KHIT THIT SAN Private School

KHIT THIT SAN Private School ပျော်ရွှင်စွာ သင်ယူပါ

🖌️သင့်ကလေး အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ ကိုယ်ပိုင်ကျောင်းကို ရှာနေတယ်ဆိုရင် ဒီpostကိုဆတ်ဖက်လိုက်ပါ📖🏆အောင်မြင်မှုမှတ်တို...
16/03/2026

🖌️သင့်ကလေး အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ ကိုယ်ပိုင်ကျောင်းကို ရှာနေတယ်ဆိုရင် ဒီpostကိုဆတ်ဖက်လိုက်ပါ📖

🏆အောင်မြင်မှုမှတ်တိုင်🏆

🎖️၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်ချက် ၁၀၀% နှင့် ဂုဏ်ထူးရှင်များ ထွက်ရှိထားခြင်း🥇

📜ဘယ်လိုဝန်ဆောင်မှုတွေပေးလဲ?

📚KG မှ Grade-12 ထိအတန်းစုံ သင်ကြားပေးခြင်း
📒English speaking အထူးသင်တန်းများ ထည့်သွင်း သင်ကြားပေးခြင်း
✅ကျယ်ဝန်းပြီး ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ရှိခြင်း
🥦ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် များကိုသာ ကျွေးမွေးခြင်း
⚽️ပျော်ရွှင်စရာ အားကစားပွဲများ ကျင်းပပေးခြင်း
🏡နယ်ဝေးကျောင်းသား/သူ များအတွက် အဆောင် ထားရှိပေးခြင်း
⏬️⏬️⏬️

မြန်မာနိင်ငံစာစစ်ဦးစီးဌာနတက္ကသိုလ်ဝင်စာမေးပွဲအင်္ဂလိပ်ဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်    ...
21/02/2026

မြန်မာနိင်ငံစာစစ်ဦးစီးဌာန
တက္ကသိုလ်ဝင်စာမေးပွဲ
အင်္ဂလိပ်ဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်

#အင်္ဂလိပ် #တက္ကသိုလ်ဝင်တန်း

မြန်မာနိင်ငံစာစစ်ဦးစီးဌာနတက္ကသိုလ်ဝင်စာမေးပွဲသင်္ချာဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်      ...
21/02/2026

မြန်မာနိင်ငံစာစစ်ဦးစီးဌာန
တက္ကသိုလ်ဝင်စာမေးပွဲ
သင်္ချာဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်

#သင်္ချာ #တက္ကသိုလ်ဝင်တန်း

မြန်မာနိင်ငံစာစစ်ဦးစီးဌာနတက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်      ...
21/02/2026

မြန်မာနိင်ငံစာစစ်ဦးစီးဌာန
တက္ကသိုလ်ဝင်စာမေးပွဲ
ဓာတုဗေဒဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်

#ဓာတုဗေဒ #တက္ကသိုလ်ဝင်တန်း

မြန်မာနိင်ငံစာစစ်ဦးစီးဌာနတက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်     ...
21/02/2026

မြန်မာနိင်ငံစာစစ်ဦးစီးဌာန
တက္ကသိုလ်ဝင်စာမေးပွဲ
မြန်မာစာဘာသာရပ် စာစစ်မှူးချုပ်များ၏ သုံးသပ်အကြုံပြုချက်များ အနှစ်ချုပ်

#မြန်မာစာ #တက္ကသိုလ်ဝင်တန်း

အလုပ်အကိုင်စျေးကွက်အရ တက်ရောက်မှုများလာတဲ့ မေဂျာဘာသာရပ်များ>>>တိုးတက်ပြောင်းလဲမှုမြန်ဆန်တဲ့ ကမ္ဘာကြီးမှာ အလုပ်အကိုင်စျေး...
19/01/2026

အလုပ်အကိုင်စျေးကွက်အရ တက်ရောက်မှုများလာတဲ့ မေဂျာဘာသာရပ်များ
>>>

တိုးတက်ပြောင်းလဲမှုမြန်ဆန်တဲ့ ကမ္ဘာကြီးမှာ အလုပ်အကိုင်စျေးကွက်ကလည်း အရင်ကနဲ့ မတူတော့ပါဘူး။ နည်းပညာခေတ် ဖြစ်လာသလို အပြိုင်အဆိုင်လည်း များလာတဲ့အတွက် ကိုယ်ရွေးချယ်လိုက်တဲ့ ဘွဲ့က အနာဂတ် အလုပ်အကိုင်စျေးကွက် လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမှ အသက်မွေးဝမ်းကျောင်းအတွက် စိတ်ချရပါမယ်။

