09/05/2022
🎓 စနစ်သစ် အခြေခံပညာရေးမှာ KG to Grade 12 အတန်းများပါဝင်ပါတယ်။ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ခွဲခြားပုံများကို အလွယ်မှတ်ရန် KG + 5 + 4 + 3 လို့ မှတ်နိုင်ပါတယ်။ KG ဟာ သူငယ်တန်းဖြစ်ပြီး (5) ဆိုတာဟာ မူလတန်းအဆင့်မှာ Grade (၅) ခုရှိတယ်လို့ ဆိုလိုတာပါ။ နောက် (4) ကတော့ အလယ်တန်းအဆင့်မှာ Grade (၄) ခု ရှိမှာဖြစ်ပြီး နောက်ဆုံး (3) ကတော့ အထက်တန်းအဆင့်မှာ Grade (၃) ခုကို ဆိုလိုတာ ဖြစ်ပါတယ်။
🎓စနစ်သစ်ပညာရေး၏ အတန်းသတ်မှတ်ပုံများ
*******************************************
🔹KG = Kindergarten ( သူငယ်တန်း )
အသက် (၅) နှစ်ပြည့်တွင် စတင်တက်ရောက်နိုင်ပါသည်။
🔹မူလတန်းအဆင့် ( Grade 1 to 5 )
*********************************
🌿Grade 1 = ပထမတန်း (စနစ်သစ်)
အသက် (၆) နှစ်ပြည့်ပြီးလျှင် Grade 1 သို့ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ Grade 1 သည် စာရေးစာဖတ်ခြင်းများပါဝင်သည့်အတွက် KG Foundation ရှိထားဖို့ Recommend ပေးပါသည်။
🌿Grade 1, Grade 2 , Grade 3, Grade 4, Grade 5 များသည် မူလတန်းအဆင့်အဖြစ် သတ်မှတ်ပါသည်။ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade 5 အတန်း (သင်ရိုးသစ်) ပြဌာန်းချက် ထွက်ပါမည်။
🌿Grade (5) အတန်းတက်ရောက်ဖြေဆိုအောင်မြင်ပြီးမြောက်ပါက မူလတန်းအဆင့်ပြီးမြောက်ကြောင်း ကို မိမိတို့သက်ဆိုင်ရာကျောင်းများမှ Completion Certificate ချီးမြှင့်ကြရမည်ဖြစ်ပါသည်။
🌿မူလတန်းအဆင့်တွင် ဘာသာရပ်အားဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ဘဝတွက်တာ၊ ကာယ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ပန်းချီ (အနုပညာ)၊ ဂီတ (အနုပညာ) စသည်ဖြင့် (၁၀) ဘာသာကို လေ့လာသင်ကြားကြရမှာ ဖြစ်ပါတယ်။ အဓိက Core Subjects များကို အကဲဖြတ်အမှတ်ပေးစစ်ဆေးခြင်းရှိသော်လည်း သင်ယူမှုရလာဒ်များအား Grading ( A, B, C, D ) ပေး၍သာ သတ်မှတ်ပါသည်။
🔹အလယ်တန်းအဆင့် ( Grade 6 to 9 )
*************************************
🌿Grade 6 မှ Grade 9 စသည်ဖြင့် (၄) ခုသောအတန်းများသည် အလယ်တန်းအဆင့်အဖြစ်သတ်မှတ်ပါသည်။
🌿စနစ်သစ် အလယ်တန်းအဆင့်တွင် လေ့လာသင်ယူရသော ဘာသာရပ်များမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း၊ ဘဝတွက်တာ၊ ကာယ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ပန်းချီ (အနုပညာ)၊ ဂီတ (အနုပညာ) စသည်ဖြင့် (၁၁) ဘာသာ လေ့လာသင်ယူကြရမည်ဖြစ်ပါသည်။
