Thuta Plex

Thuta Plex သုတရပ်ဝန်း

စစ်အာဏာရှင်တို့ မွေးဖွားခဲ့ရာ မြို့နယ်များဗိုလ်ချုပ်ကြီး နေဝင်း-ပဲခူးတိုင်း ပြည်မြို့နယ် ပေါင်းတလည်မြို့ဗိုလ်ချုပ်မှူးကြ...
01/02/2024

စစ်အာဏာရှင်တို့ မွေးဖွားခဲ့ရာ မြို့နယ်များ

ဗိုလ်ချုပ်ကြီး နေဝင်း
-ပဲခူးတိုင်း ပြည်မြို့နယ် ပေါင်းတလည်မြို့

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
-မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် အင်းမရွာ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
-တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်မြို့

-------
ThutaPlex

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ-----၁။ Great Buddha of Thailandထိုင်းဗုဒ္ဓရုပ်ပွားတော်ဘုရ...
23/02/2023

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူ

-----
၁။ Great Buddha of Thailand
ထိုင်းဗုဒ္ဓရုပ်ပွားတော်ဘုရားကြီး

ဉာဏ်တော်အမြင့်-၃၀၂ပေ

တည်နေရာ-ထိုင်းနိုင်ငံ အန့်သွန့်စီရင်စု (Ang Thong province, Thailand)

ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရုပ်တု ဖြစ်သလို ကမ္ဘာ့အကြီးဆုံး ထိုင်နေဟန် ရှိတဲ့ ရုပ်တု တစ်ခုလည်း ဖြစ်ပါတယ်။

----------
၂။ ထိုင်တော်မူဂေါတမ ရုပ်ပွားတော် ဘုရားကြီး

ဉာဏ်တော်အမြင့် -၂၅၅ပေ

တည်နေရာ- မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်

မြန်မာနိုင်ငံမှာ ဒုတိယအမြင့်ဆုံး ရုပ်တု ဖြစ်ပါတယ်။

--------------
၃။ လေးကျွန်းစကြာ ထိုင်တော်မူ ဘုရားကြီး

ဉာဏ်တော်အမြင့်-၂၃၄ပေ

တည်နေရာ-စစ်ကိုင်းတိုင်း မံုရွာမြို့နယ်

မုံရွာမြို့နယ် ‌ေ‌ဗာဓိတစ်ထောင် သာသနာ့နယ်မြေမှာ ထုထည်ကြီးမားတဲ့ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ သုံးမျိုး တည်ထားပါတယ်။

----------
၄။ ဝပ်ဖခ်နမ် ဖပ်စီ ချရွမ် ထိုင်တော်မူဘုရားကြီး
Wat Paknam Phasi Charoen Buddha

ဉာဏ်တော်အမြင့် - ၂၂၆ပေ

တည်နေရာ- ဘန်ကောက္မြို့

ဘန်ကောက္မြို့ရဲ့ နောက်ထပ် ဆွဲဆောင်မှုအသစ်တစ်ခုလည်း ဖြစ်ပါတယ်။

--------
Thutaplex

ကမ္ဘောဒီးယားနိုင်ငံ့မြို့တော် ဖနွမ်းပင်မြို့မြင်ကွင်း📍(ခမာပြည်)မြို့တော်ဖနွမ်းပင်မြို့ဟာဆိုရင် ကမ္ဘောဒီးယားနိုင်ငံရဲ့နို...
23/02/2023

ကမ္ဘောဒီးယားနိုင်ငံ့မြို့တော် ဖနွမ်းပင်မြို့မြင်ကွင်း

📍(ခမာပြည်)
မြို့တော်ဖနွမ်းပင်မြို့ဟာဆိုရင် ကမ္ဘောဒီးယားနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ယဥ်ကျေးမှုဗဟိုဖြစ်ပြီး ပြည်တွင်းပြည်ပလေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း သယ်ယူပို့ဆောင်ရေးအချက်အချာလည်း ဖြစ်ပါတယ်။

