Lunn Roung Khray Foundation - LRKF

Lunn Roung Khray Foundation - LRKF Our focus spans critical areas such as education, healthcare, resource governance, gender equality and equity, as well as environmental conservation.

01/06/2026

စစ်ဖီးရှောင်ကျောင်းသူ/သား ( ၂၀၀၀ ) ပညာအခလွတ် သင်ကြားနိုင်ရန် ကမ်ပိန်းပြုလုပ်ခြင်း
-----------
🔊🔉 Like & Share လုပ်ပီးကေ ဝန်းရံပီးကတ်ပါ ။

👩🏻၂၀၂၆-၂၀၂၇ စာသင်နှစ်မှာ ကျနော်ရို့လင်းရောင် ခြည်ဖောင်ဒေးရှင်းက စစ်ဖီးရှောင် ကျောင်းသူ/သား ၂၀၀၀ ကို မတူညီရေ နီရာ ၉ ခုမှာ ကျောင်း ၉ ကျောင်းဖွင့်ပြီးကေ ပညာ အခလွတ် သင်ပီးလားဖို့ စီစိုင်ထားပါရေ ။ ယင်းစစ်ဖီးရှောင် ကျောင်းသူ/သား ၂၀ ၀၀ ကို ပညာရေးကဏ္ဍအပြင် ကျန်းမာရေး ၊ လူမှုဖုံလုံရေး ကဏ္ဍတိကိုလဲ အတတ်နိုင်ဆုံး ကြိုး စားဖြည့်စည်းပီးနိုင်ဖို့အတွက် အကျွန်ရို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းက ကြိုးစားနီကတ်ပါရေ ။

👩🏼၂၀၂၆-၂၇ ပညာသင်နှစ်မှာ စစ်ဖီးရှောင်ကျောင်းသူ/သား ၂၀၀၀ ကို ပညာအခလွတ် သင်ကြားပီးနိုင်ဖို့အတွက် ကမ်ပိန်း တခုပြုလုပ်လားဖို့ ဖြစ်ပါရေ ။ အကျွန်ရို့ ဗီဒီယိုချေ ကို အဆုံးထိအောင် လိုက်ပါ ကြည့်ရှူးပီးကတ်ဖို့ ချစ်အမျိုးရို့အားလုံးကို ဖိတ်ခေါ်ပါရေ ။

ကမ်ပိန်းနာမည်
" ပညာကိုချိုက် ပြည်တော်သစ် "

🕯 အကျွန်ရို့အားလုံး မျှော်လင့်ချက်အိမ်မက်ဖြစ်ကတ်တေ သာယာဖွံ့ဖြိုးရေ အနာဂတ်ပြည်တော်သစ်ကို ပုံဖော်ထုဆစ်နိုင်ဖို့ဆိုကေ အကျွန်ရို့ အာရက္ခပြည်သူ/သားတိအနီနန့် ပညာကို တန်ဖိုးထားရေ ၊ ပညာကို ချစ်မြတ်နိုးရေ လူမျိုးဖြစ်နီဖို့လိုပါရေ ။ ယင်း အတွက်နန့် ကမ်ပိန်းနာမယ်ကို ဒေဂုပိုင် " ပညာကိုချိုက် ပြည်တော်သစ် " ဆိုပီးကေ ပီးထားစွာဖြစ်ပါရေ ။

ကမ်ပိန်းတားဂတ်
သိန်း (၂၅၀၀)ကျပ်

ကမ်ပိန်းကာလ⏳
(၃၀. ၅. ၂၀၂၆ ) မှ ( ၃၀. ၇. ၂၀၂၆ )

ကမ်းပိန်းရည်ရွယ်ချက်
ပုဏ္ဏားကျွန်းမြို့နယ်နန့် ရသေ့တောင်မြို့နယ် အတွင်းမှာ စစ်ဖီးရှောင်နေကတ်တေ စစ်ဖီးရှောင်
ကျောင်းသူ/သား (၂၀၀၀) ကို ပညာအခလွတ် သင်ကြားပီးနိုင်ဖို့အစီအစိုင် ဖြစ်ပါရေ ။

💐 ကမ်းပိန်းမှ ရရှိရေ အလှူဖေသာနန့် ပညာသင်ကြားခွင့်ရရှိဖို့ ကျောင်းသူ/သားတိ မှာ -
အာရက္ခ ကျောင်းသူ/သား တိ ဖြစ်ကတ်တေ - မရမာကြီး ၊ ခမီ ၊ မူဆလင် ၊ မြို ၊ ရခိုင် ရို့ ဖြစ်ကတ်ပါရေ ။
👉 ကမ်ပိန်းက ရဟိလာရေ အလှူဖေသာကို - ကျောင်းသူ/သား ၊ ဆရာ/မ ၊ စာသင်ကျောင်း ၊ အရေးပေါ်လိုအပ်ချက် ဆိုရေ
ကဏ္ဍ (၄) ခုမှာ အသုံးပြုလား ဖို့ ဖြစ်ပါရေ ။

