Sonamoo Education

Sonamoo Education Premium Education for the Top 1% of Students

28/05/2026

ကျောင်းစာအပြင် ပြင်ပစာပေဘာကြောင့် ဖတ်ဖို့လိုတာလဲ?📚
ယောရောဘွန်းတို့ရော အလုပ်များတဲ့ကြားကနေ စာဖတ်ဖို့ အချိန်ဆိုတာမျိုး စဉ်းစားကြဖူးရဲ့လား?
စာဖတ်ခြင်းဆိုတာ “သတ္တိ” ကို မွေးမြူခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်💗

စာအုပ်တွေထဲမှာ သတ္တိရှိတဲ့ ဇာတ်ကောင်တွေ အများကြီး ပါဝင်နေတတ်ပါတယ်။
သူတို့လည်း ကျရှုံးမှုကြောင့် နာကျင်ရတယ်၊ ယိမ်းယိုင်သွားတတ်တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြန်လည်ရပ်တည်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားကြတာများပါတယ်။

သူတို့ရဲ့ ဇာတ်လမ်းတွေကို ဖတ်ရင်း အတူတူ ဝမ်းနည်းရ၊ ပျော်ရွှင်ရ၊ စိတ်ချင်းတူသွားရင်းနဲ့ တစ်နေ့ကျရင် ကိုယ့်ရဲ့အဖြစ်အပျက်နဲ့ တိုက်ဆိုင်လာတဲ့အခါ ကိုယ့်အတွက် မနက်ဖြန်ဆက်လက်ရှင်သန်နိုင်တဲ့အထိ အားပေးနေသလို ခံစားလာရ‌ေစပါတယ်🥰

စာဖတ်ခြင်းရဲ့ အင်အားကို ယုံကြည်ပြီး
ယောရောဘွန်းတို့လည်း သတ္တိတွေ တဖြည်းဖြည်း စုဆောင်းသွားကြည့်ပါနော်! 🌱

ရည်မှန်းချက်တွေကို အမှန်တကယ်ဖြစ်လာစေပြီး
အိပ်မက်ဆီသို့ သွားဖို့ စာဖတ်ကြဖို့လည်း လိုအပ်ပါတယ်။

ကိုရီးယားသို့ ပညာတော်သင်သွားရောက်ခြင်းဆိုင်ရာ ကိစ္စများ မေးမြန်းစုံစမ်းရန် အောက်ပါတို့မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင့်👇
🌲💬Sonamoo Education Chat Box
☎️ 📞09982344261
🏠💚 Yangon 🇲🇲/Bupyeong 🇰🇷

🌲

ကိုရီးယားနိုင်ငံ၏ ကြီးမြတ်သော ပညာရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူထုက လေးစားကြည်ညိုရသော အကြီးအကဲတစ်ဦးလည်း ဖြစ်သည့်အပြင် Dan...
21/05/2026

ကိုရီးယားနိုင်ငံ၏ ကြီးမြတ်သော ပညာရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူထုက လေးစားကြည်ညိုရသော အကြီးအကဲတစ်ဦးလည်း ဖြစ်သည့်အပြင် Dankook University ၏ Founder Chang Choong-sik မနေ့ကပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါသည်🥀

လွတ်လပ်ရေးလှုပ်ရှားသူ၏ သားအဖြစ် ၁၉၃၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီးဖခင်ဖြစ်သူက လွတ်လပ်ရေးရပြီးစ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ထောင်ခဲ့သော Dankook University တွင် ၁၉၆၀ ခုနှစ်၌ ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ အသက်အငယ်ဆုံး တက္ကသိုလ်ပါ‌ေမာက္ခချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ ထို့နောက် နှစ်ပေါင်း ၅၀ ကြာ Dankook University ကို ဦးဆောင်ခဲ့ကာ ကိုရီးယားနိုင်ငံ၏ အဆင့်မြင့် နာမည်ကြီးတက္ကသိုလ်ကြီးများထဲမှ တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေခဲ့ပါသည်။

သူသည် ထိုအချိန်က အားကစား သံတမန်ရေးလုပ်ငန်းများမှတစ်ဆင့် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုခဲ့ပြီး၊ တရုတ်အက္ခရာနှင့် ကိုရီးယားဘာသာစကား သုတေသန၊ ရိုးရာဝတ်စုံ ပြတိုက် တည်ထောင်ခြင်း၊ ကွန်ဖြူးရှပ်အတွေးအခေါ် သုတေသနနှင့် အနုပညာကဏ္ဍများတွင်လည်း ကြီးမားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပါသည်။ထို့အပြင် ၁၉၉၀ ခုနှစ်တွင် ပညာသင်ဆုဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ကာ ကျောင်းသား ၉၁၂၂ ဦးအား စုစုပေါင်း ဝမ် ၈၇ ဘီလီယံ ကျော်တန်ဖိုးရှိသော ပညာသင်ဆုများ ပေးအပ်ခဲ့ပြီး အခက်အခဲရှိသော ကျောင်းသားများ ပညာသင်ကြားခွင့်ရရှိစေရန် အမြဲကြိုးပမ်းခဲ့ပါသည်။

