မြစကြာကျောင်းတိုက် စစ်ကိုင်း MyaSakkyar Monastery Sagaing Myanmar

မြစကြာကျောင်းတိုက် စစ်ကိုင်း  MyaSakkyar Monastery Sagaing Myanmar

Share

Most of the Videos are uploaded that concerned with Sangha (Bhikkhus, Monks and Novices) from this Monastery. You can learn & enjoy freely to know about us.

မြစကြာကျောင်းတိုက်(စစ်ကိုင်း)ဂဏဝါစကစာချအဖွဲ့မှ ကျောင်းတိုက်ပညာရေး နှင့် ဆက်စပ်သည်များကို မျှဝေပါသည်..
ဆက်သွယ်ရန်ဖုန်းနံပါတ်-
09402659720 ၊ 09777500969၊ 092020977၊ 09459919915၊ 09789559659 စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မြစကြာကျောင်းတိုက်၏ တရားဝင်ချန်နယ်ဖြစ်ပါသည်။ မြစကြာကျောင်းတိုက်မှ ဆရာတော်များ၊ သံဃာတော်များ၊ ရှင်သာမဏေ ကိုရင်များ နှင့် သက်ဆိုင်သော ဗွီဒီယိုများကို တင်ပါသည်။ မြစကြာနှင့် ပတ်သက်

Photos from မြစကြာကျောင်းတိုက် စစ်ကိုင်း  MyaSakkyar Monastery Sagaing Myanmar's post 20/06/2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၄) ရက်၊ (၁၉-၄-၂၀၂၆) တနင်္ဂနွေနေ့
မုံရွာမြို့အလုံရပ်
ဒက္ခိဏာရုံကျောင်းတိုက်ကို
မြစကြာနာယကအဆက်ဆက်အား
အပ်နှံလှူဒါန်းခြင်း

ဒက္ခိဏာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသြသဓက မြစကြာကျောင်းတိုက် မဟာနာယကဆရာတော် ဘဒ္ဒန္ဒဣန္ဒာစာရာဘိဝံသအမှူးရှိသော မြစကြာနာယကအဆက်ဆက်အား လှူဒါန်းပါသည်။

''အလုံသာသနာ မြှင့်တင်ဖို့''

မုံရွာနယ် အလုံရပ်
ဂုဏ်ဒြပ် သမိုင်းဝင်။
ဆရာတော် ဦးသြသဓ
မနောလှဖြူစင်။
အနာဂတ်ရေး တွေးဆင်ခြင်
သွေးသစ်ယှဉ် ပြုပြင်စို့။
ဒဏ္ခိဏာရုံ
အသိသဒ္ဓါအစုံ ဖြာလက်လို့ရယ်
သာထက်စေဖို့။

စကြာဘုန်းနွယ်
(၂၀-၆-၂၀၂၆) နံနက် ၆း၄၀

Photos from မြစကြာကျောင်းတိုက် စစ်ကိုင်း  MyaSakkyar Monastery Sagaing Myanmar's post 04/06/2026

၁၃၈၈-ခုနှစ်၊ နယုန်လပြည့်ကျော် (၅) ရက်၊ (၄-၆-၂၀၂၆) ကြာသပတေးနေ့ ။
ပထမပြန်စာမေးပွဲ အောင်ဂေဇက်ထွက်သည်။
စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်မှ
#အထူးအောင်သံဃာတော်များ

#ပထမကြီးတန်း
၁။ အရှင်ဣန္ဒာစရိယာလင်္ကာရ (ပထမကျော်)
(ဓာတ်တော်သပြေ၀န်းရွာ၊ကျောက်ဆည်မြို့)
၂။ အရှင်ကဝိတေဇာလင်္ကာရ (ဒုတိယဂုဏ်ထူး)
(ဘူးတောင်းရွာ၊မင်းတုန်းမြို့)
၃။ အရှင်ဝီရာနန္ဒာလင်္ကာရ (တတိယဂုဏ်ထူး)
(မင်းကွန်း၊စစ်ကိုင်းမြို့)

#ပထမလတ်တန်း
၁။ အရှင်ကောဝိဒါလင်္ကာရ(ဒုတိယဂုဏ်ထူး)
(ပင်သာ၊ဟုမ္မလင်း)
၂။ အရှင်သကျဝံသာလင်္ကာရ(တတိယဂုဏ်ထူး)
(ရင်းရှည်ရွာ၊ရေကြည်မြို့)

“မြစကြာဖွား အထူးအောင်ငါး”

ပထမကျော် ၁၇ပါးမြောက်
ထွန်းတောက်ခဲ့ အာဇာနည်။
အထူးအောင် အရှင်မြတ်ငါး
ပေါက်ဖွားသာကီ။
စကြာသွေးတို့ ရဲရဲနီ
ရှေ့ဆက်ချီမယ့် ဘာမထီတေး။
သာသနာ
ရောင်အဝါ အစွမ်းမြှင့်ဖို့ကွယ်
ထမ်းပင့်စို့လေး။

