17/06/2026
အခုလက်ရှိ G-12 ကလေးတွေနဲ့
အချို့သော မိဘအုပ်ထိန်းသူတွေကို ပြောပြချင်တဲ့စကားက
ကိုယ် ၁၀တန်းတုန်းက လုပ်ခဲ့တဲ့
ပုံစံနဲ့ အခုခေတ် G12 ကို ထပ်တူချပြီး
မတွေးကြဖို့ပါ။
လုံးမတူပါဘူး။
သာမန်လောက် ကြိုးစားမှုမျိုးနဲ့
လိုရာပန်းတိုင်ကို မရောက်နိုင်ဖူးဆိုတာ
သိထားပါ။
အချို့က ဖြစ်ချင်တဲ့စိတ်နဲ့သာ
လုပ်နေကြပေမယ့် သားသမီးကို
ချစ်တာနဲ့ နှစ်တာကို
မကွဲပြားကြသေးပါဘူး။
ဟိုးအမြင့်ကို ပျံမယ့်ဌက်တစ်ကောင်ဟာ
လေဒဏ် မိုးဒဏ်ကို ကြောက်နေလို့
ဘယ်ဖြစ်ပါ့မလဲ။
အကြိမ်ကြိမ်အခါခါ အပူပေးပြီး
အထုအနှက်ခံနိုင်တဲ့ သံကသာ
ဓားဖြစ်လာမှာပါ။
ဒီလိုပဲ G12 ရဲ့ပင်ပန်းဆင်းရဲဒဏ်ကို
ကြံ့ကြံ့ခံနိုင်ပြီး ကိုယ့်ကိုကိုယ်မညှာမှ
နောင်တစ်ချိန်မှာ အောင်မြင်မှုရဲ့
အသီးအပွင့်တွေကို
ခံစားရမှာပါ။
တစ်ရက်မှာ စာသင်ချိန် တစ်ချိန် /
နှစ်ချိန်လောက်နဲ့
G12 အဆင်မပြေပါဘူး။
G12 ကျောင်းသားတစ်ယောက်မှာ
အားနေတယ်ဆိုတာမရှိပါဘူး။
လုပ်စရာတွေအများကြီးပါ။
မိဘတိုင်းကတော့ သားသမီးပင်ပန်းမှာကို
မကြည့်ရက်ကြပါဘူး။
ဒါပေမယ့် အခုချိန်မှာ ဒါလေးကို
အပင်ပန်းမခံနိုင်ရင် နောင်တစ်ချိန်
လောကထဲဒီကလေး၀င်တဲ့အခါ
လောကဓံကို ဘယ်လိုခံမလဲ။
လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာလုပ်ပါ
ခိုင်းသင့် ခိုင်းထိုက်တဲ့ အချိန်မှာ ခိုင်းပါ။
ချစ်ပါ သို့သော် အလိုမလိုက်သင့်တဲ့
အချိန်အခါမှာ အလိုမလိုက်ရပါဘူး။
အပြင်ဘက်ကို နားစွင့်ပါ။
မျက်စိဖွင့်ကြည့်ပါ။
G12 နေရာတိုင်းမှာ မနက် ၇ နာရီကနေစပြီး
ဆရာ/မတွေ သင်ချိန် တစ်ချိန်ပြီး တစ်ချိန်
အလှည့်ကျ ၀င် --- စာကျက်ချိန်
စာဖြေချိန် --- သေချာစနစ်တကျနဲ့
လုပ်နေကြတာပါ။ညဆိုလည်း ည Study
အချိန်တွေ လုပ်ကြရတာပါ။ ဒါတောင်
အောင်ဖို့အရင်လုပ်နေကြရတာပါ။
ပင်ပန်းပါတယ်။
ပင်ပန်းပလေ့စေလေ။
သူတို့ဘ၀အတွက် ပင်ပန်းတာ။
မပင်ပန်းပဲ ဘယ်အရာမှ လွယ်လွယ်မရပါဘူး။
အချို့က စာသင်ချိန်တွေ များလို့
စာသင်ချိန်တွေ ဆက်နေလို့
ငါ့သားလေး ငါ့သမီးလေး
ပင်ပန်းနေပြီ။
ပင်ပန်းပါစေ လုပ်ပါစေ
သူ့အတွက်သူလုပ်နေတာပါ။
ဒီအချိန်အပင်ပန်းခံထားမှ
အောင်စာရင်းထွက်တဲ့ အခါ
ပျော်ရမှာပါ။
အပျော်ကိုတော့ ရချင်ပြီး
အပင်ပန်းတော့ မခံစေချင်ဘူးဆိုရင်
G12 မထားပါနဲ့။
ငွေကုန်ရကျိုးနပ်ပါစေ
လုပ်ပေးရကျိုးနပ်ပါစေ
ချစ်ပါ မနှစ်မိပါစေနဲ့။
#မေတ္တာဖြင့်
#ဆရာမိုး
Ten years ago PYOE