ပညာသရဖူဘော်ဒါ

ပညာသရဖူဘော်ဒါ မိမိမြို့နယ်မှာရှိသောကျောင်းသူကျေ?

လူနာ အသစ် ၇၀ ဦး ထပ်တိုးပါတယ်အားလုံးသတိနဲ့နေကြပါလို့သတိပေးပါရစေ!...အားလုံး ဘေးကင်းကြပါစေ ခင်ဗျာ။ယနေ့မနက် လူနာသစ် ၇၀ ဦး ထပ...
26/08/2020

လူနာ အသစ် ၇၀ ဦး ထပ်တိုးပါတယ်အားလုံးသတိနဲ့နေကြပါလို့သတိပေးပါရစေ!...အားလုံး ဘေးကင်းကြပါစေ ခင်ဗျာ။

ယနေ့မနက် လူနာသစ် ၇၀ ဦး ထပ်တိုး

ယနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ဓာတ်ခွဲနမူနာ (၇၁၈)ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲ နမူနာ (၁၀၇)ခု၊စုစုပေါင်း (၈၂၅)ခု ကို စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် ၇၀ ဦးတွေ့ရှိထားတယ်လို့ သိရပါတယ်။
လူနာတွေရဲ့ အချက်အလက်ကို ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

【အမေ အဖေတို့နဲ့အဆင်ပြေရဲ့လား】သတိထားမိရသလောက်အရွယ်တစ်ခုရောက်လာတဲ့လူငယ်တော်တော်များများဆီက “အိမ်နဲ့ခွဲနေချင်တယ်”  ဆိုတဲ့စက...
23/08/2020

【အမေ အဖေတို့နဲ့အဆင်ပြေရဲ့လား】

သတိထားမိရသလောက်အရွယ်တစ်ခုရောက်လာတဲ့လူငယ်တော်တော်များများဆီက “အိမ်နဲ့ခွဲနေချင်တယ်” ဆိုတဲ့စကားတစ်ခွန်းကို မကြာခဏကြားရလေ့ရှိတယ်။ အဲလိုပြောတဲ့လူငယ်တွေကလည်း မိသားစုကိုအတော်လေးချစ်ကြတယ်။ ဒါဆိုရင်သူတို့ ဘာလို့အိမ်မှာမနေချင်လဲဆိုတဲ့အကြောင်းကိုပြန်တွေးကြည့်ရင်တော့ အဓိက က သူတို့မိဘတွေနဲ့အဆင်မပြေကြဘူးဆိုတဲ့ အချက်ကြောင့်များပါတယ်။ ဒီလိုကိစ္စတွေဟာမိဘအတွက်ရော သားသမီးအတွက်ပါ နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်တော်တို့ဆိုလည်းငယ်စဉ်ဆယ်ကျော်သက်အရွယ် ကနေစလို့ ၂၀စွန်းခါစနှစ်တွေမှာမိဘအထူးသဖြင့် အမေဖြစ်သူနဲ့အဆင်ပြေပြေချစ်ချစ်ခင်ခင် ကုန်ဆုံးသွားရတဲ့ရက်တွေဆိုတာ တစ်ကယ်ကိုရှားပါးခဲ့တယ်။ ဒါဆိုရင် မိသားစုအများစုမှာ ဒီလိုမိဘနဲ့သားသမီးကြားဘာကြောင့်ကတောက်ကဆဖြစ်ကြသလဲ? တစ်မိသားစုထဲမှာရှိကြတဲ့သွေးသားချင်းအတူတူကို အဆင်မပြေဖြစ်ရတာဘာကြောင့်လဲဆိုတဲ့ အချက်တွေကို လေ့လာကြည့်မိတဲ့အခါမှာ တွေ့ ရတဲ့ တချို့ အကြောင်းအရာလေးတွေနဲ့ သားသမီးတွေဖြစ်တဲ့ ကိုယ်တွေလူငယ်တွေဖက်ကနေ ဘာတွေလုပ်လို့ရမလဲဆိုတဲ့အကြောင်းအရာတွေကို အနည်းငယ်ဝေမျှပေးချင်ပါတယ်။

