆို ကျွန်တော်တို့တွေ ဘာများလုပ်ကြပါသလဲ။
လမ်းသားဘေးက earth shoulder ဒါမှမဟုတ် hard shoulderကို မြောင်းအသေးလေး တူးဖောက်ချလိုက်ပြီး လမ်းပေါ်ကရေကို side drainထဲ စီးသွားစေတယ်မဟုတ်လား။

ဒါဟာ cross drainရဲ့ ဥပမာပုံစံအသေးလေးတစ်ခုပါဘဲ။

pavement ပေါ်ကစီးလာမယ့် ရေတွေဟာ ဘေးကside drain ထဲမရောက်ခင် hard shoulder ၊ earth shoulderတွေအပေါ် ဖြတ်သန်းရအုံးမှာပါ။

ဒီလိုအချိန်မှာ ကျွန်တော်တို့ earth shoulderတွေဟာ ရေစီးရဲ့တိုက်စားမှုကိုခံရပြီး ပျက်စီးတတ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကို ရှောင်ရှားဖို့ pavementတွေရဲ့ ဘေးမှာ လမ်းနဲ့ 45 or more ပုံစံနဲ့ side drainတွေကို ထည့်သွင်းတည်ဆောက်လေ့ရှိပါတယ်။

earth shoulderပေါ်မှာ ကန့်လန့်ဖြတ်တည်ဆောက်ရတာမို့ ယဥ်သွားလာချိန်မှာ အနှောက်အယှက်မဖြစ်ဖို့ cross drainတွေဟာ open ပုံစံမထားရပါဘူး။

သူ့အထဲမှာ တိုက်စားမှုခံနိုင်ပြီး ရေအလွယ်စီးဆင်းသွားနိုင်တဲ့ ကျောက်ကြီးတွေ၊ ကျောက်စရစ်တွေ ဖြည့်သွင်းထားရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ဘေးတွေမှာ အဲ့လို cross drainတွေကို အလွယ်တကူ မြင်တွေ့ရမှာပါ။

5. Mitre drain

ရေစွန့်မြောင်းလို့အလွယ်မှတ်ကြရအောင်။
ထောင့်ချိုးလေး ချိုးပြီးခွဲထွက်သွားတာကြောင့် mitre drain လို့ နာမည်ပေးတာပါ။

side drainတွေဟာ စုဆောင်းရရှိတဲ့ရေတွေကို လမ်းနဲ့အပြိုင် သယ်ဆောင်သွားပြီး သင့်တော်တဲ့နေရာရောက်တဲ့အခါမှာ လမ်းနဲ့ ဝေးတဲ့ဘက်လမ်း ၊ လမ်းထက်နိမ့်တဲ့ဘက်ကို ဖောက်ချပေးသွားရမှာပါ။

ဒီလိုမဟုတ်ဘဲ side drain ကြီးတလျောက် ဒီရေတွေကို သယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးမဟုတ်လား။

ဒါကြောင့်ဘဲ သင့်တော်တဲ့နေရာရောက်ရင် side drain ကနေ mitre drain တွေ ခွဲထွက်ပြီး ရေတွေကို လမ်းနဲ့ဝေးရာ စွန့်ထုတ်ရတာပါ။
(ဒီနေရာမှာ box culvertတွေ ဆောင်ရွက်ပြီး ရေဖောက်ထုတ်ဖို့ စဥ်းစားရတာမျိုးလဲ ရှိတတ်ပါတယ်။)

ဒီလို mitre drainတွေ မလုပ်ပေးတာ၊ ဒါမှမဟုတ် စနစ်မကျတာတွေကြောင့် side drainတွေထဲမှာ ရေတွေအရမ်းများလာပြီး နောက်ဆုံးမှာ လမ်းပေါ်ကို ရေကြီးရေလျှံ ဖြစ်စေတော့တာပါဘဲ။

