TMO Education center

Website

TMO Education center TMO Engineering Survey Training

20/10/2026
Survey Work အကြောင်း အပိုင်း-၃~~~~~~~~~~~~~~~~~~~~~~~~~~~♦ Grid Line နဲ့ Building Position ချခြင်းGrid Line တွေက Column၊...
20/10/2026

Survey Work အကြောင်း အပိုင်း-၃
~~~~~~~~~~~~~~~~~~~~~~~~~~~
♦ Grid Line နဲ့ Building Position ချခြင်း
Grid Line တွေက Column၊ Foundation၊ Beam နဲ့ အခြား Structural Member တွေရဲ့ တည်နေရာကို သတ်မှတ်ရာမှာ အရေးကြီးပါတယ်။

♦Grid A-B-C နဲ့ 1-2-3 စတဲ့ အမည်တွေကို Drawing အတိုင်း စစ်ပါ။
Grid Spacing ကို Drawing နဲ့ တိုက်စစ်ပါ။
Column Centerline နဲ့ Column Face ကိုမရောထွေးပါနဲ့။

♦Building ကို Boundary ကနေ ဘယ်လောက် Setback ထားရမယ်ဆိုတာ စစ်ပါ။

♦Grid နှစ်ကြောင်း ဆုံတဲ့ Intersection Point တွေကို မှန်ကန်စွာ ချထားပါ။

♦Set-out ပြီးရင် အခြား Control Point သို့မဟုတ် သီးခြားနည်းလမ်းနဲ့ ပြန်စစ်ပါ။

♦ Grid မှန်တယ်ဆိုတာ Line တစ်ကြောင်းချင်း မှန်ရုံနဲ့ မပြီးပါဘူး။ Grid အချင်းချင်းကြားက အကွာအဝေးနဲ့ ထောင့်မှန်မှုပါ စစ်ရပါတယ်။

♦ Building Set-out လုပ်တဲ့အခါ အမှားအများဆုံးဖြစ်နိုင်တဲ့နေရာတွေက

♦Drawing Revision မှားခြင်း
Site မှာ သုံးနေတဲ့ Drawing က နောက်ဆုံး Approved Revision ဟုတ်၊ မဟုတ် စစ်ပါ။ Old Drawing နဲ့ Set-out လုပ်မိရင် Dimension နဲ့ Position တွေ လွဲနိုင်ပါတယ်။

♦Coordinate System မှားခြင်း
Total Station ထဲ ထည့်ထားတဲ့ Easting၊ Northing၊ Station Coordinate နဲ့ Orientation တွေ မှန်၊ မမှန် စစ်ပါ။ GNSS သုံးရင်လည်း Datum နဲ့ Projection ကို Drawing နဲ့ ကိုက်ညီစေရပါမယ်။

♦ Instrument Setup မှားခြင်း
Tripod မတည်ငြိမ်ခြင်း၊ Centering မမှန်ခြင်း၊ Leveling မမှန်ခြင်းနဲ့ Prism Height မှားထည့်ခြင်းတွေကြောင့် ရလဒ်လွဲနိုင်ပါတယ်။ Instrument Station နဲ့ Reference Point တွေကို စစ်ဆေးပြီးမှ တိုင်းတာပါ။

♦ Peg ပျောက်သွားလို့ ခန့်မှန်းပြီး ပြန်ချခြင်း
Grid Peg ပျောက်သွားရင် မျက်စိမှန်းပြီး ပြန်မချပါနဲ့။ မူလ Control Point တွေကနေ ပြန်လည် Set-out လုပ်ပြီး အတည်ပြုရပါမယ်။

♦Survey တစ်ခါတိုင်းပြီးတာနဲ့ အတည်ပြုလိုက်ခြင်း
တိုင်းတာသူက ကိုယ်တိုင်ပြန်စစ်တာအပြင် ဖြစ်နိုင်ရင် အခြား Surveyor သို့မဟုတ် Engineer က သီးခြားစစ်ဆေးသင့်ပါတယ်။ Foundation Concrete မလောင်းမီ Position၊ Dimension၊ Level နဲ့ Alignment ကို ပြန်အတည်ပြုရပါတယ်။

Credit Aye Aye Win
မြို့ပြ အက္ခရာ

ဆောက်လုပ်ရေး လုပ်ငန်းတိုင်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ Level တိုင်းတာဖို့ မရှိမဖြစ် လိုအပ်ပါတယ် ။    🔼 Spirit Level ၊ ပ...
