စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု

  • Home
  • Myanmar
  • Sagaing
  • စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ကျရှုံးရေး

"ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ"🤎🍀✊24.08.2026ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်...
25/08/2026

"ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ"🤎🍀✊

24.08.2026

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ✊💪

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့် မြို့နယ်တခုဖြစ်သည့်
ရွှေဘိုမြို့နယ်မှ ရေဘေးသင့်စစ်ရှောင်ပြည်သူများအား ကျွန်ုပ်တို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု မှတဆင့် ပြည်တွင်းပြည်ပအလှူရှင်များ၏ ကူညီထောက်ပံ့မှုနှင့်အတူ
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု နှင့်
ရွှေဘိုမြို့နယ် သပိတ်အင်အားစု Mobile Medical Team တို့ ပူးပေါင်း၍ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်ခဲ့သည်။

အခြားသော မြို့နယ်များတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုအပါဝင် ရိက္ခာများ၊ သောက်သုံးရေ၊ဓာတ်ဆားများ၊ ဆေးဝါးများ လိုအပ်လျက်ရှိပါသည်။
တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း
တိုက်တွန်းတောင်းဆိုအပ်ပါသည် ။

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

#ရွှေဘိုမြို့နယ်သပိတ်အင်အားစု

"လူထုထံမှလာ လူထုဆီသို့သွား ကူညီဖေးမမှုများ" 💜🍀ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုများ (23.8.20...
25/08/2026

"လူထုထံမှလာ လူထုဆီသို့သွား
ကူညီဖေးမမှုများ" 💜🍀

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား
ကူညီထောက်ပံ့မှုများ (23.8.2026) ✊💪

ပြည်တွင်းပြည်ပအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု နှင့်
ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်း၍
ရွှေဘိုမြို့နယ်မှ ရေဘေးသင့် ပြည်သူများဆီသို့ ရိက္ခာခြောက်များ၊ ဆန်များ အသင့်စားမုန့်များ၊ ခေါက်ဆွဲခြောက်များ၊ ဓာတ်ဆားများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို သွားရောက်ထောက်ပံ့ကူညီခဲ့ကြပါသည်

ယခုထက် ပိုမို ကူနိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။လက်ရှိတွင်လည်း အကူအညီများစွာ လိုအပ်လျက်ရှိနေသောကြောင့် ထောက်ပံ့ကူညီလှူဒါန်းပေးဖို့အတွက်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

#ရွှေဘိုမြို့နယ်သပိတ်အင်အားစု

"စာနာမှုများမှတဆင့် ချစ်ခြင်းတရားများဆီသို့" 🍀✊🤎ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုများ (23.8....
25/08/2026

"စာနာမှုများမှတဆင့် ချစ်ခြင်းတရားများဆီသို့" 🍀✊🤎

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား
ကူညီထောက်ပံ့မှုများ (23.8.2026) ✊💪

ပြည်တွင်းပြည်ပအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု နှင့်
ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်း၍
ရွှေဘိုမြို့နယ်မှ ရေဘေးသင့် ပြည်သူများဆီသို့ ရိက္ခာခြောက်များ၊ အသင့်စားမုန့်များ၊ ခေါက်ဆွဲခြောက်များ၊ ငါးသေတ္တာများ၊အမျိုးသမီးလစဥ်သုံး Pad များ
ကို သွားရောက်ထောက်ပံ့ကူညီခဲ့ကြပါသည်

ယခုထက် ပိုမို ကူနိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။လက်ရှိတွင်လည်း အကူအညီများစွာ လိုအပ်လျက်ရှိနေသောကြောင့် ထောက်ပံ့ကူညီလှူဒါန်းပေးဖို့အတွက်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

#ရွှေဘိုမြို့နယ်သပိတ်အင်အားစု

ရက်စွဲ၊ ၂၄ ရက်၊ ဩဂုတ်လ၊ ၂၀၂၆ခုနှစ်သို့ Ursula Von der Leyenဥက္ကဋ္ဌ၊ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ Maciej Popowski  ညွှန်ကြား...
24/08/2026

ရက်စွဲ၊ ၂၄ ရက်၊ ဩဂုတ်လ၊ ၂၀၂၆ခုနှစ်
သို့
Ursula Von der Leyen
ဥက္ကဋ္ဌ၊ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့