side drainတွေရှိရဲ့သားနဲ့ လမ်း ရေကျော်တာခနခန ဖြစ်နေတတ်တာကို သတိပြုရမှာပါ။

ဆိုတော့ mitre drain တွေကို ဘယ်လို ထည့်သွင်းပေးရမလဲဆိုတာလေးလဲ ပြောပြပါအုံးမယ်။

ကိုယ့်လမ်းရဲ့ gradient နဲ့ စဥ်းစားကြည့်ရပါ့မယ်။
gradient များရင် side drainတွေထဲမှာ ရေစီးကြမ်းပြီး ခပ်မြန်မြန်ရေတွေများလာတတ်လို့ mitre drainတွေကို ခပ်စိပ်စိပ်လေး ထည့်ပေးရပါ့မယ်။

gradient 12% = 40m spacing
gradient 10% = 80m spacinh
gradient 8% = 120m spacing
gradient 6% = 160m spacing
gradient 4% = 200m spacing
gradient 1 to 2% မှာတော့ လိုအပ်သလို အကွာအဝေးနဲ့ ထည့်သွင်း တည်ဆောက်ကြရပါတယ်။

ဒီလောက်ဆိုရင်တော့ လုပ်ဆောင်ချက် (function)အရ ခွဲခြားတဲ့ drain (5)မျိုးကို သိလောက်ပါပြီ။

Engr; Zay Thatt
R.E(road)
Crd_AI Photo

ပရောဂျက်တစ်ခုလုံးရဲ့ အောက်ခြေ Level ကို တာဝန်ယူပေးမယ့် Auto Level 📐🏗️🔭🔬အိမ်တစ်လုံး ဆောက်ပြီးခါမှ အောက်ခြေမြေပြင် မညီလို့...
14/08/2026

ပရောဂျက်တစ်ခုလုံးရဲ့ အောက်ခြေ Level ကို တာဝန်ယူပေးမယ့် Auto Level 📐🏗️🔭🔬

အိမ်တစ်လုံး ဆောက်ပြီးခါမှ အောက်ခြေမြေပြင် မညီလို့၊ ဒါမှမဟုတ် ရေမြောင်းတွေ လုပ်ပြီးခါမှ ရေစီးမဆင်းဘဲ ပြန်အိုင်နေလို့ ခေါင်းခဲဖူးတဲ့ မိတ်ဆွေတို့ ရှိလား? အဲ့ဒီပြဿနာအားလုံးကို အစကတည်းက ဖြေရှင်းပေးမယ့် စက်တစ်ခုရှိပါတယ်ဗျာ။
အဲ့ဒါကတော့ ဆောက်လုပ်ရေးဆိုဒ်တိုင်းမှာ မရှိမဖြစ် လိုအပ်တဲ့ Auto Level လို့ခေါ်တဲ့ အနိမ့်အမြင့်တိုင်းစက်ပါပဲ။📐

သူက မြေပြင်ရဲ့ အနိမ့်အမြင့် ကွာခြားချက်တွေနဲ့ Level တွေကို တိကျအောင် တိုင်းတာပေးတာ ဖြစ်လို့ အိမ်ဆောက်တာ၊ လမ်းခင်းတာ၊ ရေမြောင်းလုပ်တာနဲ့ မြေကွက်တွေ ပြုပြင်တဲ့နေရာတိုင်းမှာ မရှိမဖြစ် သုံးစွဲရပါတယ်။

ကျွန်တော်တို့ TMO မှာဆိုရင် အရည်အသွေးစိတ်ချရတဲ့ Auto Level စက်မျိုးစုံကို အာမခံချက်အပြည့်နဲ့ ရောင်းချပေးနေသလို၊ စက်တွေ ပျက်စီးသွားရင်လည်း စနစ်တကျ Service ပြန်ပြင်ပေးနေပါတယ်။

သင့်ရဲ့ ပရောဂျက်တွေ အမှားအယွင်းမရှိ စိတ်ချရဖို့အတွက် ခေတ်မီမြေတိုင်းစက်တွေကို သုံးစွဲပါ။ စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိချင်ရင်တော့ ကျွန်တော်တို့ဆီကို အခုပဲ မက်ဆေ့ခ်ျပို့ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