အကျယ်အဝန်းကတော့ ၆၇၈.၄၆ စတုရန်းကီလိုမီတာ ဖြစ်ပြီး လူဦးရေမှာ နှစ်သန်းကျော် ရှိပါသည်။ ဖနွမ်းပင်မြို့သည် ကမ္ဘောဒီးယားနိုင်ငံအလယ်ပိုင်းမြေပြန့်လွင်ပြင်၊ မဲခေါင်မြစ်၊ Tonle Sap မြစ်နှင့် Basa မြစ်တို့မြစ်ဆုံးရာနေရာမှာ တည်ရှိပါတယ်။ ၁၄၃၄ ခုနှစ်မှာ မြို့တော်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ နာမည်ကျော်ကြားတဲ့အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများဟာ ဖနွမ်းပင်တော်ဝင်တက္ကသိုလ်၊ ဖနွမ်းပင်တော်ဝင်အနုပညာတက္ကသိုလ်၊ ကမ္ဘောဒီးယားအမျိုးသား စီမံအုပ်ချုပ်ရေးတက္ကသိုလ်တို့ ဖြစ်ပါတယ်။ သုတေသနဌာနများဟာလည်း တော်ဝင်သုတေသနဌာန၊ ကမ္ဘောဒီးယားပူးပေါင်းဆောင်ရွက်ရေးနှင့်ငြိမ်းချမ်းရေးသုတေသနဌာနတို့ ဖြစ်ပါတယ်။ ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာများကတော့ တော်ဝင်နန်းတော်၊ အမျိုးသားပြတိုက်၊ လွတ်လပ်ရေးကျောက်တိုင်တို့ ဖြစ်ပါတယ်။

📸IG: KENBODIAN_

အရှေ့တောင်အာရှ ၏ ဝန်ကြီးချုပ်များ-🇻🇳ဖန်မင်ချင်း-🇱🇦ဆွန်ဆေး ဆီဖန်ဒွန်-🇲🇾အန်ဝါ အီဘရာဟင်-🇧🇳 ဟာဆင်နယ် ဘိုကီးယာ့-🇹🇱တိုမထန်ရူရက...
14/01/2023

အရှေ့တောင်အာရှ ၏ ဝန်ကြီးချုပ်များ

-🇻🇳ဖန်မင်ချင်း
-🇱🇦ဆွန်ဆေး ဆီဖန်ဒွန်
-🇲🇾အန်ဝါ အီဘရာဟင်
-🇧🇳 ဟာဆင်နယ် ဘိုကီးယာ့
-🇹🇱တိုမထန်ရူရက်ခ်
-🇸🇬လီရှန်လုံး
-🇹🇭ပရာယွတ် ချန်အိုချာ
-🇰🇭ဟွန်ဆန်
-🇲🇲 မန်းဝင်းခိုင်သန်း
-🇲🇲 မင်းအောင်လှိုင်

-----------------------

-ပြည်သူလူထု အမုန်းတီးခံရဆုံး ဝန်ကြီးချုပ်
🇲🇲 မင်းအောင်လှိုင်

-သွေးစွန်းပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ
🇹🇭ပရာယွတ်ချန်အိုချာ
🇲🇲 မင်းအောင်လှိုင်

-တာဝန်သက်တမ်း အရင့်ဆုံး ဝန်ကြီးချုပ်
🇧🇳 ဟာဆင်နယ် ဘိုကီးယာ့ (၃၉ နှစ်ကျော်)
🇰🇭ဟွန်ဆန် (၃၈ နှစ်ကျော်)

-တာဝန်သက်တမ်း အနုဆုံး ဝန်ကြီးချုပ်
🇱🇦ဆွန်ဆေး ဆီဖန်ဒွန် (၂ပတ်ကျော်)

-အသက်အကြီးဆုံး ဝန်ကြီးချုပ်
🇧🇳 ဟာဆင်နယ် ဘိုကီးယာ့ (အသက် ၇၆ နှစ်ကျော်ရှိ )

