အောင်ဟိန်း-ဘော်ဒါ-မေမြို့
🆂🅰🆈🅰  🅽🆈🅸  🅽🆈🅸𝙕𝙤𝙤𝙢 𝘾𝙡𝙖𝙨𝙨𝙚𝙨 🅶🆁🅰🅳🅴 5-6-7-809 978 300 643Let me introduce myself1. Hi, my name is    🔴2. I am        🔴     ...
26/02/2023
🆂🅰🆈🅰 🅽🆈🅸 🅽🆈🅸
𝙕𝙤𝙤𝙢 𝘾𝙡𝙖𝙨𝙨𝙚𝙨
🅶🆁🅰🅳🅴 5-6-7-8
09 978 300 643
Let me introduce myself
1. Hi, my name is 🔴
2. I am 🔴 years old.
3. My birthday is on 🔴
4. I am from --------. .(country)
5. I live in 🔴 (city)
6. There are 🔴 people
in my family.
7. There are 🔴
8. My father is a/an 🔴
9. My mother is a/an 🔴
10. I am a student at 🔴
11. My favorite subject is 🔴
12. My favorite sport is 🔴
13. I want to became a 🔴
14. My hobby is 🔴
15. My favorite food is 🔴
16. My favorite drink is 🔴
17. My favorite day of the week is 🔴
18. I like 🔴 movies.
19. My favorite month is 🔴
20. The most beautiful place
in my country is 🔴
26/02/2023
🆂🅰🆈🅰 🅽🆈🅸 🅽🆈🅸
𝙕𝙤𝙤𝙢 𝘾𝙡𝙖𝙨𝙨𝙚𝙨
🔴My Grandfather passed away
last week.
The funeral is today.
🔴I can't believe
you got away with cheating
in your exam .
🔴I'll get back to you
as soon as I have an answer.
🔴I put my trust in you
and you let me down.
I can't forgive you.
🔴Please can you write down
everything he says.
🔴I don't like it
when people look down on others
because they are rich.
🔴Please fill in the gaps
with the correct form of the verb.
🔴There was too much information
for me to take in.
🔴Please hand in your homework
at the end of the lesson.
🔴If you get into difficulty at sea
you should call the coastguard.
🔴You'll never guess
who I ran into today in town
- my old piano teacher!
🔴You have to pay £2
to drop off passengers
outside the airport.
🔴I can't hold on much longer.
I'm going to fall!
🔴If you eat a lot of cakes
you'll put on weight quickly.
🔴I was really shy at school
and I didn't dare
to ask any girls out.
🔴I can't wait for them
to bring out
the new Pokemon game.
🔴The first Harry Potter book
came out in 1997.
🔴I want you to carry out
all my instructions very carefully..
🔴If you make a mistake,
cross it out
and write the answer below.
🔴I had to drop out of university
because the course was
too difficult.
🔴I like eating out with my friends.
🔴I always feel sorry for people
who give out leaflets in the street.
🔴I like to go out at weekends
with my friends.
🔴When I was at school
I went out with lots of girls.
🔴At the weekends
my son's friends
often hang out
at my house.
🔴The teacher asked me
to read out
what I had written.
🔴I like to wear unusual clothes
so that I stand out
from the crowd.
🔴Be careful -
your wallet is
sticking out of your pocket!
🔴I freaked out
when the airplane started
shaking violently.
🔴Spiders freak me out.
I'm so scared of them.
🔴He hung up
before I had time to explain.
He was clearly very angry.
🔴I need to go to the post office
to pick up a parcel.
🔴I'll pick you up
from outside your house
at 18:30 tomorrow.
🔴I called three times
but nobody picked up the phone.
🔴I realised that
I was putting on weight
so I took up Yoga to get fit.
🔴I was really ill yesterday.
I threw up three times.
🔴I really look up to my dad.
He is an inspiration to me.
🔴It's important to warm up
before you do sports.