မိဘတိုင်းကသားသမီးတွေကိုချစ်ကြပါတယ်။ သားသမီးအတွက်ဆိုအကောင်းဆုံးဖြစ်စေချင်ကြတယ်။ ကျွန်တော်တို့မိဘတွေဆိုတာလည်း တစ်ချိန်တုန်းကကိုယ်တွေလိုလူငယ်ဘဝကိုဖြတ်သန်းခဲ့ကြတာပါပဲ။ သူတို့လည်းပျော်ခဲ့ဖူးကြတယ်။ သူတို့လည်းမှားခဲ့ဖူးကြတယ်။ မိဘတော်တော်များများပြောလေ့ရှိတာကလည်း “ငါတို့တုန်းကမှားခဲ့တဲ့အမှားတွေထပ်မမှားအောင်….” ဆိုတဲ့စေတနာနဲ့စိုးရိမ်မှုတွေရောယှက်တတ်တဲ့ ဆုံးမစကားတွေပါပဲ။

ဒါပေမဲ့တစ်ခါတစ်လေမှာ အပြောမတတ်တာမျိုး ပြောပြတဲ့ပုံစံမှားယွင်းသွားတာမျိုးကြောင့် မိဘဖက်ကစေတနာနဲ့ပြောပေမဲ့ စေတနာစကားကအပြစ်တင်စကားဆန်သွားတာမျိုးတွေဖြစ်ရပါတယ်။ ဇော်ဝင်းထွဋ်သီချင်းထဲကလို စေတနာစကားတွေနားမှာခါးသွားတာပေါ့ဗျာ။

မိဘတွေဆိုတာလည်းလူတွေထဲကလူတွေပဲမဟုတ်ပါလား? လူတွေရဲ့ သဘာဝအရသူတို့လည်း တစ်ခါတစ်လေမှာအမှားနဲ့မကင်းတတ်ကြပါဘူး။ လူကြီးနဲ့လူငယ်တို့ပြဿနာတွေရဲ့ ထုံးစံအတိုင်း Generation Gap ကြောင့်လည်း သားသမီးနဲ့မိဘဆက်ဆံရေးမှာ ကတောက်ကဆဖြစ်ရတာတွေလည်း ရှိပါတယ်။ ဒီနေ့ခေတ်လိုဘာပဲလုပ်လုပ် ဖုန်းမရှိမဖြစ်လိုနေတဲ့ခေတ် အင်တာနက်ရှိမှအလုပ်ဖြစ်မဲ့ခေတ်ခါမှာဖုန်းအသုံးပြုတာများတဲ့ လူငယ်တစ်ယောက်ဟာ မိဘတွေမျက်လုံးထဲမှာတော့ အချိန်ဖြုန်းနေသလိုပဲပေါ့။ စာဆိုလည်းအသံထွက်ပြီးအော်ကျက်မှ စာကျက်တာလို့သတ်မှတ်ကြတဲ့ မိဘတွေတချို့ကြောင့်လည်း စိတ်နဲ့မှတ်ပြီးစာကျက်တဲ့သားသမီးတွေတခါတလေ အဆူခံထိရပြန်ရော။

မိဘတိုင်းကသားသမီးကိုချစ်ပါတယ်။ သို့သော်တချို့မိဘတွေအတွက်ကျတော့ ချစ်တာကိုထုတ်ပြဖို့ခက်ခဲတယ်။ ဒီလိုချစ်မေတ္တာကိုထုတ်ဖော်ပြဖို့ခက်ခဲတဲ့သူတွေဟာ သူတို့ငယ်စဉ်ကလေးဘဝတုန်းကလည်း ချစ်ခြင်းမေတ္တာတွေလုံလုံလောက်လောက်မရဘဲ ကြီးပြင်းလာခဲ့ရသူတွေ များပါတယ်။ သူတို့တွေအတွက်သူစိမ်းကိုချစ်ဖို့မဆိုထားနဲ့ ကိုယ်ရဲ့သွေးသားကိုတောင်ချစ်ခင်ကြောင်းပြောဖို့ ခက်ခဲနေတတ်တယ်။ အဲဒီအချိန်မှာပဲတခြားပြင်ပက စိတ်ရှုပ်ထွေးရတာတွေ အခက်အခဲတွေကြောင့် စိတ်ပင်ပန်းရတာတွေကလည်းပေါင်းထည့်လာတဲ့အခါ ကိုယ်နိုင်တဲ့ကိုယ့်သားသမီးအပေါ်မှာဒေါသအဖြစ် ကူးပြောင်းလိုက်တဲ့မိဘမျိုးတွေလည်း ပတ်ဝန်းကျင်မှာမြင်တွေ့ ရတတ်ပါတယ်။ ဒီလိုကနေမလိုအပ်ဘဲ ကတောက်ကဆတွေ ရန်ပွဲတွေဖြစ်ပြီးအချင်းချင်းသံယောဇဉ်တွေကုန်ခမ်းသွားကြတဲ့မိဘနဲ့ သားသမီးဆက်ဆံရေးတွေလည်း ရှိပါတယ်။