-ငယ်ငယ်ရွယ်ရွယ်နဲ့ ဝန်ကြီးချုပ် ဖြစ်လာသူ
🇰🇭ဟွန်ဆန် (အသက် ၃၃ နှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာ)

-အရပ်အရှည်ဆုံး ဝန်ကြီးချုပ်
🇸🇬လီရှန်လုံး

-အရပ်အပုဆုံး ဝန်ကြီးချုပ်
🇲🇲 မင်းအောင်လှိုင်

-အသိအမှတ်ပြု မခံရသေးတဲ့ ဝန်ကြီးချုပ်
🇲🇲 မင်းအောင်လှိုင်
🇲🇲 မန်းဝင်းခိုင်သန်း

အကြမ်းဖက်မှုတွေ လုပ်နေတဲ့ ဝန်ကြီးချုပ်
🇲🇲မင်းအောင်လှိုင်
🇰🇭ဟွန်ဆန်

-အချမ်းသားဆုံး ဝန်ကြီးချုပ်
🇧🇳 ဟာဆင်နယ် ဘိုကီးယာ့
-----------------------

ဗဟုသုတ အတိုအထွာတွေကို ဖော်ပြပေးနေတဲ့ Thuta Plex Page ကို like, follow and share လုပ်ပြီး အားပေးနိုင်ပါတယ်။

-မယ်စကြာဝဠာသရဖူ (Miss Universe Crown)✨ မယ်စကြဝဠာ (Miss Universe) ပြိုင်ပွဲကြီးကို 1952 ခုနှစ်ကနေ စတင်ကျင်းပခဲ့ပြီး စိန်မ...
13/01/2023

-မယ်စကြာဝဠာသရဖူ (Miss Universe Crown)✨

မယ်စကြဝဠာ (Miss Universe) ပြိုင်ပွဲကြီးကို 1952 ခုနှစ်ကနေ စတင်ကျင်းပခဲ့ပြီး စိန်များအပါအဝင် ကမ္ဘာ့အဖိုးတန်အရှိဆုံး ကျောက်မျက်ပစ္စည်းများအသုံးပြုပြီး ပြုလုပ်ထားတဲ့ သရဖူကို တစ်ဦးတည်းသော အနိုင်ရဆွတ်ခူးသူတွေကို ပေးအပ်ချီးမြှင့်လျက်ရှိပါတယ်။

လက်ရှိပျမ်းမျှတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးရှိပြီး Mouawad Power of Unity Crown) သရဖူဟာဆိုရင် ကမ္ဘာ့စျေးအကြီးဆုံး အလှမယ်သရဖူများအဖြစ် စံချိန်တင်ထာပါတယ်။ ၂၀၁၉ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ၊ Zozibini Tunzi ၊ Andrea Meza နှင့် Harnaaz Sandhu စတဲ့ အလှမယ်တွေဟာဆိုရင် သရဖူရအသစ်ရဲ့ပထမမျိုးဆက်အဖြစ် Mouawad Power of Unity Crown ကို ဆွတ်ခူးကာ အနိုင်ရခဲ့ကြပါတယ်။

သရဖူမှာ အလေးချိန် (၆၂.၈၃) ကာရက်ရှိတဲ့
ရွှေ၀ါ‌‌ရောင်ကိန္နရီစိန်ကြီး အပါအဝင် စိန်ပွင့်ပေါင်းများစွာနဲ့ အပြာရောင် နီလာကျောက်များနဲ့စီခြယ်ထားတာဖြစ်ပါတယ် ။ Pascal Mouawad ရဲ့အဆိုအရ သရဖူကြီးဟာရည်မှန်းချက်၊ မတူကွဲပြားမှု၊ အသိုက်အဝန်းနှင့် အလှအပတို့ကို ကိုယ်စားပြုပါတယ်။

မယ်စကြဝဠာပြိုင်ပွဲဟာဆိုရင် အမေရိကန်ပြည်ထောင်စု အခြေစိုက် မယ်စကြဝဠာအဖွဲ့အစည်းမှ နှစ်စဉ်ကျင်းပတဲ့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း ၁၉၀ ကျော်မှ ပရိသတ် သန်း ၅၀၀ ကျော်ခန့်မှ စောင့်ကြည့်ရတဲ့ ကြည့်ရှုသူအများဆုံး အလှမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