🔴pass away
🔴get away with
🔴get back to
🔴let down
🔴write down
🟢look down on
🟢fill in
🟢take in
🟢hand in
🟢get into
🔴run into
🔴drop off
🔴hold on
🔴put on
🔴ask out
🟢bring out
🟢come out
🟢carry out
🟢cross out
🟢drop out
🔴eat out
🔴give out
🔴go out
🔴go out with
🔴hang out
🟢read out
🟢stand out
🟢stick out
🟢freak out
🟢freak out
🔴hang up
🔴pick up
🔴pick up
🔴pick up
🔴take up
🟢throw up
🟢look up to
သင်ရိုးသစ်G-11မြန်မာစာဆားဒယ်(တက္ကသိုလ် ဝင်းမွန်)ငယ်စဉ်က ဆားဒယ်စီး၍ ပျော်ခဲ့သည်များကို ကျွန်တော် မကြာခဏ သတိရနေပါသည်။ ကျွန...
27/04/2022
သင်ရိုးသစ်
G-11
မြန်မာစာ
ဆားဒယ်
(တက္ကသိုလ် ဝင်းမွန်)
ငယ်စဉ်က ဆားဒယ်စီး၍ ပျော်ခဲ့သည်များကို ကျွန်တော် မကြာခဏ သတိရနေပါသည်။ ကျွန်တော်တို့ ရွာကလေးသည် မိုးတွင်းအခါ၌ “ရေပတ်လည်ဝိုင်းလျက်ရှိသောကုန်းမြေ” ဟူသောစကားကို အမှတ်ရစရာ ကောင်းလှသည်။ ကျွန်တော်တို့ တောင်ပိုင်း၌ ရေပတ်လည်အဝိုင်းဆုံးဖြစ်သည်။ ကျွန်တော်တို့ အိမ်ကုန်းတစ်ခုလုံးသည် ရေအောက်၌ ခေါင်းလျှိုးနေသည်။ အိမ်ရှေ့ရှိ လမ်းမကြီးသည် နွေအခါက ဖုန်တထောင်းထောင်း ထ ခဲ့သည်။ ခလောက်သံ၊ ခြူသံတို့ဖြင့် ဆူညံခဲ့သည်။ ယခုအခါ၌ကား လမ်းမကြီးသည် ရေအောက်သို့ စုပ်စုပ်မြုပ်နေပေပြီ။ လှည်းတို့အစား လှေတို့ လူးလာနေပေပြီ။ ချောင်းကြီး ဖြစ်နေပေပြီ။ ရေကား မနက်လှ။ ပေါင်လယ်လောက် ခါးလယ်လောက်သာ ရှိသည်။ သည်ချောင်းရိုး တစ်လျှောက်၌ ကျွန်တော်တို့သည် ဆားဒယ်ကို စီး၍ အပျော်ကြီး ပျော်ခဲ့ကြသည်။
ဆားဒယ်မှာ လေးပေပတ်လည်ခန့် သံဒယ်ပိုင်းကြီး ဖြစ်သည်။ အဝိုင်းမဟုတ်၊ လေးထောင့် ဖြစ်သည်။ ဇောက်မှာ မနက်လှ။ ခြောက်လက်မခန့်သာ ရှိသည်။ ရွာအရှေ့ပိုင်းမှ သံဖြူဆရာကြီး ဦးလှ၏ တဲကုပ်ထွက်ပစ္စည်းဖြစ်သည်။ ကျွန်တော့်မိဘများသည် တပေါင်း တန်ခူး ဆားမြေတက်ချိန်၌ စစ်တောင်းမြစ် ကမ်းခြေရှိ သစ်ဖြူရွာ၊ ရွာသစ်ရွာတို့ကို