Sagaing University Students' Union -စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Sagaing University Students' Union -စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Share

ဤpageမှာ စစ်ကိုင်းတက္ကသိုလ် ကျောင်းသား?

Photos from Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ်'s post 06/11/2022

🍁ကျောင်းအပ်နှံခြင်း အစီအစဉ် (တတိယအသုတ်) အား ကြေငြာခြင်း🍁🌄

—— —— —— —— —— —— —— —— —— —— —— ——

✅မြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ ဖွင့်လှစ်သင်ကြားမယ့် Formal Courses ပုံမှန်သင်တန်းများထဲမှ ဒုတိယအသုတ်အနေဖြင့် ဘာသာရပ် (၆)ခုအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် စတင်လက်ခံပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

✅ တတိယအသုတ်အနေဖြင့် ဖွင့်လှစ်သင်ကြားမည့်ဘာသာရပ်များ

📖ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်များ
1)Mathematics
2)Physics
3)Biotechnology
4)Microbiology

📖စီးပွါးရေးဘာသာရပ်များ
1)Statistics
2) population Studies

✅ ကျောင်းအပ်နှံခြင်းအစီအစဉ် (တတိယအသုတ်)ကို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၉) ရက်နေ့အထိ လက်ခံသွားမှာ ဖြစ်ပြီး ဖော်ပြပါ ဘာသာရပ်များအား အထူးပြုတက်‌ရောက်ခဲ့သော နေ့သင်တန်း နောက်ဆုံးနှစ် (၂၀၂၀ တက်လက်စ second semester သာကျန်) CDM ကျောင်းသား ၊ ကျောင်းသူများ အပ်နှံနိုင်ပါတယ်။

✅ကျောင်းအပ်နှံခြင်းကို Myanmar Education System (MES) ပေါ်တွင် လာရောက်စာရင်းသွင်းပြီး အခမဲ့အပ်နှံရမှာဖြစ်ပါတယ်။

စာရင်းသွင်းကျောင်းအပ်ရမည့် link >>> https://mes.moeedu.org/he-register

✅Myanmar Education System (MES) ဆိုတာဘာလဲ >>> https://www.facebook.com/mnou2022/videos/1362991020900286/

✅ Myanmar Educational System (MES) မိတ်ဆက် Post Link 👉https://fb.watch/gjyHpCqcTv/

✅MES တွင် ကျောင်းအပ်သွင်းရမည့်ပုံစံ video >>> https://www.facebook.com/mnou2022/videos/650719946759045/

ပထမအသုတ်ခေါ်ယူမှု >>> https://www.facebook.com/100086498222883/posts/117596321133642/

ဒုတိယအသုတ်ခေါ်ယူမှု >>> https://www.facebook.com/100086498222883/posts/120894064137201/

https://www.facebook.com/100086498222883/posts/123518987208042/

Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
#မြန်မာ့နွေဦးတက္ကသိုလ်

Photos from Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ်'s post 26/10/2022

🌄🍁ကျောင်းအပ်နှံခြင်း အစီအစဉ် (ဒုတိယအသုတ်) အား ကြေငြာခြင်း🍁🌄

—— —— —— —— —— —— —— —— —— —— —— ——

✅မြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ ဖွင့်လှစ်သင်ကြားမယ့် Formal Courses ပုံမှန်သင်တန်းများထဲမှ ဒုတိယအသုတ်အနေဖြင့် ဘာသာရပ် (၁၂) ခုအား စတင်လက်ခံပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

✅ ဒုတိယအသုတ်အနေဖြင့် ဖွင့်လှစ်သင်ကြားမည့်ဘာသာရပ်များ

🍁ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များ
(၁) Botany
(၂) Zoology
(၃) Library and Information Studies
(၄)Industrial Chemistry

🍁Art and Culture
(၁) Music
(၂) Dramatic Arts
(၃) Painting
(၄) Sculpture
(၅) Cinema and Drama

🍁Economics
(၁) Accounting
(၂) Commerce
(၃) Business Administration

✅ ကျောင်းအပ်နှံခြင်းအစီအစဉ် (ဒုတိယအသုတ်)ကို ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၁၂) ရက်နေ့အထိ လက်ခံသွားမှာ ဖြစ်ပြီး ဖော်ပြပါ ဘာသာရပ်များအား အထူးပြုတက်‌ရောက်ခဲ့သော နောက်ဆုံးနှစ် CDM ကျောင်းသား ၊ ကျောင်းသူများ အပ်နှံနိုင်ပါတယ်။

