06/06/2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း
*****************
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ဖွင့်လှစ်ပို့ချသော Master of Public Administration (MPA)၊ Master of Applied Research (MAR) နှင့် Master of Business Administration (MBA) (4th Batch) သင်တန်းများ၏ Orientation Ceremony ကို (၆-၆-၂၀၂၆) ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ Program Director များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာမေဂျာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၆၀) ဦး စုံစုံညီညီတက်ရောက်ခဲ့ ကြပြီး ပြင်ပပညာရှင်ဆရာမကြီးများနှင့် Programme (၃) ခုမှ သင်တန်းသား၊ သင်တန်းသူ (၂၄၂)ဦး တို့က Zoom Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက အဖွင့်အမှာစကားအနေဖြင့် ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာတွင် “လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်လာစေရန်” ဟူသော တက္ကသိုလ်မျှော်မှန်းချက်နှင့်အညီ ဒေသဆိုင်ရာဖွံ့ဖြိုးရေး၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲရေး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေး၊ ဈေးကွက်ဖော်ဆောင်ရေးနှင့် အသုံးချ စာရင်းအင်းပညာရပ်အစရှိသော အထူးပြုပညာရပ်အစီအစဉ်များ ဖွံ့ဖြိုးလာစေရန်၊ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် အလေးထား ပူးပေါင်းဆောင်ရွက်တတ်သော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်၍ လက်တွေ့အသုံးချနိုင်ရေးဆောင်ရွက်ရန် အဓိကတာဝန်(၃)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ HRD သင်တန်းအသီးသီးမှ မဟာဘွဲ့နှင့် Diploma ဘွဲ့ ရရှိပြီးသူ ဦးရေ (၃၄၄)ဦး ဖြစ်ပြီး ကျမ်းပြုစုလျက်ရှိသူ ဦးရေ (၄၂၁)ဦးနှင့် တက်ရောက်ဆဲဦးရေ (၅၀၃)ဦး ရှိပါ ကြောင်း ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ စတင်ပြီး Master of Development Studies (MDevs), Master of Financial Management(MFM) နှင့် Diploma in Entrepreneurship and Small Business Development သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း ၊ ယခုပညာသင်နှစ် မှာ ပညာဆည်းပူးကြမည့် MPA, MAR, MBA 4th Batch သင်တန်းသူ/သားများကိုလည်း တက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ နိုင်ငံတော်က အားထားရသော ထူးချွန် ထက်မြက်သည့် လူတော်လူကောင်း များဖြစ်ကြပါစေကြောင်း၊ သင်တန်းမှ သင်ကြားပို့ချမည့် Knowledge များနှင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှ Experienceများ၊ Skills များကို ပေါင်းစပ်၍ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆုတောင်းစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာကြည်ကြည်ဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးမျိုးသန့်အောင်နှင့် ပြင်ပပညာရှင်များဖြစ်ကြသည့် (ပါမောက္ခ၊ဌာနမှူး (ငြိမ်း)) ဒေါ်ခင်အေးမြင့်၊ ဧည့်ပါမောက္ခ ဒေါက်တာချိုချိုဝေတို့က သြဝါဒ အမှာစကား၊ ကြိုဆို နှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပြီး၊ MPA၊ MAR နှင့် MBA သင်တန်းများမှ သင်တန်းသားကိုယ်စားလှယ်တစ်ဦးစီက သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ စကားနှင့်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာကြသူ များစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
29/05/2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
(၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ
****************
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်အခမ်းအနားကို (၂၉.၅.၂၀၂၆)ရက်နေ့၊ နံနက် (၉း၃၀)အချိန်တွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီးနောက် တက်ရောက်လာသည့် ကုမ္ပဏီများမှ မိတ်ဆက်စကားပြောကြားခြင်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အတွင်းရေးမှူးမှ တင်ဒါစည်းမျဉ်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကာ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌမှ နိဂုံးချုပ် စကားပြောကြားခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ဆက်လက်၍ ကျပ်သန်း (၂၀၀) အထက် လုပ်ငန်း(၃)မျိုးနှင့် ကျပ်သန်း (၂၀)မှ ကျပ်သန်း (၂၀၀)အထိ လုပ်ငန်း (၄)မျိုး စုစုပေါင်း လုပ်ငန်း (၇)မျိုးအတွက် တင်သွင်းသည့် စာအိတ် (A) Technical Proposal များ ဖွင့်ဖောက်ခြင်း၊ ရမှတ်များ ကြေညာခြင်းနှင့် စာအိတ်(B) Price Proposal များ ဖွင့်ဖောက်ခြင်း၊ သတ်မှတ်စျေးနှုန်းများနှင့် အဆိုပြုစျေးနှုန်းများအား ကြေညာခြင်းတို့ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
21/05/2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့်ရက်(သတင်းပို့ရမည့်ရက်)၊ ကျောင်းစတင်ဖွင့်လှစ်မည့်ရက်များအား ထုတ်ပြန်ကြေညာခြင်း