🌿၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade 6, Grade 7, Grade 8 အတန်းများသည် စနစ်သစ်သင်ရိုးများဖြစ်ပါမည်။ Grade 8 အတန်းသည် ယခုပညာသင်နှစ်တွင် စတင်ထွက်ရှိလာမည့် စနစ်သစ်ပြဌာန်းချက် ဖြစ်ပါသည်။ သို့သော် ပြီးခဲ့သည့်နှစ်တွင် စနစ်ဟောင်း သတ္တမတန်းအောင် ကျောင်းသားကျောင်းသူများသည် စနစ်ဟောင်း အဌမတန်းသို့တက်ရောက်ကြရမည်ဖြစ်ပြီး ထိုကျောင်းသားကျောင်းသူများသည် အထက်တန်းအဆင့်သို့ကူးပြောင်းသည့်အချိန်တွင် စနစ်သစ်ပညာရေးကို သင်ကြားကြရမည်ဖြစ်ပါသည်။
🌿အလယ်တန်းအဆင့်တွင် စစ်ဆေးအကဲဖြတ်မှု ( Assessment ) များကို သတ်မှတ်ထားသော လ အလိုက် Schedule များအတိုင်း Assessment ပြုလုပ်ပြီး သင်ယူမှုရလာဒ်များထိရောက်မှုရှိမရှိကို တိုင်းတာတွက်ချက်မည်ဖြစ်ပြီး Grading များပေး၍သာ သတ်မှတ်ပါမည်။
🌿Grade 9 အောင်မြင်ပြီးမြောက်ပါက အလယ်တန်းအဆင့် သင်ယူပြီးမြောက်ခြင်းလက်မှတ် Completion Certificate ကို မိမိတို့သက်ဆိုင်ရာကျောင်းများမှ ချီးမြှင့်ကြရမည်ဖြစ်ပါသည်။
🔹အထက်တန်းအဆင့် ( Grade 10 to 12 )
**************************************
🌿Grade 10 မှ Grade 12 အထိ သင်ရိုးသစ်အတန်းများမှာ ဘာသာတွဲ (၄) မျိုးထဲမှ မိမိကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်တက်ရောက်ရမှာ ဖြစ်ပါတယ်။
🎓STEAMS -1 (အတွဲ-၁)
( Science, Technology, Engineering , Arts, Mathematics, Sports - 1 )
သင်ကြားလေ့လာရမယ့်ဘာသာရပ်တွေကတော့
▪️မယူမနေရဘာသာရပ် (၃) ခု
(၁) မြန်မာ၊ (၂) အင်္ဂလိပ်၊ (၃) သင်္ချာ
▪️အဓိက ဘာသာတွဲ - Major Subjects (၃) ခု
(၁) ဓါတုဗေဒ၊ (၂) ရူပဗေဒ၊ (၃) ဇီဝဗေဒ
▪️ဖြည့်စွက် ဘာသာတွဲ - Minor Subjects (၄) ခု
(၁) လူမှုရေးသိပ္ပံ (ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ)၊
(၂) စာရိတ္တနှင့်ပြည်သူ့နီတိ၊
(၃) ဘဝတွက်တာကျွမ်းကျင်စရာ၊
(၄) ကာယပညာ + ပန်းချီ (အနုပညာ) + ဂီတ (အနုပညာ) တို့ကို လေ့လာသင်ကြားကြရမှာဖြစ်ပါတယ်။
🎓STEAMS - 2 (အတွဲ-၂)
( Science, Technology, Engineering , Arts, Mathematics, Sports - 2 )
သင်ကြားလေ့လာရမယ့်ဘာသာရပ်တွေကတော့
▪️မယူမနေရဘာသာရပ် (၃) ခု
(၁) မြန်မာ၊ (၂) အင်္ဂလိပ်၊ (၃) သင်္ချာ
▪️အဓိက ဘာသာတွဲ - Major Subjects (၃) ခု
(၁) ဓါတုဗေဒ၊ (၂) ရူပဗေဒ၊ (၃) ဘောဂဗေဒ
▪️ဖြည့်စွက် ဘာသာတွဲ - Minor Subjects (၄) ခု
(၁) ပထဝီဝင် + သမိုင်း
(၂) စာရိတ္တနှင့်ပြည်သူ့နီတိ၊
(၃) ဘဝတွက်တာကျွမ်းကျင်စရာ၊
(၄) ကာယပညာ + ပန်းချီ (အနုပညာ) + ဂီတ (အနုပညာ) တို့ကို လေ့လာသင်ကြားကြရမှာဖြစ်ပါတယ်။
🎓STAMS - 1 (အတွဲ-၃)
( Science, Technology, Arts, Mathematics, Sports - 1 )
သင်ကြားလေ့လာရမယ့်ဘာသာရပ်တွေကတော့
▪️မယူမနေရဘာသာရပ် (၃) ခု
(၁) မြန်မာ၊ (၂) အင်္ဂလိပ်၊ (၃) သင်္ချာ