✅ကျောင်းအပ်နှံခြင်းကို Myanmar Education System (MES) ပေါ်တွင် လာရောက်စာရင်းသွင်းပြီး အခမဲ့အပ်နှံရမှာဖြစ်ပါတယ်။

စာရင်းသွင်းကျောင်းအပ်ရမည့် link >>> https://mes.moeedu.org/he-register

✅Myanmar Education System (MES) ဆိုတာဘာလဲ >>> https://www.facebook.com/mnou2022/videos/1362991020900286/

✅ Myanmar Educational System (MES) မိတ်ဆက် Post Link 👉https://fb.watch/gjyHpCqcTv/

✅MES တွင် ကျောင်းအပ်သွင်းရမည့်ပုံစံ video >>> https://www.facebook.com/mnou2022/videos/650719946759045/

ပထမအသုတ်ခေါ်ယူမှု >>> https://www.facebook.com/100086498222883/posts/117596321133642/

Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU)
#မြန်မာ့နွေဦးတက္ကသိုလ်

20/06/2022

ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂအနေနဲ့ ထုတ်ပြန်ချက်နှင့်အခြားသောကြေညာစာများ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် ကျောင်းသားပြည်သူများထဲမှကွန်ပျုတာကျွမ်းကျင်သောvolunteerအနေဖြင့်ကူညီဆောင်ရွတ်နိုင်မည့်သူလိုအပ်နေပါတယ်ဗျ ပူးပေါင်းကူညီနိုင်မယ့်သူများရှိရင် ကျွန်ုပ်တို့သမဂ္ဂpageထံလာရောက်ဆက်သွယ်ပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ

#စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

20/06/2022

စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ နေ့သင်တန်း(day)တတ်နေသော လောက်ကောင်များနှင့်စပ်လျဥ်း၍သဘောထားထုတ်ပြန်ကြေညာချက်

#စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

07/06/2022

အခုလို‌‌ကျောင်းဖွင့်နေတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ကျောင်းခိုးတတ်နေတဲ့ဘောမလောက်ကောင်တွေအတွက်ပြတ်သားတဲ့ထုတ်ပြန်ချက်ထုတ်ဖို့အတွက် အခက်ခဲအမျိုးမျိုးကြောင့်နှောင့်နှေးနေသည့်အတွက် CDMကျောင်းသား/သူများကိုတောင်းပန်ပါရစေဗျ အခုလိုခွေးကျွန်ပညာရေးမှာ ခွေးဖွင့်တဲ့ခွေးကျောင်းတတ်နေသည့်ခွေးနောက်လိုက်များအတွက်ထုတ်ပြန်ချက်ထုတ်ဖို့ဆောင်ရွတ်နေပါတယ်ဗျ

#စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

09/05/2022

အမိန့်ထုတ်ပြန်ကြေညာချက်

မေတ္တာရပ်ခံခြင်း ။ ။ ရူပဗေဒ နေရာမှာ သင်္ချာ ဟုပြောင်းလဲဖတ်ပေးပါရန်။

#စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Photos from Sagaing University Students' Union -စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ's post 09/03/2022

◾ ကျောင်းသားသမဂ္ဂများ ထုတ်ပြန်ကြေညာချက်။

"စစ်ဝါဒီတို့လက်မှ တရားမျှတမှုကို တောင်းယူ၍မရ၊ တိုက်ယူကြ"

မတ်လ (၉) ရက်၊ ၂၀၂၂ ခုနှစ်။

Photos from Sagaing University Students' Union -စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ's post 04/01/2022

တော်လှန်ရေးအင်အားစုများ၏သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂)

