22/08/2024
Hello guys!🤓
We're back on track with our new content🙆♂️
We'll be sharing 2️⃣ new idioms that would really be useful in your daily conversation.
ဒီနေ့မှာအလှည့်ကျတဲ့ idiomလေးနှစ်ခုကတော့
🌠beat around the bush နဲ့
🌠cut to the chase တို့ပဲဖြစ်ပါတယ်၊၊
These two idioms will come in handy when dealing with people who are overly focused on trivial details that are completely extraneous to the main point.
စကားပြောရင် တစ်ဖက်သူအရိပ်အကဲကြည့်ပြီးလိုရင်းမရောက်ဘဲ အားနာတတ်သူလေးတွေ၊လေကြောအရမ်းရှည်ပြီး detailကျကျအရမ်းပြောတတ်လွန်းတဲ့ ဇီဇာကြောင်တဲ့သူတွေနဲ့တွေ့ရင် သုံးလို့ကောင်းမယ့် စကားလုံးလေးတွေပဲ ဖြစ်ပါတယ်ဗျ😶၊၊
Firstly,we've got 🌠beat around the bush,which means (to avoid getting to the main point or talk about something in a roundabout way.)
လွယ်လွယ်ဘာသာပြန်ရင်တော့ စကားကိုလိုရင်းမရောက်ဘဲ ဝှေ့ဝိုက်ပြောတယ်လို့ ယူလို့ရပါတယ်။
✅I wish he would stop beating around the bush and just answer the question.
သူလှည့်ပြောနေတာတွေကိုရပ်လိုက်ပြီး မေးတာသာတန်းဖြေရင်ကောင်းမှာပဲကွာ၊၊
✅Stop beating around the bush and tell me
what you really think.
စကားကိုဝှေ့ပြောမနေဘဲ မင်းဘယ်လိုထင်လဲဆိုတာသာ ငါ့ကိုပြော၊၊
Next comes 🌠''cut to the chase''.This idiom contrasts with the previous one.
So what does it mean?
It's an idiomatic way of saying ''get to the point'' or ''skip unnecessary details''.
ဒီတစ်ခုကတော့ ရှေ့ကကောင်နဲ့ အဓိပ္ပါယ်လုံးဝဆန့်ကျင့်ဘက်ဖြစ်ပြီး လိုရင်းကိုပြောဆိုတဲ့ အဓိပ္ပါယ်နဲ့သုံးလိူ့ရပါတယ်၊၊
✅I don't want to waste your time with unnecessary details,so I'll cut to the chase:here's how we can solve the problem.
ငါ မလိုအပ်တဲ့အသေးစိတ်တွေပြောပြီးမင်းအချိန်ကို
မဖြုံးချင်တာမို့ လိုရင်းကိုပဲပြောတော့မယ်။ငါတို့ဒီပြဿနာကို ဒီလိုရှင်းလို့ရတယ်လေ၊၊
✅To cut to the chase,I'm in dire need of money.Can you lend me some?
လိုရင်းကိုပြောရရင် ငါအခုငွေအသည်းအသန်လိုနေတယ်၊၊ ငါ့ကိုနည်းနည်းလောက်ချေးပေးလို့ရမလား၊၊
သူတို့နှစ်ခုက အဓိပ္ပါယ်အနေနဲ့ဆန့်ကျင်ဘက်ဖြစ်ပေမယ့် sentence တစ်ခုတည်းမှာတွဲသုံးမယ်ရင်tone consistencyလည်း ပိုရှိမှာဖြစ်ပြီး naturalပိုဆန်နိုင်ပါတယ်.Like this-
✅We've spent a lot of time beating around the bush,so let's cut to the chase and choose a place for our hangout.
ငါတို့ ဝေ့ပြောနေတာအချိန်တော်တော်ကုန်သွားပြီ၊သွားမယ့်နေရာကိုပဲ တန်းရွေးလိုက်ရအောင်၊၊
ဒီလောက်ဆို ဒီidiomနှစ်ခုရဲ့usageကိုကောင်းကောင်းနားလည်သွားမယ်ထင်တယ်ဗျ၊၊
With love,
Thomas.