09 772432269


Tiktok Account 🟢
tiktok.com/.lynn.aung3

Telegram Channel 🟢
https://t.me/tmoengineeringsurvey

Official website 🟢
https://share.google/HNr3OIwrJfRn1wJ3O

#မြေတိုင်းပညာ #အင်ဂျင်နီယာ

13/08/2026
အဆောက်အဦးတစ်လုံးက Drawing အတိုင်း တိတိကျကျ ဘယ်လိုဆောက်နိုင်တာလဲ? 📐🏗️🏢Drawing ထဲက Column (တိုင်) တစ်ခုကို မြေပြင်ပေါ်ကို ...
13/08/2026

အဆောက်အဦးတစ်လုံးက Drawing အတိုင်း တိတိကျကျ ဘယ်လိုဆောက်နိုင်တာလဲ? 📐🏗️🏢

Drawing ထဲက Column (တိုင်) တစ်ခုကို မြေပြင်ပေါ်ကို 1cm တောင် မလွဲပဲ ဘယ်လိုချနိုင်လဲ? 🤔 စာရွက်ပေါ်မှာ ဆွဲထားတဲ့ မျဉ်းကြောင်းလေးတွေအတိုင်း မြေပြင်ပေါ်မှာ အဆောက်အဦးကြီး ဖြစ်လာအောင် လုပ်ပေးတဲ့ လျှို့ဝှက်ချက် ရှိပါတယ် မိတ်ဆွေတို့။

အဲ့ဒါကတော့ Stake Out အင်ဂျင်နီယာနယ်ပယ် ပဲ ဖြစ်ပါတယ်ဗျာ။ 👷‍♂️✨

❓ Stake Out ဆိုတာဘာလဲ
ရိုးရိုးရှင်းရှင်းပြောရရင် ကွန်ပျူတာ Screen ပေါ် ဒါမှမဟုတ် စာရွက်ပေါ်က ဒီဇိုင်းဒေတာတွေကို မြေပြင်ရဲ့ တကယ့်တည်နေရာအမှန်ပေါ် ရောက်သွားအောင် စနစ်တကျ နေရာချပေးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

❓ ဘာကြောင့် construction မှာ အရေးကြီးလဲ
အဆောက်အဦးတစ်ခုလုံး Drawing ထဲကအတိုင်း တိတိကျကျ၊ ဖြောင့်ဖြောင့်တန်းတန်းနဲ့ ခိုင်ခိုင်ခံ့ခံ့ ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်မို့လို့ပါ။

❓ Total Station နဲ့ ဘယ်လိုလုပ်လဲ
ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ Total Station လို့ခေါ်တဲ့ အဆင့်မြင့်မြေတိုင်းစက်ကြီးတွေကို သုံးပြီး လုပ်ပါတယ်။ Drawing ထဲက ကိုဩဒိနိတ် (Coordinate) ဒေတာတွေကို စက်ထဲထည့်၊ ပြီးရင် မြေပြင်ပေါ်မှာ ပန္နက်မှတ်တွေကို လေဆာနဲ့ မီလီမီတာအထိ တိကျအောင် လိုက်ချပေးတာ ဖြစ်ပါတယ် 🎯

🚨 Stake Out မှားရင် ဘာဖြစ်မလဲ
ဒါကတော့ အင်မတန် အန္တရာယ်များပါတယ်ဗျာ။ တစ်လက်မ၊ နှစ်လက်မလောက် လွဲတာနဲ့တင် တိုင်လိုင်းတွေ စောင်းသွားတာ၊ အခန်းဖွဲ့စည်းပုံတွေ ပုံစံပျက်ကုန်တာ၊ နောက်ဆုံး ဆောက်လက်စကြီးတွေကို ပြန်ဖျက်ပြင်ရတာမျိုးအထိ ဆုံးရှုံးမှု ကြီးမားတတ်ပါတယ်။