18/10/2026

ဆောက်လုပ်ရေး လုပ်ငန်းတိုင်း ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ Level တိုင်းတာဖို့ မရှိမဖြစ် လိုအပ်ပါတယ် ။ 🔼 Spirit Level ၊ ပိုက်ရေချိန် မှသည် Auto Level, Digital Level တွေ တိုင်းတာသည် အထိ သက်ဆိုင်ရာ လုပ်ငန်းခွင်နဲ့ လိုက်လျောညီထွေရှိမယ့် ကိရိယာတွေကို အသုံးပြုကြပါတယ် ။◽ အထပ်မြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တိုင်းတာရေး တာဝန်အတွက် Surveyor သက်သက်ရှိပေမယ့် Surveyor မရှိတဲ့ သာမန် အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အင်ဂျင်နီယာကပဲ တိုင်းတာကြရပါတယ် ။
ဒါကြောင့် Level တိုင်းတာခြင်း လုပ်ငန်းဟာ မြို့ပြ အင်ဂျင်နီယာတွေ အနေနဲ့ သိထားသင့်တဲ့ လုပ်ငန်း တစ်ခု ဖြစ်ပါတယ် ။ အခု post ကတော့ Auto Level တိုင်းတာတဲ့ လုပ်ငန်းအကြောင်း အခြေခံ လောက်ကို နားလည်လွယ်အောင် ရှင်းပြသွားမှာ ဖြစ်ပါတယ် ။📏📐
Auto Level စက်တွေကို အနီးစပ်ဆုံး နမူနာပေးရရင် ပိုက်ရေချိန်နဲ့ သဘောတရားခြင်း တူပါတယ် ။
⛳ အမှတ်တစ်ခု နဲ့ တူညီတဲ့ နောက်အမှတ်တစ်ခုကို ပိုက်ရေချိန််လိုမျိုး လုပ်ပေးနိုင်ပါတယ် ။ 🔹📈 ပိုက်ရေချိန်သုံးပြီး Level တိုင်းတာမယ် ဆိုကြပါစို့ ။ 📈 ပိုက်ထဲက ရေမျက်နှာပြင်ထိပ်ကလေးနဲ့ မိမိကူးယူလိုတဲ့ အမှတ်ကလေးမှာထောက်၊ ပိုက်ရဲ့ ကျန်တဲ့တစ်ဖက်ကို မိမိလိုချင်တဲ့ နေရာကို ယူသွားပြီး 📉 ပိုက်ရဲ့ထိပ်ဘက်က ရေမျက်နှာပြင်ရဲ့အမှတ်ကိုု ကူးယူရပါတယ် ။ ပိုက်ရေချိန်ရဲ့ အစနှစ်ဘက်က တူညီနေတဲ့ ရေပြင်ညီမျဉ်းဟာ Auto Level မှန်ပြောင်းထဲက 👀---- အလယ်မျဉ်းလေးပဲ ဖြစ်ပါတယ် ။ ⏩

Auto Level ကို အသုံးပြုပြီး တိုင်းတာတဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ ။ ×××>>
( 1 ) Level အမှတ်ရှိပြီးသားနေရာရယ် မိမိကူးယူလိုတဲ့ နေရာရယ် နှစ်ခုစလုံးကို မြင်ရတဲ့ နေရာမှာ ℹ စက်ကို Setting Out လုပ်ပေးပါ ။
( 2 ) ရေချိန်ဝင်အောင်ထည့်ပါ ။
( 3 ) ပထမဦးစွာ Level အမှတ်ရှိပြီးသားနေရာမှာ ပေတံကို ထောက်ပါ ။
( 4 ) စက်ကနေ ပေတံကို လှမ်းကြည့်ပြီး ပေတံမှာ မြင်ရတဲ့ တန်ဖိုးကို မှတ်သားပါ ။
( 5 ) မိမိကူးယူလိုတဲ့နေရာမှာ ပေတံကို ထောက်ပါ။
( 6 ) စက်ကနေ ပေတံကို လှမ်းကြည့်ပါ ။
(7) ပေတံမှာ မှတ်သားထားတဲ့တန်ဖိုးနဲ့ မှန်ပြောင်းထဲက အလယ်မျဉ်းလေးနဲ့ တန်းတန်းကျအောင် ပေတံကို အထက် (သို့) အောက် ကို လိုအပ်သလို ရွှေ့ပါ ။
( 8) ပေတံမှာ မှတ်သားထားတဲ့တန်ဖိုးနဲ့ မှန်ပြောင်းထဲက အလယ်မျဉ်းနဲ့ တန်းတန်းကျပြီဆိုရင် ပေတံရဲ့ အောက်ခြေ မိမိကူးယူလိုတဲ့နေရာမှာ Correction Pen ကို အသုံးပြုပြီး အမှတ်အသား ပြုလုပ်လို့ ရပါပြီ ။

