ဗုဒ္ဓဂုဏ်ရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ စလင်းမြို့

  • Home
  • Myanmar
  • Salin
  • ဗုဒ္ဓဂုဏ်ရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ စလင်းမြို့

ဗုဒ္ဓဂုဏ်ရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ စလင်းမြို့ ဗုဒ္ဓဂုဏ်ရည်ကျောင်းတိုက်၊ စလင်းမြို့။

(27-5-2026) မှ (31-5-2026) ထိKG - Grade 7 ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်လက်ခံပါပြီ။အတန်းတိုင်းတွင်း သတ်မှတ်ထားသော က...
27/05/2026

(27-5-2026) မှ (31-5-2026) ထိ

KG - Grade 7 ကျောင်းသား၊ ကျောင်းသူများ

ကျောင်းအပ်လက်ခံပါပြီ။

အတန်းတိုင်းတွင်း သတ်မှတ်ထားသော ကျောင်းသားဦးရေပြည့်လျှင် စာရင်းပိတ်ပါမည်။

#ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
#စလင်းမြို့

 #ကျောင်းတက်ခွင့်  #ကျောင်းပြောင်းလက်မှတ်  #ကျောင်းထွက်လက်မှတ်  #အတန်းကျော်  #ကျောင်းနေခွင့်  #ဝင်ခွင့်    #ကျောင်းပြင်ပ...
21/05/2026

#ကျောင်းတက်ခွင့် #ကျောင်းပြောင်းလက်မှတ် #ကျောင်းထွက်လက်မှတ် #အတန်းကျော် #ကျောင်းနေခွင့် #ဝင်ခွင့် #ကျောင်းပြင်ပ

၁။ ရည်ရွယ်ချက်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသည့် ကလေးများ၊ မူလတန်းနှင့် အလယ်တန်းအဆင့်တွင် ကျောင်းထွက်ခဲ့ရသည့် ကလေးများကို ၎င်းတို့နှင့် ကိုက်ညီသည့် အတန်းများတွင် ပညာဆက်လက်သင်ယူနိုင်ခွင့် ရရှိစေရန် ရည်ရွယ်ပါသည်။

၂။ စစ်ဆေးမည့် အစီအစဉ်
စစ်ဆေးမည့်အဆင့်များ: အခြေခံပညာမူလတန်းအဆင့် (Grade 1, 2, 3, 4, 5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade 6, 7, 😎
စစ်ဆေးမည့်ရက်: ၂၅-၆-၂၀၂၆ ရက်နေ့မှ ၂၆-၆-၂၀၂၆ ရက်နေ့ထိ (၂ ရက်)
စစ်ဆေးမည့်နေရာ: သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့် စာစစ်ဌာနများ (အခြေခံပညာကျောင်းများ)

၃။ ဖြေဆိုခွင့်ရှိသူများ
မည်သည့် အခြေခံပညာကျောင်း (အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) တွင်မဆို တက်ရောက်ခဲ့ဖူးခြင်းမရှိဘဲ သတ်မှတ်အသက်အရွယ် ကျော်လွန်နေသည့် ကလေးများအားလုံး လျှောက်ထားဖြေဆိုနိုင်ပါသည်။

၄။ အသက်အရွယ်နှင့် တက်ရောက်ရမည့် အတန်း သတ်မှတ်ချက်
Placement Test ဖြေဆိုပြီးနောက် ရလဒ်အပေါ်မူတည်၍ အောက်ပါအတိုင်း အတန်းများ သတ်မှတ်ပေးမည်ဖြစ်သည် -
အသက် ဝင်ရောက်ဖြေဆိုရမည့်အတန်း အောင်မြင်ပါက တက်ရောက်ရမည့်အတန်း ကျရှုံးပါက တက်ရောက်ရမည့်အတန်း
၇ နှစ် Grade 1 Grade 2 Grade 1
၈ နှစ် Grade 2 Grade 3 Grade 2
၉ နှစ် Grade 3 Grade 4 Grade 3
၁၀ နှစ် Grade 4 Grade 5 Grade 4
၁၁ နှစ် Grade 5 Grade 6 Grade 5
၁၂ နှစ် Grade 6 Grade 7 Grade 6
၁၃ နှစ် Grade 7 Grade 8 Grade 7
၁၄ နှစ်နှင့် ၁၅ နှစ် Grade 8 Grade 9 Grade 8

