Aung Myae Oo Monastic Education Free School

Aung Myae Oo Monastic Education Free School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Myae Oo Monastic Education Free School, Elementary School, Sagaing Hill Road , Thaw Tar Pan Quarter, Sagaing.

၁၂.၄.၂၀၂၆, တနင်္ဂနွေနေ့စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး အမှတ် (၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင...
12/04/2026

၁၂.၄.၂၀၂၆, တနင်္ဂနွေနေ့

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး အမှတ် (၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နှစ်စဉ်ဖွင့်လှစ်သည့် နွေရာသီ ပညာဒါန ကွန်ပျူတာသင်တန်းနှင့် အဂ်လိပ်စကားပြောသင်တန်းများ ပထမအသုတ် သင်ကြားပြီးစီးခဲ့ပြီး Certificateများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယခုပထမအသုတ်တွင် ကွန်ပျူတာသင်တန်းသား/သူ (၅၅)ယောက် Certificate များ ရရှိခဲ့​ကြပါတယ်။

နှစ်ဆန်း ၂ ရက်နေ့တွင် ဒုတိယအသုတ် အသစ် စတင် သင်ကြားပေးမှာဖြစ်လို့ စာရင်းကြိုတင် ပေးထားနိုင်ပါပြီ။

အရှင်နန္ဒောဘာသ
Dip in Buddha- Dhamma ( SIBA)
BA( Myanmar) , MA ( Sri Lanka)
Ph - 09757694600 Viber
09974434843 Telegram

ယနေ့ ကွန်ပျူတာသင်တန်းတတ်ခဲ့သူများကို Certificate များ ပေးအပ်သည်ပုံများ

3.4.2026, Friday သင်တန်းတတ်ချင်သူများသိအောင် Shareခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။2026-2027 Academic Year Summer Coursesန...
03/04/2026

3.4.2026, Friday
သင်တန်းတတ်ချင်သူများသိအောင် Shareခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

2026-2027 Academic Year Summer Courses
နွေရာသီ သင်တန်းများ ဒုတိယအသုတ် စတင်ဖွင့်လှစ်မည့်ရက် ကြေငြာခြင်း

၂၀၂၆ ခုနှစ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊အမှတ် (၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နှစ်စဉ်ဖွင့်လှစ်သည့် နွေရာသီသင်တန်းများ ဒုတိယအသုတ်ကို စတင်သင်ကြားပေးတော့မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

သင်တန်းများအမျိုးအစား
၁။ အခြေခံ ရုံးသုံးစာစီစာရိုက် ကွန်ပျူတာသင်တန်း(Word, Pagemaker, power point, Excel)
၂။ Special Spoken English Classes အထူးအင်္ဂလိပ်စကားပြောသင်တန်းများဖြစ်ပါသည်။

➡️ သင်တန်းမှာ
၁။လက်တွေ့ကွန်ပျူတာအသုံးပြုမည့်သူများအတွက် (သို့)လူကြီးအတန်း (၁၁တန်းဖြေပြီးသည်မှ ဘွဲ့ရဘွဲ့လွန်များ)တတ်ရောက်နိုင်သည့် ကွန်ပျူတာသင်တန်းမှာ
(1) အဂ်လိပ်ဖောင့်၊ ပြည်ထောင်စုဖောင့်လက်ကွက်နဲ့ အခြေခံကွန်ပျူတာဆိုင်ရာသိမှတ်ဖွယ်ရာများ
(2) Microsoft Word ( ကျွမ်းကျင်ထိ သင်ခန်းစာအစုံအလင်)
(3) Pagemake 7.0 ( ကျွမ်းကျင်ထိ သင်ခန်းစာအပြည့်အစုံ)
(4) Power Point ( ကျွမ်းကျင်ထိ သင်ခန်းစာအပြည့်အစုံ)
(5) Excel ( အခြေခံ)တို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