🔍 Site မှာ တကယ် အသုံးပြုနေတဲ့ ဥပမာ
ကျွန်တော်တို့ ဆိုဒ်ထဲမှာ တိုင်တွေထောင်ဖို့ ပန္နက်လိုင်း (Center Line) ချတဲ့အခါ စာရွက်ပေါ်က ပွိုင့်တွေကို ဒီစက်နဲ့ပဲ မြေပြင်ပေါ် အစက်ချပါတယ်။ အဲ့ဒီအစက်ကနေပဲ တိုင်တွေ၊ ယက်မတွေက ကွက်တိ တည့်မတ်စွာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် စာရွက်ပေါ်က အိပ်မက်ကို မြေပြင်ပေါ်မှာ အမှားအယွင်းမရှိ အသက်သွင်းချင်တယ်ဆိုရင် စနစ်ကျတဲ့ Stake Out လုပ်ငန်းစဉ်ကို သုံးစွဲဖို့ ကျွန်တော်ကတော့ အကြံပြုချင်ပါတယ်ဗျာ 💯။
Stake Out အကြောင်းနဲ့ ခေတ်မီမြေတိုင်းနည်းပညာတွေအကြောင်း ပိုသိချင်ရင်တော့ ကျွန်တော်တို့ Page ကို Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော် မိတ်ဆွေတို့ 👀

Tiktok Account 🟢
Zaw Lynn Aung ( TMO Survey)

Telegram Channel 🟢
https://t.me/tmoengineeringsurvey

Official website 🟢
https://share.google/HNr3OIwrJfRn1wJ3O

#မြေတိုင်းပညာ #အင်ဂျင်နီယာ

🧲  ်တန်းဖွင့်ရန်တစ်ပတ်သာလ်ုတော့ပြီ 📣🚀 Theory & Field Practical & Survey Lecture  ပေါင်းစပ်သင်ကြားမည့် BATCH - 60 / 2026 ...
13/08/2026

🧲 ်တန်းဖွင့်ရန်တစ်ပတ်သာလ်ုတော့ပြီ 📣
🚀 Theory & Field Practical & Survey Lecture ပေါင်းစပ်သင်ကြားမည့် BATCH - 60 / 2026 🧲
🚀 Site မှာ တကယ် Professional ရပ်တည်နိုင်မယ့် Field Expert Surveyor တစ်ယောက် ဖြစ်ချင်ရင်— ^^^^^ 👷 SurveyExpert Professional Field

📣 TMO Survey Practitioner Training မှ Certificate in Survey Practitioner Class — သို့ ဆကိသွယ် တက်ရောက်လိုက်ပါ👷👍

❓ ဘာကြောင့် ဒီသင်တန်းက ထူးခြားလဲ?

✅ Textbook ထဲက Theory တွေ တစ်ခုတည်း မဟုတ်ဘူး
✅ လက်တွေ့ Construction Road Surveying ဆရာများ ကိုယ်တိုင် Site Experience တွေနဲ့ လက်တွေ့ကျကျ သင်ကြားပေးမယ်
✅ Survey Practical Class + Real Survey OnSite Visit ပေါင်းစပ်ထားတဲ့ Hands-on Practic Learning
✅ သင်ပြမူကောင်းတယ် ထိမိတယ်
✅ SurveySite လုပ်ငန်းခွင်နယ်ပယ်အသီးသီးမှ Field Exper ဆရာ များနဲ့ တိုက်ရိုက် လက်တွေ့ ကျကျ သင်ယူခွင့်ရမညိ့ အခွင့်အရေး
Practical Time & Hours များတယ်
✅ Exam & Evaluation Test အမြဲတမ်းစစ်တယ်
✅ ဘယ်လောက်ရသွားလဲဆိုတာထက် လုပ်ငန်းခွင်မှာ ဘယ် လောက်အသုံးချနိုင်လဲ ဆိုတဲ့ KEY POINT တွေကို တစ်ဦးချင်း ဦးစားပေး သင်ပေးခြင်း

🎯 ဘယ်သူတွေ တက်သင့်လဲ?
ကိုသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုနေနဲ့ ကြီုးစားလိုသူများ
👷Surveying စိတ်ဝင်စားသူများ
👷geology ကျောင်းသားသူများ
👷 Civil Engineering ကျောင်းသား/သူများ
👷 ဆောက်လုပ်ရေးလုပ်ငန်းခွင်Surveyအတတ်ပညာရပ်ဖြင့်ဝင်ချင်သူများ
👷 Site Survey Experience လိုချင်တဲ့ Fresh Graduate များ
👷 Professional Career Switch လုပ်ချင်တဲ့မိတ်ဆွေများ

❓ ဘာတွေသင်ကြားလေ့ကျင့်ပေးမှာလဲ?