15/05/2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၆)ကျင်းပပြုလုပ်ခြင်း
******************
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၆)အား ၁၄-၅-၂ဝ၂၆ ရက်နေ့၊ နေ့လယ် (၁၅:၃၀)နာရီအချိန်တွင် T-1စာသင်ဆောင်(104)၌ ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တက္ကသိုလ်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဥမ္မာစံ၊ ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ(၁)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)၏ အဖွဲ့ဝင် ဦးမျိုးသန့်အောင်၊ ဒုတိယပါမောက္ခချုပ်(စီမံ)က သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၏လုပ်ငန်းလမ်းညွှန်ချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် (၁၂-၅-၂ဝ၂၆)ရက်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန် အဖွဲ့ခေါင်းဆောင်ဦးဆောင်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လမ်းညွှန်မှုများနှင့်ပတ်သက်၍ အများပြည်သူနှင့် ထိတွေ့ ဆက်ဆံလျက်ရှိသည့် လုပ်ငန်းများအပေါ် လေ့လာဆန်းစစ်ချက်(Public Feedback Programme-PFP) အနေဖြင့် တင်ဒါများခေါ်ယူရာတွင် လာရောက်လျှောက်ထားသူများအား Feedback Form များ ဖြန့်ဝေပေးထားမည်ဖြစ်ကြောင်း၊ ဌာနတွင်း ဖွင့်လှစ်မည့် ဝန်ထမ်းစွမ်းဆောင်ရည်သင်တန်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် (၄၅)မိနစ်စာ ပညာပေးသင်ခန်းစာ ထည့်သွင်းပို့ချရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ တက္ကသိုလ်၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ(၂)၊ ဒေါက်တာကြည်ကြည်ဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)က ဌာနမှူးများအနေဖြင့် ဆရာ/ဆရာမများ Feedback ပြန်နားထောင်ပေးရန် မှာကြားလိုကြောင်း၊ တက္ကသိုလ်၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ အဖွဲ့ဝင် ဒေါက်တာခင်မြဝင်း၊ ပါမောက္ခ (ဌာနမှူး)၊ ဥပဒေပညာဌာနမှ Feedback သည် အရေးကြီးကြောင်း၊ ယခင်ကလည်း အသိပညာပေး ဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း ဆွေးနွေးကြပြီး အစည်းအဝေးကို (၁၆:၃၀)နာရီတွင် ရုပ်သိမ်း ပါသည်။
14/05/2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Dip.ESBD နှင့် Dip.HRM ဒီပလိုမာ သင်တန်းများကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါကြောင်း ကြော်ငြာချက်
Application Form များကို အောက်ဖော်ပြပါ Link များတွင် Download ရယူနိုင်ပါသည်။
Dip.ESBD - http://studyonline.ucms.edu.mm/?p=611
Dip.HRM - http://studyonline.ucms.edu.mm/?p=625
11/05/2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း
***********
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာနှင့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ မဟာတန်းကျောင်းသား/သူများ၏ Master Thesis Viva Defense ကို (၇.၅.၂၀၂၆)ရက်နေ့နှင့် (၈.၅.၂၀၂၆) ရက်နေ့တို့တွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ပြီး Board of Examiner များအဖြစ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဘောဂဗေဒဌာနနှင့် သမဝါယမပညာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဘောဂဗေဒဌာန၊ သမဝါယမပညာဌာနနှင့် စာရင်းအင်းပညာဌာနများမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ပြင်ပပညာရှင်ဆရာမကြီးများဖြစ်သော ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာရီအေး (ပါမောက္ခချုပ်(ငြိမ်း)၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါက်တာနီနီအောင် (ဒုတိယပါမောက္ခချုပ်(ငြိမ်း)၊ မုံရွာစီးပွားရေးတက္ကသိုလ်))တို့သည် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် မဟာတန်း ကျောင်းသူများ၏ Master Thesis Viva Defense ကို တက်ရောက်ခဲ့ပြီး ကျောင်းသူများ တင်သွင်းသည့် စာတမ်းနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာမှ ကျောင်းသူ(၂)ဦးနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသူ(၁)ဦး၊ စုစုပေါင်း (၃)ဦးတို့သည် သက်ဆိုင်ရာ အထူးပြု ဘာသာရပ်များ၏ သတ်မှတ် ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။