၂။ကလေးအတန်း (၇တန်း မှ စနစ်သစ် ၁၀တန်းထိ )ကွန်ပျူတာသင်တန်းမှာ
(1) အဂ်လိပ်ဖောင့်၊ ပြည်ထောင်စုဖောင့်လက်ကွက်နဲ့ အခြေခံကွန်ပျူတာဆိုင်ရာသိမှတ်ဖွယ်ရာများ
(2) Microsoft Word ( အခြေခံ)
(3) Power Point ( အခြေခံ)
(4) Excel ( အခြေခံ)တို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

👉၇ တန်းမှ စနစ်သစ် (၁၁)တန်းထိအတန်းမှာ သင်တန်းသား/သူ(၁၀၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။

👉သင်တန်းအလှူငွေအဖြစ်
➡️ ကွန်ပျူတာသင်တန်း တတ်သူများ အလှူငွေ (၂၀၀၀၀)ကျပ် လှူရပါမည်။(သင်တန်းကြေးလုံးဝ
မဟုတ်ပါ။စာရွက်စာတန်းနှင့် မီးစက်ခုတ်ရန် လိုအပ်သည်များအသုံးပြုရန်ကြေးဖြစ်ပါတယ်)
လူကြီးတန်းမှာ သင်တန်းသား/သူ(၆၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
ကလေးတန်းမှာ သင်တန်းသား/သူ(၁၀၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။

အထူးအင်္ဂလိပ်စကားပြောသင်တန်းများမှာ
၁။ (Beginners) Course ကလေးတန်း
(၇တန်းမှ ၁၀တန်းထိ)
၂။ (Beginners)to Intermediate Course လူကြီးတန်း
(၁၁တန်းမှ ဘွဲ့ရဘွဲ့လွန်အထိ)

➡️အထူးသိစေရန်
👉အင်္ဂလိပ်စကားပြောသင်တန်းတတ်သူများက ဦးဇင်း ထုတ်ဝေထားသည့် အခြေခံအင်္ဂလိပ်စကားပြောစာအုပ်ကို ဝယ်ယူပြီး တတ်ရပါမယ်။ စာအုပ်တန်ဖိုး (၂၀၀၀၀)ကျပ်ပါ။
(သင်တန်းကြေး လုံး၀အခမဲ့ပါ။)

(၁) ကွန်ပျူတာ နှင့် အင်္ဂလိပ်စကားပြောသင်တန်းဆရာ
Ashin Nandobhasa ဦးနန္ဒောဘာသ
Dip in Buddha- Dhamma ( SIBA)
BA( Myanmar) , MA ( SriLanka)
Ph - 09757694600(Viber)
099744348430 (Telegram)

(၂) ကွန်ပျုတာသင်တန်း သင်ပေးမည့် ဆရာ/ဆရာမများ
U Tun Zaw Oo

သင်တန်းစဖွင့်မည့်ရက် - (၁၈.၄.၂၀၂၆, စနေနေ့)

သင်တန်းနေရာ - အောင်မြေဦး (ပရဟိတ) အထက်တန်းကျောင်းဘက်၊စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့

သင်တန်းကာလ - (၁၈.၄.၂၀၂၆, စနေနေ့ ) မှ (၃၁.၅. ၂၀၂၆, တနင်္ဂနွေနေ့) ထိ (၁လခွဲကြာ)

သင်တန်းပိတ်ရက်များ
အဖိတ် ၁ရက် သို့ ၂ရက် ပိတ်မှာဖြစ်ပါတယ်။
သင်တန်းအချိန် - ကွန်ပျူတာသင်တန်းကို
နံနက် (၉)နာရီမှ (၁၁)နာရီအထိ ပထမအဖွဲ့
နေ့လည် (၁၂)နာရီခွဲမှ (၂)နာရီခွဲအထိ ဒုတိယအဖွဲ့
(မိမိအဆင်ပြေမယ့်အချိန်ကို တတ်နိုင်ပါတယ်)

အင်္ဂလိပ်စကားပြောသင်တန်းများကို
ညနေ (၂)နာရီခွဲမှ (၄)နာရီထိ သင်ကြားပေးမှာဖြစ်ပါတယ်။