ဒါကြောင့် Job Market Trends အရ အနာဂတ်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ ပိုမို ရရှိနိုင်မယ့် ဘွဲ့ဒီဂရီတွေကို Monash University Malaysia က အခုလို ဖော်ပြပေးထားပါတယ်။

၁။ Computer science / Artificial intelligence (AI)

ကျန်းမာရေးကအစ နိုင်ငံရေးအထိ ဘယ်နယ်ပယ်မှာမဆို နည်းပညာကို အသုံးပြုလာတာဖြစ်တဲ့အတွက် AI Engineer၊ Machine Learning Engineer၊ Software Developer၊ Automation Specialist တို့က လစာကောင်းတဲ့ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယနေ့ခေတ် အလုပ်အကိုင်စျေးကွက်မှာ Computer Science နဲ့ AI ဘွဲ့ရ ပရော်ဖက်ရှင်နယ်တွေ အများကြီး လိုအပ်လာတာပါ။

၂။ Data Science

၂၁ ရာစုခေတ်မှာဆိုရင် လုပ်ငန်းတွေက ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ပဲ လုပ်ငန်းတိုးတက်မှုနဲ့ဆိုင်တဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချကြတာကို တွေ့ရမှာဖြစ်ပါတယ်။ လုပ်ငန်းတိုင်းကလည်း Data Analyst၊ Data Scientist၊ Business Intelligence Specialist တွေကို လိုအပ်လာကြပါတယ်။ ဒါကြောင့် Data Science ဘွဲ့က ကျောင်းသားတွေ ရွေးချယ်မှုများတဲ့ ဘွဲ့ဒီဂရီတွေထဲက တစ်ခုဖြစ်လာပါတယ်။

၃။ Cybersecurity

Cybersecurity ဘွဲ့ဆိုတာက ဒစ်ဂျစ်တယ်စနစ်တွေ၊ ကွန်ရက်တွေ၊ ဒေတာတွေကို ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ သင်ကြားပေးတဲ့ ပညာရပ်ပါ။ လုပ်ငန်းတွေ အွန်လိုင်းပေါ်ကို ရောက်လာလေလေ လုပ်ငန်းတွေက သူတို့ စနစ်နဲ့ ဒေတာတွေကို ကာကွယ်ပေးမယ့် Cybersecurity Expert တွေကို ပိုပြီး လိုအပ်လာလေလေပါ။

၄။ Healthcare

သက်ကြီးပုဂ္ဂိုလ်ဦးရေ တိုးမြင့်လာတာနဲ့အမျှ ကျန်းမားရေးစောင့်ရှောက်မှု လိုအပ်ချက်တွေလည်း လိုအပ်လာပါတယ်။ ဒါကြောင့် အနာဂတ်မှာ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေ၊ ဇီဝဆေးပညာသိပ္ပံဘွဲ့ရတွေ အလုပ်အကိုင်စျေးကွက်မှာ အားကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။

သူနာပြုနဲ့ ဆရာဝန်ဘွဲ့တွေကို ရင်းနှီးပြီးသားဆိုပေမဲ့ ဇီဝဆေးပညာသိပ္ပံဘွဲ့ကိုတော့ သိပ်မသိကြ‌သေးဘူးထင်လို့ ရှင်းပြပါမယ်။ ဇီဝဆေးပညာသိပ္ပံဘွဲ့ဆိုတာ ခန္ဓာဗေဒ၊ ဇီဝဓာတုဗေဒ၊ ရောဂါဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးဝါးဗေဒ၊ ဇီဝကမ္မဗေဒတို့ကို အထူးပြုလေ့လာရတာ ဖြစ်ပါတယ်။

၅။ Food science

အစားအာဟာရ ကျန်းမာရေးအပေါ် တစ်ကမ္ဘာလုံးက အာရုံစိုက်လာပြီဖြစ်တာကြောင့် အစားအသောက်သိပ္ပံနဲ့ လူသားအာဟာရဆိုင်ရာ ဘွဲ့တွေကို ကျောင်းသားတွေ စိတ်ဝင်စားလာကြပါတယ်။ ဒီဘွဲ့ရကျောင်းသားတွေက အဝလွန်ခြင်းနဲ့ အာဟာရချို့တဲ့ခြင်းတို့လို ကျန်းမာရေးပြဿနာတွေကို တိုက်ဖျက်ရာမှာ အရေးပါလာပါတယ်။ အာဟာရပညာရှင်၊ အစားအသောက်ပညာရှင်၊ အစားအသောက်နည်းပညာပညာရှင်တွေ လိုအပ်ချက်က နောက်ပိုင်းမှာ ပိုများလာနိုင်ပါတယ်။