ဆားမြေခြစ်ရန် နံနက် ဝေလီဝေလင်းတွင် နွားလှည်းကြီးများဖြင့် ထွက်သွားတတ်ကြသည်။ ညနေစောင်းတွင် နွားလှည်းကြီးအပြည့် ဆားမြေများ တိုက်၍ လာတတ်ကြသည်။ ထိုဆားမြေများကို ရေဖြင့်ဖျော်၍ ဆားရည်စင်ပေါ်သို့ လောင်းကြသည်။ ထိုဆားရည်စင်ပေါ်မှ ကျသော ဆားရည်သန့်သန့်များကို ဆားဒယ်ကြီးများတွင် ထည့်၍ ကောက်ရိုးမီးဖြင့် ချက်ကြသည်။ ကောက်ရိုး ခြောက်ပွေ့ ခုနှစ်ပွေ့ ကုန်လျှင် ဆားဒယ် တစ်ဒယ်ကျတော့သည်။ ထိုဆားဒယ်ကြီးများ အလုပ်စခန်းသည် မိုးတွင်းအခါ၌ သိမ်းပြီ။ အလုပ်အား၍ အနားယူပြီ။ ထမ်းစင်ပေါ်တွင် အမြိန့်သားဇိမ်ခံနေပြီ။ သို့သော် ကျွန်တော်တို့ကား သူတို့ကို အနားမပေးနိုင်ပြီ။ ထမ်းစင်ပေါ်မှ သူတို့ကို အတင်းဆွဲခေါ်၍ ချောင်းရိုးတစ်လျှောက် အမှုထမ်း စေတော့သည်။
ကျွန်တော်တို့ရွာတွင် အိမ်တိုင်းလိုလိုပင် ဘောက်တူလှေများ ရှိကြပါသည်။ သို့သော် လယ်ကိစ္စ၊ အရပ်ကိစ္စများကြောင့် ဘောက်တူကို အနားမနေရအောင် လူကြီးများ အသုံးပြုလွန်းသည်။ လူကြီးများ အားမှ လစ်မှ စီးခွင့်ရသည်။ လှော်ခွင့်ရသည်။ ဘောက်တူကို လှော်၍ ပျော်ရသည်မှာ မကြာသေး။ သူတို့ တကြော်ကြော် အော်ဟစ်ခေါ်တော့သည်။ ဘောက်တူနှင့် သွားစရာကိစ္စ သူတို့မှာ ပေါ်တော့သည်။ ကျွန်တော်တို့လည်း “ဆော့လွန်း၊ ကမြင်းလွန်းသည်” ဟု သူတို့ ဆူပူကြိမ်းမောင်းတော့သည်။ အိမ်ရှိ ဘောက်တူသည် ကျွန်တော်တို့ ကလေးများနှင့် လုံးဝ မသက်ဆိုင်ဘိသကဲ့သို့ ရှိလှသည်။ ချောင်းရိုးတစ်လျှောက်၌ ကျွန်တော်တို့သည် ဘောက်တူစီး၍ ပျော်ခွင့်မရ။ ဆားဒယ်စီး၍သာ ပျော်ခဲ့ကြသည်။
ဆားဒယ်စီးရသည်မှာ ဘောက်တူစီးရသည်နှင့်မတူ။ ဘောက်တူစီးရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။ မြန်မာစကားပုံ တစ်ခုရှိသည်။ “လှေအဆင်း မြင်းအတက် ခက်သတဲ့”။ ဘောက်တူကား အဆင်းလည်းလွယ်သည်။ အတက်လည်းလွယ်သည်။ အတက်မတော်၍ တိမ်းမှာ စောင်းမှာ မှောက်မှာ မပူရ။ အဆင်းမတော်၍လည်း တိမ်းမှာ စောင်းမှာ မှောက်မှာ မပူရ။ ဘောက်တူပေါ်သို့ ရောက်၍ တက်ဖြင့် တစ်ဘက်သတ်လှော်လည်းရသည်။ ဘယ်ဘက် ညာဘက် မျှ၍ လှော်လည်းရသည်။ ဘောက်တူကို ပဲ့ကိုင်ရသည်မှာ မခက်လှ။ ပဲ့ကို သာမန်ကိုင်တတ်ရုံဖြင့် ရည်မှန်းရာသို့ ချောချောမွေ့မွေ့ ဖြူးဖြူး ဖြောင့်ဖြောင့် တန်းတန်းမတ်မတ် ရောက်သည်။
ဆားဒယ် စီးရသည်မှာ ပင်ပင်ပန်းပန်း ရှိလှသည်။ ဆားဒယ်ကား ပက်ကလန်ကြီးဖြစ်သည်။ လူတစ်ယောက်၏ ဝန်လောက်သာ ထမ်းနိုင်ရှာသည်။ လူတစ်ယောက်အပေါ်သို့ တက်မိသည်နှင့် ရေမျက်နှာပြင်ထက် သုံးလက်မခန့်သာ ခေါင်းဖော်နိုင်ရှာတော့သည်။ ထို့ကြောင့် ဆားဒယ်သည် အတိမ်းအစောင်းမခံ။ တိမ်းမှာ စောင်းမှာ မှောက်မှာ အလွန်ပူရသည်။ အတက်မတော်ပါကလည်း ဆားဒယ်မှောက်သည်။ အဆင်းမတော်ပါကလည်း ဆားဒယ်မှောက်သည်။ ဆားဒယ်အပေါ်သို့ တက်သည့်အခါ ဆားဒယ်၏ နှုတ်ခမ်းစွန်းနှစ်ဘက်ကို လက်ဖြင့် တည်တည်ငြိမ်ငြိမ်ထိန်း၍ ကိုင်ရသည်။ ထို့နောက် ဆားဒယ်၏ အလယ်တည့်တည့်သို့ ကျအောင် ကြိုးစား၍ တက်ထိုင်ရသည်။ ဤသို့ အလွန်ဂရုထား၍ ကြိုးစားပြီး တက်ပါမှ ဆားဒယ်မမှောက်ဘဲနေသည်။ သို့သော် ဟိုယိမ်း သည်ထိုး လှုပ်လှုပ်ရှားရှား လူးလူးလွန့်လွန့်ကား ဖြစ်လိုက်သေးသည်။ ဆားဒယ်ငြိမ်၍ အထိုင်ကျသောအခါမှ လှော်ခွင့်ရသည်။ ကျွန်တော်တို့သည် ဆားဒယ်ကို တက်ဖြင့်မလှော်ကြ။ ကိုယ်ကို အနည်းငယ် ညွှတ်၍ ကိ်ုင်း၍ လက်ဖြင့် ယက်ကြလှော်ကြသည်။ ယက်ရာ၍ ဘယ်ညာမျှ၍ ယက်ရသည်။ တစ်ဘက်သတ် ကျုံးကာယက်မရ။ ဘယ်ညာမမျှဘဲ ဘယ်လက်ဖြင့် ကျုံး၍ ယက်လိုက်ပါက လက်ယာရစ် ချာချာလည်သွားပေလိမ့်မည်။ ညာလက်ဖြင့် ကျုံး၍ ယက်ပါက လက်ဝဲရစ် ချာချာလည်သွားပေလိမ့်မည်။ ဘယ်ညာမျှ၍ ထိန်းယက်နိုင်ပါမှ ဆားဒယ်သည် ဝဲကာလည်ကာ ယိမ်းကာ ယိုင်ကာဖြင့် ရည်မှန်းရာသို့ တရွေ့ရွေ့ တဖြည်းဖြည်း ကွေ့၍ စောင်း၍ ရောက်သည်။