ယနေ့မှ စ၍ စတင် စာရင်းလက်ခံနေပါပြီ။လူကိုယ်တိုင်မလာနိုင်ရင် Faceboook , Viber , Telegram ဖုန်းများမှ တဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
လူပြည့်မြန်ပါသည်။အမြန်ဆုံးစာရင်း ပေးနိုင်ပါသည်။
သင်တန်းပြီးဆုံးအောင်သင်ယူသူများကို သင်တန်းဆင်းလက်မှတ် ပေးမည်။

ဦးဇင်းရဲ့
Facebook Account - Ven Nandobhasa

Vibaer ဖုန်း - 09757694600
Telegram ဖုန်း - 09974434843

အထူးမှတ်ချက်။ ။ (၁) သင်တန်းများကို ပြီးမြောက်ထိတိုင် တတ်ရောက်နိုင်မှ စာရင်းပေးသွင်းရမယ်။
(၂) သင်တန်းလာအပ်တဲ့ခါ အုပ်ထိန်းသူတယောက်နှင့် မိမိပက်စပို့ဓာတ်ပုံ ( ၂)ပုံ ယူလာရမည်။

Ashin Nandobhasa
Dip in Buddha- Dhamma ( SIBA)
BA( Myanmar) , MA ( SriLanka)
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်
အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

2.3.2026, Mondayယနေ့ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နွေရာသီအတွင်း နှစ်...
02/03/2026

2.3.2026, Monday

ယနေ့ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နွေရာသီအတွင်း နှစ်စဉ်သင်ကြားပေးတဲ့ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြောအထူးသင်တန်းတို့ကို စတင် ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။ယနေ့ ကွန်ပျူတာသင်တန်းတတ်ရောက်သူ 60ခန့်နှင့် အင်္ဂလိပ်စကားသင်တန်းတတ်ရောက်သူ 20ခန့် တတ်ရောက်ခဲ့ကြပါတယ်။
သင်တန်းများကို တတ်‌ရောက်လိုသူများ လာရောက်တတ်နိုင်ပါသေးကြောင်း အသိပေးအပ်ပါတယ်။
ဆက်သွယ်ရန်
ဦးနန္ဒောဘာသ(ကွန်ပျူတာနှင့် အင်္ဂလိပ်ဆရာ)
ဖုန်း09757694600.Viber
09974434843Telegram

၁၈.၂.၂၀၂၆, ဗုဒ္ဓဟူးနေ့ သင်တန်းတတ်ချင်သူများသိအောင် Shareခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။2025-2026 Academic Year Summer Co...
18/02/2026

၁၈.၂.၂၀၂၆, ဗုဒ္ဓဟူးနေ့
သင်တန်းတတ်ချင်သူများသိအောင် Shareခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

2025-2026 Academic Year Summer Courses
နွေရာသီ သင်တန်းများ ပထမအသုတ် စတင်ဖွင့်လှစ်မည့်ရက် ကြေငြာခြင်း

၂၀၂၅-၂၀၂၆ ခုနှစ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊အမှတ် (၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နှစ်စဉ်ဖွင့်လှစ်သည့် နွေရာသီသင်တန်းများ ပထမအသုတ်ကို စတင်သင်ကြားပေးတော့မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

သင်တန်းများအမျိုးအစား
၁။ အခြေခံ ရုံးသုံးစာစီစာရိုက် ကွန်ပျူတာသင်တန်း(Word, Pagemaker, power point, Excel)
၂။ Special Spoken English Classes အထူးအင်္ဂလိပ်စကားပြောသင်တန်းများဖြစ်ပါသည်။

➡️ သင်တန်းမှာ
၁။လက်တွေ့ကွန်ပျူတာအသုံးပြုမည့်သူများအတွက် (သို့)လူကြီးအတန်း (၁၁တန်းဖြေပြီးသည်မှ ဘွဲ့ရဘွဲ့လွန်များ)တတ်ရောက်နိုင်သည့် ကွန်ပျူတာသင်တန်းမှာ
(1) အဂ်လိပ်ဖောင့်၊ ပြည်ထောင်စုဖောင့်လက်ကွက်နဲ့ အခြေခံကွန်ပျူတာဆိုင်ရာသိမှတ်ဖွယ်ရာများ
(2) Microsoft Word ( ကျွမ်းကျင်ထိ သင်ခန်းစာအစုံအလင်)
(3) Pagemake 7.0 ( ကျွမ်းကျင်ထိ သင်ခန်းစာအပြည့်အစုံ)
(4) Power Point ( ကျွမ်းကျင်ထိ သင်ခန်းစာအပြည့်အစုံ)
(5) Excel ( အခြေခံ)တို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