၅။ မှတ်ချက်/ အကျိုးကျေးဇူး
ဤအစီအစဉ်ဖြင့် ကျောင်းပြန်တက်ခွင့်ရရှိသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများတွင် သတ်မှတ်အတန်းအလိုက် ဆက်လက်ပညာသင်ယူခွင့် ရရှိကြမည်ဖြစ်ပါသည်။

ဒီသတင်းနှင့်အတူ အထူးသတိထားရမှာက အခြေအနေအကြောင်းကြောင့် တရားမဝင်နည်းနှင့် အတန်းကျော်ထားတဲ့ ကလေးတွေ ဒါကိုပဲ ပြန်ဖြေပြီး တရားဝင်အောင် လုပ်ထားသင့်တယ်။

အသက်ကြီး အတန်းငယ်နေတဲ့ ကလေးတွေကိုလည်း စဉ်းစားသင့်တယ်။

မူရင်းလင့်
https://www.moi.gov.mm/km/

ဗုဒ္ဓဂုဏ်ရည်စိတ်မှာတည်ယုံကြည်မြတ်နိုးလက်စုံမိုးရှိခိုးပါ​၏ အရှင်ဘုရား။🍀 ဗုဒ္ဓဂုဏ်ရည်ကျောင်းတိုက်ရှိ       ရှင်သာမဏေ (၁၀၀...
10/05/2026

ဗုဒ္ဓဂုဏ်ရည်

စိတ်မှာတည်

ယုံကြည်မြတ်နိုး

လက်စုံမိုး

ရှိခိုးပါ​၏ အရှင်ဘုရား။

🍀 ဗုဒ္ဓဂုဏ်ရည်ကျောင်းတိုက်ရှိ

ရှင်သာမဏေ (၁၀၀) ပါး

ကျောင်းသူ (၈၀) ယောက်

ညစဉ် ဘုရားဝတ်ပြုကြစဉ်

🍀ယာယီကုဋီအလှူ🪷ဓမ္မကထိက နောင်တော်ကြီး အရှင်ခေမာသီရိ (မော်လမြိုင်) ဆရာတော်ဘုရားက စလင်းမြို့၊ ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင် ...
03/05/2026

🍀ယာယီကုဋီအလှူ

🪷ဓမ္မကထိက နောင်တော်ကြီး အရှင်ခေမာသီရိ (မော်လမြိုင်) ဆရာတော်ဘုရားက စလင်းမြို့၊ ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ရှင်သာမဏေများ၊ ကျောင်းသူ၊ ကျောင်းသားများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ သီတင်းသုံးနေနိုင်စေရန် အရေးပေါ် ဆောက်လုပ်နေလျှက်ရှိသော ယာယီကုဋီများ အတွက် နဝကမ္မ (၁၅) သိန်းကျပ်ကို လှူဒါန်းတော်မူပါသည်။