08/05/2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးဆောင်ရွက် သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Diploma in Human Resource Management(4th Batch) Online သင်တန်း၏ ကျောင်းသား/ကျောင်းသူများ Project Paper Viva Defense စစ်ဆေးခြင်းကို (၂၈-၄-၂၀၂၆၊ ၅-၅-၂၀၂၆)ရက်နေ့ ညနေ (၆း၀ဝ)နာရီတွင်လည်းကောင်း၊ (၁-၅-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် လည်းကောင်း (၃)ရက်ကြာ online Video Conferencing ဖြင့် စာတမ်း ဖတ်ကြားမည့် အဖွဲ့ ၁၅ ဖွဲ့အား ကြီးကြပ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ Project Paper Viva Defense စစ်ဆေးခြင်း တွင် Board of Examiner များအဖြစ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ပြင်ပပညာရှင် ဆရာမကြီးများဖြစ်သော ဒေါက်တာမို့မို့ရီ (ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း))၊ ဒေါ်ခင်အေးမြင့် (ပါမောက္ခ ဌာနမှူး(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း))မှ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများ တင်သွင်းသည့် စာတမ်းနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။
27/04/2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း
******************************************
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြုမေဂျာနှင့် စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ မဟာတန်းကျောင်းသား/သူများ၏ Master Thesis Viva Defense ကို (၂၃.၄.၂၀၂၆)ရက်နေ့မှ (၂၄.၄.၂၀၂၆) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး Board of Examiner များအဖြစ် ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ပြင်ပပညာရှင် ဆရာမကြီးများဖြစ်သော ဒေါက်တာမို့မို့ရီ (ပါမောက္ခချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါ်ခင်အေးမြင့် (ပါမောက္ခ ဌာနမှူး(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း))၊ ဒေါက်တာ ဒေါ်တင်လှ (DBA Programme Leader, Myanmar Imperial Collage, Partnership with The Great Manchester University)၊ ဒေါက်တာချိုချိုဝေ (ဧည့်ပါမောက္ခ၊ စာရင်းအင်းပညာဌာန)တို့မှ တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများ၏ စာတမ်းနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၉)ဦး၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၄)ဦး၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၃)ဦး၊ စုစုပေါင်း (၁၆)ဦးတို့သည် သက်ဆိုင်ရာအထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။
20/04/2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း
=================================================
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၄.၂၀၂၆)ရက်နေ့ ညနေ (၃း၀၀)နာရီ အချိန်၌ တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားဓမ္မာရုံနှင့် တက္ကသိုလ် ပင်မအဆောက်အဦ ဘွဲ့နှင်းသဘင်ခန်းမတို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း ဆောင်ရွက်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ/ ကထိက (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ရွှေသမားကျောင်းတိုက်ဆရာတော်အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များမှ တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားဓမ္မာရုံတွင်လည်းကောင်း၊ တက္ကသိုလ် ပင်မ အဆောက်အဦ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။
ဆက်လက်၍ ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။
02/04/2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ပထမနှစ်ဝက်) သင်တန်း ကျောင်းသား/ကျောင်းသူများ၏ Project Paper Progress စစ်ဆေးခြင်း
=============================
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ် (ပထမနှစ်ဝက်)သင်တန်း လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ၊ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာ၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာနှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ ကျောင်းသား/ကျောင်းသူများ၏ ဘွဲ့ယူစာတမ်း Project Paper Progress စစ်ဆေးခြင်းများကို ၃၀-၃-၂၀၂၆ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပါသည်။ အထူးပြုဘာသာရပ်ကြီး(၅)ခု၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၄၀)ဦး၊ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၇၁)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၃၅)ဦး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ (၁၃၀)ဦးနှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၉၂) ဦး စုစုပေါင်း (၃၆၈)ဦးတို့သည် သက်ဆိုင်ရာအထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များ အတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။
ကျောင်းသား/သူများ၏ တစ်ဦးချင်းအလိုက် လက်တွေ့လုပ်ငန်းလုပ်ဆောင်ရာတွင် အတွေ့အကြုံများနှင့် စွမ်းဆောင်ရည်များအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် လက်တွေ့ကွင်းဆင်း သုတေသနပြုစုမှုအပေါ် ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းရန် ပြင်ဆင်မှု အဆင့်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။