လူတစ်ဦးတစ်ယောက်ထပ်ပိုလာတဲ့ မိဘနဲ့သားသမီး၊ ဘဝလက်တွဲဖော်၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်း စသဖြင့်ဘယ်လိုဆက်ဆံရေးမျိုးမဆို ညှိနှိုင်းဆောင်ရွက်ဖြေရှင်းရတာတွေဆိုတာ အမြဲံရှိမှာပါ။ ဘယ်လိုပဲသွေးချင်းနီးတဲ့မိဘနဲ့ သားသမီးဖြစ်နေပါစေ ကိုယ်ကိုတိုင်တောင်ကိုယ့်စိတ်ကိုနိုင်ဖို့ ခက်ခဲတဲ့လူတွေပဲမို့ အချင်းချင်းခံစားချက်တွေစိတ်တွေဟာ ထပ်တူကျနေမှာတော့မဟုတ်ပါဘူး။ မိဘတွေဖက်ကသားသမီးတွေနဲ့ပတ်သက်ရင် “တောင်းဆိုး ပလုံးဆိုးကိုပစ်ရင်ပစ်မယ်။သားသမီးဆိုးကို မပစ်ရက်ဘူး။” ဆိုသလို သားသမီးတွေဖက်ကလည်းမိဘနဲ့ အဆင်မပြေဖြစ်နေပြီဆိုရင် ဘယ်သူမှနေမပျော်ကြပါဘူး။

သားသမီးတစ်ယောက်အနေနဲ့ ကိုယ်ဖက်ကအကောင်းဆုံးနေနေတယ်လို့ယုံကြည်ပေမဲ့ ကိုယ့်မိဘနဲ့ကိုယ်နဲ့ကြားကဖြစ်တဲ့ ကတောက်ကဆပြဿနာတွေဟာ မိဘရဲ့အပြောမချိုတဲ့စေတနာဒေါသတွေကြောင့်ဖြစ်ချင်ဖြစ်မယ်၊ သူတို့တွေရဲ့ ချစ်မေတ္တာကိုမပြတတ်တဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကြောင့်လည်းဖြစ်ချင်ဖြစ်မယ်၊ ကွာဟနေတဲ့အသက်အရွယ်ရဲ့ Generation Gap ကြောင့်လည်းဖြစ်ချင်ဖြစ်မယ်၊ ဒီဆောင်းပါးမှာမထောက်ပြထားတဲ့တခြားအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုအကြောင်းရင်းကြောင့် ပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမှာ တင်းမာမှုတွေရှိလာရင်တော့ တစ်ဖက်ဖက်ကလျှော့ပေးဖို့တော့လိုအပ်လာပါပြီ။ ဒီအချိန်မှာကိုယ်ကပဲနားလည်ပေးဖို့ ကြိုးစားပြီး ညှိနှိုင်းရှင်းပြပေးဖို့တော့လိုပါလိမ့်မယ်။ မိဘအများစုပြောဖူးနေကျစကားလိုပဲ “နင်မိဘဖြစ်မှသိမယ်” ဆိုသလိုပဲပေါ့။ ကိုယ်ရဲ့ အရှေ့ က အမေတို့အဖေတို့ရဲ့ Parenting စနစ်မှာလိုအပ်နေတဲ့အချက်လေးတွေကို ကိုယ်လည်းတစ်ချိန်မှာမိဘဖြစ်လာတဲ့အခါ ဆင်ခြင်ပြီးတူညီတဲ့အမှားတွေ လိုအပ်ချက်တွေကို နောက်ထပ် Generation ထိမသယ်သွားဖို့ ကြိုးစားကြတာပေါ့။ ကိုယ်ဖက်ကလည်းလိမ္မာတဲ့သားသမီးတွေဖြစ်အောင်ကြိုးစားနေထိုင်ရင်း သာယာပျော်ရွှင်ပြီးအချင်းချင်းနားလည်မှုရှိတဲ့ မိဘနဲ့သားသမီးဆက်ဆံရေးကိုဖန်တီးကြနိုင်ပါစေခင်ဗျာ။

#

ကမ္ဘာကြီးပြားတယ်လို့ ယုံကြည်နေချိန်မှာ လုံးပါတယ်လို့ ပြောခဲ့တဲ့ ပညာရှင်ကြီး ကော်ပါးနီးကပ်စ် ကတော့ အသတ်ခံခဲ့ရတယ်။ နောက်တေ...
20/08/2020