၁၉၇၀-၇၇ နှစ်များအတွင်း ကမ္ဘောဒီးယားတွင်ခမာနီတပ်မှူးတစ်ဦးအဖြစ် “Killing Fields” မှတ်တမ်း ရုပ်ရှင်ထဲကအတိုင်း အပြစ်မဲ့ခမာပြည်သူသန်းနှင့်ချီ သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူတစ်ဦးအဖြစ် နိုင်ငံတကာအစိုးရများကရှုမြင်ခံထားရသူ၊ ၁၉၉၃ ရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲအာဏာတပ်မက်သူ၊ ဒု-ဝန်ကြီးချုပ်အဖြစ်မကျေနပ်ဘဲ ၁၉၉၇တွင် အာဏာသိမ်းခဲ့သူ၊ကမ္ဘာကျော် “Killing Fields“ ရုပ်ရှင်ကား ထဲကအတိုင်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီကို အားပေးအားမြှောက်လုပ်နေ သူ၊ တရုတ်အစိုးရ၏လက်ဝေခံ နောက်လိုက်တစ်ဦးဖြစ်သည့်အပြင် အာဏာကိုအလွန်အမင်းတပ်မက်ပြီး မဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူ၊ ၂၀၁၈တွင် ကမ္ဘောဒီးယား၏ အတိုက်အခံနိုင်ငံရေးပါတီကိုဖျက်သိမ်းပြီး တစ်ပါတီအာဏာရှင်စနစ်ကို သိက္ခာမဲ့စွာ ပြန်လည်အသက်သွင်းခဲ့သူ၊ ကမ္ဘောဒီးယားပြည်သူများအပေါ် နည်းမျိုးစုံဖြင့်ဖိနှိပ်ပြီး အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အဓိကတာဝန်ရှိသူဟု ကမ္ဘာတွင်နာမည်ဆိုးဖြင့်ကျော်ကြားသူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာပြည်သူတစ်ရပ်လုံး၏ သဘောဆန္ဒနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေသည့်အပြင် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သော အစုလိုက်အပြုံလိုက် ဖမ်းဆီးမီးရှို့ သတ်ဖြတ်မှုများကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ဆက်တိုက်ကျူးလွန်နေသည်။ ဤသို့သော အခြေအနေတွင် အာဆီယံအလှည့်ကျဥက္ကဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သူဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် အာဆီယံ၏ဘုံသဘောတူညီချက် (၅) ချက်တွင်ပါဝင်သော မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်များ မရရှိသေးဘဲ သွားရောက်မည် ဖြစ်သည့်အတွက် အာဆီယံ၏ ဘုံသဘောတူညီချက်(၅)ချက်နှင့် ကိုက်ညီခြင်း မရှိသည့်အပြင် လူသတ်အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော လုပ်ရပ်များကို ကူညီဖုံးကွယ်ပေးပြီး၊ လူသတ်အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆန့်စေရန် ကြိုးပမ်းမှုသာဖြစ် သည်။

သို့ဖြစ်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် “လူသတ်အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီမည့် ဟွန်ဆန်” မြန်မာနိုင်ငံတွင် လုံးဝ ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ၏ သဘောထားကို အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။

“မြန်မာနိုင်ငံတွင် “ဟွန်ဆန်” လုံးဝခြေချခွင့်မရစေရ”







**kthecoup

03/01/2022

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”

လွတ်လပ်ရေးနေ့ လှုပ်ရှားမှုများ

◾တစ်နိုင်ငံလုံးမလွတ်လပ်သေးဘူး

မလွတ်လပ်သေးတဲ့ ဖက်ဆစ်စစ်တပ်၏ အုပ်ချုပ်မှုလက်အောက်တွင်ကျရောက်နေသည့် အချိန်ကာလဖြစ်၍ ၁.၄.၂၀၂၂ ရက်နေ့တွင် တိုင်းပြည်အတွင်း ကျင်းပမည့် မည်သည့်လွတ်လပ်ရေးအထိမ်းအမှတ်ပွဲကိုမှ မပါဝင်ကြရန်။

◾စာကပ် စာချကြမယ်

လွတ်လပ်ရေးနေ့တွင် တနိုင်ငံလုံးက လူထုမှ လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါ စာသားများ ရေးသား၍ ဈေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေချိန်တွင် လမ်းမပေါ်များ အများပြည်သူနေရာများတွင် ကျဲချခြင်း၊ နံရံများတွင် ကပ်ထားခြင်းများ ပူးပေါင်းဆောင်ရွက်ကြရန် (ကြွေးကြော်သံမရွတ်ဘဲ ကြွေးကြော်သံများ လမ်းမှာပြန့်ကျဲ၍ စစ်အာဏာရှင်အပေါင်း ကြားစေရမည်။)