အထက်မှာပြောခဲ့တာကတော့ ➡ တစ်ဖက်မှာ ရှိနေတဲ့ အမြင့်နဲ့ တူညီတဲ့ အမှတ်တစ်ခုကို အခြားတစ်နေရာသို့ ကူးယူခြင်းပါ ။

♻ တစ်ဖက်မှာ ရှိနေတဲ့ အမှတ်ထက် တစ်ပေနိမ့်တဲ့ အမှတ်တစ်ခုကို လိုချင်တဲ့အခါမှာကော ဘယ်လို တိုင်းတာကြမလဲ ❓
===============

💠 (a) ပထမဦးစွာ အမှတ်ရှိပြီးသားနေရာမှာ ပေတံကို ထောက်ပါ ။
💠 ( b ) ပေတံမှာ မြင်ရတဲ့ တန်ဖိုးကို မှတ်သားပါ ။
💠 (c ) ပေတံမှာ မြင်ရတဲ့ တန်ဖိုးကို တစ်ပေ ထပ်ပေါင်းပါ၊ ။ # # Eg ____ ဥပမာ - ပေတံမှာ 📐📏 နှစ်ပေအမှတ်ကို မြင်ရရင် တစ်ပေ + ထပ်ပေါင်းပြီးတော့ သုံးပေအမှတ်ကို ကြည့်ပေးရမှာ ဖြစ်ပါတယ်၊
💠 (d ) မိမိကူးယူလိုတဲ့နေရာမှာ ပေတံကို ပြန်ထောက်ပြီး ပေါင်းထားတဲ့တန်ဖိုးကို တန်းတန်းမတ်မတ်ကျအောင် ကြည့်ပါ ။
💠 ( e ) တန်းတန်းမတ်မတ် ကျပြီဆိုရင် ပေတံရဲ့အောက်ခြေ မိမိိ ကူးယူလိုတဲ့နေရာမှာ အမှတ်အသား ပြုလုပ်လိုက်တာနဲ့ မူလအမှတ်ထက် တစ်ပေနိမ့်တဲ့အမှတ်ကို ရရှိပါပြီ ။ 💁‍♂️
💠 ( f ) မူလအမှတ်ထက် တစ်ပေမြင့်ချင်တယ်ဆိုရင် နုတ်ပေးလိုက်ပါ ။ ဥပမာ - ပေတံမှာ သုံးပေအမှတ်ကို မြင်ရရင် တစ်ပေနုတ်ပေးပြီး >>>> နှစ်ပေအမှတ်ကို ကြည့်ပေးရမှာ ဖြစ်ပါတယ် ။

📏 Level ကူးယူတဲ့နေရာမှာ ယခုထက် ပိုမိုရှုပ်ထွေးပြီး ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ တိုင်းတာရတာမျိုးလဲ ရှိတတ်ပါတယ် ။ သို့သော်လည်း အထက်မှာ ပြောခဲ့သလို ပိုက်ရေချိန် နမူနာအတိုင်း တွေးတောပြီး မိမိဉာဏ်ရှိသလို ဆက်လက် အသုံးပြုသွားလို့ ရပါတယ် ။ လက်တွေ့ တိုင်းတာနေမှ ကျွမ်းကျင်မှုရှိမယ့် လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် ||||||||``````` စာနဲ့ရေးပြတဲ့အခါ အနည်းငယ် ရှုပ်ထွေးသလို ဖြစ်နိုင်ပါတယ် ။ တစ်ဆင့်ချင်းဆီ စမ်းသပ်တိုင်းတာကြည့်မယ်ဆိုရင် သဘောပေါက် နားလည်သွားမှာ ဖြစ်ပါတယ် ။
✔ အားလုံးပဲ ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေနိုင်ကြပါစေ ။
Survey နှင့်ပတ်သတ်သော
Auto Level
Theodolite
Total Station အသုံးပြုနည်းတွေကို indoor ရော outdoor ပါသင်ကြားပေးတဲ့ Survey Training New Batch-63 နိုဝင်ဘာလ (၁၄) ရက်နေ့စဖွင့်ပါမယ်။ သင်တန်းအကြောင်းအသေးစိတ် သိချင်ရင်တော့
👉 Ph ☎- 09-43190378
ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။ အောက်ကလင့်ကိုလည်း ဝင်ရောက်လေ့လာလို့ရပါတယ်။

https://www.facebook.com/share/p/7sYdpBrrNeAMBk51/?mibextid=oFDknk

Surveyor တွေရဲ့ လက်ဆွဲဖြစ်နေတဲ့ Total Station အကြောင်းကို ဒီ Video မှာ Sharing လေး လုပ်ပေးမယ်🙋🏻‍♂️✅၁။ Instrument တစ်ခုတည...
