Myanmar Type Foundry

Myanmar Type Foundry

Share

Explore & Enjoy Our Myanmar Unicode Typefaces.

Photos from Myanmar Type Foundry's post 26/03/2023

Legend တွေကို မေ့ထားလို့မရဘူး။

W Art House က Designer တိုင်း ကြိုက်တဲ့ Font တွေ...
ဒါပေမယ့်... အခုပြောမှာတွေရော သိပြီးပြီလား...

သိသူဖော်စားပဲ...

လေးစားလျှက်
MMTYPE

Photos from Myanmar Type Foundry's post 23/03/2023

Human Anatomy တော့မသိဘူး Type Anatomy တော့သိတယ်...

Biology is the study of living things ဆိုတဲ့ တစ်ကြောင်းတည်းမှတ်မိတဲ့ စာအတိုင်းပဲ.😂😂😂 Typograhy is the study of living words ပါ။ ဘယ်သူ့မှ ပြောခဲ့တာမဟုတ်ပါဘူး ကိုယ့်ဘာကိုယ်လျှောက်ရေးထားတာပါ။

မနောက်ပါဘူး...စာလုံးတွေမှာ အသက်ရှိပါတယ်။ ဆရာဝန်နားကြပ်နဲ့တော့ ဆိုင်းဘုဒ်တေ လိုက်မစမ်းနဲ့နော်... စာလုံးတွေ အသက်ရှိတယ်ပဲပြောတာ အသက်မရှူဘူး. 😁😁😁

ကျန်တာတွေဆက်တင်ပေးမယ်..မလောနက်. အေးဆေးဖတ်...

လေးစားလျှက်
MMTYPE

Photos from Myanmar Type Foundry's post 22/03/2023

AI ကို AI အကြောင်းရှင်းပြဖ်ု့ AI Interview ပါမေးပစ်တာ တကယ့်ကောင်တေ 😂😂😂

Youtube မှာ Type Cooper ကလုပ်တဲ့ Lubalin Lecture Series ဆိုတဲ့ Program မှာ Artificial Typography : Physical Manifestation of A Deeply Digital Processes ဆိုတဲ့ Webnair Live Record တစ်ခုပါလို့ သွားနားထောင်ကြည့်တာ...

AI ကိုသုံးပြီး An unexpected A-Z Typography and History of Art ဆိုတဲ့ Limited Edition စာအု​ပ်ကို AI ကိုအသုံးပြုပြီး ဖန်တီးခဲ့တဲ့ Creator ၂ ဦးက ဖန်တီးတဲ့ Processes တွေနဲ့ ကြုံရတဲ့ Challenges တွေနဲ့ အတွေ့အကြုံတွေအကြောင်းပြောပြထားတဲ့ Video ဖြစ်နေတယ်။

အကြိုက်ဆုံးက ဒီ ၂ ကောင်က AI ကို AI နဲ့ပါတ်သတ်တဲ့ AI အကြောင်းကို Interview ပါမေးပစ်တာ။ လူတွေက နင့်ကို ဘာလို့ကြောက်တာလဲတို့။ AI နင်က ဘယ်တုန်းက စဖြစ်တည်လာတာလဲတို့။ တကယ့် ​စစ်စစ်ပေါက်ပေါက်တေမေးတာ... ဗဟုသုတရသလို စိတ်ဝင်စားဖို့လည်းကောင်းတယ်။

တခြားအကြောင်းတွေလည်း ပါပါသေးတယ်။ နားထောင်ချင်ရင် အောက်က Link ကနေ သွားနားထောင်ကြည့်ကြည့်ပါ။ တစ်နာရီခွဲလောက်တော့ အချိန်ပေးရပါလိမ့်မယ်။

လေးစားလျှက်
MMTYPE

22/03/2023

တကယ့် အစကိုပြောပါဆိုရင်... ကျောက်ခေတ်မတိုင်ခင်ထိကို ပြန်သွားရမှာပဲ...