သူသည် ငွေကြေးထက် လူသားကို ပိုမိုတန်ဖိုးထားသည့် ကြီးမြတ်သော ပညာရေးသမားတစ်ဦးအဖြစ် ကိုရီးယားသမိုင်းတွင် အမြဲအမှတ်ရနေမည်ဖြစ်ပါတော့သည်။

Sonamoo Education မှလည်း ကွယ်လွန်သူ၏ ဝိညာဉ် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေကြောင်း လေးစားစွာ ဆုတောင်းအပ်ပါသည်....

Study At Dankook University ✨📢 Fall 2026 ဒုတိယအကြိမ် ကျောင်းလျှောက်လွှာကို ယခုစတင်လက်ခံနေပါပြီ!📅 Application Period 1 Ju...
17/05/2026

Study At Dankook University ✨
📢 Fall 2026 ဒုတိယအကြိမ် ကျောင်းလျှောက်လွှာကို ယခုစတင်လက်ခံနေပါပြီ!

📅 Application Period
1 June_16 June 2026

နိုင်ငံတကာကျောင်းသားများအတွက် ရည်ရွယ်ထားသော English-track program များဖြင့် ကိုရီးယားတွင် ပညာသင်ယူနိုင်မယ့် အခွင့်အရေး 🌍

Dankook Universityက ECU ကျောင်းဖြစ်တာမို့ သံရုံးအချက်အလက်တွေ ပုံမှန်ထက်နည်းနည်းပဲ လိုအပ်မှာဖြစ်လို့ အလုပ်မရှုပ်တော့ဘူးပေါ့🥰
VCLလည်း ချပေးတာမို့ အရမ်းကို အဆင်ပြေသော တက္ကသိုလ်ကောင်းလေးပါရှင့်🤫

ပြီးတော့ စာကြိုးစားတဲ့ ကျောင်းသားလေးပါဖြစ်နေမယ်ဆိုရင် Scholarship လေးတွေကလည်း စောင့်ကြိုနေတာမို့ ပိုပြီးအဆင်ပြေတာပေါ့🍀

🎓 Scholarship Available For 1semester (English track)
✔️ IELTS 5.5+ / TOEFL 71+ → 50% Tuition
✔️ IELTS 6.5+ / TOEFL 80+ → 60% Tuition
✔️ IELTS 7.0+ / TOEFL 105+ → 70% Tuition
✔️ IELTS 7.5+ / TOEFL 110+ → 100% Tuition+ Dormitory

100% scholarship များနှင့် နိုင်ငံတကာကျောင်းသားများအတွက် အထောက်အကူပြု campus environment တစ်ခုကို Dankook University က ပံ့ပိုးပေးထားပြီး ဘာသာစကားအခက်အခဲမရှိဘဲ ကျောင်းသားများ၏ ပညာရေးရည်မှန်းချက်များကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။💗

💙 Dankook University ၏ နိုင်ငံတကာ community တွင် ပါဝင်ပြီး ကိုရီးယားတွင်ပညာသင်ကြားချင်တဲ့ သင့်ပညာရေးခရီးစဉ်ကို အခုပဲစတင်လိုက်ပါ!💯

ဒီလို ECU ကျောင်းဖြစ်တဲ့အပြင် VCLပါချပေးတဲ့ Dankook University နဲ့ မြန်မာနိုင်ငံမှာ တစ်ခုတည်းသော MOU ချုပ်ဆိုထားတဲ့ Sonamoo Education🌲 ကနေ မြန်မာနိုင်ငံကကျောင်းသားတွေရော နိုင်ငံတကာက ကျောင်းသားတွေရဲ့ အိမ်မက်တွေကို လက်တွေ့ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးနေပါပြီနော်🌟

ကိုရီးယားသို့ ပညာတော်သင်သွားရောက်ခြင်းဆိုင်ရာ ကိစ္စများ မေးမြန်းစုံစမ်းရန် အောက်ပါတို့မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင့်👇
🌲💬Sonamoo Education Chat Box
☎️ 📞09982344261
🏠💚 Yangon 🇲🇲/Bupyeong 🇰🇷



🌲

15/05/2026

ဒီတစ်ခေါက်တော့ Dankook University ရဲ့ များပြားလှသော မေဂျာထဲကမှ ကိုရီးယားရိုးရာဂီတဘာသာရပ်အကြောင်း ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ရပါတယ်💗