📝📏📚 အစီအစိုင် ( ၁)အနီနန့်
ကျောင်းသူ/သားချေရို့ အတွက် ဘောပန် ၊ ခဲတံ ၊ ပေတံ နန့် ဗလာစာအုပ် ဝယ်ယူဖို့စွာမှာ ကမ်ပိန်း အလှူဖဲသာထဲက ၃၅ ရာခိုင်နှုန်းကို အသုံးပြုလားဖို့ ဖြစ်ပါရေ ။

⚙💸 အစီအစိုင်( ၂)အနီနန့်
ကျောင်းသူ/သား ၂၀၀၀ ကို ဆရာ/မ ၁၀၀ နန့် သင်ကြားပြသလားဖို့ ဖြစ်ပါရေ ။ ဆရာ/မ တယောက်ကို ၁ လ ကို ၁သိန်းနှုန်း နန့် ထောက်ပံ့လား ဖို့ ဖြစ်တေအတွက် ကမ်ပိန်းအလှူဖဲသာထဲက ၃၅ ရာခိုင်နှုန်း ကို သုံးစွဲလားဖို့ ဖြစ်ပါရေ ။

🏡🏠 အစီအစိုင်( ၃)အနီနန့်
ကျောင်းဆောင်သစ် ၃ ဆောင် ဆောက်လုပ်ပြီးကေ ကျောင်းဆောင်ဟောင်းတိ ပြုပြင်မွမ်းမံဖို့ နန့် စာသင်ခုံ ၊ white board တိ ဖြည့်စည်းဖို့ ကဏ္ဍမှာ ကမ်ပိန်းအလှူဖဲသာထဲက ၂၀ ရာခိုင်နှုန်းကို အသုံးပြုလားဖို့ ဖြစ်ပါရေ ။

🧣🧣 အစီအစိုင် (၄) အနီနန့်
ကမ်ပိန်းတာဂတ် သိန်း ၂၅၀၀ ထဲက ကျန်ဟိရေ ၁၀ ရာခိုင်နှုန်း ကိုစစ်ဖီးရှောင် ကျောင်းသူ/သားတိ အရေးပေါ် ကျန်းမာရီး နန့် လူမှုဖုံလှုံရီး ကဏ္ဍ တိနန့် စီမံခန့်ခွဲဖို့ ကဏ္ဍတိမှာ သုံးစွဲဖို့အတွက် ချန်လှပ်ထားရှိဖို့ ဖြစ်ပါရေ ။

👧 ကျွန်တော်ရို့ ကမ်ပိန်းတားကတ်က သိန်း၂၅၀၀ ကို ဒေအတိုင်းgeneral ခြုံကြည့်ရေခါ ကောင်းများရေ ပမာဏတခုဖြစ်နီပါဖို့ ။ ယေလေ့ ကျောင်းသူ/သား ၂၀၀၀ နန့် ယှဉ်ကြည့်ရေအခါ ကျောင်းသူ/သား ၁ယောက်ချင်းဇီ အတွက် စာသင်နှစ် တနှစ်လုံးအတွက် မှဖဲသာ ( ၁၂၅၀၀၀) ကျပ် ရာ ကုန်ကျ ဖို့ ဖြစ်ပါရေ ။ အလှူရှင် စေတနာရှင် ရို့၏ အလှူဖဲသာ ( ၁၂၅၀၀၀) ကျပ် နန့် စစ်ဖီးရှောင်အချေတယောက်ကို စာသင်နှစ်တနှစ်လုံး ပညာသင်ပီးနိုင်လားဖို့ဖြစ် ပါ ရေ ။

👵 မျိုးဆက်သစ်ချေတိအတွက် အနာဂတ်အိမ်မက်စွာ အကျွန်ရို့မြီ ၊ အကျွန်ရို့တိုင်း ပြည် ဖွံ့ဖြိုးဖို့အတွက်အလွန်တရာမှ အရေးကြီးပါရေ ။ အလှူရှင် စေတနာရှင်ရို့ လှူတန်းလိုက်တေ အလှူဖဲသာ (၁၂၅ဝ၀၀) စွာ မျိုးဆက်သစ်ချေတယောက်၏ အနာဂတ်အိမ်မက်ကို ပုံဖော်နိုင်ဖို့ အတွက် အခွင့်အလမ်းကို ဖွင့်ပီးလိုက်စွာ နန့် တူပါရေ ။