-မယ်စကြဝဠာ မြန်မာ✨🇲🇲

မယ်စကြဝဠာပြိုင်ပွဲကြီးကို မြန်မာ့ကိုယ်စားပြု အဖြစ် ၁၉၅၉ မှာ မယ်ဗမာသန်းသန်းအေး မှ ပထမဆုံး စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ မယ်ဗမာ (ခေါ်) မြန်မာနိုင်ငံ အလေးမနှင့် ကာယဗလအဖွဲ့ချုပ်မှ ၁၉၆၀ မှာ မြင့်မြင့်မေ၊ ၁၉၆၁ မှာ ခင်မြင့်မြင့် စသည်ဖြင့် အသီးသီးစေလွှတ်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ၁၉၆၂ နောက်ပိုင်း မယ်ဗမာပြိုင်ပွဲ‌တွေကို မြန်မာ့ယဉ်ကျေးမှု နှင့်မကိုက်ညီတာကြောင့်ဟုဆိုကာ ပိတ်သိမ်းခဲ့ရပါတယ်။ ‌ဒါကြောင့် ၁၉၆၂ မှစတင်၍ မယ်စကြဝဠာပြိုင်ပွဲကြီးကိုသွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ ၂၀၁၂ခုနှစ်အရောက်မှသာ ပြန်လည်ပါ၀င်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

-ခေတ်အလိုက် မယ်စကြာဝဠာသရဖူ 👑✨

1-Romanov Imperial Nuptial Crown (1952)
2-Romanov Diadem Crown (1953)
3-Star of the Universe (1954–1960)
4-Lady Rhinestone Crown or Coventry Crown (1961–2001)
5-Mikimoto Crown (2002–2007; 2017–2018)
6-CAO Crown (2008)
7-Diamond Nexus Crown (2009–2013)
8-DIC Crown (2014–2016)
9-Mouawad Power of Unity Crown (2019–2021)
10. Mouawad Force for Good Crown (2022–present)

🇨🇳တရုတ် တားမြစ်မြို့တော် ကောင်းကင်ဓာတ်ပုံ
12/01/2023

🇨🇳တရုတ် တားမြစ်မြို့တော် ကောင်းကင်ဓာတ်ပုံ

မက်ထရစ်စနစ်ကိုမသုံးတဲ့ ရှားရှားပါးပါး သုံးနိုင်ငံ...Metric(မက်ထရစ်) စနစ်ဆိုတာကတော့ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုလက်ခံထားတဲ့ တ...
12/01/2023

မက်ထရစ်စနစ်ကိုမသုံးတဲ့ ရှားရှားပါးပါး သုံးနိုင်ငံ...

Metric(မက်ထရစ်) စနစ်ဆိုတာကတော့ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုလက်ခံထားတဲ့ တိုင်းတာတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ မက်ထရစ်စနစ်မှာဆိုရင် အလျားကို ကီလိုမီတာ၊ အလေးချိန်ဆို ကီလိုဂရမ်, ထုထည်ဆို လီတာဆိုပြီးသုံးလေ့ရှိကကြပါတယ်။

မက်ထရစ်စနစ်ဟာဆိုရင် ပြင်သစ်ကနေစတင်ပေါက်ဖွားဆင်းသက်လာတဲ့ စနစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာသုံးစနစ် (SI) ဆိုပြီးနောက်ပိုင်းမှာ နိုင်ငံတကာအလေးချိန်နဲ့ တိုင်းတာရေးအဖွဲ့ကြီးကအသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာကတပြေးညီသုံးနေတဲ့ မက်ထရစ်စနစ်ဟာ ထူးဆန်းစွာနဲ့ဒီနိုင်ငံမှာ အသုံးမဝင်ပါဘူး။ အဲ့ဒီနိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ လစ်‌ဘေးရီးယားနဲ့ မြန်မာတို့ဖြစ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဗြိတိန်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံတကာသုံး မက်ထရစ်စနစ်ကိုအသုံးပြုဖို့တုံ့ဆိုင်နေခဲ့ပြီး အင်္ဂလိပ်တွေသုံးတဲ့ Imperial စနစ်ကိုပဲအသုံးပြုတဲ့နိုင်ငံဖြစ်ပါတယ်။ ကွန်ဂရက်မှာမက်ထရစ်စနစ်သုံးဖို့ အကြံပြုဖူးပေမယ့် အဲ့ဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး သောမက်ဂျက်ဖာဆင်ကငြင်းပယ်ခဲ့ဖူးပါတယ်။