၆။ Engineering (Electrical, Robotics, Software)

အင်ဂျင်နီယာပညာရပ်က ရှုပ်ထွေးပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ ပညာရပ်တွေထဲမှာ သူက မပါမဖြစ်ပါပဲ။ အလိုအလျောက်စနစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တွေ ရှိလာတာကြောင့် လျှပ်စစ်အင်ဂျင်နီယာ၊ စက်ရုပ်နဲ့ ဆော့ဖ်ဝဲလ်ပိုင်းတွေမှာ အင်ဂျင်နီယာတွေက မရှိမဖြစ် လိုအပ်လာပါတယ်။

၇။ Business

စီးပွားရေးလုပ်ငန်းတွေ ဒီဂျစ်တယ်ဘက်ကို ကူးပြောင်းလာတာနဲ့အမျှ စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးတို့မှာ ကျွမ်းကျင်လုပ်သားတွေ ပိုပြီး လိုအပ်လာပါတယ်။ ဒါကြောင့် Business Administration၊ Digital Markrting၊ E-commerce နဲ့ Consumer Analyst စတဲ့ ဘွဲ့ဒီဂရီတွေက ကျောင်းသားတွေကြား ရေပန်းစားပြီး တက်ရောက်မှု များပါတယ်။

ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် Bloom’s Taxonomy>>>>ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားတွ...
18/01/2026

ကျောင်းသားတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် Bloom’s Taxonomy
>>>>

ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တစ်ဆင့်ချင်း ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အသုံးပြုလို့ရတဲ့ သီအိုရီတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။

Bloom’s Taxonomy လို့ခေါ်ပြီး ၁၉၅၆ ခုနှစ်မှာ အမေရိကန် ပညာရေးစိတ်ပညာရှင် ဒေါက်တာ ဘန်ဂျမင် ဘလွန်း (Dr. Benjamin Bloom) ဦးဆောင်တဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့က ရေးဆွဲဖန်တီးခဲ့တဲ့ သင်ကြားရေးဆိုင်ရာ အညွှန်းဘောင်တစ်ခု ဖြစ်ပါတယ်။

Bloom’s Taxonomy ဆိုတာ အကြောင်းအရာတစ်ခုကို သိရှိပြီး မေ့မသွားအောင် မှတ်ရုံတင်မဟုတ်ဘဲ စဉ်းစားတွေးခေါ် ဖန်တီးနိုင်အောင် Thinking level အလိုက် စနစ်တကျ တည်ဆောက်ထားတဲ့ Learning Model တစ်ခုပါ။

ဒါကြောင့်လည်း Bloom’s Taxonomy ကို နိုင်ငံတကာ သင်ကြားရေး ပညာရှင်တွေက လက်ခံကျင့်သုံးပြီး ကောင်းမွန်တဲ့ သင်ကြားမှုနဲ့ အကဲဖြတ်စစ်ဆေးမှုတို့ကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

Bloom’s Taxonomy မှာ အောက်ပါအတိုင်း အဆင့် (၆) ဆင့် ပါရှိပါတယ်။ မှတ်မိခြင်းမှ ဖန်တီးနိုင်တဲ့အထိ တစ်ဆင့်ချင်း မေးခွန်းတွေ မေးပြီး လေ့ကျင့် သင်ကြားပေးနိုင်ပါတယ်။

Remember (မှတ်မိခြင်း)
Understand (နားလည်ခြင်း)
Apply (အသုံးချခြင်း)
Analyze (ခွဲခြမ်းစိတ်ဖြာခြင်း)
Evaluate (အကဲဖြတ်ခြင်း)
Create (ဖန်တီးခြင်း)
Bloom’s Taxonomy မှာ ပါဝင်တဲ့ အဆင့် (၆) ဆင့်အတိုင်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ စဉ်းစားနိုင်စွမ်းကို ဘယ်လို မြှင့်တင်ပေးရမလဲဆိုတာ ဥပမာနဲ့တကွ ရှင်းပြပေးသွားပါမယ်။