🔰Basic Principle of Surveying
🔰 Auto Leveling SettingUp
🔰Instrument Used In Leveling
🔰 Adjustment & Reduction Method Of Level
🔰 Using of the Digital Theodolite
🔰Trangulation Method Of Engineering Survey
🔰 Methodogy of Total Station of Survey Instrument
🔰Layout Plan on Survey Drawing
🔰Measuring of the Total Station (Ground Point)
🔰 Output of Contour Map Drawing (Using Software "AutoCAD Civil 3D Modeling)

📏📐📝 ___________⤵⤵📅
🗓️ Start Date: 22 AUG 2026 { Sat Opening }
💰 သင်တန်းကြေး: 680,000 MMK > Aug Special Fees - 4800000 MML

🔥 Early Bird Promotion — အစောဆုံး စာရင်းပေးမယ့် ဦးရေ အတွက် Special Fees Dis% OFF!
⏳ နေရာကန့်သတ်ထားပါတယ် — မနှေးပါနဲ့!

📞သင်တန်း စုံစမ်းရန် / စာရင်းပေးရန်:
0979919091 | 094319378 (Viber / Tg )

#စိတ်ပါဝင်စားသူ

အားလုံး မင်္ဂလာပါ 💁  မှ မကြာမှီဖွင့်လှစ်သွားပါမည့် အတန်းများ........... GIS Applied Databased Training Courses➖➖➖➖➖➖➖➖➖➖...
13/08/2026

အားလုံး မင်္ဂလာပါ 💁
မှ မကြာမှီဖွင့်လှစ်သွားပါမည့် အတန်းများ...........

GIS Applied Databased Training Courses
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
📚 AUGUST Intake Class _ Batch- 7 🌏💻📚
အနာဂတ်နည်းပညာ စိန်ခေါ်မူများကို ကျော်လွားနိုင်ဖို့ GIS တကိကြစို့ 📚

- Learning Creation Clip.
file data gis of any region.
earth to contour line convert gis.
projection with Datum type

" လုပ်ငန်းခွင် PROJECT များအတွက် အခက်အခဲတွေ ကျော်လွားနိုင်ကြပါစေ "🏆

➡ AUG _Intake Class တနိးခွဲသစ်အတွက် သင်တနိးအပိနှံနိုင်ပါပြီ 🗓 သင်တန်သားဦးရေ 👨‍👨‍👧‍👦 ကနိ့သတ်ထားပါသည်၊ 💥 ☎ ကြိုတင်အပ်နှံထားမှစိတိချရပါမည်👌




📌 Class Location ▫▫▫▫▫
TMO Education Center
📞📱 09-420775197
📞📱 09-772432269
🏠 NO. 12, သုခလမ်း, Insein GTI အနီး ၊
ဖေါ့ကနိ ကားမှတ်တိုင်ရှေ့ တည့်တည့်မှဝင်ပါ၊ ရန်ကုန် အင်းစိန် TMO သင်တန်းကျောင်း
🌐www.tmo-survey.com.mm

TMO Education Center အနေနဲ့ အမြဲတမ်း Survey နဲ့ဆက်စပ်မူရှိတဲ့  တိုင်းတာမူ အခြေံခံသဘောတရား များကို တင်ပေးနေပါတယ်👷🔰🔎🌐 👉 Fo...
13/08/2026

TMO Education Center အနေနဲ့ အမြဲတမ်း Survey နဲ့ဆက်စပ်မူရှိတဲ့ တိုင်းတာမူ အခြေံခံသဘောတရား များကို တင်ပေးနေပါတယ်👷🔰🔎🌐 👉 Follow & Like လေးလုပ်ထားပေးကြပါ အုံး ခင်ဗျာ