Typograhy, Type Design, Lettering, Writing ဘယ်လိုနည်းစနစ်တွေ ကြဲကြဲ...ဖန်းတီးမှုပုံစံအမျိုးမျိုးဖြစ်နေပါစေဦးတော့...နည်းစနစ်တွေအားလုံးက ကျွန်တော်တို့ လူသားတွေအချင်းချင်း အပြန်အလှန် ဆက်သွယ်ဖို့အသုံးပြုတာကို မေ့ထားလို့မရပါဘူး။

ရှေးကာလတွေတုန်းက ဒီနေ့လို ကိုယ်ဆက်သွယ်ချင်တဲ့သူကို Digital Platform တွေ ဖုန်းတွေက အလြယ္တကူ ဆက်သွယ်လို့မရတဲ့အတွက် တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့ ဆိုရင် စာရေးဆက်သွယ်ခြင်း ၊ ရုပ်ပုံများဖြင့်ဖော်ပြခြင်း၊ အမှတ်အသားတွေနဲ့ ဖော်ပြခြင်း စတဲ့ Writing System လိုခေါ်တဲ့ နည်းလမ်းမျိုးမျိုး အသုံးပြုပြီးဆက်သွယ်ပါတယ်။

အဲ့လို Writing System တွေအသုံးပြုပြီး ဆက်သွယ်တဲ့ လူသားမျိုးစိတ်တွေထဲကမှ အစောဆုံး လူသားမျိုးစိတ်ကိုတော့ Homo Sapiens လို့ခေါ်ပါတယ်။

Typography ဘယ်ကစသလဲမေးရင်... များ​သောအားဖြင့် Typography အကြောင်းလ့လာဖူးတဲ့ လူအများစုက Modern Typography စနစ်ကိုစခဲ့တဲ့ Gutenberg ကစတယ်လို့ ဖြေကြပါလိမ့်မယ်။ တကယ်တော့ Gutenberg က Typograhy နည်းစနစ်ကို Evolve လုပ်ပေးခဲ့တဲ့သူတစ်ဦးပါ။

ကျွန်တော် အနေနဲ့ဆိုရင်တော့ တကယ့် Typography ဆိုတာ...လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းက စတင်ခဲ့တာမဟုတ်ပဲ.. စာရေးဖို့ အသိစိတ်ပထမဆုံးရှိတယ်လို့ သတ်မှတ်ခံရတဲ့ ရှေးဦးလူသားမျိုးစိတ်​တစ်ခုဖြစ်တဲ့ Homo Sapiens တွေက စခဲ့တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။

ဒီနေ့ခေတ် တကမ္ဘာ လုံးမှာ နိုင်ငံအလိုက်၊ လူမျိုးအလိုက်၊ ဘာသာစကားအလိုက် Standard အ​နေနဲ့ အသုံးပြုနေတဲ့ Writing System က အမျိုးအစားအများကြီးရှိပါတယ်။ ဒါအပြင် ခေတ်ကာလတွေအလိုက်လည်း Evolve ဖြစ်လာတဲ့ စာရေးစနစ်အသစ်တွေလည်း ရှိပါသေးတယ်။

စာရေးစနစ်တွေအကြောင်းကိုတော့ အချိန်ရမှပဲ သေချာရေးပြီးတင်ပေးပါတော့မယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ...

လေးစားလျှက်
MMTYPE

Photos from Myanmar Type Foundry's post 21/03/2023

Typeface လား Font လား???

ဒီအခေါ်အဝေါ် ၂ ခုရဲ့ အသုံးက အတူတူပဲလို့ ထင်ရပေမယ့် မတူပါဘူး။ ဗဟုသုတအနေနဲ့ သိထားသင့်လို့ ပြန် Share ပေးတာပါ။

မဟုတ်ရင် မုန့်ဟင်းခါးကို တောချက် နဲ့ မြို့ချက် မခွဲတတ်သလိုဖြစ်နေမှာပေါ့... ကဲ တောချက်မြို့ချက် ခွဲနည်းကတော့ ပုံတစ်ပုံစီမှာ ရှင်းပြထားတယ်။