16/10/2026

Surveyor တွေရဲ့ လက်ဆွဲဖြစ်နေတဲ့ Total Station အကြောင်းကို ဒီ Video မှာ Sharing လေး လုပ်ပေးမယ်🙋🏻‍♂️

✅၁။ Instrument တစ်ခုတည်းဖြင့် ပေါင်းစပ်လုပ်ဆောင်နိုင်ခြင်း: Angle Measurement၊ Distance Measurement နဲ့ Data Processing/Recording တွေကို စက်တစ်ခုတည်းမှာတင် အပြည့်အဝ လုပ်ဆောင်ပေးနိုင်ပါတယ်။

✅၂။ တိကျသော ထောင့်များ တိုင်းတာပေးနိုင်ခြင်း: Point များအကြား အလျားလိုက်ထောင့် (Horizontal Angle) နဲ့ ဒေါင်လိုက်ထောင့် (Vertical Angle) များကို တိကျစွာ တိုင်းတာပေးပါတယ်။

✅၃။ အကွာအဝေးကို တိုက်ရိုက်တိုင်းတာနိုင်ခြင်း: Total Station တည်ရှိရာနေရာမှ Target Point ကြားရှိ အကွာအဝေး (Distance) ကို တိုင်းတာပေးနိုင်ပါတယ်။

✅၄။ မြေပြင် Point များကို Coordinate Data အဖြစ် ပြောင်းလဲပေးနိုင်ခြင်း: Reference Point နဲ့ Measurement Data များကို အသုံးပြု၍ မြေပြင် Point များ၏ Easting၊ Northing နဲ့ Elevation (Coordinate Data) များကို ရယူ မှတ်တမ်းတင်ပေးနိုင်ပါတယ်။

✅၅။ Drawing မှ Point များကို မြေပြင်ပေါ်သို့ ပြန်လည်သတ်မှတ်ပေးနိုင်ခြင်း (Stake Out / Setting Out): Coordinate Data များကို အသုံးပြုပြီး Drawing/Design ပေါ်ရှိ Point များကို မြေပြင်ပေါ်တွင် ကွင်းဆင်း၍ တိကျစွာ ပြန်လည် နေရာချပေးနိုင်ပါတယ်။

Survey စက်ပစ္စည်းများနှင့် ဝန်ဆောက်မှုများအတွက် TMO တွင် ဆက်သွယ်မေးမန်းဝယ်ယူနိုင်ပါပြီ📱🌟

Tiktok Account 🟢
https://www.tiktok.com/.lynn.aung3?_r=1&_t=ZS-99ySNgK8I1E

Telegram Channel 🟢
https://t.me/tmoengineeringsurvey

Official website 🟢
https://share.google/HNr3OIwrJfRn1wJ3O

#မြေတိုင်းပညာ #အင်ဂျင်နီယာ

🚨 SURVEY စက်ကို မြင်ဖူးရုံနဲ့ အလုပ်မဖြစ်ဘူး!🔥 ကိုယ်တိုင်ကိုင် — ကိုယ်တိုင်တိုင်း — Site ပေါ်မှာ ကိုယ်တိုင်လုပ်တတ်ဖို့ ဆိ...
15/10/2026

🚨 SURVEY စက်ကို မြင်ဖူးရုံနဲ့ အလုပ်မဖြစ်ဘူး!
🔥 ကိုယ်တိုင်ကိုင် — ကိုယ်တိုင်တိုင်း — Site ပေါ်မှာ ကိုယ်တိုင်လုပ်တတ်ဖို့ ဆိုရင် အခုပဲ 👉 TMO Education center ⚡ REGISTER NOW! လို့ရပါပြီ 👷

TMO SURVEY PRACTITIONER TRAINING
🔥 NOV SPECIAL BATCH – 62
📅 NOVEMBER 7, စနေနေ့⏳ 2026 — OPENING 📚

Civil Engineer ဖြစ်ပေမယ့်
❌ Site ပေါ်ရောက်ရင် Survey ဘယ်ကစလုပ်ရမလဲ မသိသေးဘူးလား?