🪷ဆရာတော် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ ခန္ဓာ့ဝန်ကို၊ သာသနာ့ဝန်ကို ထမ်းဆောင်းတော်မူနိုင်ပါစေဘုရား 🙏🙏🙏

~~~~~~~~~~~~~~~~~~~~~~~~~~~~

☘️စတင်တည်ထောင်နေဆဲ
ဗုဒ္ဓဂုဏ်ရည်ကျောင်း အတွက်

လှူဒါန်းဖွယ်ရာ အဖြာဖြာ

🌹ပညာရေးအလှူ တစ်လ( ၃) သောင်းကျပ်
🌹မြေနီလမ်းခင်းအလှူ တစ်ကျင်း (၃) သောင်းကျပ်။ (ကျင်း ၄၀၀ လိုအပ်ပါတယ်။)
🌹စာသင်ခုံ တစ်လုံး (၇) သောင်းကျပ်။
🌹နံနက်စာ အာဟာရအလှူ (၁) သိန်းကျပ်
နေ့လယ်စာ အာဟာရအလှူ (၃)သိန်းကျပ်
ညနေစာ အာဟာရအလှူ (၁) သိန်းကျပ်
🌹ကုဋီတစ်လုံး (၅၀) သိန်းကျပ် (စုစုပေါင်း ၆ လုံး လိုအပ်သည်၊ ၄ လုံး အလှူရှင် ရပါပြီ)
🌹ယာယီစာသင်ဆောင် (၂၀ × ၂၄) ပေ စာသင်ခန်းတစ်ခန်း (၃၀) သိန်းကျပ် (စုစုပေါင်း - ၆ ခန်း လိုအပ်သည်)
🌹RC စာသင်ဆောင် (၃၂ × ၂၀ ) ပေ စာသင်ခန်းတစ်ခန်း (၅၀၀) သိန်းကျပ်။

အရှင်ခေမာစာရ
ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
စလင်းမြို့
09254432293

🪷မွေးနေ့ဆွမ်းအလှူကုသိုလ်🪴စလင်းမြို့နေ🍀ဦးကျော်သူ + ဒေါ်နုနုအေး      သား မောင်ဘုန်းသစ်ကျော် မိသားစုတို့က🍁 ယနေ့ကျရောက်သော မ...
29/04/2026

🪷မွေးနေ့ဆွမ်းအလှူကုသိုလ်

🪴စလင်းမြို့နေ

🍀ဦးကျော်သူ + ဒေါ်နုနုအေး
သား မောင်ဘုန်းသစ်ကျော် မိသားစုတို့က

🍁 ယနေ့ကျရောက်သော မောင်ဘုန်းသစ်ကျော် ​၏
(၁၄) နှစ်ပြည့် မွေးနေ့ ကုသိုလ်အဖြစ်

🍀တည်ထောင်ခါစ စလင်းမြို့၊
ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်
နေထိုင်လျှက်ရှိသော ရဟန်း၊ သာမဏေ၊ ကျောင်းသား၊ ကျောင်းသူ နှင့် ဝေယျာဝစ္စ အယောက် (၂၀၀) ကျော်တို့အတွက်

🍁 နေ့ဆွမ်းအာဟာရ ဆက်ကပ် လှူဒါန်းကြပါတယ်။

🍁 ထို့ပြင် ကိုယ်နှင့်တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိသေးသော်လည်း သဒ္ဓါတရားအားကောင်းသော မိသားစုဖြစ်သည့်အလျှောက် ရှင်သာမဏေများ ကလေးများ နေရာထိုင်ခင်း မပြည့်မစုံ ဆွမ်းစားနေကြရတာကို ကိုယ်တိုင်တွေ့မြင်ကြပြီး ဆွမ်းစားကျောင်းကြီးကို တစ်ဦးတည်း ဆောက်လုပ် လှူဒါန်းကြဖို့ပါ လျှောက်ထားသွားပါတယ်။

🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

🔸သဗ္ဗီတိယော ဝိ​ဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာ တေ ဘဝန္တွန္တရာယ၊ သုခီ ဒီဃာယုကော ဘဝ။

☘️ ယနေ့ ဆွမ်းအလှူရှင် မိသားစုတို့ ~

🪷 ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

​🪷 စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

🪷 ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။

🪷 သင်တို့တစ်တွေ ဘေးရန်အန္တရာယ်
ဘာတစ်ခုမျှ မရှိကြပါစေကုန်သတည်း။

🪷 ကိုယ်စိတ်နှစ်ပါး
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
အသက်ရှည်ကြပါစေကုန်သတည်း။

🪷 စိုးရိမ်ကင်းကွာ စိတ်ချမ်းသာစွာဖြင့်
အသက်ရှည်ကြပါစေကုန်သတည်း။

🪷 အနာကင်းကွာ ကိုယ်ကျန်းမာစွာဖြင့်
အသက်ရှည်ကြပါစေကုန်သတည်း။

☘️ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

☘️စတင်တည်ထောင်နေဆဲ
ဗုဒ္ဓဂုဏ်ရည်ကျောင်း အတွက်

လှူဒါန်းဖွယ်ရာ အဖြာဖြာ

🌹ပညာရေးအလှူ တစ်လ( ၃) သောင်းကျပ်
🌹မြေနီလမ်းခင်းအလှူ တစ်ကျင်း (၃) သောင်းကျပ်။ (ကျင်း ၄၀၀ လိုအပ်ပါတယ်။)
🌹စာသင်ခုံ တစ်လုံး (၇) သောင်းကျပ်။
🌹နံနက်စာ အာဟာရအလှူ (၁) သိန်းကျပ်
နေ့လယ်စာ အာဟာရအလှူ (၂.၅)သိန်းကျပ်
ညနေစာ အာဟာရအလှူ (၁) သိန်းကျပ်
🌹ကုဋီတစ်လုံး (၅၀) သိန်းကျပ် (စုစုပေါင်း ၆ လုံး လိုအပ်သည်၊ ၄ လုံး အလှူရှင် ရပါပြီ)
🌹ယာယီစာသင်ဆောင် (၂၀ × ၂၄) ပေ စာသင်ခန်းတစ်ခန်း (၃၀) သိန်းကျပ် (စုစုပေါင်း - ၆ ခန်း လိုအပ်သည်)
🌹RC စာသင်ဆောင် (၃၂ × ၂၀ ) ပေ စာသင်ခန်းတစ်ခန်း (၅၀၀) သိန်းကျပ်။

အရှင်ခေမာစာရ
ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
စလင်းမြို့
09254432293

🍁မြေနီလမ်းခင်းအလှူကုသိုလ်ဖခင်ဦးဗစ်တာကြည် ကွယ်လွန်ခြင်း ၁၈နှစ်ပြည့်အလှူ  ဦးမင်းနိုင် +Dr.အေးအေးခိုင်မိသားစု မန္တလေးမြို့🍁...
28/04/2026

🍁မြေနီလမ်းခင်းအလှူကုသိုလ်

ဖခင်ဦးဗစ်တာကြည် ကွယ်လွန်ခြင်း ၁၈နှစ်ပြည့်အလှူ
ဦးမင်းနိုင် +Dr.အေးအေးခိုင်
မိသားစု
မန္တလေးမြို့

🍁 မြေနီလမ်းခင်းအလှူ

🍁 တစ်သိန်းကျပ် လှူဒါန်းပါသည်။

ဘဝခရီးလမ်း ဓမ္မခရီးလမ်း အဆင်ပြေပါစေ။
သွားလမ်းသာလို့ ပြန်လမ်းများလည်း ဖြောင့်တန်းကြပါစေ။

ဗုဒ္ဓဂုဏ်ရည်ကျောင်းတိုက်ကို လက်ခံခဲ့တာ ဒီနေ့မှာ တလ ပြည့်ပါပြီ။နဂိုမူလ ကျောင်း Logo သည် မူလ ဘကကျောင်းတည် ဆရာတော်ကြီး​၏ မူ...
21/04/2026

ဗုဒ္ဓဂုဏ်ရည်ကျောင်းတိုက်ကို လက်ခံခဲ့တာ ဒီနေ့မှာ တလ ပြည့်ပါပြီ။

နဂိုမူလ ကျောင်း Logo သည် မူလ ဘကကျောင်းတည် ဆရာတော်ကြီး​၏ မူပိုင် ဖြစ်ပါသည်။

ယခုအခါ ဗုဒ္ဓဂုဏ်ရည်ကျောင်းကို ဆရာတော်က အပြီးအပိုင် စွန့်လွှတ်လိုက်တာမို့ ကျောင်းရဲ့ အမှတ်သင်္ကေတ Logo က အစ ပြောင်းလဲရတော့မှာမို့ ယခင် အသုံးပြုခဲ့သော Logo အစား ယခု ပုံပါ Logo ကို ကျောင်း​၏ မူပိုင် Logo အဖြစ် ယနေ့မှ စ၍ ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ပါသည်။

19/04/2026

🪷အရုဏ်ဆွမ်း နှင့် လမ်းတံတား အလှူ

🪴အကျိုးဆောင် ဒကာမ မရွှေစု မှတစ်ဆင့် အလှူရှင်များ ဖြစ်ကြသော

မန္တလေးမြို့နေ
🍀ဦးထင်အောင်+ ဒေါက်တာရတနာ
သား အမြွာ နှင့် သမီး​လေး
မိသားစု
AMT computer & CCTV တို့က