စကြာဘုန်းနွယ်
(၄-၆-၂၀၂၆)
နံနက် ၈:၀၀

Photos from ဦးစန္ဒာသိရီ စာမေးပွဲမှတ်စု's post 03/06/2026

🙏🙏🙏

Photos from မြစကြာကျောင်းတိုက် စစ်ကိုင်း  MyaSakkyar Monastery Sagaing Myanmar's post 31/05/2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် (၁) ရက်၊ (၃၁-၅-၂၀၂၆) တနင်္ဂနွေနေ့
စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်
စာသင်တိုက်ပုံဖော်ခြင်း
(၃၄) နှစ်ပြည့်
ကျောင်းတိုက်နေ့

အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်
မဟာနာယကဆရာတော်ကြီး (၆) ပါး၊
အနုနာယကဆရာတော် (၂) ပါးတို့ကို
လှူဖွယ်ပစ္စည်းများလှူဒါန်းပူဇော်ကြပါသည်။

မန္တလေးမြို့၊
ဦးတာတေ+ ဒေါ်ကြင်စိန်
(သား) ဦးသန်းလွင်၊ (သမီး) ဒေါ်ညွန့်ညွန့်စန်း၊
(သမီး) ဦးသန့်ဇင်ဦး+ ဒေါ်ခင်ချိုမာ၊
(သမီး) ဦးမြင့်ထွန်း+ ဒေါ်ကြူကြူနိုင်၊
(သား) ဦးစိုးနိုင်+ ဒေါ်ထားထားအောင်မိသားစုတို့က
ဒေါ်ညွန့်ညွန့်စန်းမွေးနေ့ ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။

''သုံးဆယ့်လေး ရုန်းတဲ့သွေး အပြုံးနဲ့ရေး''

စာသင်တိုက်ပုံဖော် သုံးဆယ့်လေး
ရုန်းတဲ့သွေးတို့ မမေ့တယ်။
ခက်ခဲပစေ ဇွဲနဲ့ဖောက်
လက်တွဲလျှောက်မယ်။
ကြယ်ကလေးတို့ ပဝင်းသွယ်
လမင်းသဖွယ် ပြုံးအလှ။
မြေးမြစ်နွှယ်
သွေးသစ်ချယ် အောင်စည်ယွန်းလို့ရယ်
မော်ကွန်းတင်ကြ။

စကြာဘုန်းနွယ်
(၃၁-၅-၂၀၂၆)
နေ့ ၄း၁၁

Photos from မြစကြာကျောင်းတိုက် စစ်ကိုင်း  MyaSakkyar Monastery Sagaing Myanmar's post 28/05/2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း (၁၃) ရက်၊ (၂၈-၅-၂၀၂၆) ကြာသပတေးနေ့
(၁၂၀) ကြိမ်မြောက် နယုန်လ စာလျှောက်မေးခမ်း
စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်မှ
အောင်စာရင်း

ကျမ်းပြီး
၁။ ဦးစန္ဒိမာလင်္ကာရာဘိဝံသ (အောင်စဉ်-၁)
၂။ ဦးဆေကိန္ဒာလင်္ကာရာဘိဝံသ (အောင်စဉ်-၂)
၃။ ဦးနာဂိတာလင်္ကာရာဘိဝံသ (အောင်စဉ်-၄)

နှစ်ကျမ်း
၁။ ဦးကောဏ္ဍညာလင်္ကာရ (မ၊ ပြီး၊ အောင်)
၂။ ဦးပညာနန္ဒာလင်္ကာရ (ပြီး၊ မ၊ အောင်)

တစ်ကျမ်း
၁။ ဦးဂုဏတေဇာလင်္ကာရ (မ ၊ မ၊ အောင်)
၂။ ဦးနန္ဒိယာလင်္ကာရ (မ ၊ မ၊ အောင်)

စာသင်တန်း
၁။ ဦးဓမ္မရတာလင်္ကာရ (အောင်စဉ်-၁)
၂။ ဦးကဝိသာရာလင်္ကာရ (အောင်စဉ်-၂)
၃။ ဦးသုမနသာမီလင်္ကာရ (အောင်စဉ်-၃)
၄။ ဦးစန္ဒသူရိယာလင်္ကာရ (အောင်စဉ်-၄)
၅။ ဦးကိတ္တဇဝါလင်္ကာရ (အောင်စဉ်-၆)
၆။ ဦးဉာဏဝံသာလင်္ကာရ (အောင်စဉ်-၇)
၇။ ဦးဓမ္မာစာရာလင်္ကာရ (အောင်စဉ်-၈)

''လောကဓံတိမ်ကိုခွင်း ထိန်လင်းလိုက်ပါ''

သကျသီဟ
ပီသတဲ့ တပည့်တွေ။
စာချသင် မြစခန်း
အလှပန်းရွှန်းဝေ။
စကြာသွေးတို့ လင်းလက်နေ
အဆင်းအတက်တွေ စုံလင်ပေါ့။
မနောမှန်
လောကဓံ တိမ်ကိုခွင်းလို့ရယ်
ထိန်လင်းပေတော့။

စကြာဘုန်းနွယ်
(၂၈-၅-၂၀၂၆) ည ၇း၂၀

Photos from ပရိယတ္တိ သာသနဟိတ အသင်းကြီး၊ မန္တလေးမြို့'s post 28/05/2026

🙏🙏🙏

Photos from စကွာရတနာ SakkyaYadana's post 23/05/2026

🙏🙏🙏

Want your school to be the top-listed School/college in Sagaing?

Click here to claim your Sponsored Listing.

Location

Telephone

Address

TaungYoe Street, ThaueTarPan Quarter
Sagaing
02371