Surveyor အလုပ်ဝင်ချင်ပေမယ့်
❌ Instrument ကို ယုံကြည်မှုရှိရှိ မကိုင်တတ်သေးဘူးလား?

ဒါဆို စာတွေ့သိရုံနဲ့ ပညာရပ်တစ်ခုကို မရပ်လိုက်ပါနဲ့။🚀

💥 FIELD ထဲဆင်းမယ်!
💥 INSTRUMENT ကိုယ်တိုင်ကိုင်မယ်!
💥 ONSITE မှာ ကိုယ်တိုင်တိုင်းမယ်!
💥 အမှားတွေကို ကိုယ်တိုင်ရှာပြီး ဖြေရှင်းတတ်အောင် လေ့ကျင့်မယ်!

TMO မှာ သင်ယူရမှာက
စာအုပ်ထဲက Surveying Knowledge တင်မဟုတ်ဘူး။

🎯 REAL FIELD PRACTICAL
🎯 ONSITE EXPERIENCE
🎯 CONSTRUCTION SURVEY SKILL
🎯 INSTRUMENT HANDLING
🎯 JOB-READY CONFIDENCE

“သိတယ်” ဆိုတဲ့ Level ကနေ
“တကယ်တိုင်းတတ်တယ်” ဆိုတဲ့ Level ကို UPGRADE လုပ်ပါ။ 🚀

👷 Civil Engineers
🎓 Fresh Graduates
📐 Surveyor Career စတင်ချင်သူများ
🏗️ Construction Field ထဲ ဝင်ချင်သူများ
🌍 Geology Field မှာ Survey Skill လိုအပ်သူများ

ဒီ Batch ကိုလက်မလွတ်ပါနဲ့! 💡

⚠️ သင်တန်းသားဦးရေ ကန့်သတ်ထားပါတယ်။
နေရာပြည့်မှ စာရင်းပေးမယ်တို့ တွေးနေရင် နောက်ကျသွားနိုင်ပါတယ်။

🔥 REGISTER NOW FOR NOV SURVEY SPECIAL BATCH – 62 💻🧲 📅 NOV 7 — START

သင်တန်းအပ်နှံရန် ⤵⤵
☎️ 09 772432269
☎️ 09 43190378
်တန်းကျောင်း

💙 TMO Survey Practitioner Training

DON'T JUST LEARN SURVEYING.
GO TO THE FIELD. PRACTICE IT. MASTER IT. 🔥

်တန်း



PROJECT ပြီးသွားတာနဲ့ဘဲ Survey ရောပြီးသွားပီလား? Survey Data မှားရင် Engineer အတွက် ဘာပြဿနာဖြစ်နိုင်လဲ?⚠️👷‍♂️Engineer မှ...
14/10/2026

PROJECT ပြီးသွားတာနဲ့ဘဲ Survey ရောပြီးသွားပီလား?
Survey Data မှားရင် Engineer အတွက် ဘာပြဿနာဖြစ်နိုင်လဲ?⚠️👷‍♂️

Engineer မှားတာ မဟုတ်ပေမယ့်... Survey Data မှားရင် Project တစ်ခုလုံး မှားနိုင်ပါတယ် မိတ်ဆွေတို့ 💥!
Engineer တွေဟာ Design, Drawing, Quantity, Layout နဲ့ Construction အားလုံးကို မူလ ရရှိထားတဲ့ Survey Data ပေါ် အခြေခံပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် Survey Data မှာ Error ရှိခဲ့ရင် သင်တို့ လုပ်ငန်းခွင်မှာ ဒီလို ဒုက္ခတွေ ကြုံရတော့တာပါပဲ ကွာ 👇 -

🚨 Design မှားမယ် - မြေပြင် အချက်အလက် မမှန်ရင် Design လည်း မမှန်တော့ဘူး။

🚨 Layout မှားမယ် - Column, Road, Building Position တွေ လွဲသွားမယ်။

🚨 Material အလေအလွင့် ဖြစ်မယ် - Rework ပြန်လုပ်ရလို့ အချိန်နဲ့ ကုန်ကျစရိတ် ပိုများလာမယ်။

🚨 Project Delay ဖြစ်မယ် - အမှားပြင်ဖို့ အလုပ်ရပ်ပြီး ပြန်တိုင်း၊ ပြန်ဆောက်ရမယ်။

🚨 Safety Risk တိုးမယ် - Foundation, Structure, Machine Installation တွေမှာ Alignment မမှန်ရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။
Survey Data က Project တစ်ခုလုံးရဲ့ အခြေခံအချက်အလက် (Foundation Data) ဖြစ်ပါတယ်ဗျာ 💯!

