05/09/2025
ပညာရေးမှာ မိဘဖြစ်သူက အမြင်ကျယ်ဖို့လိုသလို၊ ခေတ်နဲ့မကင်းကွာအောင်လည်း ကြိုးစားလေ့လာဖို့လိုပါတယ်။ ဘယ်ဟာ က အဓိကလဲ၊ ဘာအရေးကြီးလဲ ဆိုတာ ဝေဖန်ခွဲခြားနိုင်စွမ်းရှိမှ ပညာရေးကောင်းကို ရနိုင်တာမျိုးပါ။
မိဘတိုင်းက သားသမီးတိုင်းကို ညွှန့်ပေ့, ကောင့်ပေ့ဆိုတာမျိုးနဲ့ ပဲ လုပ်ပေးချင်ကြတာချည့်။ တခါတခါ အကောင်းဆုံးတွေချည့် လုပ်ပေးနေလည်း သူ့အိုးနဲ့ သူ့ဆန် တန်ရုံပဲကောင်းတာမျိုးလည်းရှိတတ်ကြတယ်။
ကိုယ့်သားတွေသမီးလေးတွေရဲ့ ဉာဏ်ရည်နဲ့ ဝါသနာပေါ်မူတည်ပြီး မိဘကိုယ်တိုင်က ဘာနဲ့သင့်တယ်, မသင့်ဘူး ခွဲခြားတတ်မှ လိုချင်တဲ့ ပန်းတိုင်ရောက်တာမျိုးပါ။
သူများသားသမီး ဆရာဝန်ဖြစ်လို့ ငါ့သားသမီးလည်း ဆရာဝန်ကြီးဖြစ်ရမယ်ဆိုတဲ့ တယူသန်စိတ်နဲ့ ကလေးကို ဇွတ်အတင်း လုပ်ယူရင်၊ ကလေးရဲ့ အနာဂတ်လည်း ယောင်ဝါးဝါးဖြစ်သွားတတ်သလို၊ ပင်ကိုယ်ဉာဏ်ရည်၊ ပင်ကိုယ်ဝါသနာကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်တတ်တာကို သတိပြုစေချင်ပါတယ်။
ခေတ်က ဘာပညာရပ်ပဲဖြစ်ဖြစ် ကောင်းတဲ့ပညာရပ်မှန်သမျှ သူ့နေရာသူ တန်ဘိုးရှိကြသလို၊ သမိုင်းပညာရှင်၊ ဘူမီဗေဒပညာရှင်၊ ဓါတုဗေဒ, သဘာပတ်ဝန်းကျင် အင်ဂျင်နီယာ၊ စာရင်းအင်းပညာရှင်၊ အားကစားသမား၊ နည်းပညာ အင်ဂျင်နီယာ၊ အနုပညာဆိုင်ရာ ပညာရှင်၊ အဆုံးစွန် ထမင်းဟင်းချက်ပြတဲ့ YouTuber ကအစ, ဂိမ်းဆော့ရင်း professional Gamer ဖြစ်သွားတဲ့ သူတွေတောင် သူ့ဝင်ငွေနဲ့သူ ရပ်တည်နိုင်ကြတဲ့ခေတ်ပါ။
ဘာကောင်းလဲလို့မေးရင် သူဝါသနာပါရင် သူနဲ့သင့်ရာ၊ သူ့ဘာသာ အသက်မွေးနိုင်မယ့် ပညာမျိုးက အကောင်းဆုံးပါပဲ။
ဘယ်လိုကလေးမျိုးတွေ အတွက်, ဘယ်လို ရွေးကြမလဲ
1) Logical–Mathematical Intelligence
ဒါမျိုးဉာဏ်ရှိတဲ့ကလေးတွေကို ခွဲခြားစိတ်ဖြာပြီး တွက်ချက်ဉာဏ်ကောင်းတဲ့ သူတွေ Analytical Thinkers လို့ခေါ်ကြတယ်။ သူတို့တွေ အတွက် အကောင်းဆုံး Major တွေနဲ့ အလုပ်ကိုင် (Career) တွေက
Computer Science / Software Engineering
Data Science / Artificial Intelligence
Mathematics / Statistics
Finance / Accounting / Actuarial Science
Engineering (all fields)
စတာတွေကို ရွေးချယ်ပေးနိုင်ပါတယ်။
2) Linguistic–Verbal Intelligence (Word Smart)
စာရေးခြင်း၊ စာဖတ်ခြင်းနဲ့ စကားရည်လု (Debate) လုပ်ရတာမျိုးတွေနဲ့၊ communication လုပ်ရတဲ့အပိုင်းတွေမှာ ထူးချွန်ကြတဲ့ အရည်ချင်းမျိုးကလေးတွေအတွက် အကောင်းဆုံး မေဂျာရွေးချယ်နည်းနဲ့ Career တွေက . .