Maciej Popowski
ညွှန်ကြားရေးမှူးချုပ်၊ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန (ECHO)
ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့

မိတ္တူ -
ဥရောပသမဂ္ဂ ကောင်စီရုံး
ဥရောပသမဂ္ဂ လွှတ်တော်ရုံး

လေးစားအပ်ပါသော ဥက္ကဋ္ဌ von der Leyen နှင့် Mr. Popwski ခင်ဗျား/ရှင့်

မိမိတို့သည် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရဲဘော်များဖြစ်ကြပါသည်။ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အာဏာကို မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုမှ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်လူထုလှုပ်ရှားမှုဖြင့် ဆန့်ကျင်တော်လှန်နေသော သပိတ်ကော်မတီများ၊ သပိတ်အင်အားစုများ၊ ကျောင်းသားသမဂ္ဂများဖြင့် တိုင်းဒေသအဆင့်စုဖွဲ့ထားသော အင်အားစုတစ်ခုဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှစတင်၍ ပြည်သူများနှင့်အတူ အကြမ်းမဖက်လူထုလှုပ်ရှားမှုများဖြင့် စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းနိုင်ရေး အတွက် ယနေ့အချိန်အထိ တိုက်ပွဲဝင်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပြုလုပ်သည့်အပြင် ပြည်သူများအား နိုင်ငံရေးအသိပညာများမျှဝေခြင်း၊ လူ့အခွင့်အရေး စံတန်ဖိုးများ သိရှိနားလည်နိုင်စေရေးတို့အပြင် စစ်အုပ်စု၏ လေကြောင်းဒဏ်၊ သဘာဝဘေးဒဏ်များမှ ကာကွယ်ကူညီပေးနိုင်ရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။

ဥရောပ သမဂ္ဂမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံတွင် ယခု ၂၀၂၆ခုနှစ်၊ ဩဂုတ်လ၊ ၅ ရက်နေ့တွင် စစ်အုပ်စုလက်အောက်ခံ အကြမ်းဖက်စစ်သားများမှ စစ်ကိုင်းတိုင်းအတွင်းတည်ရှိသော သဖန်းဆိပ်ဆည် နှင့် ကာဘိုးဆည်များမှ ရေအများအပြားကို ပြည်သူလူထုထံသို့ ကြိုတင် သတင်းဖြန့်ဝေခြင်းမရှိဘဲ ရေအများအပြားကို ဖောက်ချခဲ့သည့်အတွက် ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် စသည့် မြို့နယ်များမှ ပြည်သူ ၁.၂ သန်းကျော် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်ကို သိရှိပြီး ဖြစ်မည်ဟု ယုံကြည်ပါသည်။

သဖန်းဆိပ်ဆည်နှင့် ကာဘိုးဆည်၏ စီမံဆောင်ရွက်မှုကိစ္စများအား စစ်အုပ်စုမှ ထိန်းချုပ်ထားပြီး ယခုလို ပြုလုပ်ခြင်းသည် သဘာဝဘေးကြောင့် ဖြစ်ခြင်းထက် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကြောင့် ဖြစ်သည်ဆိုခြင်းကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ ထို့အပြင် ခင်ဦးမြို့နယ်အတွင်း ရေဘေးဒုက္ခကြုံတွေ့နေရ၍ ကူညီကယ်ဆယ်ရေး ပြုလုပ်နေသော ပြည်သူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကိုပါ ပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုသည် စစ်အုပ်စုမှ လက်နက်အဖြစ်အသုံးချသည့် ရေဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့ (Emergency Response Team) အား ဖွဲ့စည်းကာ ပြည်သူလူထုအား အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ သို့သော် အကြမ်းဖက်စစ်အုပ်စုသည် ရေဘေးကူညီရေးအတွက် လှူဒါန်းနေသော ပြည်သူများအား ဖမ်းဆီးခြင်း၊ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းအား ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားထိပ်မှနေ၍ ရိက္ခာများ ဆေးဝါးများအား သိမ်းယူခြင်း၊ တင်ဆောင်လာသော ကားသမားများနှင့် ကားများအား ဖမ်းဆီးသိမ်းယူခြင်းတို့ကို ပြုလုပ်နေသည့်အတွက် မိမိတို့အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။