Survey Data မှန်မှ...

Design မှန်မယ် ➡️ Construction မှန်မယ် ➡️ Quality ကောင်းမယ် ➡️ Project အောင်မြင်မှာ ဖြစ်ပါတယ် ✨!
"Good Survey = Good Construction" 🎯

တိကျတဲ့ Survey Data က အောင်မြင်တဲ့ Construction Project တစ်ခုရဲ့ အခြေခံပါပဲ။

မိတ်ဆွေတို့ရဲ့ Project တိုင်း မီလီမီတာမလွဲ တိကျမှုရှိစေဖို့ အရည်အသွေးမြင့် မြေတိုင်းစက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ TMO ဆီကို အခုပဲ မက်ဆေ့ခ်ျပို့ပြီး စုံစမ်းတိုင်ပင်နိုင်ပါတယ်ခင်ဗျာ 🤝📲




https://www.tiktok.com/.lynn.aung3?_r=1&_t=ZS-99ySNgK8I1E

📐 Civil Engineering မှာ အသုံးများတဲ့ Surveying အမျိုးအစား (၁၀) မျိုး        Surveying (မြေတိုင်းတာခြင်း) ဆိုတာမြေပြင်ပေါ...
12/10/2026

📐 Civil Engineering မှာ အသုံးများတဲ့ Surveying အမျိုးအစား (၁၀) မျိုး
Surveying (မြေတိုင်းတာခြင်း) ဆိုတာ
မြေပြင်ပေါ်ရှိ Point တစ်ခုနဲ့တစ်ခုကြား အကွာအဝေး (Distance)၊ ထောင့် (Angle)၊ အမြင့်အနိမ့် (Elevation) တို့ကို တိကျစွာတိုင်းတာပြီး Point တွေရဲ့ တည်နေရာကို သတ်မှတ်ပေးတဲ့ အရေးကြီးတဲ့ အင်ဂျင်နီယာပညာရပ်တစ်ခု ဖြစ်ပါတယ်။
အဆောက်အဦ၊ လမ်း၊ တံတား၊ မြေဖော်/မြေဖြည့်နဲ့ Infrastructure Project တွေမှာ Planning → Design → Construction → Checking အဆင့်တိုင်း Surveying ကို အသုံးပြုရပါတယ်။

1️⃣ Boundary Survey — မြေနယ်နိမိတ်တိုင်းတာခြင်း
မြေကွက်တစ်ခုရဲ့ နယ်နိမိတ်၊ ထောင့်မှတ်များနဲ့ ပိုင်ဆိုင်မှုအကျယ်အဝန်း ကို သတ်မှတ်တိုင်းတာခြင်း ဖြစ်ပါတယ်။
👉 အလွယ်ပြောရရင် — “ကိုယ့်မြေ ဘယ်ကနေ ဘယ်အထိလဲ?” ဆိုတာကို သတ်မှတ်ပေးတဲ့ Survey ပါ။

2️⃣ Topographic Survey — မြေမျက်နှာသွင်ပြင်တိုင်းတာခြင်း
မြေပြင်ရဲ့ အမြင့်အနိမ့် (Elevation)၊ Contour၊ Slope နဲ့ လက်ရှိရှိနေတဲ့ လမ်း၊ အဆောက်အဦ၊ ရေမြောင်း စတဲ့ Natural & Existing Features တွေကို တိုင်းတာမှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။
👉 Project Design မစခင် မြေပြင်အခြေအနေကို သိဖို့ အရေးကြီးပါတယ်။

3️⃣ Construction Stakeout / Layout Survey — ဆောက်လုပ်မည့်နေရာ ချမှတ်ခြင်း
Drawing/Design ထဲက Position, Dimension, Alignment နဲ့ Level တွေကို မြေပြင် Construction Site ပေါ်မှာ အမှန်တကယ် နေရာချမှတ်ပေးခြင်း ဖြစ်ပါတယ်။
ဥပမာ — Building Grid Line, Column Position, Road Center Line, Foundation Level စတာတွေကို Site ပေါ်မှာ Setting Out လုပ်ခြင်းပါ။