စာသားများ - “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ”၊ “မအလ မအလ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ “လုံးဝအုပ်ချုပ်ခွင့်မရစေရ”၊ “တော်လှန်ကြ”၊ “ရုန်းထွက်ကြ” စသည်ဖြင့် နွေဦးတော်လှန်ရေးကာလတလျှောက်လုံး သုံးခဲ့သော ကြွေးကြော်သံများအား အသုံးပြုနိုင်သလို မိမိရေးသားချင်သည်များလည်း ရေးသားပြီး စာချ၊ စာကပ်သပိတ်တွင် ပါဝင်နိုင်ပါသည်။

◾လွပ်လပ်ရေးရင်ရရင် ဘာလုပ်မယ်
'sWrite

မလွတ်လပ်သေးသည့် အနာဂတ်ပျောက်ဆုံးနေသော နိုင်ငံတော်အတွင်းမှ လွတ်လပ်လာမည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လှမ်းမျှော်သည့် စာတိုရေးသားကာ လွတ်လပ်ရေးနေ့အတွက် ရည်ရွယ်၍ ရေးဆွဲထားသော ဓာတ်ပုံတစ်ပုံနှင့်အတူ မိမိတို့ လူမှုကွန်ရက်အကောင့်များမှ #သူ့ကျွန်ဘဝကလွတ်ခဲ့ပြီစစ်ကျွန်ဘဝကရုန်းထွက်ကြ #4122 #၄၁၂၂ စသည့် hashtag များသုံး၍ တင်ကြရန်။

ထိုစာသားများအား စုဆောင်း၍ (၇၄)ကြိမ်မြောက် လွတ်လပ်ရေး လူထုလှုပ်ရှားမှုများအဖြစ် မှတ်တမ်းတင်ပြီး သတင်းမီဒီယာများမှ ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်သည်။ ဓာတ်ပုံများအား GSCB စာမျက်နှာ chat box တွင်​ပေးပို့နိုင်ပြီး သက်ဆိုင်ရာ အစုအဖွဲ့များမှ ၄. ၁. ၂၀၂၂ ရက်နေ့ မနက်တွင် တင်ပေးသွားကြမည်ဖြစ်ပြီး မီဒီယာများမှလွတ်လပ်စွာယူသုံးနိုင်ပါသည်။

“ကျွန်ုပ်တို့ရဲ့ အနာဂတ်မျှော်ရည်တဲ့ စာသားများမှတဆင့် ကျွန်ုပ်တို့လိုလားတဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေဆီကို ဖော်ဆောင်သွားကြပါစို့။”

#ရွှေရည်စိမ်လွတ်လပ်ရေးအလိုမရှိ
#သူ့ကျွန်ဘဝကလွတ်ခဲ့ပြီစစ်ကျွန်ဘဝကရုန်းထွက်ကြ
#အရေးတော်ပုံအောင်ရမည်


'sWrite
#4122
#၄၁၂၂

Photos from Student Union Representatives Committee - SURC's post 24/12/2021

သို့
အထွေထွေအတွင်းရေးမှူးချုပ်
ကုလသမဂ္ဂအဖွဲ့ချုပ်

အကြောင်းအရာ။ ။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် No-flight Zone သတ်မှတ်ပေးရန်တောင်းဆိုခြင်း