Imperial စနစ်မှာတော့ မက်ထရစ်လိုမဟုတ်ပဲ အလျားကိုတိုင်းရင် လက်မ၊ ထုထည်ဆိုရင် ဂါလန် နဲ့ အလေးချိန်ဆိုရင် တန် ဒါမှမဟုတ် ပေါင်တို့ကိုသုံးကြတာဖြစ်ပါတယ်။နောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ လစ်ဘေးရီးယားဟာလည်း အမေရိကန်လိုမျိုးပဲ Imperial စနစ်ကိုသုံးတာဖြစ်ပါတယ်။ အမေရိကန်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အာဖရိကနိုင်ငံငယ်ဟာ ဖွဲ့စည်းပုံကအစ အမေရိကန်ကိုမှီငြမ်းပြီးရေးထားတာဖြစ်လို့ အမေရိကန်တွေသုံးတဲ့စနစ်ကိုသုံးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုတို့ သူတို့အနေနဲ့နိုင်ငံတကာသုံး စနစ်ကိုပြောင်းဖို့ကြိုးစားနေတယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံဟာဆိုရင်လည်း ဗြိတိသျှကိုလိုနီဖြစ်ဖူးတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် မူလကတည်းကကိုယ်ပိုင်အတိုင်းအတာစနစ် ရှိတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မက်စနစ်စနစ်ကိုမသုံးတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာပါတယ်။ မြန်မာမှာဆိုရင်ပုံမှန်အရပ်ထဲမှာ အလေးချိန်တွေကို မြန်မာအတိုင်းအတာစနစ်ဖြစ်တဲ့ ပိဿာ၊ ကျပ်သားကို အသုံးပြုလေ့ရှိပြီး၊ အလျားကိုတော့ ပေ ဒါမှမဟုတ် ကိုက် ကိုအသုံးပြုပါတယ်။

ထုထည်ကိုလည်း ဂါလန်၊ အမြန်နှုန်းကိုလည်း မိုင်နဲ့သုံးလေ့ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ဈေးဝယ်စင်တာတွေမှာ မက်ထရစ်စနစ်ကိုစတင်အသုံးပြုလာတာတွေ့ရပါတယ်။ ဒါကြောင့်အဲ့ဒီနိုင်ငံတွေမှာ ဈေးဝယ်ထွက်မယ်ဆိုရင်တော့ သူတို့နိုင်ငံတွေအလိုက်သုံးတဲ့ အတိုင်းအတာစနစ်တွေကို အရင်ဆုံးသိထားပြီးမှထွက်သင့်ပါတယ်နော်။

🇯🇵🇲🇲💵💵💵💵💵ဂျပန်ခေတ် မြန်မာ ရူပီး (Rupee) ပိုက်ဆံတွေ-၅ဆင့်-၁ရူပီး-၅ရူပီး-၁၀ရူပီး-၁၀၀ရူပီး-------------Thuta Plex
04/01/2023

🇯🇵🇲🇲

💵💵💵💵💵
ဂျပန်ခေတ် မြန်မာ ရူပီး (Rupee) ပိုက်ဆံတွေ
-၅ဆင့်
-၁ရူပီး
-၅ရူပီး
-၁၀ရူပီး
-၁၀၀ရူပီး