👩🏻 အလှူရှင် စေတနာ ပူးပေါင်း ပါဝင်မှုအားကြောင်း အကျွန်ရို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း အနီနန့် ၂၀၂၄- ၂၅ ပညာသင်နှစ်မှာ စစ်ဖီးရှောင်ကျောင်းသူ / သား ၁၂၇၉ယောက် ၊
၂၀၂၅-၂၆ ပညာသင်နှစ်မှာ စစ်ဖီးရှောင်ကျောင်းသူ/သား ၁၆၈၅ယောက် ပညာအခလွတ်သင်ပီးနိုင်ခပါရေ ။ ဒေဂု ၂၀၂၆-၂၇ ပညာသင်နှစ်မှာ စစ်ဖီးရှောင် ကျောင်းသူ/သား ၂၀၀၀ ကို ပညာအခလွတ် သင်ကြားပီးနိုင်ဖို့ အစီအစိုင်ကလဲ အကျွန်ရို့ လင်းရောင်ခြည်ဖောင်ဒေးရှင်းအတွက် ၃ နှစ်မြောက် အခလွတ် ပညာရီး ခရီးလမ်း ဖြစ်ပါရေ ။

🙏🙏 " ပညာကိုချိုက် ပြည်တော်သစ် "
ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ချင်ရေ အလှူရှင် စေတနာရို့ အနီနန့် အကျွန့်ရို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း page ကို ဆက်သွယ်လှူတန်းနိုင်ပါရေ ။

#လင်းရောင်ခြည်ဖောင်ဒေးရှင်း

#လင်းရောင်ခြည်အခလွတ်ပညာရိပ်မွန်
#စစ်ဖီးယှောင်ပညာရီး

29/05/2026

ကျောင်းဖွင့်ချိန် နီးကပ်နိန်ဗျာလ်ဖြစ်တေအတွက် ကျောင်းဆောင်ပြုပြင်ဆောက်လုပ်ဖို့ အကူညီတိ
အများကြီးလိုအပ်နိန်ပါရေ။

29/05/2026

ပညာရေးတွက် ဝိုင်းဝန်းကူညီပါဝင်ပီးကတ်ဖို့ နိူးဆော်ပါရေ

"ပညာရီးအလှူ အမှတ်စဥ် -26/6""2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ ...
27/05/2026

"ပညာရီးအလှူ အမှတ်စဥ် -26/6"

"2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ "လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန် "တိဆက်လက်လည်ပတ်နိုင်ဖို့အတွက်-

အလှူရှင် - ကိုထွန်းကျော်လှိုင်
အလှူဖေသာ - 20,000 ကျပ် ကိုပါဝင်လှူဒါန်းပါရေ။

📌 ၂၀၂၄ ခုနှစ်ကနိန် စစ်ဘေးရှောင်အချေတိကိုပညာအခလွတ်သင်ကြားပီးနိန်ရေ လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန်တိရေ အဂုချိန်မှာ ဘဏ္ဍာရီးအခက်ခဲကြောင့်ရပ်တန့်ရလုနီးပါးဖြစ်နိန်ပါရေ။

📌ပြည်တွင်း၊ပြည်ပ ရောက်အာရက္ခသွီးသားအလှူရှင် စေတနာရှင်ရို့အနိန်နန့် အချေတိပညာရီးအတွက်နည်းများမဆိုဝိုင်းဝန်းကူညီပီးကတ်ဖို့မေတ္တာရပ်ခံပါရေ။

📌2025-26 ပညာသင်နှစ်ဘဏ္ဍာရီးရှင်းတမ်းပါ
https://www.facebook.com/share/v/1FXcHaFQuF/

"ကျောင်းသား/သူချေရို့၏ကျန်းမာရီး၊ပညာရီးအ တွက် ပါဝင်လှူဒါန်းပီးကတ်ရေ အလှူရှင်ရို့အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကတ်ပါဇီ။

လင်းရောင်ခြည်ဖောင်ဒေးရှင်း

"ပညာရီးအလှူ အမှတ်စဥ် -26/5""2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ ...
27/05/2026

"ပညာရီးအလှူ အမှတ်စဥ် -26/5"

"2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ "လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန် "တိဆက်လက်လည်ပတ်နိုင်ဖို့အတွက်-

အလှူရှင် - ကိုကျော်သူစိုး (ခ) ဖိုးလပြည့်
အလှူဖေသာ - 100,000 ကျပ်
ကို ပါဝင်လှူဒါန်းပါရေ။