Dankook University ရဲ့ 국악 (ကိုရီးယားရိုးရာဂီတ) မေဂျာသည် 1984 ခုနှစ်တွင် Cheonan Campus ရှိ အနုပညာကောလိပ်၏ ကိုရီးယားရိုးရာဂီတဌာနအဖြစ် စတင်တည်ထောင်ခဲ့ပြီး ရိုးရာဂီတကို ဆက်ခံထိန်းသိမ်းကာ တိုးတက်စေဖို့ရည်ရွယ်လျက် အရည်အချင်းရှိသော ဂီတပညာရှင်လူတော်များကို မွေးထုတ်လာခဲ့တာယခုထိတိုင်အောင်ပါပဲ🎶

ဒီမေဂျာမှာတော့ တူရိယာဂီတ၊ သီချင်းဆိုခြင်း၊ ဂီတသီအိုရီ နှင့် တေးရေး တို့ကို အခြေခံနယ်ပယ်များအဖြစ်ထားရှိကာ စုစုပေါင်း ၁၃ ခုသော အထူးပြုမေဂျာခွဲများကို အလှည့်ကျသင်ကြားပေးလျက်ရှိပါတယ်။✨

ပုံမှန်ကျင်းပသော ဖျော်ဖြေတင်ဆက်ပွဲများ နှင့် ပြည်တွင်း၊ ပြည်ပ ဖျော်ဖြေပွဲများမှတစ်ဆင့် ကျောင်းသားများ၏ လက်တွေ့ကျွမ်းကျင်မှုနှင့် အနုပညာစွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိပါတယ်။
ကိုရီးယားရိုးရာဂီတမေဂျာ၏ ရည်မှန်းချက်မှာ တီထွင်ဖန်တီးနိုင်စွမ်းရှိသော ကိုရီးယားရိုးရာဂီတအနုပညာရှင်များကို မွေးထုတ်ပေးရန်သာဖြစ်ပါတယ်။💫

အခြားမေဂျာတွေအကြောင်းလည်း ဆက်လက်တင်ပြပေးသွားမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်
သိချင်တဲ့ မေဂျာရှိရင်လည်း comment မှာမေးမြန်းလို့ရပါတယ်💗🍀

ကိုရီးယားသို့ ပညာတော်သင်သွားရောက်ခြင်းဆိုင်ရာ ကိစ္စများ မေးမြန်းစုံစမ်းရန် အောက်ပါတို့မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင့်👇
🌲💬Sonamoo Education Chat Box
☎️ 📞09982344261
🏠💚 Yangon 🇲🇲/Bupyeong 🇰🇷

TOPIK 2 Reading No.25 to 27မှာ အမေးများတဲ့ သတင်းစာခေါင်းစဉ်လေးတွေအကြောင်း အတူလေ့လာကြရအောင်🩵သတင်းစာခေါင်းစဉ်မှာ ဆိုရင် ကိ...
14/05/2026

TOPIK 2 Reading No.25 to 27မှာ အမေးများတဲ့ သတင်းစာခေါင်းစဉ်လေးတွေအကြောင်း အတူလေ့လာကြရအောင်🩵

သတင်းစာခေါင်းစဉ်မှာ ဆိုရင် ကိုရီးယားနိုင်ငံရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာတွေအဓိကပါဝင်တာကြာင့် ကိုယ်ကကြိုတင်လေ့လာထားရင် အမှတ်ပြည့်ရနိုင်ပါတယ်။

လက်ရှိအခြေအနေနဲ့ နီးစပ်တဲ့ သတင်းစာခေါင်းစဉ်လေးတွေရွေးပေးထားတာမို့ လေ့လာပြီး ဒီတစ်ခေါက်စာမေးပွဲအတွက် အကူအညီဖြစ်မယ် မျှော်လင့်ပါတယ်ရှင့်💯💗

13/05/2026

Dankook University Global Cultural Festival😍
DKU 글로벌 문화 축제💙

📍တက္ကသိုလ်တစ်ခုရဲ့ Global Cultural Festival ဆိုတာ ပုံမှန်ပွဲတော်တစ်ခု‌ထက်ပိုပါတယ်
တစ်နည်းအားဖြင့် မတူညီတဲ့ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှုတွေကို “နားလည်ခြင်း”၊ ‌“လေးစားခြင်း”တွေကို သင်ကြားပေးတဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး။

📍Dankook University ရဲ့ ကျယ်ဝန်းလှပတဲ့ Campus ကြီးထဲ ပညာသင်ကြားရင်း ဒီလို‌ပွဲတော်လေးတွေ ပါဝင်ဆင်နွှဲရင်း မတူညီတဲ့ ကမ္ဘာကြီးကို တွေ့မြင်နိုင်မှာဖြစ်ပြီး နိုင်ငံတကာက သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့နိုင်မယ်၊ အတွေ့အကြုံအသစ်တွေကိုလည်း ရရှိစေပါတယ်။