▪️အဓိက ဘာသာတွဲ - Major Subjects (၃) ခု
(၁) ပထဝီဝင်၊ (၂) သမိုင်း၊ (၃) ဘောဂဗေဒ
▪️ဖြည့်စွက် ဘာသာတွဲ - Minor Subjects (၄) ခု
(၁) သိပ္ပံတွဲ ( ဓါတုဗေဒ + ရူပဗေဒ + ဇီဝဗေဒ )
(၂) စာရိတ္တနှင့်ပြည်သူ့နီတိ၊
(၃) ဘဝတွက်တာကျွမ်းကျင်စရာ၊
(၄) ကာယပညာ + ပန်းချီ (အနုပညာ) + ဂီတ (အနုပညာ) တို့ကို လေ့လာသင်ကြားကြရမှာဖြစ်ပါတယ်။
🎓STAMS - 2 (အတွဲ-၄)
( Science, Technology, Arts, Mathematics, Sports - 2 )
သင်ကြားလေ့လာရမယ့်ဘာသာရပ်တွေကတော့
▪️မယူမနေရဘာသာရပ် (၃) ခု
(၁) မြန်မာ၊ (၂) အင်္ဂလိပ်၊ (၃) သင်္ချာ
▪️အဓိက ဘာသာတွဲ - Major Subjects (၃) ခု
(၁) စိတ်ကြိုက်မြန်မာစာ၊
(၂) ဘောဂဗေဒ၊
(၃) ပထဝီဝင် + သမိုင်း
▪️ဖြည့်စွက် ဘာသာတွဲ - Minor Subjects (၄) ခု
(၁) သိပ္ပံတွဲ ( ဓါတုဗေဒ + ရူပဗေဒ + ဇီဝဗေဒ )
(၂) စာရိတ္တနှင့်ပြည်သူ့နီတိ၊
(၃) ဘဝတွက်တာကျွမ်းကျင်စရာ၊
(၄) ကာယပညာ + ပန်းချီ (အနုပညာ) + ဂီတ (အနုပညာ) တို့ကို လေ့လာသင်ကြားကြရမှာဖြစ်ပါတယ်။
🌿ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတက်ရောက်လိုသော တက္ကသိုလ်များအလိုက် STEAMS-1, STEAMS-2, STAMS-1, STAMS-2 တို့ကို ရွေးချယ်တက်ရောက်ရမှာဖြစ်ပါတယ်။
🌿တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အရေးကြီးသည့် Core Subjects များကို အခြေခံကောင်းအောင် ကြိုးစားထားဖို့လိုအပ်ပါတယ်။ အထက်တန်းအဆင့်ဖြစ်သော Grade 10, Grade 11, Grade 12 အားလုံး၏ Grading များကောင်းထားမှသာလျှင် မိမိနှစ်သက်ရာ တက္ကသိုလ်သို့ စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။
🌿အရင်စနစ်ဟောင်းမှာကဲ့သို့ တက္ကသိုလ်ဝင်တန်း (၁၀) တန်း တစ်ခုတည်းရဲ့အမှတ်ကိုကြည့်မှာမဟုတ်ပဲ အထက်တန်းအဆင့်အားလုံး { Grade 10, 11, 12 } ၏ Grading များကောင်းဖို့လိုအပ်ပါသည်။ Student’s Transactions များ ကောင်းဖို့ လိုအပ်ပါသည်။
🌿လူကြီးမင်းတို့၏ သားသမီးများရဲ့ ပညာရေးခရီးလမ်းအတွက် ပညာရေးအကြံဥာဏ်ရယူလိုပါက FELC Private High School သို့ ဆက်သွယ်၍ အကြံဥာဏ်ရယူနိုင်ပါသည်။
ဆက်သွယ်ရန်
🌐FELC YADANARPONE CAMPUS
*************************************
အမှတ် (၃၀၈၃)၊ ရာဇဌာနီလမ်း၊ ပန်းမြိုင်လယ်ဥယျာဉ်အနီး၊ ဘောဂဝတီရပ်ကွက်၊ ပျဉ်းမနား။
ဖုန်း - 09250288381 , 0943019913 , 09408822990 , 09408822994
🌐FELC SHWEKYARPIN CAMPUS
*************************************
အမှတ် (၄၃၂-၄၃၃)၊ တော်ဝင်ရတနာလမ်းနှင့် ပဒုံမာလမ်းထောင့်၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
ဖုန်း - 09250288381 , 09459109977 , 09408822990 , 09408822994
FELC Private High School