📌 ၂၀၂၄ ခုနှစ်ကနိန် စစ်ဘေးရှောင်အချေတိကိုပညာအခလွတ်သင်ကြားပီးနိန်ရေ လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန်တိရေ အဂုချိန်မှာ ဘဏ္ဍာရီးအခက်ခဲကြောင့်ရပ်တန့်ရလုနီးပါးဖြစ်နိန်ပါရေ။

📌ပြည်တွင်း၊ပြည်ပ ရောက်အာရက္ခသွီးသားအလှူရှင် စေတနာရှင်ရို့အနိန်နန့် အချေတိပညာရီးအတွက်နည်းများမဆိုဝိုင်းဝန်းကူညီပီးကတ်ဖို့မေတ္တာရပ်ခံပါရေ။

📌2025-26 ပညာသင်နှစ်ဘဏ္ဍာရီးရှင်းတမ်းပါ
https://www.facebook.com/share/v/1FXcHaFQuF/

"ကျောင်းသား/သူချေရို့၏ကျန်းမာရီး၊ပညာရီးအ တွက် ပါဝင်လှူဒါန်းပီးကတ်ရေ အလှူရှင်ရို့အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကတ်ပါဇီ။

လင်းရောင်ခြည်ဖောင်ဒေးရှင်း

"ပညာရီးအလှူ အမှတ်စဥ် -26/4""2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ ...
27/05/2026

"ပညာရီးအလှူ အမှတ်စဥ် -26/4"

"2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ "လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန် "တိဆက်လက်လည်ပတ်နိုင်ဖို့အတွက်-

အလှူရှင် - ကိုကျော်စိုးထွန်း (ခ) မောင်ဘု
အလှူဖေသာ - 350,000 ကျပ် ကိုပါဝင်လှူဒါန်းပါရေ။

📌 ၂၀၂၄ ခုနှစ်ကနိန် စစ်ဘေးရှောင်အချေတိကိုပညာအခလွတ်သင်ကြားပီးနိန်ရေ လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန်တိရေ အဂုချိန်မှာ ဘဏ္ဍာရီးအခက်ခဲကြောင့်ရပ်တန့်ရလုနီးပါးဖြစ်နိန်ပါရေ။

📌ပြည်တွင်း၊ပြည်ပ ရောက်အာရက္ခသွီးသားအလှူရှင် စေတနာရှင်ရို့အနိန်နန့် အချေတိပညာရီးအတွက်နည်းများမဆိုဝိုင်းဝန်းကူညီပီးကတ်ဖို့မေတ္တာရပ်ခံပါရေ။

📌2025-26 ပညာသင်နှစ်ဘဏ္ဍာရီးရှင်းတမ်းပါ
https://www.facebook.com/share/v/1FXcHaFQuF/

"ကျောင်းသား/သူချေရို့၏ကျန်းမာရီး၊ပညာရီးအ တွက် ပါဝင်လှူဒါန်းပီးကတ်ရေ အလှူရှင်ရို့အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကတ်ပါဇီ။

လင်းရောင်ခြည်ဖောင်ဒေးရှင်း

"ပညာရီးအလှူ အမှတ်စဥ် -26/3""2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ ...
27/05/2026

"ပညာရီးအလှူ အမှတ်စဥ် -26/3"

"2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ "လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန် "တိဆက်လက်လည်ပတ်နိုင်ဖို့အတွက်-

အလှူရှင် - ကိုနေစန်းလင်း
နီရပ် - ပုဏ္ဏားကျွန်းမြို့
တတိယအကြိမ်အလှူဖေသာ - ၅၀,၀၀၀ကျပ် ကိုပါဝင်လှူဒါန်းပါရေ။

📌 ၂၀၂၄ ခုနှစ်ကနိန် စစ်ဘေးရှောင်အချေတိကိုပညာအခလွတ်သင်ကြားပီးနိန်ရေ လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန်တိရေ အဂုချိန်မှာ ဘဏ္ဍာရီးအခက်ခဲကြောင့်ရပ်တန့်ရလုနီးပါးဖြစ်နိန်ပါရေ။

📌ပြည်တွင်း၊ပြည်ပ ရောက်အာရက္ခသွီးသားအလှူရှင် စေတနာရှင်ရို့အနိန်နန့် အချေတိပညာရီးအတွက်နည်းများမဆိုဝိုင်းဝန်းကူညီပီးကတ်ဖို့မေတ္တာရပ်ခံပါရေ။

📌2025-26 ပညာသင်နှစ်ဘဏ္ဍာရီးရှင်းတမ်းပါ
https://www.facebook.com/share/v/1FXcHaFQuF/