ကမ္ဘာကြီးပြားတယ်လို့ ယုံကြည်နေချိန်မှာ လုံးပါတယ်လို့ ပြောခဲ့တဲ့ ပညာရှင်ကြီး ကော်ပါးနီးကပ်စ် ကတော့ အသတ်ခံခဲ့ရတယ်။ နောက်တော့မှ တကယ်လုံးပါလား ကမ္ဘာဟာ နေကိုလှည့်ပတ်နေပါလား ဆိုတာ သိခဲ့ရတယ်။
ကျွန်တော်လည်း ဒီနေ့ခေတ်လို ပိုက်ဆံရှာရခက်တဲ့အချိန်မှာ ဖုန်းလေးကို အကျိုးရှိရှိသုံးကြဖို့ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ပေါင်းစပ်ပြီး တိုးတက်အောင်လုပ်ဖို့ လျှာရှည်ပြီး လမ်းပြပေးမိပါတယ် လိုက်လုပ်ကြည့်ကြမယ်တော့မရှိပဲ မဖြစ်နိုင်ဘူးဆိုပြီးငြင်းကြတဲ့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ် တချိန်မှာ မြန်မာပြည်ကြီးကို သူတို့လက်ထဲ ထည့်ပေးထားခဲ့ရမှာလေ 😞😞😞
ကျွန်တော့်မှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ်
အဲ့ဒါကတော့ ကိုယ့်မှာရှိတာလေးကို အများနဲ့အတူ မျှဝေသုံးစွဲချင်တဲ့ စိတ်ကြီးပဲ။
အစားကောင်းလေး စားရရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတူမျှဝေစားချင်တယ်
အလုပ်ကောင်းကောင်းလေး ရလာရင် တွဲခေါ်ချင်တယ်
နည်းပညာအသစ်တွေ တွေ့လာရင် မျှဝေပေးချင်တယ်
အဲ့ဒီစေတနာတွေကြောင့် တခါတလေမှာ အတိုက်အခိုက်ခံရတယ်
တချို့က သူတို့ဝင်ငွေလမ်းကြောင်းကို သူများသိသွားမှာစိုးပြီး ကျွန်တော့်ကို တိုက်ခိုက်ကြတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အကျင့်အတိုင်း ဆက်လက်မျှဝေသွားမှာပါ
ကမ္ဘာကြီးလုံးတယ်ဆိုတာ တချိန်ကျရင် အားလုံးလက်ခံလာပါလိမ့်မယ်
ကျွန်တော့်ရဲ့ Page ထဲက သူငယ်ချင်းမိတ်ဆွေအားလုံးကို ထာဝရ ချစ်ခင်လေးစားလျှက်ပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေ.....

【👉“Spend Less, Invest More” 👈】ကျွန်တော်အသက် (၁၈) လောက်တုန်းက ကိုယ့်မှာသာ ကိုယ်ပိုင်ဝင်ငွေရှိလာခဲ့ရင် ကားဝယ်ချင်တယ်၊ အိမ်...
20/08/2020

【👉“Spend Less, Invest More” 👈】

ကျွန်တော်အသက် (၁၈) လောက်တုန်းက ကိုယ့်မှာသာ ကိုယ်ပိုင်ဝင်ငွေရှိလာခဲ့ရင် ကားဝယ်ချင်တယ်၊ အိမ်ဝယ်ချင်တယ် ဆိုပြီး အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာ… ဘာလို့ဆို ကိုယ်ပိုင်ကားသာ ရှိရင် သူငယ်ချင်းတွေအကြား ကြွားလို့ရတယ်၊ လူလည်း ပိုရှိန်မယ်ပေါ့… အချိန်တွေကြာလာတော့ အခုတကယ် ကိုယ်ပိုင် ဝင်ငွေလေးလည်း ရှိလာရော ကားဝယ်ဖို့က ကျွန်တော်တကယ် လိုအပ်နေတဲ့အရာမဟုတ်မှန်း သဘောပေါက်လာတယ်။ အဲဒါထက် ပိုအရေးကြီးတဲ့အရာ၊ ပိုတန်ဖိုးရှိတဲ့အရာတွေ ကျွန်တော်သင်ယူဖို့ လိုအပ်နေသေးတယ်။ ကျွန်တော်ဖြည့်ရမယ့် ယိုပေါက်တွေ အများကြီး ရှိနေသေးတယ်။ 🧐