မိမိ ရည်မှန်းရာသို့ မရောက်ခင်၌ ဆားဒယ်မှောက်မသွားရအောင်၊ ရည်မှန်းရာသို့လည်း ရောက်အောင် ဆားဒယ်ကို ယက်ရ လှော်ရသည်မှာ မလွယ်။ ကျွမ်းကျင်မှုလိုသည်။ ကိုယ်ကို တည်တည်ငြိမ်ငြိမ် ထားတတ်ဖို့လိုသည်။ ဇွဲကောင်းဖို့လိုသည်။ လုံ့လရှိဖို့လိုသည်။ ဤအချက်များမှ တစ်ချက်ချက် လစ်ဟင်းသည်နှင့် ဆားဒယ်သည် ရည်မှန်းရာသို့ မရောက်။ မှောက်၍ မှောက်၍ သွားတတ်သည်။
သို့သော် ကျွန်တော်တို့ကား ချောင်းရိုးတစ်လျှောက်၌ ဆားဒယ်ကိုယ်စီဖြင့် ချာလည် ချာလည် ဖြစ်နေရသည်ကိုပင် ပျော်ကြသည်။ ဝမ်းမြောက်ကြသည်။ ရည်မှန်းရာသို့ မရောက်ဘဲ ဆားဒယ်ကိုယ်စီဖြင့် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ချာလည်ချာလည် ဖြစ်နေစဉ်၊ အခြားသူများသည် ဘောက်တူများ လှေကြီး လှေကလေးများဖြင့် ကျွန်တော်တို့ကို ဖြတ်ကျော်၍ ရည်မှန်းရာသို့ ချောချောမောမော ဖြောင့်ဖြောင့်တန်းတန်း သွားကြသည်ကို တွေ့ကြရသည်။ ကြုံရသည်။ ထိုအခါ သူတို့အတွက် မည်သို့မျှ စိတ်မလှုပ်ရှားကြ။ သူတို့ကို ဝမ်းပန်းတသာ အော်ဟစ်၍ နှုတ်ဆက်လိုက်ကြသေးသည်။ ကျွန်တော်တို့ လူသိုက်ထဲမှ တစ်ယောက်ယောက်၏ ဆားဒယ် အခန့်မသင့်၍ မှောက်သွားပါက “မင်းက ရောက်လိုဇော အားကြီးပြီး သိပ် ကျုံးယက်တာကိုးကွ။ မှောက်မှာပေ့ါ။ ဖြည်းဖြည်းဟေ့ ဖြည်းဖြည်း။ လောမကြီးနဲ့။ ကိုယ့်ကိုယ်ကိုလည်း ထိန်းဦးကွ” ဟု ဝိုင်း၍ သတိပေးတတ်ကြသည်။ စ တတ်ကြသည်။ ပြောင်တတ်ကြသည်။ ဆားဒယ် မှောက်သွားသည့် သူကလည်း သူ့ကို စ၍ ပြောင်၍ စိတ်မဆိုး။ ဒေါမပွ။ စပ်ဖြီးဖြီး နှင့် တုန့်ပြန်သည်။ သူ့ဆားဒယ်ကို ပြန်ဆယ်၍ တည့်ကာ ပြန်၍ ဆားဒယ် စီးပြန်သည်။ ဇွဲမလျှော့။ ဆားဒယ်စီး၍ ကျွန်တော်တို့ အားရသောအခါ၌ ရေထဲတွင် တဝုန်းဝုန်း တပျော်တပါး ကူးခတ် ဆော့ကစား တတ်ကြသည်။
ရွာကိုခွာ၍၊ သူငယ်ချင်းများကို ခွဲ၍ ကျွန်တော် ထွက်လာခဲ့သည်မှာ ကြာပြီ။ သို့သော် ရွာကို ကျွန်တော် မမေ့။ သူငယ်ချင်းများကိုလည်း မမေ့။ သူတို့နှင့် ချောင်းရိုးတစ်လျှောက် ဆားဒယ်စီး၍ ပျော်ခဲ့ကြသည်များကိုလည်း ကျွန်တော်မမေ့။ သို့သော် ရွာသို့ကား တစ်ခေါက်မျှပင် မရောက်နိုင်ခဲ့။ သူငယ်ချင်းများနှင့်လည်း မတွေ့နိုင်ခဲ့။ ကိုယ့်အလုပ်နှင့်ကိုယ် ချာလပတ်လည်၍ အားသည်ပင် မရှိနိုင်ခဲ့။