🍀တည်ထောင်ခါစ စလင်းမြို့၊
ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်
နေထိုင်လျှက်ရှိသော ရဟန်း၊ သာမဏေ၊ ကျောင်းသား၊ ကျောင်းသူ နှင့် ဝေယျာဝစ္စ အယောက် (၂၀၀) ကျော်တို့အတွက်

🍀အရုဏ်မုန့်ဟင်းခါးဆွမ်း
ဆက်ကပ် လှူဒါန်းခြင်း။

🍀 ဗုဒ္ဓဂုဏ်ရည်ကျောင်းအဝင်လမ်းမကြီးရှိ
ပျက်စီးနေသော လမ်းတံတားပြုပြင်ရန်
ကျပ်သိန်း (၅၀) လှူဒါန်းခြင်း။

🍀 သံဃာတော်များ ရွတ်ပွားအပ်သော
ဗောဇ္ဈင်္ဂသုတ်ပရိတ်တရားတော်ကို
ရိုသေစွာ နာယူကြခြင်းစသော
ကုသိုလ်အစုစု ပြုကြပါသည်။
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷

🔸သဗ္ဗီတိယော ဝိ​ဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။
မာ တေ ဘဝန္တွန္တရာယ၊ သုခီ ဒီဃာယုကော ဘဝ။

☘️ ယနေ့ ဆွမ်းအလှူရှင် မိသားစုတို့ ~

🪷 ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

​🪷 စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

🪷 ရောဂါခပ်သိမ်း ကင်းငြိမ်းကြပါစေ။

🪷 သင်တို့တစ်တွေ ဘေးရန်အန္တရာယ်
ဘာတစ်ခုမျှ မရှိကြပါစေကုန်သတည်း။

🪷 ကိုယ်စိတ်နှစ်ပါး
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
အသက်ရှည်ကြပါစေကုန်သတည်း။

🪷 စိုးရိမ်ကင်းကွာ စိတ်ချမ်းသာစွာဖြင့်
အသက်ရှည်ကြပါစေကုန်သတည်း။

🪷 အနာကင်းကွာ ကိုယ်ကျန်းမာစွာဖြင့်
အသက်ရှည်ကြပါစေကုန်သတည်း။

☘️ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

☘️စတင်တည်ထောင်နေဆဲ
ဗုဒ္ဓဂုဏ်ရည်ကျောင်း အတွက်

လှူဒါန်းဖွယ်ရာ အဖြာဖြာ

🌹ပညာရေးအလှူ တစ်လ( ၃) သောင်းကျပ်
🌹မြေနီလမ်းခင်းအလှူ တစ်ကျင်း (၃) သောင်းကျပ်။ (ကျင်း ၄၀၀ လိုအပ်ပါတယ်။)
🌹စာသင်ခုံ တစ်လုံး (၇) သောင်းကျပ်။
🌹နံနက်စာ အာဟာရအလှူ (၁) သိန်းကျပ်
နေ့လယ်စာ အာဟာရအလှူ (၂.၅)သိန်းကျပ်
ညနေစာ အာဟာရအလှူ (၁) သိန်းကျပ်
🌹ကုဋီတစ်လုံး (၅၀) သိန်းကျပ် (စုစုပေါင်း ၆ လုံး လိုအပ်သည်၊ ၄ လုံး အလှူရှင် ရပါပြီ)
🌹ယာယီစာသင်ဆောင် (၂၀ × ၂၄) ပေ စာသင်ခန်းတစ်ခန်း (၃၀) သိန်းကျပ် (စုစုပေါင်း - ၆ ခန်း လိုအပ်သည်)
🌹RC စာသင်ဆောင် (၃၂ × ၂၀ ) ပေ စာသင်ခန်းတစ်ခန်း (၆၀၀) သိန်းကျပ်

အရှင်ခေမာစာရ
ဗုဒ္ဓဂုဏ်ရည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
စလင်းမြို့
09254432293

Address

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ ကူဖြူကျေးရွာ
Salin

Website

Alerts

Be the first to know and let us send you an email when ဗုဒ္ဓဂုဏ်ရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ စလင်းမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category