ဒီလိုပါပဲ ငယ်ရွယ်ချိန်မှာတော့ ကျွန်တော်တို့တွေဟာ သင်ယူလေ့လာပြီး ရင်းနှီးမြှုပ်နှံဖို့ထက် သုံးဖြုန်းဖို့အရေးကို ပိုတွေးတတ်ကြပါတယ်။ 💲ဘာလို့လဲဆိုတော့ ရေတိုသဘောတရားလောက်ကိုပဲ ကျွန်တော်တို့ တွေးနိုင်ကြသေးတာကိုး။ ဒါကြောင့် လူကြီးတွေကလည်း အကြိမ်ကြိမ် ငယ်ရွယ်တုန်း အချိန်ရှိတုန်းမှာ ပညာရှာ ဆိုပြီး ဆုံးမခဲ့ကြတာပေါ့။ တကယ်တမ်း ငယ်ရွယ် ပျိုမျစ်တုန်း ကျွန်တော်တို့မှာရှိတဲ့ အချိန်တွေ၊ ခွန်အားတွေ၊ ငွေကြေးတွေကိုသာ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့မယ်ဆိုရင် တစ်ချိန်မှာ ကိုယ့်ရဲ့ အားထုတ်မှုအတွက် ဂုဏ်ယူနေမိမှာသေချာပါတယ်။ ဒါကြောင့်မို့ ငယ်တုန်း အပျော်ရှာတာလည်း တော်သင့်ရုံလောက်ရှာပါ၊ တကယ့် တန်ဖိုးကို မြင်နိုင်အောင် ကြိုးစားပါ အဓိကကတော့ ပညာရေး၊ အသိပညာ၊ ဗဟုသုတ၊ အရည်အချင်း၊ အတွေးအခေါ်တွေကို မြှင့်တင်ဖို့၊ ကိုယ်ရည်သွေးဖို့အတွက် ပိုပြီး ရင်းနှီးမြှုပ်နှံပေးကြဖို့ ပြောချင်ပါတယ်။ 🌅

၂၀၂၀ အောင်စာရင်းကို ကျတယ်ဆိုပြီးလျစ်လျှူ မရှူ ပါနဲ့ အမှတ်စာရင်းကိုမဖြစ်မနေထုတ်ကြည့်ကြပါ  Online ကမကြေငြာခင်ကတောင် ကျတယ်ဆ...
13/08/2020

၂၀၂၀ အောင်စာရင်းကို ကျတယ်ဆိုပြီးလျစ်လျှူ မရှူ ပါနဲ့ အမှတ်စာရင်းကိုမဖြစ်မနေထုတ်ကြည့်ကြပါ Online ကမကြေငြာခင်ကတောင် ကျတယ်ဆိုပြီးကျူ ရှင်တက်တာ ဖောင်တင်ကာမှ အောင်နေတာတွေအများကြီးပါ။
ယခုက Online ( Software ) ဆိုတော့ပိုသတိထားပါ။
အမှတ်စာရင်းမဖြစ်မနေထုတ်ပါ။
ထပ်ပြောမည် အမှတ်စာရင်းမဖြစ်ဖြစ်အောင်ထုတ်ပါ။

13/08/2020
 #၂၀၂၀ ဖြေဆိုထားသူများ၏ အမှတ်စာရင်း / အောင်လက်မှတ် များအား ယခုထုတ်မပေးသေးပါနော် ထုတ်ပေးမည့်နေ့ကို ဤ Page မှ ထုတ်ပြန်ကြေင...
10/08/2020

#၂၀၂၀ ဖြေဆိုထားသူများ၏ အမှတ်စာရင်း / အောင်လက်မှတ် များအား ယခုထုတ်မပေးသေးပါနော် ထုတ်ပေးမည့်နေ့ကို ဤ Page မှ ထုတ်ပြန်ကြေငြာပေးပါမည်နော်။
#ပညာသရဖူပညာရေးမိသားစု

 #၂၀၁၉-၂၀၂၀မကွေးတိုင်းဒေသကြီးအောင်ချက်ရာခိုင်နှုန်း(၃၂%)ပါ #ပညာသရဖူပညာရေးမိသားစုကတော့(၄၅%)အောင်ချက်အနေနဲ့နှစ်စဉ်နှစ်တိုင...
09/08/2020