Law / Political Science
Journalism / Media / Communications
Education / Linguistics / Literature
International Relations / Public Policy
Marketing / Advertising / Public Relations
3) Visual–Spatial Intelligence (Picture Smart)
ဒါမျိုးက Picture Smart ဖြစ်တဲ့ကလေးတွေလို့ပြောလို့ရတယ်။ ပုံရိပ်တွေကို မှတ်မိလွယ်၊ မြင်လွယ်တတ်သလို၊ အဲဒီအပိုင်းမှာ အသုံးချဉာဏ်ရည် အင်မတန်ကောင်းကြတယ်။ ဥမပာ ဒီဇိုင်း၊ ဗိသုကာလိုမျိုး။ သူတို့လေးတွေ အတွက်က..
Architecture / Urban Planning
Graphic Design / UX/UI Design
Film / Animation / Photography
Civil Engineering / Industrial Design
Interior Design / Fashion Design
စတာတွေရွေးချယ်ပေးနိုင်ပါတယ်။
4) Musical–Rhythmic Intelligence (Music Smart)
Music Smart ဖြစ်တဲ့ကလေးတွေကတော့
Music / Performing Arts
Sound Engineering / Audio Production
Music Therapy
Broadcasting / Entertainment
Event Management လိုမျိုးတွေပိုသင့်တော်တယ်။
5) Bodily–Kinesthetic Intelligence (Body Smart)
ကာယနဲ့ လုပ်ရှားရတဲ့ skill မျိုး၊ အလုပ်မျိုးတွေ က သူတို့အတွက် အသက်မွေးဖို့အကောင်းဆုံးပါပဲ။
Sports Science / Physical Education
Medicine / Surgery / Nursing
Performing Arts (Dance, Theatre)
Physiotherapy / Occupational Therapy
Skilled Trades (Carpentry, Mechanics, Culinary Arts)
6) Interpersonal Intelligence (People Smart)
People Smart ဖြစ်တဲ့ကလေးတွေကတော့ ငယ်ကတည်းက သိသာတဲ့ကလေးမျိုးတွေ။ သူများကို ခေါင်းဆောင်ချင်တယ်။ ဆရာကြီးလုပ်ချင်တယ်။ အပေါင်းသင်းဆန့်တယ်။ ဟိုစပ်ဒီစပ်စပ် ပါဝင်ချင် သိချင်ကြတဲ့သူတွေ။ သူတို့လေးတွေ အတွက်ကောင်းဆုံး မေဂျာရွေးချယ်ခြင်းနဲ့ Career ကတော့..
Business Administration / Management
Psychology / Counseling / Human Resources
Education / Training
Social Work / Community Development
Hospitality / Tourism Management
7) Intrapersonal Intelligence (Self Smart)
ဒဿနပိုင်း၊ စိတ်ပညာပိုင်း တွေနဲ့သင့်တော်သလို၊ ကိုယ်ပိုင် ဖန်တီးပြီး လုပ်ငန်းသစ်တွေ လုပ်နိုင်စွမ်းရှိကလေးမျိုးတွေပေါ့။
Philosophy / Theology
Psychology / Counseling
Creative Writing / Arts
Entrepreneurship
Research-based careers
8. ) နောက်ဆုံးတစ်ခုက
Nature Smart လို့ခေါ်တဲ့ Naturalistic Intelligence ရှိတဲ့ကလေးးမျိုးတွေ။ သူတို့က အများအားဖြင့် သဘာဝပတ်ဝန်းကျင်ပိုင်းကို စိတ်ဝင်စားကြတဲ့သူတွေ ပေါ့။
Environmental Science / Ecology
Agriculture / Forestry
Veterinary Science / Zoology
Geography / Geology
Sustainable Development
ဒါတွေတင်လားဆိုတော့ မကသေးပါဘူး။ တချို့က mixed-intelligence Type ဖြစ်နေတဲကလေးတွေလည်းရှိပါသေးတယ်။ ဆုံးဖြတ် ဖို့ခက်တဲ့ကလေးမျိုးတွေပေါ့။ သူတို့လေးတွေရဲ့ passion, personality ကိုလည်းချဉ်းကပ်ရတာမျိုးလည်းရှိတယ်။ နောက်တစ်ခုက အခွင့်အလမ်း opportunitiesပေါ်မှာလည်းမူတည်သလို၊ သူ့ရဲ့ ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေအောင် ရွေးကြရတာလဲရှိတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ဦးဆရာမိဘတဲ့။ မိဘကိုယ်တိုင်က ကိုယ့်သားသမီး အကျင့်စရိုက်နဲ့ လက္ခဏာတွေကို ငယ်ကတည်းက ဒေါက်ထောက် ကြည့်နေတဲ့သူတွေ ဖြစ်လို့ အမြှော်အမြင်ကောင်းကောင်းနဲ့ ရွေးချယ်လမ်းကြောင်းပေးတတ်ဖို့က အရေးကြီးဆုံးလို့ပြောချင်ပါတယ်။