4️⃣ As-Built Survey — ဆောက်လုပ်ပြီး အမှန်တကယ်အခြေအနေ စစ်ဆေးတိုင်းတာခြင်း
ဆောက်လုပ်ပြီးစီးသွားတဲ့ Structure တွေရဲ့ Actual Position, Dimension နဲ့ Elevation တွေဟာ Design/Drawing အတိုင်း ရှိ/မရှိ ပြန်လည်တိုင်းတာမှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။
👉 “Drawing အတိုင်း တကယ်ဆောက်ထားရဲ့လား?” ဆိုတာ စစ်ဆေးခြင်းပါ။

5️⃣ Control Survey — အခြေခံ Reference Point တည်ဆောက်ခြင်း
Survey လုပ်ငန်းတွေအားလုံးအတွက် မှီငြမ်းအသုံးပြုနိုင်မယ့် Control Points, Coordinates နဲ့ Benchmarks တွေကို တိကျစွာ တည်ဆောက်သတ်မှတ်ခြင်း ဖြစ်ပါတယ်။
👉 Survey အလုပ်တစ်ခု တိကျဖို့ Control ကောင်းကောင်းရှိခြင်းဟာ အခြေခံအကျဆုံး ဖြစ်ပါတယ်။

6️⃣ Site Grading Survey — မြေညှိ၊ မြေဖော်၊ မြေဖြည့်အတွက် တိုင်းတာခြင်း
လက်ရှိမြေပြင် Level နဲ့ Design ပြီးသွားရင် ဖြစ်ရမယ့် Level ကို တိုင်းတာတွက်ချက်ပြီး Excavation, Filling နဲ့ Drainage လုပ်ငန်းတွေအတွက် အသုံးပြုခြင်း ဖြစ်ပါတယ်။
👉 ဘယ်နေရာ မြေတူးရမလဲ? ဘယ်နေရာ မြေဖြည့်ရမလဲ? ဆိုတာ ဆုံးဖြတ်နိုင်စေပါတယ်။

7️⃣ Utility Survey — မြေအောက်/မြေပေါ် Service Line များရှာဖွေတိုင်းတာခြင်း
Water Pipe, Electrical Cable, Drainage Line, Sewer Line စတဲ့ မြေအောက်နဲ့ မြေပေါ် Utility တွေရဲ့ တည်နေရာကို ရှာဖွေ၊ တိုင်းတာ၊ မှတ်တမ်းတင်ခြင်း ဖြစ်ပါတယ်။
👉 Construction မစခင် Existing Utility တွေကို သိထားခြင်းက ပျက်စီးမှုနဲ့ အန္တရာယ်တွေကို လျှော့ချပေးနိုင်ပါတယ်။

8️⃣ Quantity Survey — ပမာဏတိုင်းတာတွက်ချက်ခြင်း
မြေတူး/မြေဖြည့်လုပ်ငန်းနဲ့ Construction Work တွေရဲ့ Area, Volume နဲ့ Dimension တွေကို Survey Data အသုံးပြုပြီး ပမာဏတွက်ချက်ခြင်း ဖြစ်ပါတယ်။
ဥပမာ — Cut & Fill Volume၊ Stockpile Volume စတာတွေကို တွက်ချက်ခြင်းပါ။

9️⃣ Deformation Survey — ရွေ့လျားပြောင်းလဲမှု စောင့်ကြည့်တိုင်းတာခြင်း
တံတား၊ ဆည်၊ အဆောက်အဦ၊ Retaining Structure စတဲ့ Structure တွေမှာ အချိန်ကြာလာတာနဲ့အမျှ ရွေ့ခြင်း၊ နိမ့်ကျခြင်း (Settlement)၊ တိမ်းစောင်းခြင်း ရှိ/မရှိ တိကျစွာ စောင့်ကြည့်တိုင်းတာခြင်း ဖြစ်ပါတယ်။
👉 Structure Safety Monitoring အတွက် အလွန်အရေးကြီးပါတယ်။

🔟 Hydrographic Survey — ရေအောက်အခြေအနေ တိုင်းတာခြင်း
မြစ်၊ အင်း၊ ရေလှောင်ကန်၊ ပင်လယ် စတဲ့ ရေပြင်တွေမှာ ရေအနက် (Water Depth) နဲ့ ရေအောက်မြေမျက်နှာသွင်ပြင်ကို တိုင်းတာ Mapping ပြုလုပ်ခြင်း ဖြစ်ပါတယ်။
🎯 Surveying က ဘာကြောင့် အရေးကြီးသလဲ?