ယခုကဲ့သို့ ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့နေရသည့် ပြည်သူလူထုထံ ထိရောက်သည့်အရေးအပေါ်ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ရမည့်အစား အကြမ်းဖက်စစ်အုပ်စုမှ ကူညီဆောင်ရွက်မည့် ပြည်သူများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်း၊ ကူညီမည့် ပစ္စည်းများအား သိမ်းယူခြင်း၊ ရေဘေးသင့်ဒေသများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ကျူးလွန်လျက်ရှိသည်။ ဤကဲ့သို့လုပ်ရပ်များသည် လွန်စွာရက်စက်ယုတ်မာသော လူမဆန်သည့် လုပ်ရပ်များဖြစ်သည်ဟု မိမိတို့မှ မှတ်ယူပါသည်။ ၎င်းတို့နှင့် ပတ်သက်သူများသည်လည်း လူမဆန်သော လုပ်ရပ်များ၏ ကြံရာပါဖြစ်သည်ဟု မှတ်ယူပါသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဘေးဒုက္ခများကို ကိုယ်ချင်းစာသောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေ ယူရို (၁၀.၅) သန်းအား ထပ်မံပံ့ပိုးကူညီမည်ဟု ၂၀၂၆ခုနှစ်၊ ဩဂုတ်လ၊ ၁၃ ရက်နေ့တွင် ထုပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်မှတဆင့် သိရှိခဲ့ရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါသည်။ သို့သော် လူကြီးမင်းတို့၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ဆောင်ရွက်ရာတွင် လူသတ်စစ်အုပ်စုမှ တဆင့် ကူညီဆောင်ရွက်မှု မပြုလုပ်ရန်နှင့် အမှန်တကယ်လိုအပ်နေသော ပြည်သူများထံ အမြန်ဆုံးအချိန်နှင့် တပြေးညီ ထိရောက်မှုရှိစွာရောက်ရှိနိုင်ရန် ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ အစိုးအရအဖွဲ့ နှင့် ပြည်သူလူထုအား တရားဝင်ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရတို့နှင့် ပူးပေါင်းညှိနှိုင်း၍ နယ်စပ်အခြေပြုလမ်းကြောင်းများမှတဆင့် အကူအညီများပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုပါသည်။ အခြားသော ကူညီနိုင်မည့် အဖွဲ့အစည်းများရှိပါက အကူအညီများ ရယူနိုင်ရန်အတွက် လမ်းညွှန်ကူညီပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းတွင်သာမက ဧရာဝတီတိုင်း လေးမျက်နှာမြို့တွင်ပါ ရေဘေးဒုက္ခကြုံတွေ့နေရသည့်အတွက် ထိုဒေသနှစ်ခုတွင်ရှိသော ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး လေးမျက်နှာမြို့ရှိ ပြည်သူများအတွက်လည်း လိုအပ်သော အကူအညီများ ဖြစ်စေမည်ဟု မျှော်လင့်မိပါသည်။

ဥရောပ သမဂ္ဂမှ ခေါင်းဆောင်များအနေဖြင့် ကျန်းမာခြင်းများဖြင့် ပြည့်စုံကာ စိတ်ချမ်းသာစွာဖြင့် မိမိတို့ နေထိုင်ရာ ကမ္ဘာကြီးအတွက် ဆက်လက် စည်ပင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေကြောင်း ဆုမွန်းကောင်းတောင်းအပ်ပါသည်။