အလုပ်အကိုင်နှင့် ဖြစ်လာသောအခါ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရသေးသည်။ ကိုယ့်အလုပ် ကိုယ့်တာဝန်နှင့် ပတ်သက်သော လေ့လာစရာ ဆည်းပူးစရာများကိုလည်း လေ့လာရသေးသည်။ ထို့ပြင် ကိုယ်ရေးကိုယ်တာကိစ္စ၊ ဆွေရေးမျိုးရေးကိစ္စ၊ ရပ်ရေးရွာရေးကိစ္စ၊ သာရေးနာရေးကိစ္စ၊ ကိစ္စပေါင်း သောင်းခြောက်ထောင်ရှိသေးသည်။ လူ့ဘောင် လူ့အသိုင်းအဝိုင်းတွင်နေ၍ သည်လူ့ကိစ္စများကို ရှောင်၍ တိမ်း၍ မရ။ အဆင်ပြေအောင် ဆောင်ရွက်ရသည်။ ဤသို့ဖြင့် ဘဝရေစီးကြောင်းထဲတွင် တဝဲလည်လည် မျောပါနေရသည်။ သည်ကြားတွင်းမှ ကိုယ့်တိုးလမ်း တက်လမ်းအတွက် ကြံစည်ရသေးသည်။ တယက်ကန်ကန် ချွေးသံထွက်အောင် ကြိုးစားရသေးသည်။ ထိုအခါ မိမိ ရည်မှန်းချက်သို့ ချောချောမောမော ဖြောင့်ဖြောင့်တန်းတန်း ဆိုက်ရလေအောင်၊ မိမိဆန္ဒ ပြည့်ဝလေအောင် တိုး၍ ကြိုးစားရပြန်သည်။ ယက်ကန်ရပြန်သည်။ လှော်ခတ်ရပြန်သည်။ ထို့ကြောင့် ဘဝသည် ချာလည် ချာလည်နှင့် လည်၍ မဆုံး ဖြစ်ရပြန်သည်။ သို့သော် ကိုယ့်မျှော်လင့်ချက်ဖြင့် ကိုယ်မို့ ပင်ပန်းသော်မှ ပင်ပန်းသည်ဟု မမှတ်ထင်။ ပျော်သည်။ ရွှင်သည်။
သို့သော် တချို့သော သူတို့သည် ကျွန်တော်တို့နှင့် အရည်တူများ ဖြစ်ကြပါလျက် ကျွန်တော်တို့လို တယက်ကန်ကန် ချွေးသံထွက်အောင် မကြိုးစား မလုပ်ဆောင်ရဘဲ သက်သောင့်သက်သာဖြင့် ပန်းတိုင်သို့ ဝင်၍ ဝင်၍ သွားကြသည်။ တယက်ကန်ကန် ချွေးသံထွကအောင် ကြိုးစားရသော ကျွန်တော်တို့ကား ပန်းတိုင်နှင့် မနီး၊ ချာလည် ချာလည်နှင့် ကျန်နေရပေသည်။ ထိုအခါ ကျွန်တော့်တွင် လှော်ချင် ခတ်ချင်စိတ်များ ပျောက်၍ ပျောက်၍ သွားတတ်သည်။ အမည်မတပ်နိုင်သော ခံပြင်းခြင်း ဖြစ်ပေါ်လာတတ်သည်။ “ငါ့ဘဝနှယ် ဆားဒယ်စီးရသလိုပါပဲလား” ဟု ညည်းတွားမိတတ်သည်။ ထိုမှတစ်ဆင့် ချောင်းရိုးတစ်လျှောက်၌ ကျွန်တော်တို့ ဆားဒယ်စီး၍ ပျော်ခဲ့ကြသည်များကို ပြန်၍ ပြန်၍ အမှတ်ရလာမိပါသည်။
