22/05/2022
English ကို native speaker နဲ့မှ သင်ချင်ပါတယ်ဆိုတဲ့ ညီ၊ ညီမများသို့ (၂)
engVid (www.engvid.com)
တနေ့က တင်ပေးခဲ့တဲ့ Western Michigan University က အကြံပြုထားတဲ့ Website (၁၀) ခုထဲက engVid ကို ထပ်ညွန်းပါမယ်နော်။ engVid က ESL Learners တွေကြားမှာ လူကြိုက်များတဲ့ website တွေထဲက တခုဖြစ်ပါတယ်။ Facebook, YouTube တို့မှာပါ သူတို့ရဲ့ video lesson တွေကို ကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ website မှာ သွားကြည့်စေချင်ပါတယ်။ လေ့ကျင့်ခန်းတွေလည်း တခါတည်း တန်းပြီး လုပ်လို့ရပါတယ်။ Topic အလိုက်ရွေးပြီး Business English လေလာမှာလား၊ IELTS အတွက်လား၊ TOEIC လား၊ TOEFL လား၊ Pronunciation လား စသဖြင့် ရွေးချယ်လို့ ရပါတယ်။ နောက်ပြီး Teachers တွေပါ ရွေးပြီး လေ့လာလို့ ရပါသေးတယ်။ ကျွန်တော် အကြိုက်ဆုံးက တီချာ Ronnie ပါ (ရယ်လည်းရယ်ရလို့) ။ ပြီးရင် resources မှာ grammar ရှင်းလင်းချက်တွေ၊ vocabulary lesson တွေကို ဖတ်ရှုလေ့လာနိုင်ပါသေးတယ်။ ဆရာတယောက်က ဘေးကနေ guide လုပ်ပေးနေသလို သင်ယူရမှာပါ။
Website address – www.engvid.com
engVid မှာရွေးချယ်သင်ယူနိုင်တဲ့ topic တခုချင်းစီရဲ့ link ကိုလည်း ထည့်ပေးလိုက်ပါမယ်။ main website ထဲကို ဝင်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။
Business English - https://www.engvid.com/english-videos/
Comprehension https://www.engvid.com/topic/comprehension/
Culture and tips - https://www.engvid.com/topic/culture-tips/
Expressions - https://www.engvid.com/topic/expressions/
Grammar - https://www.engvid.com/topic/grammar/
IELTS - https://www.engvid.com/english-exams/ielts/
Pronunciation - https://www.engvid.com/topic/pronunciation/
Slang - https://www.engvid.com/topic/slang/
Speaking https://www.engvid.com/topic/speaking/
TOEFL https://www.engvid.com/english-exams/toefl/
TOEIC https://www.engvid.com/english-exams/toeic/
Vocabulary https://www.engvid.com/topic/vocabulary/
Writing https://www.engvid.com/topic/writing/
English ကို native speaker နဲ့မှ သင်ချင်တယ်တဲ့ ညီ၊ ညီမလေးများ အစဉ်လေ့လာသဖြင့် တိုးတက်ကြပါစေ။
Western Michigan University မှ ESL Learners များ self-study အတွက် အကြံပြုထားသော website ၁၀ ခု အကြောင်းဖတ်ရန် - https://www.facebook.com/1531179287127047/posts/2954775701434058/
With love,
English for All