Civil Engineering Project တစ်ခုမှာ Surveying မှန်ကန်တိကျမှ—
✔ Setting Out မှန်မယ်
✔ Level မှန်မယ်
✔ Alignment မှန်မယ်
✔ Position & Dimension မှန်မယ်
✔ Construction Error လျော့မယ်
✔ Quality Control ပိုကောင်းလာမယ်
ဆိုတာတွေ ရရှိနိုင်ပါတယ်။

📌 မှတ်ထားသင့်တဲ့အချက် 📍
“Surveying ဆိုတာ စက်ကိုင်တတ်ရုံ မဟုတ်ပါဘူး။
ဘယ်အလုပ်မှာ ဘယ် Survey Method ကို သုံးရမလဲ၊ ရလာတဲ့ Data ကို ဘယ်လိုစစ်ဆေးပြီး Construction မှာ ဘယ်လိုအသုံးချရမလဲဆိုတာ နားလည်တတ်ဖို့က ပိုအရေးကြီးပါတယ်။”

TMO Survey Practitioner Training
သီအိုရီကို သိရုံမက On-Site / On-Ground Field Practical နဲ့ Construction Surveying ကို လက်တွေ့အသုံးချတတ်အောင် လေ့လာကြပါစို့။

👷 သင်တန်းစိတ်ဝင်စားရင် ⤵⤵
TMO Survey Engineering Training
09 772432269
09 778242648
်တန်းကျောင်း

🔥 Survey OnSite ပေါ်မှာ Professional တစ်ယောက်အနေနဲ့ ရပ်တည်ချင် တာလား? Survey စက်ကို မြင်ဖူးတာနဲ့ ကိုင်တတ်တာ မတူပါဘူး။စက်...
11/10/2026

🔥 Survey OnSite ပေါ်မှာ Professional တစ်ယောက်အနေနဲ့ ရပ်တည်ချင် တာလား?
Survey စက်ကို မြင်ဖူးတာနဲ့ ကိုင်တတ်တာ မတူပါဘူး။
စက်ကိုင်တတ်တာနဲ့ Site မှာ တကယ်အလုပ်လုပ်တတ်တာလည်း မတူပါဘူး။

📐 TMO Survey Practitioner Training မှာ
စာတွေ့သိရုံမဟုတ်ဘဲ OnSite • OnGround • Field Practical နဲ့ ကိုယ်တိုင်တိုင်း၊ ကိုယ်တိုင်တွက်၊ ကိုယ်တိုင် Setting Out လုပ်ပြီး လုပ်ငန်းခွင်မှာ အသုံးချနိုင်တဲ့ Skill ရအောင် လေ့ကျင့်ပေးပါတယ်။

🎯 Civil Engineer ဖြစ်ပြီး Survey Skill ထပ်ဖြည့်ချင်သူ
🎯 ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ဖို့ Practical Skill လိုနေသူ
🎯 Surveyor Career ကို စတင်ချင်သူ
🎯 Site မှာ ယုံကြည်မှုရှိရှိ တိုင်းတာလုပ်ကိုင်ချင်သူ

👉 “တစ်နေ့ကျမှ သင်မယ်” ဆိုပြီး မရွှေ့ထားပါနဲ့။ 🤔🤨
ကိုယ့် Career ကို Upgrade လုပ်ဖို့ အကောင်းဆုံးအချိန်က အခုပဲဖြစ်ပါတယ်။
📩 သင်တန်းတက်ချင်ရင် Page Messenger မှာ “TMO JOIN” လို့ ပို့လိုက်ပါ။

သင်တန်းအချိန်၊ သင်တန်းကြေးနဲ့ အပ်နှံပုံအသေးစိတ်ကို ပြန်လည်ရှင်းပြပေးပါမယ်။

🚀 Don't Just Learn Surveying — Build Your Practical Skill.

📐 TMO Survey Practitioner Training
Learn • Practice • Apply On Site

သင်တန်းအပ်နှံရန်🧲 ⤵⤵
☎📲 09 772432269
☎📲 09 778242648

Address

No. 12 , Thu Kha Street , Insein GTI Near, Insein Township. Yangon. Myanmar
Shangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when TMO Education center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share