၂။ကလေးအတန်း (၇တန်း မှ စနစ်သစ် ၁၀တန်းထိ )ကွန်ပျူတာသင်တန်းမှာ
(1) အဂ်လိပ်ဖောင့်၊ ပြည်ထောင်စုဖောင့်လက်ကွက်နဲ့ အခြေခံကွန်ပျူတာဆိုင်ရာသိမှတ်ဖွယ်ရာများ
(2) Microsoft Word ( အခြေခံ)
(3) Power Point ( အခြေခံ)
(4) Excel ( အခြေခံ)တို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

👉၇ တန်းမှ စနစ်သစ် (၁၁)တန်းထိအတန်းမှာ သင်တန်းသား/သူ(၁၀၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။

👉သင်တန်းအလှူငွေအဖြစ်
➡️ ကွန်ပျူတာသင်တန်း တတ်သူများ အလှူငွေ (၂၀၀၀၀)ကျပ် လှူရပါမည်။(သင်တန်းကြေးလုံးဝ
မဟုတ်ပါ။စာရွက်စာတန်းနှင့် မီးစက်ခုတ်ရန် လိုအပ်သည်များအသုံးပြုရန်ကြေးဖြစ်ပါတယ်)
လူကြီးတန်းမှာ သင်တန်းသား/သူ(၆၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
ကလေးတန်းမှာ သင်တန်းသား/သူ(၁၀၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။

အထူးအင်္ဂလိပ်စကားပြောသင်တန်းများမှာ
၁။ (Beginners) Course ကလေးတန်း
(၇တန်းမှ ၁၀တန်းထိ)
၂။ (Beginners)to Intermediate Course လူကြီးတန်း
(၁၁တန်းမှ ဘွဲ့ရဘွဲ့လွန်အထိ)

➡️အထူးသိစေရန်
👉အင်္ဂလိပ်စကားပြောသင်တန်းတတ်သူများက ဦးဇင်း ထုတ်ဝေထားသည့် အခြေခံအင်္ဂလိပ်စကားပြောစာအုပ်ကို ဝယ်ယူပြီး တတ်ရပါမယ်။ စာအုပ်တန်ဖိုး (၂၀၀၀၀)ကျပ်ပါ။
(သင်တန်းကြေး လုံး၀အခမဲ့ပါ။)

(၁) ကွန်ပျူတာ နှင့် အင်္ဂလိပ်စကားပြောသင်တန်းဆရာ
Ashin Nandobhasa ဦးနန္ဒောဘာသ
Dip in Buddha- Dhamma ( SIBA)
BA( Myanmar) , MA ( SriLanka)
Ph - 09757694600(Viber)
099744348430 (Telegram)

(၂) ကွန်ပျုတာသင်တန်း သင်ပေးမည့် ဆရာ/ဆရာမများ
U Tun Zaw Oo
Daw Kay Thi Aung

သင်တန်းစဖွင့်မည့်ရက် - (၂.၃.၂၀၂၆, တနင်္လာနေ့)

သင်တန်းနေရာ - အောင်မြေဦး (ပရဟိတ) အထက်တန်းကျောင်းဘက်၊စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့

သင်တန်းကာလ - (၂.၃.၂၀၂၆, တနင်္လာနေ့ မှ (၁၂.၄. ၂၀၂၆, တနင်္ဂနွေနေ့) ထိ (၁လခွဲကြာ)

သင်တန်းပိတ်ရက်များ
အဖိတ် ၁ရက် သို့ ၂ရက် ပိတ်မှာဖြစ်ပါတယ်။
သင်တန်းအချိန် - ကွန်ပျူတာသင်တန်းကို
နံနက် (၉)နာရီမှ (၁၁)နာရီအထိ ပထမအဖွဲ့
နေ့လည် (၁၂)နာရီခွဲမှ (၂)နာရီခွဲအထိ ဒုတိယအဖွဲ့
(မိမိအဆင်ပြေမယ့်အချိန်ကို တတ်နိုင်ပါတယ်)