ကျွန်တော် ဆားဒယ် စီးခဲ့စဉ်က ချောင်းရိုးတစ်လျှောက်၌ ဆားဒယ်ဖြင့် ချာလည်ချာလည် တယက်ကန်ကန် ချွေးသံထွက်နေချိန်တွင် တချို့သော သူများသည် ဘောက်တူများ၊ လှေကြီး လှေငယ်များဖြင့် ကျွန်တော်တို့ကို ဖြတ်၍ ကျော်၍ ရည်မှန်းရာသို့ ချောချောမောမော ဖြောင့်ဖြောင့်တန်းတန်း ပန်းဝင်၍ သွားတတ်ကြသည်။ ထိုစဉ်က ကျွန်တော် အားလျော့ခြင်း၊ ဆုတ်နစ်ခြင်း ဖြစ်ခဲ့ပါသလော။ ဖြစ်ခဲ့သည်ဟု ကျွန်တော် အမှတ်မရ။ သူတို့အတွက် ဝမ်းမြောက်ခြင်းပင် ဖြစ်ခဲ့သေးသည်ကို အမှတ်ရနေမိသည်။ ကလေးအရွယ် လူမမည် အခါကပင် အားလျော့ခြင်း၊ ဆုတ်နစ်ခြင်း မရှိဘဲ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်လှေဖြင့် ကိုယ်ပျော်နိုင်သေးသည်။ ယခုအခါ အရွယ်လည်း မြောက်နေပြီ။ ပညာ အဆင်အခြင်လည်း အတော်အသင့် ရှိနေပြီ။ အတွေ့အကြုံလည်း အသင့်အတင့် ရနေပြီ။ ယခုလို အခါတွင်မှ ကျွန်တော်တို့ အားလျော့ခြင်း၊ ဆုတ်နစ်ခြင်းများ ဖြစ်သင့်ပါသလော။ ငယ်စဉ် အခါကကဲ့သို့ သတ္တိမကောင်းတော့ပြီလော။ ဤသို့ ကိုယ့်ကိုယ်ကို ကျွန်တော် ဆုံးမရသည်။ သတိပေးရသည်။ ထိုအခါမှ စိတ်နှလုံး အေးချမ်းလာတော့သည်။ ထိုပပြင် အားသစ်တို့ ဝင်လာသည်။ စိတ်သစ်တို့ ဝင်လာသည်။ အားမလျှော့ပြီ။ မဆုတ်နစ်ပြီ။
ကျွန်တော်သည် ဘဝရေစီးကြောင်းတွင် ဆားဒယ် စီးရမည်ကို မကြောက်တော့ပြီ။ ချာလည်ချာလည် ဖြစ်စေဦးတော့၊ ဘဝရေစီးကြောင်းတွင် ဆားဒယ်ကို ပျော်ပျော်ကြီးစီး၍ ကျွန်တော် မမောမပန်း ကြိုးပမ်း လှော်ခတ်ရဲလေပြီ တကား။
(ကံ့ကော်မြိုင်စာတမ်းများ မှ ကူးယူတင်ပြပါသည်။)
စာပေချစ်သူတို့အတွက် မေမြို့ကGLORY LIBRARY
27/04/2022
စာပေချစ်သူတို့အတွက် မေမြို့က
GLORY LIBRARY
26/04/2022
မိဘများနှင့် ကျောင်းသားကျောင်းသားများထံသို့အကြောင်းအမျိုးမျိုးကြောင့်ယခင်နှစ်က တက္ကသိုလ်၀င်တန်းစာမေးပွဲကိုမဖြေဆိုဖြစ်ခဲ့...