"ကျောင်းသား/သူချေရို့၏ကျန်းမာရီး၊ပညာရီးအ တွက် ပါဝင်လှူဒါန်းပီးကတ်ရေ အလှူရှင်ရို့အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကတ်ပါဇီ။

လင်းရောင်ခြည်ဖောင်ဒေးရှင်း

"ပညာရီးအလှူ အမှတ်စဥ် -26/2""2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ ...
05/04/2026

"ပညာရီးအလှူ အမှတ်စဥ် -26/2"

"2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ "လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန် "တိဆက်လက်လည်ပတ်နိုင်ဖို့အတွက်-

အလှူရှင် - Ma Saw Pyae Nyo
နီရပ် - ခေတ္တထိုင်း
တတိယအကြိမ်အလှူဖေသာ - ၁၁၇,၅၀၀ကျပ် ကိုပါဝင်လှူဒါန်းပါရေ။

၂၀၂၄ ခုနှစ်ကနိန် စစ်ဘေးရှောင်အချေတိကိုပညာအခလွတ်သင်ကြားပီးနိန်ရေ လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန်တိရေ အဂုချိန်မှာ ဘဏ္ဍာရီးအခက်ခဲကြောင့်ရပ်တန့်ရလုနီးပါးဖြစ်နိန်ပါရေ။

ပြည်တွင်း၊ပြည်ပ ရောက်အာရက္ခသွီးသားအလှူရှင် စေတနာရှင်ရို့အနိန်နန့် အချေတိပညာရီးအတွက်နည်းများမဆိုဝိုင်းဝန်းကူညီပီးကတ်ဖို့မေတ္တာရပ်ခံပါရေ။

2025-26 ပညာသင်နှစ်ဘဏ္ဍာရီးရှင်းတမ်းပါ
https://www.facebook.com/share/v/1FXcHaFQuF/

"ကျောင်းသား/သူချေရို့၏ကျန်းမာရီး၊ပညာရီးအ တွက် ပါဝင်လှူဒါန်းပီးကတ်ရေ အလှူရှင်ရို့အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကတ်ပါဇီ။

လင်းရောင်ခြည်ဖောင်ဒေးရှင်း

04/04/2026

"ပညာရီးအလှူ အမှတ်စဥ် -26/1""2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ ...
04/04/2026

"ပညာရီးအလှူ အမှတ်စဥ် -26/1"

"2026-27 ပညာသင်နှစ်မှာ စစ်ဘေးရှောင်အာရက္ခအနာဂတ်ချေ ၂၀၀၀ ကျော်ကိုအခလွတ်ပညာသင်ကြားပီးနိုင်ဖို့ "လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန် "တိဆက်လက်လည်ပတ်နိုင်ဖို့အတွက်-

အလှူရှင် - ကိုစိုးဝင်းထွန်းနှင့်ဇနီး မခင်သန်းဝေ
နီရပ် - ပုဏ္ဏားကျွန်းမြို့
တတိယအကြိမ်အလှူဖေသာ - ၁၀၀,၀၀၀ကျပ် ကိုပါဝင်လှူဒါန်းပါရေ။

📌 ၂၀၂၄ ခုနှစ်ကနိန် စစ်ဘေးရှောင်အချေတိကိုပညာအခလွတ်သင်ကြားပီးနိန်ရေ လင်းရောင်ခြည်အခလွတ်ပညာ့ရိပ်မွန်တိရေ အဂုချိန်မှာ ဘဏ္ဍာရီးအခက်ခဲကြောင့်ရပ်တန့်ရလုနီးပါးဖြစ်နိန်ပါရေ။

📌ပြည်တွင်း၊ပြည်ပ ရောက်အာရက္ခသွီးသားအလှူရှင် စေတနာရှင်ရို့အနိန်နန့် အချေတိပညာရီးအတွက်နည်းများမဆိုဝိုင်းဝန်းကူညီပီးကတ်ဖို့မေတ္တာရပ်ခံပါရေ။

📌2025-26 ပညာသင်နှစ်ဘဏ္ဍာရီးရှင်းတမ်းပါ
https://www.facebook.com/share/v/1FXcHaFQuF/

"ကျောင်းသား/သူချေရို့၏ကျန်းမာရီး၊ပညာရီးအ တွက် ပါဝင်လှူဒါန်းပီးကတ်ရေ အလှူရှင်ရို့အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကတ်ပါဇီ။

လင်းရောင်ခြည်ဖောင်ဒေးရှင်း

Address

Ponnagyun
Rakhine

Website

Alerts

Be the first to know and let us send you an email when Lunn Roung Khray Foundation - LRKF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share