စာဖတ်တာကောင်းပါတယ် ကျွန်တော်ဆို
ရန်ကုန်လမ်းညွှန်ကြီးခွခွအိပ်တာ 😂😂😂😂

လေးစားလျှက်
MMTYPE

Photos from Myanmar Type Foundry's post 20/03/2023

အရင် Page အဟောင်းပြန်မွှေရင်း လက်ဆော့ခဲ့တဲ့ ပုံလေးတွေ
ပြန်မျှဝေပေးလိုက်ပါတယ်။

သန္ဓေက သိပ်မကောင်းတော့... Typography ဘာညာကလိတဲ့
ပေါက်ကရ Poster က တစ်ဝက်လောက်ပါပါတယ်။ 😂😂😂

ရိုင်းစိုင်းတဲ့ အသုံးအနှုန်းများပါသွားခဲ့သော်... စိတ်မဆိုးပါနဲ့
စိတ်ဆိုးလည်း... ကျွန်တော် သိုင်းကားဆက်ကြည့်မှာပါ...
😂😂😂

လေးစားလျှက်
MMTYPE

Photos from MM TYPE's post 20/03/2023

စာရေးတဲ့ဖက်ကို မလှည့်အားသေးလို့... အရင် Page အဟောင်းက Article လေးတွေ ပြန်တင်ပေးပါမယ်။ Page အဟောင်းက တစ်ချို့ Content တွေလည်း ပြန်စီပြီး ဒီမှာ အစီစဉ်တကျ တင်ပေးသွားပါမယ်။

အေးဆေးဖတ်ပါ။ ပုံလေးတွေ Save ထားလည်း ဖြစ်တယ်။ 😍😍😍

လေးစားလျှက်
MMTYPE

19/03/2023

မီးရောင်တွေအောက်မှာ (Lyrics Video)

https://www.youtube.com/watch?v=crf4rt8hZxI

Written and Performed by Shyne Mon

Music Produced by YazarMyoThank
(ThePhopshorap) & KyawPauk

Poster Fans Art by MMTYPE

Photos from Myanmar Type Foundry's post 09/03/2023

လာမယ့် စနေ၊ တနင်္ဂနွေ မှာရှိမယ့် Workshop လေး ကိူ မနက်ဖြန်ညနေထိ Register ပြုလုပ်လို့ရပါမယ်ဗျို့...

Photos from Myanmar Type Foundry's post 03/03/2023

လာမယ့်အပါတ် စနေ၊ တနင်္ဂနွေ ဆိုတော့...
လူမပြည့်ခင် Page Inbox က ဟယ်လို
လု​ပ်ထားလိုက်တော့ဗျို့...

😇😇😇

Photos from Myanmar Type Foundry's post 01/03/2023

Typeface တွေမှာပါတဲ့ Italic & Bold ကို အတု အစစ်ခွဲကြစို့

အတွေ့အကြုံပြည့်ဝတဲ့ Type Designer တိုင်းရဲ့ Typeface တစ်ခုမှာ... အနည်းဆုံး Regular, Italic & Bold ဆိုပြီး Master Font ၃ မျိုးက Standard အနေနဲ့ ပါကို ပါဝင်ပါတယ်။ ဒီနေရာမှာ Bold နဲ့ Italic ကို ဘာကြောင့် Master Font အနေနဲ့ သီးသန့် Font အဖြစ်ထည့်ပေးလဲဆိုတာ ရှင်းပြပါ့မယ်။

ကျွန်တော်တို့ ပုံမှန် Regular Font ကို Publishing သို့ Design Tools တွေမှာ လက်တွေ့ အသုံးချတဲ့အခါ... Regular ကိုပဲ Bold လုပ်လို့ရတဲ့ Faux Bold ဆိုတဲ့ Typographic Function က Font အသုံးချလို့ရတဲ့ Programs နဲ့ Tools တော်တော်များများမှာပါဝင်သလို Italic ကိုလည်း Faux Italic အနေနဲ့ စာလုံး အစောင်းဖြစ်အောင် ​ပြောင်းလို့ရတဲ့ Function တွေပါပါတယ်။