-------------
Thuta Plex

အာဂျင်တီးနားနိုင်ငံ La Plata မြို့ရဲ့ ဂြိုလ်တုဓာတ်ပုံ
23/11/2022

အာဂျင်တီးနားနိုင်ငံ La Plata မြို့ရဲ့ ဂြိုလ်တုဓာတ်ပုံ

🇦🇺 31 -0 🇦🇸ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ဂိုးရလာဒ်ဩစတြေးလျ 31-0 အမေရိကန်ဆာမိုအာ-----------------၂၀၀၂ခုနှစ် တောင်...
23/11/2022

🇦🇺 31 -0 🇦🇸

ကမ္ဘာ့ ဘောလုံးသမိုင်းမှာ အကြီးမားဆုံး ဂိုးရလာဒ်

ဩစတြေးလျ 31-0 အမေရိကန်ဆာမိုအာ

-----------------
၂၀၀၂ခုနှစ် တောင်ကိုးရီးယားနဲ့ ဂျပန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် Oceania Zone အရည်အချင်းစစ် ဘောလုံးပြိုင်ပွဲမှာ ဩစတြေးလျ အသင်းက အမေရိကန်ဆာမိုအာ အသင်းကို ၃၁ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

နိုင်ငံချင်းယှဥ်ပြိုင်တဲ့ ဘောလုံးပွဲစဥ်တွေမှာ အကြီးမားဆုံး ဂိုးရလာဒ်အနေနဲ့ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

--------------
၂၀၀၂ခုနှစ် ကမ္ဘာ့ဖလား Oceania Zone အရည်အချင်းစစ် ဘောလုံးပွဲစဥ်မှာ ဩစတြေးလျအသင်းက အုပ်စုအသင်းတွေဖြစ်တဲ့

-အမေရိကန် ဆာမိုအာအသင်း ကို (31-0)
-တွန်ဂါအသင်း ကို ( 22-0 )
-ဆာမိုအာအသင်း ကို (11-0 )
-ဖီဂျီအသင်း ကို (2-0 ) နဲ့ အနိုင်ရပြီး အုပ်စုတက်သွားပါတယ်။

ဒါပေမဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပွဲကိုတော့ ဝင်ခွင့်မရခဲ့ပါဘူး။

----------------------
အမေရိကန် ဆာမိုအာက ဘာလို့ ခွက်ခွက်လန်အောင် ရှုံးသွားခဲ့ရတာလဲ။

-လက်ရွေးစင်အသင်းထဲက အားကစားသမားအများစုက နိုင်ငံကူးလက်မှတ် ပြဿနာရှိတာကြောင့် လက်ရွေးစင် အားကစားသမား တစ်ယောက်တည်း ပွဲမှာ ဝင်ကန်ခွင့် ရခဲ့ပါတယ်။

-တခြား အရန် အားကစားသမားတွေကလည်း ကျောင်းစာမေးပွဲရှိလို့ ဝင်မကစားနိုင်ခဲ့ပါဘူး။

-ဘောလုံးပွဲမှာ ဝင်ကစားပေးခဲ့တဲ့ တချို့ ဘောလုံးသမားတွေကလည်း မိနစ် ၉၀ ပြည့်အောင်တောင် ဘောလုံးမကန်ဖူးကြပါဘူး။

အဲ့လိုနဲ့ပဲ မိနစ် ၈၀ အတွင်း ၃၁ဂိုး အသွင်းခံလိုက်ရတာပါပဲ။

ပွဲက ၃၂ဂိုးနဲ့ အဆုံးသတ်ခဲ့ပေမဲ့ အားကစားသမားတွေ အရှက်သိပ်မရသွားအောင် ၃၁ဂိုးလို့ပဲ သတ်မှတ်ပေးခဲ့ပါတယ်။

--------------------

ဗဟုသုတ အတိုအထွာတွေကို အမြဲဖတ်ရှုနိုင်ဖို့ Thuta Thuta Plex ကို like and follow လုပ်ထားနိုင်ပါတယ်။