အင်္ဂလိပ်စကားပြောသင်တန်းများကို
ညနေ (၂)နာရီခွဲမှ (၄)နာရီထိ သင်ကြားပေးမှာဖြစ်ပါတယ်။

ယနေ့မှ စ၍ စတင် စာရင်းလက်ခံနေပါပြီ။လူကိုယ်တိုင်မလာနိုင်ရင် Faceboook , Viber , Telegram ဖုန်းများမှ တဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
လူပြည့်မြန်ပါသည်။အမြန်ဆုံးစာရင်း ပေးနိုင်ပါသည်။
သင်တန်းပြီးဆုံးအောင်သင်ယူသူများကို သင်တန်းဆင်းလက်မှတ် ပေးမည်။

ဦးဇင်းရဲ့
Facebook Account - Ven Nandobhasa

Vibaer ဖုန်း - 09757694600
Telegram ဖုန်း - 09974434843

အထူးမှတ်ချက်။ ။ (၁) သင်တန်းများကို ပြီးမြောက်ထိတိုင် တတ်ရောက်နိုင်မှ စာရင်းပေးသွင်းရမယ်။
(၂) သင်တန်းလာအပ်တဲ့ခါ အုပ်ထိန်းသူတယောက်နှင့် မိမိပက်စပို့ဓာတ်ပုံ ( ၂)ပုံ ယူလာရမည်။

Ashin Nandobhasa
Dip in Buddha- Dhamma ( SIBA)
BA( Myanmar) , MA ( SriLanka)
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်
အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ဆိုးဝါးလွန်းလှတဲ့စစ်ကိုင်း ငလျှင်ဒဏ်ကြောင့် မိမိတို့ အောင်မြေဦး ကျောင်းက ကျောင်းဆောင်များတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။...
30/03/2025

ဆိုးဝါးလွန်းလှတဲ့စစ်ကိုင်း ငလျှင်ဒဏ်ကြောင့် မိမိတို့ အောင်မြေဦး ကျောင်းက ကျောင်းဆောင်များ
တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဆရာတော်နဲ့တကွ ရဟန်း၊ကိုရင် ၊သီလရှင်၊ ကျောင်းသား/သူ များအားလုံး ဘာအန္တရာယ်မှမရှိ လွှတ်မြောက်ခဲ့ကြပါတယ်။
မိမိတို့ ကျောင်းတော်ကြီးအတွက် စိတ်ပူပန်နေကြတဲ့သူများအတွက်သိစေအပ်ပါတယ်။

ထိခိုက်ပျက်စီးခဲ့တဲ့ ကျောင်းဆောင်များ

1.3.2025, Saturdayယနေ့ နွေရာသီမှာ အထူးသင်ကြားပေးတဲ့ ပထမသုတ် ကွန်ပျူတာနှင့် အဂ်လိပ်စကားပြောသင်တန်းကို စတင်သင်ကြားပေးခဲ့ပါ...
01/03/2025

1.3.2025, Saturday
ယနေ့ နွေရာသီမှာ အထူးသင်ကြားပေးတဲ့ ပထမသုတ် ကွန်ပျူတာနှင့် အဂ်လိပ်စကားပြောသင်တန်းကို စတင်သင်ကြားပေးခဲ့ပါတယ်။
သင်တန်းတတ်ချင်သေးသူများ လူမပြည့်သေးသည့်အတွက် လာရောက်အပ်နှံတတ်ရောက်နိုင်ပါသေးတယ်။
လူပြည့်သွားရင် လုံးဝ လက်မခံတော့ပါ။

28/02/2025

မနက်ဖြန် ၁.၃.၂၀၂၅ နေ့မှာ နွေရာသီအထူးသင်ပေးတဲ့ ကွန်ပျူတာနဲ့ အဂ်လိပ်စကားပြောတတ်မည့်သူများအားလုံး မနက်ဖြန် မနက် ၈နာရီ သင်တန်း အရောက်လာခဲ့ကြပါ။