#၂၀၁၉-၂၀၂၀မကွေးတိုင်းဒေသကြီးအောင်ချက်ရာခိုင်နှုန်း(၃၂%)ပါ
#ပညာသရဖူပညာရေးမိသားစုကတော့
(၄၅%)အောင်ချက်အနေနဲ့နှစ်စဉ်နှစ်တိုင်းထိပ်ဆုံးမှာရပ်တည်လျက်ပါ
#ပညာသရဖူပညာရေးမိသားစု
#တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများစာရင်း
#ဖြေဆိုသူ-(၆၅)ယောက်
#အောင်မြင်သူ(၂၉)ယောက်
#အောင်ချက်ရာခိုင်နှုန်း (၄၅%)

 #မြန်မာတနိုင်ငံလုံးအဆင့် #အမှတ်အများဆုံးစာရင်း #သိပ္ပံတွဲသီးသန့်သာ!
08/08/2020

#မြန်မာတနိုင်ငံလုံးအဆင့်
#အမှတ်အများဆုံးစာရင်း
#သိပ္ပံတွဲသီးသန့်သာ!

 #မကွေးတိုင်းစလင်းမြို့နယ် #{၁၀}တန်းအောင်စာရင်းအပြည့်အစုံတင်ပေးလိုက်ပါတယ်
08/08/2020

#မကွေးတိုင်းစလင်းမြို့နယ်
#{၁၀}တန်းအောင်စာရင်းအပြည့်အစုံတင်ပေးလိုက်ပါတယ်

၂၀၂၀ ဆယ်တန်းအောင်စာရင်း Application .................................မနက်ဖြန် မနက်ထွက်ရှိမယ့် ဆယ်တန်းအောင်စာရင်းအတွက် အလ...
08/08/2020

၂၀၂၀ ဆယ်တန်းအောင်စာရင်း Application .................................
မနက်ဖြန် မနက်ထွက်ရှိမယ့် ဆယ်တန်းအောင်စာရင်းအတွက် အလွယ်တကူ အောင်စာရင်းကို သိရှိနိုင်မှာပါ။
အောင်စာရင်းအတွက်ပူပင်နေကြသော ညီအစ်ကိုမောင်နှမများအတွက် တိကျသောအောင်စာရင်းကို တကယ် လက်တွေ့ပေးနိုင်တဲ့ App လေးမို့ လူတိုင်းဆောင်ထားသင့်ပါတယ်။

Download link...
https://www.mediafire.com/download/4o8h3ltqbd28y9y

【👐ပြဿနာတွေကိုဒီလိုဖြေရှင်းပါ 👐】ကျွန်တော့်သူငယ်ချင်းတစ်ယောက် လာပြောပြတယ် “ငါစာကျက်လိုက်ရင် မေ့တာချည်းပဲ ဘယ်လိုလုပ်ရမလဲ” တ...
20/07/2020

【👐ပြဿနာတွေကိုဒီလိုဖြေရှင်းပါ 👐】

ကျွန်တော့်သူငယ်ချင်းတစ်ယောက် လာပြောပြတယ် “ငါစာကျက်လိုက်ရင် မေ့တာချည်းပဲ ဘယ်လိုလုပ်ရမလဲ” တဲ့။ ဘာဖြစ်လို့လဲ မေးတော့ မသိဘူးဒီတိုင်းပဲတဲ့။ ကိုယ်လည်းတော်တော်လေး ဆွံ့အသွားတယ်၊ ဘယ်လို အကြံပေးရမှန်းတောင် မသိတော့ဘူးဖြစ်သွားတာ။ ပြီးတော့မှ သူ့ကိုစာကြည့်တဲ့ပုံစံတွေ၊ မေ့ရတဲ့အကြောင်းတွေ အသေးစိတ်မေးခွန်းထုတ်ပြီး စစ်လိုက်တော့မှပဲ နောက်ဆုံးအဲ့ပြဿနာပြေလည်သွားတော့တယ်။

ကျွန်တော်လည်း ခဏခဏဖြစ်ဖူးပါတယ်။ ပြဿနာတစ်ခုခု၊ ဖြေရှင်းစရာတစ်ခုခုနဲ့ ကြုံနေရပေမယ့် ဘယ်လို ဖြေရှင်းရမလဲမသိဘူး၊ ဘာလုပ်ရမယ်မှန်းကိုမသိတာ ဒါပေမယ့် လူကလည်း အဆင်ပြေမနေဘူးဆိုတာမျိုးပေါ့။ ကျွန်တော်တို့ဆိုသည်မှာလည်း ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံကြိုက်နိုင်လွန်းကြသူတွေမို့လား။ အကြောင်းအရင်းလည်း တိတိကျကျမရှိ၊ ဘယ်ကနေ ဘယ်လိုစလာမှန်းလည်းမသိ၊ ကိုယ့်ကိုလည်း အတော်လေး စိတ်ကသိကအောက်ဖြစ်စေနိုင်တဲ့ ပြဿနာမျိုးစုံတွေပေါ့။