လေးစားစွာဖြင့်

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု
စကိုင်းတိုင်းဒေသ သပိတ်အင်အားစု၏ အဖွဲ့ဝင်များ
ရွှေဘိုမြို့နယ်
(၁) ရွှေဘိုမြို့နယ်သပိတ်အင်အားစု
ဝက်လက်မြို့နယ်
(၂)ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ရေဦးမြို့နယ်
(၃)ငြိမ်းချမ်းရေးစာသင်ခန်း
တန့်ဆည်
(၄)တန့်ဆည်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ဒီပဲယင်းမြို့နယ်
(၅)ဒီပဲယင်းမြို့နယ်သွေးသစ်သပိတ်ဦးဆောင်ကော်မတီ
ဘုတလင်မြို့နယ်
(၆)ဘုတလင်မြို့နယ်သပိတ်အင်အားစု
(၇)ဘုတလင်မြို့နယ်ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း
မုံရွာမြို့နယ်
(၈)မုံရွာမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
(၉)မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ
(၁၀)မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(၁၁)နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(မုံရွာ)
(၁၂)LGBT Alliance Myanmar
အရာတော်မြို့နယ်
(၁၃)အရာတော်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ချောင်းဦးမြို့နယ်
(၁၄)ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီ
စစ်ကိုင်းမြို့နယ်
(၁၅)စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစု
မြင်းမူမြို့နယ်
(၁၆)မြင်းမူမြို့နယ်သပိတ်အင်အားစု
မြောင်မြို့နယ်
(၁၇)မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ယင်းမာပင်မြို့နယ်
(၁၈)ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်
(၁၉)ယင်းမာပင်မြို့နယ်သပိတ်အင်အားစု
(၂၀)သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ဦးဆောင်ကော်မတီ
(၂၁)လူငယ့်အားမာန်သပိတ်အင်အားစု
(၂၂)အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်ဦးဆောင်ကော်မတီ
(၂၃)အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်ဦးဆောင်ကော်မတီ
(၂၄)ကယ်တင်ရှင်မရှာဒို့ကျေးရွာသပိတ်ကော်မတီ
(၂၅)ယင်းမာပင်မြို့နယ်မြောက်ခြမ်းကျေးရွာများသပိတ်
(၂၆)နောက်ပြန်မလှည့်ကျေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်း
(၂၇)ရွှေဥက္ကံလူထုသပိတ်အင်အားစု
(၂၈)ပြည်သူ့အားမာန်သပိတ်စစ်ကြောင်း
(၂၉)ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစု
(၃၀)စည်းလုံးခြင်းနဲ့ခရီးဆက်ဖက်ဆစ်စိတ်ဓာတ်အမြစ်ဖြတ်
(၃၁)ခေတ်ဟောင်းချိုးဖျက်ဒို့မျိုးဆက်သပိတ်ကော်မတီ
(၃၂)ရွှေဗန့်ဂျီသပိတ်စစ်ကြောင်း
ဆားလင်းကြီးမြို့နယ်
(၃၃)အားမာန်သစ်သပိတ်အင်အားစု
(၃၄)၅/လက်ပံတောင်းတောင်သပိတ်အင်အားစု
(၃၅)အညာပစ်တိုင်းထောင်လေးများသပိတ်အင်အားစု
(၃၆)တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်
(၃၇)ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း
(၃၈)ကျေးလက်တော်လှန်ပြည်သူ့အသံ
(၃၉)၅/ဆလကလူထုသပိတ်ဖော်ဆောင်ရေးကွန်ရက်
(၄၀)လက်ပံတောင်းတောင်ဒေသပင်မသပိတ်
(၄၁)လက်ပံတောင်းတောင်ဒေသအာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစု
ပုလဲမြို့နယ်
(၄၂)ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ
ကနီမြို့နယ်
(၄၃)ကနီမြို့နယ်သပိတ်အင်အားစု

To: Her Excellency Ursula von der LeyenPresident of the European CommissionEuropean CommissionMr. Maciej PopowskiDirecto...
24/08/2026

To:
Her Excellency Ursula von der Leyen
President of the European Commission
European Commission

Mr. Maciej Popowski
Director-General, Directorate-General for European Civil Protection and Humanitarian Aid Operations (DG ECHO)
European Commission

CC:
Council of the European Union
European Parliament
24 August 2026
Dear President von der Leyen and Mr. Popowski,

We are members of the Sagaing Region Strike Force, a sub-national coalition of strike committees, strike forces, and student unions that have steadfastly opposed the military dictatorship through non-violent civil disobedience movements since the onset of the 2021 Myanmar Spring Revolution. The Spring Revolution was triggered by the illegal military coup led by military chief Min Aung Hlaing. From 1 February 2021 to this day, we stand in solidarity with the people of Myanmar in our shared struggle to end military tyranny.