၁၉.၂.၂၀၂၄, ဗုဒ္ဓဟူးနေ့ သင်တန်းတတ်ချင်သူများသိအောင် Shareခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။2024-2025 Academic Year Summer Fr...
19/02/2025

၁၉.၂.၂၀၂၄, ဗုဒ္ဓဟူးနေ့
သင်တန်းတတ်ချင်သူများသိအောင် Shareခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

2024-2025 Academic Year Summer Free Courses
နွေရာသီ ပညာဒါနသင်တန်းများ ပထမအသုတ် စတင်ဖွင့်လှစ်မည့်ရက် ကြေငြာခြင်း

၂၀၂၄-၂၀၂၅ ခုနှစ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊အမှတ် (၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နှစ်စဉ်ဖွင့်လှစ်သည့် နွေရာသီ သင်တန်းများကို ပထမအသုတ် စတင်သင်ကြားပေးတော့မည်ဖြစ်ကြောင်း
အသိပေးကြေငြာအပ်ပါသည်။

သင်တန်းအမျိုးအစားများ
၁။ အခြေခံ ရုံးသုံးစာစီစာရိုက် ကွန်ပျူတာသင်တန်း(Word, Pagemaker, power point, Excel)
၂။ Special English 4 Skills Classes အထူးအင်္ဂလိပ်စကားပြောသင်တန်းများဖြစ်ပါသည်။

➡️ သင်တန်းအမျိုးအစားများ
၁။လက်တွေ့ကွန်ပျူတာအသုံးပြုမည့်သူများအတွက် (သို့)လူကြီးအတန်း (၁၂တန်းဖြေပြီးသည်မှ ဘွဲ့ရဘွဲ့လွန်များ)တတ်ရောက်နိုင်သည့် ကွန်ပျူတာသင်တန်းမှာ
၁။အဂ်လိပ်​ဖောင့်၊ ပြည်ထောင်စုဖောင့်လက်ကွက်နဲ့ အခြေခံကွန်ပျူတာဆိုင်ရာသိမှတ်ဖွယ်ရာများ
၂။ Microsoft Word ( ကျွမ်းကျင်ထိ သင်ခန်းစာအစုံအလင်)
၃။ Pagemake 7.0 ( ကျွမ်းကျင်ထိ သင်ခန်းစာအပြည့်အစုံ)
၄။ Power Point ( ကျွမ်းကျင်ထိ သင်ခန်းစာအပြည့်အစုံ)
၅။Excel ( အခြေခံ)တို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

👉သင်တန်းရန်ပုံအလှူငွေအဖြစ်
➡️ယခုကွန်ပျူတာသင်တန်း တတ်သူများက အလှူငွေ (၂၀၀၀၀)ကျပ် လှူရပါမည်။(သင်တန်းကြေးလုံးဝ
မဟုတ်ပါ။စာရွက်စာတန်းနှင့် မီးစက်ခုတ်ရန် လိုအပ်သည်များအသုံးပြုရန်ကြေးဖြစ်ပါတယ်)
လူကြီးတန်းမှာ သင်တန်းသား/သူ(၆၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။

၂။ကလေးအတန်း (၇တန်း မှ စနစ်သစ် ၁၁တန်းထိ )ကွန်ပျူတာသင်တန်းမှာ
၁။အဂ်လိပ်​ဖောင့်၊ ပြည်ထောင်စုဖောင့်လက်ကွက်နဲ့ အခြေခံကွန်ပျူတာဆိုင်ရာသိမှတ်ဖွယ်ရာများ
၂။ Microsoft Word ( အခြေခံ)
၃။ Power Point ( အခြေခံ)
၄။ Excel ( အခြေခံ)တို့ကို စနစ်တကျ သင်ကြားပေးမှာဖြစ်ပါတယ်။

👉သင်တန်းရန်ပုံအလှူငွေအဖြစ်
ယခုကွန်ပျူတာသင်တန်းတတ်သူများက အလှူငွေ (၁၅၀၀၀)ကျပ် လှူဒါန်းရပါမည်။