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ၌ အကြမ်းဖက်စစ်တပ်မှ ဒီမိုက‌ရေစီအစိုးရကို ဖြုတ်ချအာဏာသိမ်းယူခဲ့ပါသည်။ ပြည်သူများတခဲနက်ဆန့်ကျင်ဆန္ဒပြမှုများကိုလည်း အကြမ်းဖက်စစ်တပ်မှ ရက်စက်စွာအကြမ်းဖက်ဖြိုခွင်းခဲ့၍ လူပေါင်းများစွာဒဏ်ရာရအသက်ဆုံးရှုံးခဲ့ပါသည်။
ယခုလက်ရှိတွင် မြန်မာပြည်သူများသည် နိုင်ငံအနှံအပြားတွင် နှစ်ပေါင်း(၇၀)ကျော်ကြာ လက်နက်အားကိုးဖြင့် အကြမ်းဖက်အုပ်ချုပ်ခဲ့သောစစ်တပ်‌အား မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ဖြင့် တော်လှန်နေကြရပါသည်။ နှစ်ပေါင်းများစွာဖိနှိပ်အနိုင်ကျင့်မှုကိုတွန်းလှန်နေသော တိုင်းရင်းသားအဖွဲ့အစည်းများမှလည်း တော်လှန်ရေးတွင် ပူးပေါင်းကူညီပါဝင်နေကြပြီဖြစ်ပါသည်။
လက်ရှိတွင်လည်း အကြမ်းဖက်စစ်တပ်သည် နိုင်ငံအနှံ့ရှိရွာများ၊ မြို့များတွင် အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စစ်သုံ့ပန်းအဖြစ်အသုံးချခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း၊ ပြည်သူ့ပိုင်ဆိုင်မှုများ ခိုးယူဖျက်စီးခြင်း၊ ရွာလုံးကျွတ်မြို့လုံးကျွတ်မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူအုပ်စုလိုက်အား နှိပ်စက်သတ်ဖြတ်မြေမြှုပ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း စသည့် ဆိုးဝါးပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိပါသည်။
ထို့ပြင် နိုင်ငံအနှံ့အပြားတွင်လည်း အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများနေထိုင်သည့်နေရာများကို ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေပါသည်။ယမန်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တို့တွင် အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများအပေါ် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ပြုလုပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူများအပေါ် သတ်ဖြတ်မှု၊ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြုလုပ်နိုင်စေရန်အတွက် အောက်ပါအချက်များအား ထောက်ခံတောင်းဆိုပါသည်။

၁။ ဒီဇင်ဘာ(၂၀)ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်အား ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ ထောက်ခံပါသည်။ တောင်းဆိုချက်(ခ)ပါအချက်အား လည်း ကုလသမဂ္ဂအဖွဲ့ချုပ်မှ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။

၂။ ‌ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံးနီးပါး စစ်တပ်၏ အကြမ်းဖက်ထိုးစစ်ဆင်မှုများတွင် လေကြောင်းတိုက်ခိုက်မှုများအလွန်အသုံးပြု‌​သောကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခြင်း၊ စစ်ဘေးဒုက္ခရောက်ခြင်းတို့ ခံစားနေရပါသည်။ ထို့အပြင် ပြည်သူ့အိုးအိမ်များစွာ အဖျက်ဆီးခံရပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ဘက်ဆိုင်ရာလေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုအပ်ပါသည်။

ကျောင်းသားသမဂ္ဂများ

19/12/2021

(၈၃) နှစ်မြောက် "ကျောင်းသားနေ့" အထိမ်းအမှတ် ဟောပြောပွဲ
==============================