20/04/2022
မိဘများနှင့် ကျောင်းသားကျောင်းသားများထံသို့
အကြောင်းအမျိုးမျိုးကြောင့်
ယခင်နှစ်က တက္ကသိုလ်၀င်တန်းစာမေးပွဲကို
မဖြေဆိုဖြစ်ခဲ့သောသူများသည်
ယခုနှစ်2022-2023ပညာသင်နှစ်တွင်
ပြန်လည်ဖြေဆိုမည်ဆိုပါက
ပြင်ပဖြေ ဖြေဆိုခွင့်ကို
ယခုတစ်နှစ်သာရရှိတော့မည် ဖြစ်ပါသည်။
စာသင်နှစ်ပြည့် စာလုပ်၍ သင်ရိုးအားလုံးကို
လေ့လာဖြေဆိုရပါမည်။
ယခုနှစ်တွင်ဖြေဆို၍ ကျရှုံးခဲ့ပါကလည်း
အထက်ပါပုံစံအတိုင်းသာ ဖြေဆိုရပါမည်။
သင်ရိုးလျော့ချပေးခဲ့ခြင်း ပယ်ဖျက်ပြီ ဖြစ်ပါသည်။
အခြားအတန်းအောင်စာရင်းများကို
24.4.2022 တွင် ထုတ်ပြန်မည်ဖြစ်ပါသည်။
GSO ၏ 2022-20223 ပညာသင်နှစ်တန်းများကို
ပြန်လည်စတင်လက်ခံပါတော့မည်။
09796059200သို့ ဆက်သွယ်အပ်နှံနိုင်ပြီ
ဖြစ်ပါသည်။
(၂၀၂၀ အောင်)များအနေဖြင့် မိမိတို့၏သက်ဆိုင်ရာတက္ကသိုလ်များတွင် ကျောင်းဝင်မှတ်ပုံတင်(ကျောင်းအပ်)ရန်နှင့် အထူးပြုဘာသာရပ်ပြေ...
15/04/2022
(၂၀၂၀ အောင်)များအနေဖြင့်
မိမိတို့၏သက်ဆိုင်ရာတက္ကသိုလ်များတွင်
ကျောင်းဝင်မှတ်ပုံတင်(ကျောင်းအပ်)ရန်နှင့်
အထူးပြုဘာသာရပ်ပြောင်းခြင်း၊
ကျောင်းပြောင်းခြင်းများကို
(18-4-2022)ရက်နေ့မှ(27-4-2022)ရက်နေ့အထိ ဆောင်ရွက်ကြရန်​အသိပေးကြေညာထားသည်ကို
တွေ့ရှိရပါသည်။
ကျောင်းခေါ်ချိန် ၇၅%ပြည့်မီမှသာ
စာမေးပွဲဖြေခွင့်ရမည်ဟုလည်းပါရှိသည်။
(အဲ့တာက Dayသမားတွေအတွက်ဖြစ်ပါတယ်။)
အဝေးသင်များကျောင်းအပ်ရမည့်ရက်၊ သင်တန်းတက်မည့်ရက်များ စာမထွက်သေးပါ။ ။
နမူနာသတင်းဓါတ်ပုံ- ကျိုင်းတုံတက္ကသိုလ်၏ ကြေညာချက်များဖြစ်ပါသည်။ အခြားတက္ကသိုလ်များမှာလည်း ၎င်းအတိုင်းပင်ဖြစ်သည်။
15/04/2022
၂၄.၄.၂၀၂၂ တနင်္ဂနွေနေ့တွင်
အခြေခံပညာအတန်းများ၏
အောင်စာရင်းများ ထုတ်ပြန်ကြေငြာသွားမည်
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊
အခြေခံပညာအတန်းများအတွက်
ကျောင်းတွင်းစစ်စာမေးပွဲများ
(အဌမတန်း /Grade -9အပါအဝင်)၏
အောင်စာရင်းများကို ၂၄.၄.၂၀၂၂ ရက်နေ့တွင်
ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ပါသဖြင့် သက်ဆိုင်ရာအခြေခံပညာကျောင်းအုပ်ကြီးများ၊
တာ၀န်ခံကျောင်းအုပ်ကြီးများ
အနေဖြင့် လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြပါရန်
သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများမှ
အသိပေး ထုတ်ပြန်ထားပါသည်။
Crd
Address
No 13, Nawarat Street, Y. K. K(10)
Pyin Oo Lwin
Opening Hours
Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59
Telephone
09960019015
Website
Alerts
Be the first to know and let us send you an email when အောင်ဟိန်း-ဘော်ဒါ-မေမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
Share
Category