ကိုရီးယားသို့ ပညာတော်သင်သွားရောက်ခြင်းဆိုင်ရာ ကိစ္စများ မေးမြန်းစုံစမ်းရန် အောက်ပါတို့မှတဆင့်လည်း မေးမြန်းနိုင်ပါသည်။
🌲💬Sonamoo Education Chat Box
☎️ 📞09982344261
🏠💚 Yangon 🇲🇲/Bupyeong 🇰🇷



10/05/2026

✨ Happy Mother's Day💐

-해피 어머니의 날💕
ပျော်ရွှင်စရာ အမေများနေ့လေးပါ🤍

세상에 있는 모든 어머니들 축하드립니다.
ကမ္ဘာပေါ်က အမေတွေအကုန်လုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်😍

지금 어머니는 곁에 계시지 않은 분들도
어머니는 우리 마음속에서 늘 살아 계십니다.🍀
အခု ဘေးမှာ အမေနဲ့ အတူမရှိနေနိုင်တဲ့ သူတွေလည်း
အမေဆိုတာ နှလုံးသားထဲမှာ အမြဲရှင်သန်နေမယ့်သူပါ💗

Topik စာမေးပွဲမှာ Reading နဲ့ Writing အမှတ်ကောင်းချင်ရင် စကားပုံလေးတွေက သိထားမှရမယ်နော်📌🌟ဒီတစ်ခေါက်ကတော့ “말” စကား နဲ့ ပတ...
06/05/2026

Topik စာမေးပွဲမှာ Reading နဲ့ Writing အမှတ်ကောင်းချင်ရင် စကားပုံလေးတွေက သိထားမှရမယ်နော်📌🌟
ဒီတစ်ခေါက်ကတော့ “말” စကား နဲ့ ပတ်သတ်တဲ့ စကားပုံလေးတွေ လေ့လာမှတ်သားလို့ရအောင် မျှဝေပေးလိုက်ပါတယ်💗
စကားဆိုတာက ပြောတိုင်းလည်း မကောင်းဘူးဆိုပေမဲ့ စကားကတော့ နေ့စဉ်ဘဝမှာ အမြဲပြောဆိုဆက်ဆံနေရတာမို့ ကိုယ့်နှုတ်ထွက်စကားကြောင့် အခြားသူ မထိခိုက် မနစ်နာအောင် သတိလေးနဲ့ ထိန်းသိမ်းပြောဆိုကြရအောင်နော်🫶💖
အားလုံး လေ့လာပြီး စာမေးပွဲမှာ အမှတ်ကောင်းရပါစေ🍀🍀🍀💯

#속담

ခုံနံပါတ်လေးတွေ ကြည့်လို့ရပြီနော်ယောရောဘွန်းတို့အားလုံး ဖိုက်တင်း💫🍀
04/05/2026

ခုံနံပါတ်လေးတွေ ကြည့်လို့ရပြီနော်
ယောရောဘွန်းတို့အားလုံး ဖိုက်တင်း💫🍀

01/05/2026

ယနေ့ ကျရောက်သော မေလ တစ်ရက်နေ့ အလုပ်သမားနေ့အား Sonamoo Education မှ အလုပ်သမားအားလုံးအား လေးစားစွာ ဂုဏ်ပြုလိုက်ရပါသည်🎉💗

အခုလျှောက်နေတဲ့ လမ်းကကြမ်းရင်တောင် လက်မ‌ေလျှာ့ဘဲ ရှေ့သို့ အားအပြည့်နဲ့ ဆက်လျှောက်လှမ်း‌နိုင်ကြပါစေ။
အခုပင်ပန်းတယ်လို့ ခံစားရချိန်ဟာ နောင်တစ်ချိန်အတွက် တောက်ပတဲ့ကြယ်ဖြစ်လာမှာမို့ ထိုက်ထိုက်တန်တန် ပင်ပန်းတဲ့လမ်းဖြစ်ရင်တောင် ရဲရဲဝံ့ဝံ့ လျှောက်လှမ်းပြီး ကိုယ်ပိုင်ကြယ်လေးတွေ ရှာဖွေတွေ့ရှိကြပါစေ🌟🍀💫

ကိုရီးယားသို့ ပညာတော်သင်သွားရောက်ခြင်းဆိုင်ရာ ကိစ္စများ မေးမြန်းစုံစမ်းရန် အောက်ပါတို့မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင့်👇
🌲💬Sonamoo Education Chat Box
☎️ 📞09982344261
🏠💚 Yangon 🇲🇲/Bupyeong 🇰🇷

Address

Sanchaung

Opening Hours

Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Website

Alerts

Be the first to know and let us send you an email when Sonamoo Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share