25/08/2026
📚✨ 2026–2027 ပညာသင်နှစ် ✨📚
🏫 MEC Private School Pyapon
👨👩👧👦 မိဘ / ဆရာ အစည်းအဝေး
📖 Grade 3 | Grade 4 | Grade 5
သားသား၊ မီးမီးတို့ရဲ့ ပညာရေးခရီးလမ်းမှာ မိဘများနှင့် ဆရာမကြီးများအကြား နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဆက်သွယ်မှု ဟာ အလွန်အရေးကြီးပါတယ်။ 💕
ယခု မိဘ/ဆရာ အစည်းအဝေးတွင် သားသား၊ မီးမီးတို့၏ ပညာသင်ယူမှုအခြေအနေ၊ စာသင်ကြားရေးဆိုင်ရာ လိုအပ်ချက်များ၊ တိုးတက်မှုများနှင့် ရှေ့ဆက်ပညာရေးအတွက် အတူတကွ ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများ ကို ဆရာမကြီးများနှင့် မိဘများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ 🌱📚
ကျောင်း + မိဘ + ဆရာမ = ကလေးများ၏ အနာဂတ်အတွက် ခိုင်မာသောအင်အား 💪❤️
ကလေးတစ်ယောက်၏ အောင်မြင်မှုဟာ စာသင်ခန်းထဲက သင်ယူမှုတစ်ခုတည်းနဲ့ မပြီးဆုံးပါဘူး။
မိဘများ၏ အားပေးမှု၊ ဆရာမကြီးများ၏ စေတနာနှင့် ကျောင်း၏ ပံ့ပိုးမှု တို့ ပေါင်းစပ်မှသာ ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ 🌟
MEC Private School Pyapon မှ
“Learn Today • Lead Tomorrow” ဆိုသည့် ရည်မှန်းချက်နှင့်အတူ သားသား၊ မီးမီးတိုင်း၏ ပညာရေးနှင့် အနာဂတ်တိုးတက်မှုအတွက် မိဘများနှင့်အတူ လက်တွဲဆောင်ရွက်သွားပါမည်။ 💙📖