ကိုယ့်အနေနဲ့ တစ်ခုခုကိုမဖြေရှင်းနိုင်ဘဲ ဝေခွဲမရတဲ့အခြေအနေမျိုးရောက်နေပြီဆိုရင်

👉 ပြဿနာကိုသုံးသပ်ပါ - အခုငါကြုံနေရတဲ့ပြဿနာဟာ ဘယ်လိုမျိုးလဲ။ အရမ်းကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်သလား၊ အသေးအမွှားကို ကိုယ်ကပဲပုံကြီးချဲ့နေမိတာလား၊ အမြင်လေးပြောင်းလိုက်တာနဲ့ ဖြေရှင်းနိုင်မယ့် အရာမျိုးလား၊ နေ့စဉ်ကြုံနေကျ ပြဿနာမျိုးပဲလား ဆိုတာစဉ်းစားပါ။

ပြီးရင် ဘာကြောင့်ကိုယ်ဒီလိုမျိုး ကြုံနေရသလဲ ဆိုတာကိုအဖြေထုတ်ပါ။ မေးခွန်းတွေ အထပ်ထပ်မေးပါ။ ပြဿနာရဲ့အရင်းအမြစ်ဟာ အသင့်တော်ဆုံးသောဖြေရှင်းနည်းဖြစ်နေတတ်ပါတယ်။

👉 ကိုယ်ဖြစ်ချင်တာကို ကွဲကွဲပြားပြားသိပါစေ - ကျွန်တော်တို့ဟာ တစ်ခါတစ်လေ ကိုယ့်ဆန္ဒတွေကို မသိမသာ လျစ်လျူရှုတတ်ကြပါတယ်။ ဒီလိုဖြစ်ချင်နေပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒါကိုမသိကျိုးကျွန်ပြုထားတာပေါ့ ဒါပေမယ့် ကိုယ့်အတွက်ကဘယ်လိုမှ အဆင်မပြေဘဲ အမြဲပြဿနာဖြစ်စေတာမျိုး။

ဒီလိုဆိုရင်တော့ ကိုယ်ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုမျိုးဆုံးဖြတ်ချက်ချချင်တာလဲ ဆိုတာကို ကွဲပြားအောင် ပြုလုပ်သင့်ပါတယ်။ ကိုယ့်ဆန္ဒ၊ ကိုယ့်စိတ်ကို တူးဆွပါ။ တစ်ခုရှိတာက ကိုယ့်ဆန္ဒက သူများတွေကိုအကြီးအကျယ် ထိခိုက်စေနိုင်တာမျိုးတွေမဖြစ်ဖို့တော့ သတိပြုရမှာပေါ့။

👉 ဖြစ်နိုင်တဲ့နည်းလမ်းတွေကိုစုဆောင်းပါ - ပြဿနာဖြေရှင်းနည်းတွေဟာ တစ်ခုမက ရှိနေတတ်ပါတယ်။ အခြေအနေအရပ်ရပ်အလိုက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းအားလုံးကို သုံးသပ်ပြီး အသင့်တော်ဆုံး ဖြစ်နိုင်မယ့် အရာကိုရွေးချယ်ပါ။

ဖြေရှင်းလို့မရဘူးဆိုတာက ရှုထောင့်ပေါင်းစုံကနေမကြည့်ရသေးလို့ ဖြစ်နိုင်ပါတယ်။ အမြင်တစ်မျိုးတည်းမထားပါနဲ့။ ဒီလိုအဆင်မပြေရင် ဒီလိုဆိုရင်ရော ဆိုတာမျိုးတွေးပါ။ ထောင့်ပေါင်းစုံကနေ ကြည့်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေ ထွက်လာပါလိမ့်မယ်။

👉 ဆွေးနွေးတိုင်ပင်ပါ - ကျွန်တော်လည်း တစ်ခုခုဆုံးဖြတ်မရတော့ဘူးဆိုရင် ကျွန်တော့်သူငယ်ချင်းတွေကို တိုင်ပင်တတ်ပါတယ်။ ဒါကအရေးကြီးပါတယ်။ သူငယ်ချင်း၊ မိဘ၊ ဆွေမျိုး၊ မောင်နှမတွေ၊ လုပ်ဖော်ကိုင်ဖက်၊ စီနီယာ၊ ဆရာ ဆရာမတွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ ဝါသနာတူသူတွေ… ဒီလိုအကြံတောင်းရမယ့်သူတွေ အများကြီးရှိပါတယ်။ ကိုယ့်ဘက်က သေချာရှာဖွေဖို့ပဲလိုပါတယ်။