Beyond our campaign against the illegal military junta, the Sagaing Region Strike Force has been actively engaging in civic education and the promotion of international human rights principles among the population. We have also undertaken efforts to protect and assist communities affected by the junta's aerial bombardments and natural disasters.

We understand that the European Union (EU) is aware that, on 5 August 2026, soldiers operating under the command of the military junta deliberately released large volumes of water from the Thaphanseik and Kabo dams in Sagaing Region without prior public notification. This act resulted in catastrophic flooding that affected more than 1.2 million people across the townships of Kantbalu, Kawlin, Taze, Khin-U, Ye-U, Depayin, Shwebo, Wetlet, Sagaing, Monywa, and Myaung.

Given that both dams remain under the full control of the military junta, it is patently clear that the ensuing flood was not a consequence of natural phenomena, but rather a direct outcome of the junta's action. Moreover, in Khin-U Township, the junta carried out airstrikes targeting civilians engaged in rescue operations for flood-affected communities.

In response to the military junta’s weaponization of the natural disaster, the Sagaing Region Strike Force has established an Emergency Response Team to coordinate emergency relief efforts. We have been distributing emergency food supplies and medicines to affected communities. However, our relief operations have been severely hampered by the military junta, which has arrested civilians donating flood relief efforts, detained drivers, and seized vehicles, and confiscated essential supplies and medicine at the Sagaing Bridge checkpoint—a vital crossing over the Ayeyarwady River between Mandalay and Sagaing.

Far from facilitating effective emergency assistance for the flood-affected population, the military junta has instead threatened to arrest those providing aid, impounded relief materials, and deliberately targeted flood-affected areas with helicopter gunships and su***de drones. We condemn these actions as egregious, inhumane, and barbaric. We further maintain that all those complicit in such atrocities bear responsibility as accessories to these grave violations.

We were profoundly encouraged to learn, through the European Commission's news article of 13 August 2026, of your decision to provide an additional €10.5 million in humanitarian assistance to Myanmar. We deeply appreciate this commitment at a time when the people of Myanmar are enduring an escalating humanitarian crisis.

Nevertheless, we respectfully urge and request that this assistance not be channeled through the military junta. Instead, we urge the EU to coordinate and collaborate directly with local civil society organizations (CSOs), the Sagaing Federal Unit Interim Government (SFUIG), and the National Unity Government (NUG) – as the legitimate representatives of the people – to ensure that assistance reaches those in genuine need in a timely, effective, and unimpeded manner through border-based channels. We also respectfully request your guidance in identifying and connecting with other potential organizations that can support the delivery of this assistance to affected communities.

We express our gratitude on behalf of the affected communities in both Sagaing Region and Ayeyarwady Region, including the people of Lemyethna, who are likewise enduring severe flooding. We sincerely hope that the necessary humanitarian support will also reach the people of Lemyethna and other affected communities in Ayeyarwady Region.

Finally, we wish the leadership of the EU continued good health and success in their efforts to promote peace, human rights, development, and prosperity around the world.

Sincerely yours,

Sagaing Region Strike Force
Member list of Sagaing Region Strike Force

Shwebo Township
(1) Shwebo Township Strike Force

Wetlet Township
(2) Wetlet Township People's Strike Steering Committee

Ye-U Township
(3) Peace Classroom

Taze Township
(4) Taze People's Strike Steering Committee

Tabayin Township
(5) Tabayin Township New Blood Strike Steering Committee

Budalin Township
(6) Budalin Township Strike Force
(7) Budalin Township Daung Yarzar Main Strike Column

Monywa Township
(8) Monywa Township People's Strike Steering Committee
(9) Monywa–Amyint Road Strike Steering Committee
(10) Monywa University of Economics Students' Union
(11) Technological University (Monywa) Students' Union
(12) LGBT Alliance Myanmar