၁။ Remember (မှတ်မိခြင်း)

ဒီအဆင့်မှာ စာကို မှတ်မိစေဖို့ အခြေခံကျတဲ့ အကြောင်းအရာတွေကို ပြောပြ၊ ဖတ်ပြပေးရပါတယ်။ ပြီးရင် အဓိက အချက်တွေကို ကောက်နုတ်ပြီး ဘာလဲ၊ ဘယ်နေရာလဲ၊ ဘယ်အချိန်လဲ၊ ဘယ်သူလဲ စတဲ့ မေးခွန်းတွေ မေးပေးရပါတယ်။ ဥပမာ - မြန်မာနိုင်ငံအကြောင်း သင်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမြို့တော်က ဘာလဲ? မြန်မာနိုင်ငံက ဘယ်နေရာမှာ ရှိတာလဲ? စတာတွေ မေးပါ။

၂။ Understand (နားလည်ခြင်း)

သင်ရမယ့် အကြောင်းအရာကို စာပိုဒ်ကြီးလိုက် ဖတ်ပြနေတာထက် အတိုချုပ်ပြီး သဘောတရား နားလည်အောင် ရှင်းပြပေးရပါတယ်။ လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဥပမာတွေပေးပြီး သင်ကြားပေးရပါမယ်။ ဘာကြောင့်လဲ၊ ဘယ်လိုလဲ ရှင်းပြပါ ဆိုတဲ့ မေးခွန်းတွေကို မေးရမယ့် အဆင့်ဖြစ်ပါတယ်။ ဥပမာ - ရေသံသရာလည်ခြင်းအကြောင်းကို သင်ပေးပြီး သူတို့ နားလည်သလို ပြန်ရှင်းပြခိုင်းပါ။

၃။ Apply (အသုံးချခြင်း)

ဒီအဆင့်ကတော့ သိရှိနားလည်သွားပြီဖြစ်တဲ့ အကြောင်းအရာတွေကို လက်တွေ့ အသုံးချနိုင်အောင် သင်ကြားပေးရမယ့် အဆင့်ပါ။ ဒါကို ဘယ်လို ဖြေရှင်းမလဲ? ဒါကို ဘယ်လို အသုံးပြုရမလဲ? စတဲ့ မေးခွန်းတွေ မေးရပါမယ်။ သင်က အင်္ဂလိပ်စကားလုံးတစ်လုံးအသစ် သင်တယ်ဆိုပါစို့၊ ဒီစကားလုံးကို သူတို့ လက်တွေ့ဘ၀မှာ ဘယ်လို သုံးရမလဲသိအောင် ဝါကျတွေ တည်ဆောက်ခိုင်းပါ။

၄။ Analyze (ခွဲခြမ်းစိတ်ဖြာခြင်း)

ဒီအဆင့်မှာ အချက်အလက်အသစ်ကို မသင်တော့ဘဲ သင်ပြီးသား အကြောင်းအရာတွေကို ခွဲခြားကြည့်တတ်၊ နှိုင်းယှဉ်ကြည့်တတ်အောင် မေးခွန်းတွေ မေးရပါတယ်။ ဥပမာ - သက်ရှိတွေအကြောင်း သင်ပြီးသားဆိုရင် အပင်နဲ့ တိရစ္ဆာန်တွေရဲ့ ကွဲပြားချက်က ဘာလဲ၊ ကျောရိုးရှိနဲ့ ကျောရိုးမဲ့ တိရစ္ဆာန်တွေကို ဘယ်လို ခွဲခြားမလဲ စတဲ့ မေးခွန်းမျိုးတွေ မေးရမှာ ဖြစ်ပါတယ်။

၅။ Evaluate (အကဲဖြတ်ခြင်း)

ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်ဖို့၊ ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်နိုင်ဖို့၊ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ သင်ကြားပေးရမယ့် အဆင့်ပဲ ဖြစ်ပါတယ်။ သင်ယူသူတွေရဲ့ ထင်မြင်ချက်တွေ၊ ကောက်ချက်ချမှုတွေကို မေးရမှာ ဖြစ်ပါတယ်။ ဥပမာ - ရေက သက်ရှိတွေအတွက် မရှိမဖြစ် လိုအပ်တာလား? ဟုတ်/မဟုတ်ဆိုတာထက် သူတို့အဖြေပေါ် လိုက်ပြီး ဒီအဖြေကို ဘာကြောင့် ရွေးချယ်ရတာလဲ၊ ဘာလို့ ဒီလိုဆုံးဖြတ်ရတာလဲဆိုတာ မေးရမှာ​ ဖြစ်ပါတယ်။