TRIGONOMETRY OF BASIC 📚📖
~~~~~~~~~~~~~~~~~~~~~~~~~..........
Trigonometry ကို အခြေခံကနေ စပြီး မြန်မာဘာသာပြန် ရှင်းလင်းချက်‌ဖြင့် ဖတ်ချင်သူများအတွက် တင်ပေးလိုက်ပါတယ်။
သေချာ အစအဆုံးဖတ်ကြည့်ပါ ။အနှစ်တွေချည်းပါပဲ။မသိသေးတဲ့ Concept တွေပိုသိသွားမှာပါ။
စာရေးသူ ဆရာကြီး ဦးမောင်မောင်စိုး စာအုပ်မှ
ရိုက်တင်းပေးလိုက်ပါတယ်။

Credit #ဆရာရှိန်းဇော်ထက်

   🎉👷 🥰 MissYou All   🥰🏗🏭🏢   ရဲ့ စွမိးစွမ်းတမံ တာဝန်ယူတိုင်းတာပေးခဲ့ရတဲ့ SEZ Industries Zone ထဲ့မှ Value of Surveying Pr...
12/08/2026

🎉👷
🥰 MissYou All 🥰

🏗🏭🏢 ရဲ့ စွမိးစွမ်းတမံ တာဝန်ယူတိုင်းတာပေးခဲ့ရတဲ့ SEZ Industries Zone ထဲ့မှ Value of Surveying Project တစ်ခု ဖြစ်ပါတယ် ၊ Construction Site လုပ်ငန်းခွင်များမှာ___ ...... Topographic Survey, Engineering Survey & Contour & Leveling Survey , Building Survey ,AsBuild Survey , Layout Survey and Volume Calculation . > ReCheck >> CounterCheck to Project Area.

Trust to Partenar by TMO Engineering Survey Equipment-ZLA

WE are Thanking for LS E&C Factory at Thilawar Industry Zone .

GREAT Thank's to CIL . 👷🎉
🥰 SPECIAL Thank's to Our Team Work ( TMO GROUP)

👉 Contact to ⤵⤵___
☎📲 09 43190378
☎📲 09 772432269
TMO Engineering Survey




📏📏📏📏📏📏📏📏📏📏📏📏📏📏📏📏📏

🔧 TMO CALIBRATION IN ACTION! 🔧🔬တိကျမှုက ဒီနေ့ကစပြီး… ယုံကြည်မှုက အမြဲတမ်းပါ။📐 Total Station တစ်လုံးရဲ့ တိုင်းတာမှုတိကျဖိ...
11/08/2026

🔧 TMO CALIBRATION IN ACTION! 🔧🔬
တိကျမှုက ဒီနေ့ကစပြီး… ယုံကြည်မှုက အမြဲတမ်းပါ။
📐 Total Station တစ်လုံးရဲ့ တိုင်းတာမှုတိကျဖို့ Calibration က အရေးကြီးပါတယ်။ 🔭🔬📏 Site Survey မှာ ERRROR မဖြစ်ချင်ရင် စက်ကို CALIBRATE အရင်လုပ်ပါ 🛠👷

👉 Survey တိုင်းတာမူမှာ............
❌ Error များခြင်း
❌ Measurement မတိကျခြင်း
❌ Data မှားယွင်းခြင်း
တွေကြောင့် Project ရဲ့ အချိန်နဲ့ ကုန်ကျစရိတ် ထိခိုက်နိုင်ပါတယ်။ဒါကြောင့် Total Station ကို ပုံမှန် Calibration ပြုလုပ်ထားခြင်း က _____>>>>

✅ တိုင်းတာမှုတိကျစေခြင်း
✅ Data ယုံကြည်စိတ်ချရစေခြင်း
✅ Survey Result ကောင်းမွန်စေခြင်း
✅ Project တိုင်းမှာ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ခြင်း
တို့အတွက် အရေးကြီးပါတယ်။

🛠️ Professional Calibration Service
📍 Precision • Reliability • Accuracy
သင့် Survey Equipment ကို မတိုင်းတာခင်…
တိကျမှုရှိမရှိ အရင်စစ်ဆေးပါ။ 👍

🛠 ဆက်သွယ်အပ်နှံချင်ရင် ⤵⤵🧲
📞 Contact : 09 423 450 588
📞 Contact : 09 43190378
🏢 TMO Survey Professional Service Center

“တိကျတဲ့ Survey ရလဒ်အတွက်
တိကျတဲ့ Calibration လိုအပ်ပါတယ်။”⏳⌛⏰



Address

No. 12 , Thu Kha Street , Insein GTI Near, Insein Township. Yangon. Myanmar
Shangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when TMO Education center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share