ကမ္ဘာ့တိုက်ကြီးတွေရဲ့အကောင်းဆုံး အမျိုးသားဘောလုံးအသင်းများ------------------------Fifa ရဲ့  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်...
22/11/2022

ကမ္ဘာ့တိုက်ကြီးတွေရဲ့အကောင်းဆုံး အမျိုးသားဘောလုံးအသင်းများ
------------------------

Fifa ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ ထုတ်ပြန်ထားတဲ့ စာရင်းဖြစ်ပါတယ်။
------------------------
တောင်အမေရိကတိုက်- ဘရာဇီး (ကမ္ဘာ့အဆင့် ၁)

ဥရောပတိုက်- ဘယ်ဂျီယံ (ကမ္ဘာ့အဆင့် ၂)

မြောက်အမေရိကတိုက်- မက္ကဆီကို (ကမ္ဘာ့အဆင့် ၁၃)

အာဖရိကတိုက်- ဆီနီဂေါ (ကမ္ဘာ့အဆင့် ၁၈)

အာရှတိုက်- အီရန် (ကမ္ဘာ့အဆင့် ၂၀ )

ဩစတြေးလျတိုက် - ဩစတြေးလျ (ကမ္ဘာ့အဆင့် ၃၈)

------------
မြန်မာ (ကမ္ဘာ့အဆင့် ၁၅၈)
-------------
ဗဟုသုတတွေကို လိုရင်းတိုရှင်း တင်ဆက်ပေးနေတဲ့ Thuta Plex ကို like and follow လုပ်ပြီး အားပေးနိုင်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံ ၈ နိုင်ငံ--------------------ဘရာဇီး 🇧🇷- (၅)ကြိမ်-ဂျာမနီ🇩🇪-  (၄)ကြိမ်-အီတလီ🇮🇹 - (၄)ကြိမ်-အာဂျင်တီးနား...
21/11/2022

ကမ္ဘာ့ဖလား ချန်ပီယံ ၈ နိုင်ငံ
-------------------
-ဘရာဇီး 🇧🇷- (၅)ကြိမ်
-ဂျာမနီ🇩🇪- (၄)ကြိမ်
-အီတလီ🇮🇹 - (၄)ကြိမ်
-အာဂျင်တီးနား🇦🇷 - (၂)ကြိမ်
-ဥရုဂွေး🇺🇾 - (၂)ကြိမ်
-ပြင်သစ်🇫🇷 - (၂)ကြိမ်
-အင်္ဂလန်🏴󠁧󠁢󠁥󠁮󠁧󠁿 - (၁)ကြိမ်
-စပိန်🇪🇸 - (၁)ကြိမ်

----------
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ မှာ ဥရုဂွေးနိုင်ငံမှာ စပြီး လေးနှစ်တစ်ကြိမ် ကျင်းပခဲ့ပါတယ်။ ကြားထဲမှာ ဒုတိယကမ္ဘာစစ်ဖြစ်သွားတာကြောင့် ၁၉၄၂ ပွဲ နဲ့ ၁၉၄၆ ပွဲ တွေကို ရပ်နားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ (၂၁)ခါ ကျင်းပပြီးခဲ့တဲ့ အထဲမှာ ဘရာဇီးက အအောင်မြင်ဆုံးဘောလုံးအသင်း အဖြစ် ရှိနေပါတယ်။
ပြင်သစ်က လက်ရှိ ချန်ပီယံနိုင်ငံ ဖြစ်နေပါတယ်။

------------
ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံနိုင်ငံအသစ်တစ်ခု ထပ်ပေါ်လာမလား၊ ခုရှိပြီးသား ချန်ပီယံနိုင်ငံတွေထဲကပဲ အနိုင်ထပ်ရမလား ဆိုတာ စောင့်ကြည့်ကြရအောင်။

---------
Thuta Plex
ဗဟုသုတတွေကို အမြဲတင်ဆက်ပေးနေတဲ့ ThutaPlex ကို like and follow လုပ်ပြီး အားပေးနိုင်ပါတယ်။

Address

Sagaing

Alerts

Be the first to know and let us send you an email when Thuta Plex posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share