လာမယ့် ဒီဇင်ဘာလ (၂၀) ရက်နေ့ဟာ (၈၃) နှစ်မြောက် "ကျောင်းသားနေ့" ဖြစ်ပါတယ်။

(၁၉၃၈) ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ (၁၃၀၀) ပြည့်အရေးတော်ပုံနှင့် ဆက်စပ်လျက် ပေါ်ပေါက်ခဲ့တဲ့ တတိယ ကျောင်းသားသပိတ်အတွင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများနဲ့ အထက်တန်းကျောင်းသားပေါင်း တသောင်းကျော်ဟာနယ်ချဲ့တို့၏ အုပ်ချုပ်ရေးယန္တရား ဗဟိုချက်မ ဖြစ်တဲ့ အတွင်းဝန်များရုံးကို ပိတ်ဆို့၍ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေကြသော ကျောင်းသားများကို နယ်ချဲ့လက်ပါးစေ မြင်းစီး စစ်ပုလိပ်တို့က မြင်းနှင့်တိုက်၊ တုတ်နှင့်ရိုက်၍ ဖြိုခွင်းခဲ့ရာ ကျောင်းသားကျောင်းသူ (၇၄) ယောက် ဒဏ်ရာရရှိခဲ့သလို ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်ကျော်လည်း ဦးခေါင်းခွံ ကွဲအက်ကာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ (၂၂) ရက်နေ့မှာတော့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်ကျော်ဟာ ရရှိခဲ့တဲ့ ဒဏ်ရာ၊ ဒဏ်ချက်များနဲ့အတူ သူချစ်သော ရန်ကုန်တက္ကသိုလ်နဲ့ အမိမြေကို စွန့်ခွာပြီး ကျဆုံးသွားခဲ့ရပါတယ်။ ကျောင်းသားပြည်သူလူထုက ကိုအောင်ကျော်ကို "နေမျိုးသီဟသူရ ဗိုလ်အောင်ကျော်" ဘွဲ့ပေးပြီး အာဇာနည်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဗိုလ်အောင်ကျော်ရဲ့ ဈာပန အခမ်းအနားဟာ မကြုံဖူးလောက်အောင်ထိ လိုက်ပို့သူများနဲ့ စည်းကားခဲ့ပြီး အုတ်ဂူကိုလည်း ကြံတောသုဿန်မှာ မြှုပ်နှံခဲ့ကြပါတယ်။ တနိုင်ငံလုံး ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ်အနေနဲ့ တချိန်တည်းလို ဆွမ်းသွတ် အမျှဝေခဲ့ကြသလို အာဇာနည်ကိုအောင်ကျော်အကြောင်း ဖွဲ့နွဲ့စပ်ဆိုသော သီချင်းများလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ကျောင်းသားလောကနဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူလူထုကြီးဟာ နယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်မြောက်လိုတဲ့ စိတ်ဆန္ဒကြီးစွာ တိုးတက် ပေါ်ပေါ​က်ခဲ့ပါတယ်။

ဒါ့ကြောင့် ကျောင်းသားပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို တိုးတက်ဖြစ်ပေါ်စေခဲ့တဲ့ (၁၉၃၈) ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "ကျောင်းသားနေ့" အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ကျဆုံးသွားခဲ့သော ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်ကျော်ကို ဂုဏ်ပြုတဲ့အနေနဲ့လည်း "ဗိုလ်အောင်ကျော်" နေ့အဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။

စစ်အစိုးရအဆက်ဆက်မှာတော့ ကျောင်းသားတို့ရဲ့ မတရားမှုမှန်သမျှ ဆန့်ကျင်တော်လှန်လိုစိတ်ကို ချိုးနှိမ်ချင်တဲ့အတွက် သမိုင်းမှာ အစဉ်အလာကြီးခဲ့တဲ့ "ကျောင်းသားနေ့" ကို ဖျောက်ဖျက်ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။

သမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ (၈၃) နှစ်မြောက် "ကျောင်းသားနေ့" အထိမ်းအမှတ်အဖြစ် ဟောပြောပွဲတခုကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ စီစဉ်ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

ဟောပြောမည့်သူများ

၁။ မချောစုစံ (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်)

၂။ ကိုဝေယံဖြိုး(အထွေထွေအတွင်းရေးမှူး၊ စစ်ကိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

၃။ ကိုဗိုက်ပူ(ဗဟိုအလုပ်အမှုဆောင်၊ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

၎။ ကိုသန်းကျော်ဦး(ဥက္ကဌ၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)

အစီအစဉ်တင်ဆက်သူ

မမိုးထက်မြင့်ခေါင်
(မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

နေ့ရက် ။ တနင်္လါနေ့၊ (၂၀) ရက်၊ ဒီဇင်ဘာလ၊ (၂၀၂၁) ခုနှစ်

အချိန် ။ ည (၇) နာရီမှ ည (၈) နာရီ၊ မိနစ် (၃ဝ) အထိ

နေရာ ။ Facebook Live (ပိုစတာတွင် ဖော်ပြထားသော စာမျက်နှာများမှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)

"ဗိုလ်အောင်ကျော် ဟန်၊ ဗိုလ်အောင်ကျော် မာန် နှင့် အဆုံးသတ် လွတ်မြောက်ရေးသို့ ချီတက်ကြ"

#ကျောင်းသားနေ့
#ဗိုလ်အောင်ကျော်နေ့
#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

Want your school to be the top-listed School/college in Sagaing?

Click here to claim your Sponsored Listing.

Location

Website

Address

Monywa-Mandalay Road, Sagaing University
Sagaing