၆။ Create (ဖန်တီးခြင်း)

နောက်ဆုံးအဆင့်ကတော့ သင်ပြီးသား အကြောင်းအရာတွေကို အသုံးချပြီး အသစ်တစ်ခု ကိုယ်တိုင် ဖန်တီးနိုင်အောင် လေ့ကျင့်ပေးရပါတယ်။ စာအုပ်ထဲက အဖြေကို တိုက်ရိုက်ကူးတာမျိုး မဟုတ်ဘဲ ပုံဆွဲခိုင်းတာ၊ ပိုစတာလုပ်ခိုင်းတာ၊ Presentation လုပ်ခိုင်းတာ စတာတွေကို ကိုယ်တိုင် ပြင်ဆင်ရင်းနဲ့ သင်ယူရမယ့် အဆင့်ပါ။ ဥပမာ - လူ့ကိုယ်ခန္ဓာအကြောင်း သင်ပြီးရင် ကျောင်းသားတွေကို ကိုယ်တိုင် ပုံဆွဲစေပြီး အစိတ်အပိုင်းတွေကို အမည်တပ်ခိုင်းနိုင်ပါတယ်။

Bloom’s Taxonomy ဆိုတာ အပေါ်မှာ ပြောခဲ့သလိုပဲ ကျောင်းသားတစ်ယောက်ရဲ့ သင်ခန်းစာတစ်ခုအပေါ် ဘယ်လောက်အထိ နားလည်လဲ၊ ဘယ်လောက်အထိ ဝေဖန်ပိုင်းခြားနိုင်လဲ၊ ဘယ်လောက်ထိ အသုံးချနိုင်လဲဆိုတာကို စစ်ဆေးအကဲဖြတ်တဲ့ စနစ်တစ်ခုပါ။ ဆရာ/မတွေအနေနဲ့ ဘယ်လို ဘာသာရပ်မျိုးမှာမဆို ဒီစနစ်ကို အသုံးပြုမယ်ဆိုရင် ကျောင်းသားတွေရဲ့ Thinking Skill ကို တိုးတက်စေမယ့်အပြင် ထိရောက်တဲ့ သင်ယူမှုကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ"ဘောဂဗေဒဘာသာ" သိကောင်းစရာယနေ့ (၁၃-၁-၂၀၂၆) ထုတ် ကြေးမုံ နှင့် မြန်မ...
13/01/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ
"ဘောဂဗေဒဘာသာ" သိကောင်းစရာ

ယနေ့ (၁၃-၁-၂၀၂၆) ထုတ် ကြေးမုံ နှင့် မြန်မာ့အလင်းသတင်းစာပါ ဘောဂဗေဒဘာသာ လမ်းညွှန်

#ဘောဂဗေဒ #တက္ကသိုလ်ဝင်တန်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ"ဇီဝဗေဒဘာသာ" သိကောင်းစရာယနေ့ (၁၀-၁-၂၀၂၆) ထုတ် ကြေးမုံ နှင့် မြန်မာ...
10/01/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ
"ဇီဝဗေဒဘာသာ" သိကောင်းစရာ

ယနေ့ (၁၀-၁-၂၀၂၆) ထုတ် ကြေးမုံ နှင့် မြန်မာ့အလင်းသတင်းစာပါ ဇီဝဗေဒဘာသာ လမ်းညွှန်

#ဇီဝဗေဒ #တက္ကသိုလ်ဝင်တန်း

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ"ရူပဗေဒဘာသာ" သိကောင်းစရာယနေ့ (၉-၁-၂၀၂၆) ထုတ် ကြေးမုံ နှင့် မြန်မာ့...
09/01/2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ
"ရူပဗေဒဘာသာ" သိကောင်းစရာ

ယနေ့ (၉-၁-၂၀၂၆) ထုတ် ကြေးမုံ နှင့် မြန်မာ့အလင်းသတင်းစာပါ ရူပဗေဒဘာသာ လမ်းညွှန်

#ရူပဗေဒ #တက္ကသိုလ်ဝင်တန်း

Address

Wegyi Village
Pyu

Website

Alerts

Be the first to know and let us send you an email when KHIT THIT SAN Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category