Faux ဆိုတဲ့စကားလုံးက F​ake သို့ Imitation လို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်အသုံးပြုတဲ့ Tool တွေရဲ့ Operation System က မူလ ရှိပြီးသား Regular Font ကိုပဲ စာလုံးအစောင်းသုံးလို့ ရအောင် သို့ စာလုံးအထူအနေနဲ့ သုံးလို့ရအောင် စာလုံးအတုကို Auto ထုတ်ပေးတဲ့ သ​ဘောပါပဲ။

ကွန်ပျူတာစနစ်က မူလ Regular Font မှာရှိတဲ့ စာလုံးတွေကို လိုချင်တဲ့ပုံစံရအောင် တွက်ချက်ပြီး ထုတ်ပေးတာ ဖြစ်တဲ့ အတွက်. အချို့ Letterform ပုံစံမကောင်းတဲ့ Font တွေဆိုရင် စာလုံးတွေရဲ့ Readibility နဲ့ Legibility ကျသွားတာမျိုး စာဖတ်လို့ မကောင်းတော့တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် Italic နဲ့ Bold ကို Master အနေနဲ့ ထပ်ဖြည့်ထားတာပါ။ နောက်တစ်ချက် သိထားသင့်တာက Italic ပါ။ Italic မှာ Master Font အနေနဲ့ သီးသန့် ဖြည့်ထားတဲ့ အကြောင်းရင်းက Typeface ပေါ်မူတည်ပြီး italic စာလုံးပုံစံတွေက Letterform Structure အရ များသောအားဖြင့် Calligraphic Influence ပါနေတာမျိုး သတိထားမိပါလိမ့်မယ်။ Typeface တိုင်း စာလုံးတိုင်းရဲ့ Italic စာလုံးပုံစံက မူလ Regular ရဲ့ Letterform နဲ့ ကွဲထွက်နေတာမျိုးမဟုတ်ပါဘူး။

အောက်မှာပြထားတဲ့ ပုံတွေ သတိထားလေ့လာကြည့်ပါ။ True Italic နဲ့ Faux Itaic ၂ ခုမှာဆိုရင်. စာလုံးရဲ့ဖွဲ့စည်းပုံ သေသပ်မှုအပိုင်းနဲ့ သပ်ရပ်မှုအပိုင်း ၂ ခုကို ယှဉ်ကြည့်ရင်တောင် Faux Italic က စာလုံးရဲ့ Readibility ရော Legibility ရော ပျောက်သွားတာမျိုး သတိထားမိပါလိမ့်မယ်။ True Bold နဲ့ Faux Bold ၂ ခုရဲ့ ကွာခြားချက်ဟာလည်း Italic လိုပါပဲ။

ဒီလောက်ဆို... အတု အစစ်ကို အကြမ်းဖျင်းသဘောပေါက်နားလည်ပြီလို့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြောပြချင်ပေမယ့်. စာအရမ်းရှည်မှာစိုးတာရော... ကျွန်တော် စာရိုက်ပျင်းနေတာရောကြောင့်... ဇွတ်အတင်း ဒီလောက်နဲ့ ကျေနပ်ပေးဖို့ မျှော်လင့်ပါတယ်။

နောက်ထပ်ရှိသေးလားဆိုရင် အများကြီး ကျန်ပါသေးတယ်....
တကယ် သေချာသိချင်ရင် လာမယ့် ၁၂၊ ၁၃ မှာ ပြုလုပ်မယ့်
Typo & Type ၁၀၁ Workshop လေးကို လာရောက်စပ်စုဖို့ ဖိတ်ခေါ်ပါရစေ။

လေးစားလျှက်
MMTYPE

source images : google

Want your school to be the top-listed School/college in Sanchaung?

Click here to claim your Sponsored Listing.

Location

Telephone

Address

Wai Lu Won Main Street
Sanchaung
11111