Ayadaw Township
(13) Ayadaw Township People's Strike Leading Committee

Chaung-U Township
(14) Chaung-U Township Youth Force Strike Committee

Sagaing Township
(15) Sagaing Township People's Strike Force

Myinmu Township
(16) Myinmu Township Strike Force

Myaung Township
(17) Myaung Township People's Strike Steering Committee

Yinmarbin Township
(18) Yinmarbin–Salingyi Multi-Village Strike
(19) Yinmarbin Township Strike Force
(20) Unending Blood Shwe Nway Blood Strike Steering Committee
(21) Youth Spirit Strike Force
(22) Flying the Banner Shwe Yei Kyi Strike Steering Committee
(23) Flying the Banner Peacock Red Blood Strike Leading Committee
(24) "No Savior Needed, Our Village" Strike Committee
(25) Northern Yinmarbin Villages Strike
(26) "No Turning Back" Kyay Dee Revolution Strike Column
(27) Shwe Ukkan People's Strike Force
(28) People's Strength Strike Column
(29) Northern Yinmarbin Strike Force
(30) "Continuing the Journey Together, Uprooting Fascism" Strike
(31) Breaking the Old Era, Our Generation Strike Committee
(32) Shwe Bant Jee Strike Column

Salingyi Township
(33) New Spirit Strike Force
(34) 5/ Letpadaung Taung Strike Force
(35) Anyar Pyit Taing Htaung Lay Daut Strike Force
(36) Rebellious Peacocks' Strength Strike
(37) Chindwin Riverbank Villages Strike Column
(38) Voice of the Rural Revolutionary People
(39) 5/ Salingyi People's Strike Network
(40) Letpadaung Taung Region Main Strike
(41) Letpadaung Taung Region Anti-Dictatorship Strike Force

P***e Township
(42) P***e People's Strike Steering Committee

Kani Township
(43) Kani Township Strike Force

"မျှဝေကူညီခဲ့ခြင်းများ" 💪✊🤎ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုများ (22.8.2026)   ✊💪စစ်ကိုင်းတိ...
23/08/2026

"မျှဝေကူညီခဲ့ခြင်းများ" 💪✊🤎

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား
ကူညီထောက်ပံ့မှုများ (22.8.2026) ✊💪

စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု မှတဆင့်
ထိုင်းနိုင်ငံ ဖူးယူစက် စက္ကူစက်ရုံ ညီအစ်ကိုမောင်နှမမှ ကူညီထောက်ပံ့မှုမှုများကို
စစ်ကိုင်း‌တိုင်းဒေသ သပိတ်အင်အားစုနှင့်
ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်း၍
ရွှေဘိုမြို့နယ်မှ ရေဘေးသင့် ပြည်သူများဆီသို့ စားနပ်ရိက္ခာများ ၊ ဆန်များ၊ ရိက္ခာခြောက်များ ၊ ဓာတ်ဆားများဖြင့် ‌သွားရောက် ကူညီထောက်ပံ့ခဲ့ကြပါသည်

ယခုထက် ပိုမို ကူနိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။လက်ရှိတွင်လည်း အကူအညီများစွာ လိုအပ်လျက်ရှိနေသောကြောင့် ထောက်ပံ့ကူညီလှူဒါန်းပေးဖို့အတွက်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

#ရွှေဘိုမြို့နယ်သပိတ်အင်အားစု

"ချစ်ခြင်းမေတ္တာများဖြင့် မျှဝေကူညီခဲ့ခြင်းများ" 🍀✊🤎ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုများ (2...
23/08/2026

"ချစ်ခြင်းမေတ္တာများဖြင့် မျှဝေကူညီခဲ့ခြင်းများ" 🍀✊🤎

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား
ကူညီထောက်ပံ့မှုများ (22.8.2026) ✊💪

ပြည်တွင်းပြည်ပအလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု နှင့်
ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်း၍
ရွှေဘိုမြို့နယ်မှ ရေဘေးသင့် ပြည်သူများဆီသို့ ရိက္ခာခြောက်များ၊ ဆန်များ အသင့်စားမုန့်များ၊ ခေါက်ဆွဲခြောက်များ၊ ဓာတ်ဆားများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများကို သွားရောက်ထောက်ပံ့ကူညီခဲ့ကြပါသည်

ယခုထက် ပိုမို ကူနိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။လက်ရှိတွင်လည်း အကူအညီများစွာ လိုအပ်လျက်ရှိနေသောကြောင့် ထောက်ပံ့ကူညီလှူဒါန်းပေးဖို့အတွက်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