ဘောလုံးအကြောင်း ဘာမှမသိတဲ့ သူငယ်ချင်းတစ်ယောက်ကိုသွားမေးပြီး သူမကူညီနိုင်လို့ “ငါတော့တိုင်ပင်ရမယ့်သူတောင် မရှိဘူး” ဆိုပြီး မလုပ်ပါနဲ့။ ဒါထက် ဘောလုံးအကြောင်းဘယ်သူသိမလဲ ရှာဖွေပါ၊ အဖွဲ့အစည်းတွေကို ရှာဖွေပါ။ ဆွေးနွေး တိုင်ပင်ခြင်း၊ အကြံဉာဏ်တောင်းခြင်းက ပြဿနာတစ်ခုကိုကောင်းကောင်းဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

👉 ကိုယ့်အကြောက်တရားကိုနားလည်ပါ - ကျွန်တော်တို့တွေ တစ်စုံတစ်ခုကို ပြတ်သားစွာမဆုံးဖြတ်နိုင်ခြင်းက အကြောက်တရားကြောင့် ဖြစ်နေတတ်ပါတယ်။ ကျွန်တော်လည်း တစ်ခါကသင်တန်းတက်ဖို့ အဖေ့ကို ခွင့်တောင်းချင်တာ၊ စိတ်ထဲကနေ ခွင့်မပြုလောက်ဘူး… အဆူခံရလောက်တယ်ဆိုပြီး အရမ်းကြောက်နေတော့ လုံးဝမပြောဖြစ်ခဲ့ဘူး။ ဒါပေမယ့်အရမ်းလည်းတက်ချင်တယ်၊ ကြာတော့ စိတ်ညစ်လာရော၊ လူကလည်း အဖေ့ကို မကျေနပ်သလိုလို လောကကြီးကပဲ မတရားသလိုစိတ်တွေဝင်လာရော။

တကယ်က ကျွန်တော်တစ်ယောက်တည်း ဖြစ်ပျက်နေခဲ့တာပါ။ အကြောက်တရားကို ရင်မဆိုင်ရဲတော့ အဆိုးမြင်စိတ်တွေ ဝင်လာတော့တာပဲ။ ဒါကြောင့် ကိုယ်ကြောက်နေတဲ့အရာဟာဘာလဲ သေချာနားလည်ဖို့လိုပါတယ်၊ ပြီးရင် ရင်ဆိုင်ရဲဖို့ သတ္တိမွေးပါ။ အကြောက်တရားကို လွန်မြောက်နိုင်ခြင်းကလည်း အရေးကြီးတဲ့ သော့ချက်တစ်ခုပါပဲ။

👉 တာဝန်ယူပါ - ဘယ်လိုပြဿနာမျိုး၊ အခြေအနေမျိုးပဲ ကြုံနေရပါစေ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော်တို့သေချာပေါက် ပြုလုပ်ရမှာပါပဲ။ ဒီဆုံးဖြတ်ချက်ဟာ အခြေအနေအရ သင့်တော်သလို ဆုံးဖြတ်ရတာ ဖြစ်နိုင်တယ်၊ ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်ထားတာလည်း ဖြစ်နိုင်တယ်၊ အကြောင်းတစ်ခုခုကြောင့် ရွေးချယ်လိုက်ရတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ တာဝန်ယူရပါမယ်။

ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ခံစားရမယ့်သူဟာ ကိုယ်ဖြစ်တဲ့အတွက် မဆုံးဖြတ်ခင် သေချာစဉ်းစားပါ။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ ကိုယ်ရွေးချယ်ထားတဲ့အရာမို့ အပြည့်အဝ တာဝန်ယူဖို့လိုပါတယ်။ ဘာကြောင့်လုပ်လိုက်ရတာဆိုပြီး စောဒဂမတက်ပါနဲ့၊ နောက်ဆုံးတော့လည်း ရွေးချယ်သူဟာ ကိုယ်ပါပဲ။

ကျွန်တော်ပြောပြပေးတဲ့ တစ်ချို့သောပြဿနာဖြေရှင်းနည်းလေးတွေကို အကျိုးရှိစွာ အသုံးချနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

Address

Salin

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

09401618220

Website

Alerts

Be the first to know and let us send you an email when ပညာသရဖူေဘာ္ဒါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share