👉၇ တန်းမှ စနစ်သစ် (၁၁)တန်းထိအတန်းမှာ သင်တန်းသား/သူ(၁၀၀)ယောက်သာ လက်ခံမှာဖြစ်ပါတယ်။
🤚မှတ်ချက် = အထက်ပါသင်တန်းများသည် လုံးဝအခမဲ့ သင်တန်းများဖြစ်တယ်။
သို့်သော် သင်တန်းကို လေးလေးစားစား တတ်ရောက်စေရန် သင်တန်းရန်ပုံငွေအတွက် အလှူငွေ ကောက်ခံထားခြင်းဖြစ်ပါသည်၊

အဂ်လိပ်စကားပြောသင်တန်းများမှာ
၁။ (Beginners) Course ကလေးတန်း
၇တန်းမှ ၁၀တန်းထိ
၂။ (Beginners)to Intermediate Course လူကြီးတန်း
၁၁တန်းမှ ဘွဲ့ရအထိ

➡️အထူးသိစေရန်
👉အဂ်လိပ်စကားပြောတတ်သူများက ဦးဇင်း ထုတ်ဝေထားသည့် အခြေခံအင်္ဂလိပ်စကားပြောစာအုပ်ကို ဝယ်ယူပြီး တတ်ရပါမယ်။
စာအုပ်တန်ဖိုး (၁၀၀၀၀)ကျပ်ပါ။
သင်တန်းကြေးကတော့အခမဲ့ပါ။

(၁) ကွန်ပျူတာ နှင့် အဂ်လိပ်စကားပြောသင်တန်းဆရာ
Ashin Nandobhasa ဦးနန္ဒောဘာသ
Dip in Buddha- Dhamma ( SIBA)
BA( Myanmar) , MA ( SriLanka)
Ph - 09757694600

ကွန်ပျုတာသင်တန်း သင်ပေးမည့် ဆရာ/ဆရာမများ
(၂) U Tun Zaw Oo
Daw Kay Thi Aung

သင်တန်းစဖွင့်မည့်ရက် - (၁.၃.၂၀၂၅, စနေနေ့)

သင်တန်းနေရာ - အောင်မြေဦး (ပရဟိတ) အထက်တန်းကျောင်းဘက်၊စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့

သင်တန်းကာလ - (၁.၃.၂၀၂၅ စနေနေ့ မှ (၁၂.၄. ၂၀၂၅, စနေနေ့) ထိ (၁လခွဲကြာ)

သင်တန်းပိတ်ရက်များ
အဖိတ် ၁ရက် သို့ ၂ရက် ပိတ်မှာဖြစ်ပါတယ်။
သင်တန်းအချိန် - ကွန်ပျူတာသင်တန်းကို
နံနက် (၉)နာရီမှ (၁၁)နာရီအထိ ပထမအဖွဲ့
နေ့လည် (၁၂)နာရီခွဲမှ (၂)နာရီခွဲအထိ ဒုတိယအဖွဲ့
(မိမိအဆင်ပြေမယ့်အချိန်ကို တတ်နိုင်ပါတယ်)

အင်္ဂလိပ်စကားပြောသင်တန်းအားလုံးကို
ညနေ (၂)နာရီမှ (၄)နာရီထိ သင်ကြားပေးမှာဖြစ်ပါတယ်။

ယနေ့မှ စ၍ စတင် စာရင်းလက်ခံနေပါပြီ။လူကိုယ်တိုင်မလာနိုင်ရင် Faceboook , Viber , ဖုန်းများမှ တဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
လူပြည့်မြန်ပါသည်။အမြန်ဆုံးစာရင်း ပေးနိုင်ပါသည်။
သင်တန်းပြီးဆုံးအောင်သင်ယူသူများကို သင်တန်းဆင်းလက်မှတ် ပေးမည်။

ဦးဇင်းရဲ့
Facebook Account - Ven Nandobhasa
Viber ဖုန်း - 09757694600

မှတ်ချက်။ ။ (၁) သင်တန်း အစ အဆုံး တတ်ရောက်နိုင်မှ စာရင်းပေးသွင်းရမယ်။
(၂) သင်တန်းလာအပ်တဲ့ခါ အုပ်ထိန်းသူတယောက်နှင့် မိမိပက်စပို့ဓာတ်ပုံ ( ၂)ပုံ ယူလာရမည်။