#ရွှေဘိုမြို့နယ်သပိတ်အင်အားစု

“စစ်ဘေးနှင့် သဘာဝဘေးကြားက မြဲမြံသော ကမ်းလက်များ”စစ်ကိုင်းတိုင်းအပါအဝင် နယ်မြေအသီးသီးမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအန္တရာယ်ဟာ စ...
22/08/2026

“စစ်ဘေးနှင့် သဘာဝဘေးကြားက မြဲမြံသော ကမ်းလက်များ”

စစ်ကိုင်းတိုင်းအပါအဝင် နယ်မြေအသီးသီးမှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးအန္တရာယ်ဟာ စစ်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘဝကိုပါ ထပ်မံခြောက်လှန့်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အကျပ်အတည်းကာလတွေအတွင်းမှာပဲ "ပြည်သူမှာ ပြည်သူပဲရှိတယ်" ဆိုတဲ့ အရာက ပိုပြီးထင်ရှားပေါ်လွင်လာရတာပါ။

ပြည်သူထဲက ပြည်သူဖြစ်တဲ့ သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရတဲ့ ကြားကနေပဲ တော်လှန်ရေးစိုးမိုးထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေထဲက သဘာဝဘေးဒဏ်သင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ဖို့အရေး ရိုင်းပင်းကူညီခဲ့ကြပါတယ်။

တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ထိန်းချုပ်နယ်မြေတွေထဲက ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာ၊ အစားအသောက်နဲ့ အဝတ်အထည်တွေ ဝေငှတာ၊ ဆေးဝါးစောင့်ရှောက်မှု ပေးတာစတဲ့ ကူညီကယ်ဆယ်ရေးတွေကို တက်ကြွစွာ ဆောင်ရွက်ခဲ့ကြတာပါ။

ဒီလိုကူညီဖေးမနိုင်တာဟာလည်း ပြည်သူတွေဆီက ရရှိတဲ့ အလှူငွေတွေကို ပြည်သူတွေဆီ ပြန်လည်စီးဆင်းပေးတာ ဖြစ်ပြီး ပြည်သူတွေရဲ့ ဝန်းရံပံ့ပိုးမှုမပါရင် အခုလို အကူအညီပေးနိုင်ဖို့ ပိုပြီးရုန်းကန်ကြရမှာပါ။

တဖက်မှာတော့ အာဏာသိမ်းစစ်အုပ်စုက လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ပြည်သူတွေ ကူညီကယ်ဆယ်ရေးမှာ မသုံးဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့အတွက်သာ သုံးနေပါတယ်။ ဒါတင်မကသေးဘဲ သဘာဝဘေးဒဏ်သင့် ပြည်သူတွေကို ကူညီထောက်ပံ့ချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပရဟိတအဖွဲ့တွေကို ပိတ်ဆို့ထားပြီး သူတို့ကိုယ်တိုင်လည်း ထိရောက်တဲ့ ကူညီစောင့်ရှောက်မှုတွေ မပေးနိုင်ကြပါဘူး။

အထူးသဖြင့် သဘာဝဘေးဒဏ်သင့်ဒေသတွေကို သွားရောက်ကူညီလိုတဲ့ ပရဟိတလူငယ်တွေကို ကားဂိတ်တွေမှာ အတင်းအဓမ္မ စစ်ဆေးမေးမြန်းတာ၊ လမ်းခရီးကြန့်ကြာအောင် ပိတ်ဆို့တာတွေ လုပ်ဆောင်နေကြပါတယ်။

ဒါကြောင့် ကူညီကယ်ဆယ်ရေးလုပ်ရာမှာ အချိန်ကြန့်ကြာတဲ့အပြင် လူငယ်တွေအပေါ် လုံခြုံရေးအရ စိစစ်ဖိနှိပ်တာတွေကြောင့် ရေဘေးသင့်ပြည်သူတွေ ရသင့်ရထိုက်တဲ့ အကူအညီတွေ မရကြတာမျိုးလည်း ရှိပါတယ်။

အခုလိုအခြေအနေမျိုးမှာ သပိတ်အင်အားစု၊ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်ပိတ်ဆို့မှုတွေကြားကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တတ်စွမ်းသမျှ ကြိုးစား ဆောင်ရွက်ခဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေ ခက်ခဲနေတဲ့ကြားကပဲ သပိတ်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ပြည်သူများဘဝလုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားပမ်းစား ကူညီစောင့်ရှောက်ပေးနေကြတာပါ။

ပြည်သူအချင်းချင်း မျှဝေတဲ့ မေတ္တာတရားတွေဟာ သဘာဝဘေးနဲ့ အကြမ်းဖက်မှုတွေကြားမှာ ခိုကိုးရာမဲ့နေသူတွေအတွက်တော့ မျှော်လင့်ချက်ရောင်ခြည်တခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်သူထဲက ပြည်သူဖြစ်တဲ့ တော်လှန်ရေးဘက်တော်သားတွေက ပြည်သူတွေကို တတ်နိုင်သလောက် ပြန်လည်စောင့်ရှောက်ပေးနေကြတာပါ။

အခက်အခဲတွေ အများကြီးရှိနေပေမဲ့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီမှုနဲ့ မြေပြင်က တော်လှန်ရေးအင်အားစုတွေရဲ့ တက်ကြွစွာ ပါဝင်ကူညီမှုတို့ဟာ အနာဂတ် လွတ်မြောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ခိုင်မာတဲ့ စွမ်းအားတခုကို ပြသနေပါတယ်။

သဘာဝဘေးဒုက္ခတင်မကဘဲ စစ်ဘေးဒဏ်ကိုပါ ခံစားနေရတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ စည်းလုံးညီညွတ်မှုနဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေကို သက်သေထူရင်း ရေဘေးကူညီကယ်ဆယ်ရေး ပုံရိပ်တွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု

"မျှဝေခြင်းသည် ချစ်ခြင်းမေတ္တာ" 💙✊💪အရာတော်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုများ (21.8.2026) 💙✊💪စစ်က...
22/08/2026

"မျှဝေခြင်းသည် ချစ်ခြင်းမေတ္တာ" 💙✊💪

အရာတော်မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား
ကူညီထောက်ပံ့မှုများ (21.8.2026) 💙✊💪

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု မှတဆင့်
ဂျပန်ရောက် သွေးချင်းမောင်နှမများ ၏ ပံ့ပိုးကူညီမှုဖြင့် စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု အရေးပေါ်ကူညီတုံ့ပြန်ရေးအဖွဲ့ မှ အရာတော်မြို့နယ် ရေဘေးသင့်ပြည်သူများဆီသို့ စားနပ်ရိက္ခာ ဆန်နှင့် ခေါက်ဆွဲ‌ခြောက်များဖြင့် သွားရောက်ကူညီခဲ့ကြပါသည်။

ယခုထက် ပိုမို ကူနိုင်ဖို့ကိုလည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။လက်ရှိတွင်လည်း အကူအညီများစွာ လိုအပ်လျက်ရှိနေသောကြောင့် ထောက်ပံ့ကူညီလှူဒါန်းပေးဖို့အတွက်လည်း တိုက်တွန်းတောင်းဆိုအပ်ပါသည်

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

"ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ"🤎🍀✊ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်...
21/08/2026

"ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ"🤎🍀✊

ရွှေဘိုမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (21.8.2026) ✊💪

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့် မြို့နယ်တခုဖြစ်သည့်
ရွှေဘိုမြို့နယ်မှ ရေဘေးသင့်စစ်ရှောင်ပြည်သူများအား ကျွန်ုပ်တို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု မှတဆင့် "ဂျပန်ရောက်သွေးချင်းမောင်နှမများ” ၏ ကူညီထောက်ပံ့မှုဖြင့်
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု နှင့်
ရွှေဘိုမြို့နယ် သပိတ်အင်အားစု Mobile Medical Team တို့ ပူးပေါင်း၍ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်ခဲ့သည်။

အခြားသော မြို့နယ်များတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုအပါဝင် ရိက္ခာများ၊ သောက်သုံးရေ၊ဓာတ်ဆားများ၊ ဆေးဝါးများ လိုအပ်လျက်ရှိပါသည်။
တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း
တိုက်တွန်းတောင်းဆိုအပ်ပါသည် ။

#ပြည်သူမှာပြည်သူပဲရှိတယ်

#စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု

#ရွှေဘိုမြို့နယ်သပိတ်အင်အားစု

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share