18.12.2024, Wednesdayသည် စစ်ကိုင်းတောင်ရိုး၊ အောင်မြေဦး ပရဟိတကျောင်း ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တဝိလာသ၏ ၅၄ နှစ်ပြည့် မွေးန...
17/12/2024

18.12.2024, Wednesdayသည် စစ်ကိုင်းတောင်ရိုး၊ အောင်မြေဦး ပရဟိတကျောင်း ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တဝိလာသ၏ ၅၄ နှစ်ပြည့် မွေးနေ့အခါသမယဖြစ်ပါတယ်။
မနက်ဖြန်မနက်မှာ ကျောင်းရှိ ရဟန်း၊သာမဏေ၊ဆရာ/ဆရာမ ကျောင်းသား/သူ စုစုပေါင်း ၃၅၀၀ ကျော်တို့အား ကြာဇံဟင်းခါးဆွမ်းကို ကျွေးမွေးဆပ်ကပ်လှူဒါန်းမှာဖြစ်ပါတယ်။ နေ့လည်ပိုင်း ဆရာ/ဆရာမ၊ ကျောင်းသား/ သူများက ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

30.7.2024, Tuesdayယနေ့စစ်ကိုင်းတောင်ရိုး၊ သောတာပန်ရပ်၊ အမှတ်(၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပညာရေးရ...
30/07/2024

30.7.2024, Tuesday

ယနေ့စစ်ကိုင်းတောင်ရိုး၊ သောတာပန်ရပ်၊ အမှတ်(၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပညာရေးရန်ပုံငွေအတွက်

မောင်သန်းကျော် ကျောင်းသားဟောင်း
နမ်းခမ်း မြို့နယ် ဆောရမ် ကျေးရွာ ​ငွေပဒေသာပင် တစ်ပင် အလှူငွေ (100000)ကျပ် လှူဒါန်းခဲ့ပါသည်။

ဤကုသိုလ်ကောင်းမှုတို့ကြောင့် အလှူရှင်ဒကာ​ကြီး
သည် ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ပြီး နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေလို့ ဆရာတော်ကိုယ်စား ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။

KBZ Pay and Wave Money account ဖြင့် ဆက်သွယ်လှူဒါန်းလိုပါက

09757694600

ဦးနန္ဒောဘာသ( ဦးဇင်းပေတိုး)
Diploma in Buddha -Dhamma( SIBA), BA ( Myanmar), MA (Srilanka)

Bank ဖြင့်ဆက်သွယ်လှူဒါန်းလိုပါက

Name of Account ASHIN NANDOBHASA

KBZ Bank Account No 05830105801469601

CB Bank Account No 0005600500035278

စုံစမ်းမေးမြန်းသိရှိလိုပါက
09757694600
ဦးဇင်းဖုန်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မိမိ၏postကို Like ,Share ,commentပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါသည်။

21.7.2024, Sunday၁၃၈၆-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်၊ အမှတ် (၂၃) အောင...
21/07/2024

21.7.2024, Sunday

၁၃၈၆-ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်၊ အမှတ် (၂၃) အောင်မြေဦး (ပရဟိတ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ
ရဟန်း - ၅ ပါး
သာမဏေ - ၅၅ ပါး
စုစုပေါင်း - ၆၀ ပါး

အောင်မြေဦး အဂ္ဂဝိမာနကျောင်းတိုက်မှာ
ရဟန်း - ၃ ပါး
သာမဏေ - ၆၈ ပါး
စုစုပေါင်း - ၇၁ ပါး

ကျောင်းတိုက် ၂တိုက် စုစုပေါင်း ၁၃၁ပါး ဝါကပ်တော်မူကြပါတယ်။

Address

Sagaing Hill Road , Thaw Tar Pan Quarter
Sagaing

Alerts

Be the first to know and let us send you an email when Aung Myae Oo Monastic Education Free School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Aung Myae Oo Monastic Education Free School:

Shortcuts

Share