Alar Trainer & Coach

Alar Trainer & Coach “ Mindset Transformation with Alar ”
Training & Coaching

26/08/2026

⏳ "Time Management က သင့်ဘဝရဲ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ" ⏳

တစ်နေ့တာမှာ ကိုယ့်အတွက် ရတဲ့ အချိန်တွေကို ဘယ်လိုများ ကုန်ဆုံးဖြစ်နေကြလဲ? 🤔

ကိုယ့်ဘဝ တိုးတက်ဖို့အတွက် စာအုပ်တွေဖတ်ဖြစ်ရဲ့လား? 📚

ကိုယ်ကျန်းမာရေးကောင်းဖို့အတွက် Exercise တွေလုပ်၊ လမ်းတွေလျှောက်ဖြစ်ရဲ့လား? 🏃‍♀️

ကိုယ့်ရဲ့ Relationship တွေ ကျန်းမာဖို့အတွက် ချစ်ရတဲ့သူတွေနဲ့ Quality Time တွေ ဖန်တီးပေးဖြစ်ရဲ့လား? ❤️
တကယ်တော့... ကိုယ့်ရဲ့ Personal Time (ကိုယ်ပိုင်အချိန်) ကို ကိုယ်ဘယ်လိုစီမံခန့်ခွဲတယ် ဆိုတဲ့အပေါ်မူတည်ပြီး ကျန်းမာရေး၊ အောင်မြင်မှုနဲ့ ဘဝရဲ့အဆုံးအဖြတ်တွေက အများကြီး သက်ဆိုင်နေပါတယ်။

✨ Personal Time ဆိုတာ တစ်နေ့တာ ဖုန်းပဲထိုင်ကြည့်နေဖို့ မဟုတ်ပါဘူး...
စာအုပ်တွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်မလား 📖

ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ လုပ်မလား 🏋️‍♀️

တန်ဖိုးထားရတဲ့သူတွေနဲ့ အချိန်ပေးပြီး ဆက်ဆံရေးကို တည်ဆောက်မလား 🫂

ကိုယ့်ရဲ့ ရည်မှန်းချက်တွေအတွက် အချိန်ပေးပြီး ကြိုးစားမလား 💻

အချိန်ဆိုတာ လူတိုင်းအတွက် တူညီပေမယ့် အဲ့ဒီအချိန်ကို ဘယ်လို စီမံခန့်ခွဲတတ်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပါတယ်။ ✨





25/08/2026

📌 ၂၄ နာရီကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ? (Productivity Tips)

တစ်ခါတလေကျရင် ကိုယ်က တစ်နေကုန် မနားတမ်း အလုပ်လုပ်နေရသလို ခံစားရပေမယ့် တကယ်တမ်း ထွက်လာတဲ့ ရလဒ်ကတော့ ကိုယ်မျှော်လင့်ထားတာထက် အများကြီး နည်းနေတတ်ပါတယ်။

ဒီလိုဖြစ်ရတာက Pareto Principle (၈၀/၂၀ စည်းမျဉ်း) အရ ၂၄ နာရီထဲမှာ ၂၀ ရာခိုင်နှုန်းသော အချိန်ကသာ ၈၀ ရာခိုင်နှုန်းသော ရလဒ်ကို ဖန်တီးပေးနေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီသဘောတရားကို သဘောပေါက်ဖို့ အရမ်းလိုပါတယ်။

ဒါကြောင့် ကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုး မကြုံရအောင် အောက်ပါနည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်ကြရအောင်နော် -
၁။ To-Do List စနစ်တကျ ရေးပါ 📝
နေ့စဉ် တစ်ရက်ချင်းစီမှာ ကိုယ်လုပ်ရမယ့် To-Do List တွေကို စနစ်တကျ ကြိုတင်ချရေးပါ။ ဘယ်အလုပ်တွေက ဦးစားပေးလဲဆိုတာကို ခွဲခြားပြီးမှ စတင်လုပ်ဆောင်ပါ။
၂။ အချိန်ကို စီမံခန့်ခွဲပါ ⏰
အလုပ်တစ်ခုချင်းစီကို ဘယ်လိုအချိန်ဇယားနဲ့ ပြီးမြောက်အောင် လုပ်မလဲဆိုတာကို သေချာတွက်ချက်ပြီး အကောင်အထည်ဖော်ပါ။
၃။ ၂၀ ရာခိုင်နှုန်းသော အလုပ်ကို အကောင်းဆုံး အာရုံစိုက်ပါ 💻
အဲ့ဒီ ၂၀ ရာခိုင်နှုန်းသော လုပ်ငန်းတွေကို အကောင်းဆုံးလေး နဂိုအချိန်ပေးပြီး လုပ်နိုင်ပြီဆိုရင်တော့ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းသော ရလဒ်တွေကို မခက်ခဲဘဲ ပိုင်ဆိုင်နိုင်လာမှာ ဖြစ်ပါတယ်။

သင််ကောသင့်ရဲ့ တစ်နေ့တာ အချိန်တွေကို ပိုပြီး ထိရောက်အောင် ဘယ်လို စီမံခန့်ခွဲနေလဲ.?





24/08/2026

🎯 ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင် တည်ဆောက်နေသူတစ်ယောက် ဖြစ်ချင်ပါသလား?

အသင်းအဖွဲ့တစ်ခုကို တကယ်ပဲ ဖွံ့ဖြိုးတိုးတက်စေချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဘဝမှာပါ တကယ်ပဲ အောင်မြင်တိုးတက်တဲ့သူတစ်ယောက် ဖြစ်ချင်တာပဲဖြစ်ဖြစ်... အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတစ်ခုကို စတင်ဖို့ဆိုရင် "ကိုယ့်ကိုယ်ကိုယ်" စတင်ပြုပြင်ဖို့ လိုအပ်ပါတယ်။

နေ့စဉ်ဘဝမှာ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အခက်အခဲတွေနဲ့ အပြောင်းအလဲ အမျိုးမျိုးကို ရင်ဆိုင်တဲ့အခါ -
✨ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ရဲ့အသင်းအဖွဲ့ကိုရော သုံးသပ်နိုင်စွမ်း ရှိရပါမယ်.
✨ရုံပေါ်က သုံးသပ်ချက်တွေနဲ့ပဲ အဆုံးသတ်သွားတာမျိုးက လုံလောက်တဲ့ ရလဒ်ကို မပေးစွမ်းနိုင်ပါဘူး.
✨ရလဒ်တွေအပေါ်မှာ အခြေခံပြီး လက်တွေ့ကျကျ ညှိနှိုင်းထွေးမှုတွေနဲ့အတူ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုပါ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရပါမယ်.

တိုးတက်မှုဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုတွေနဲ့ တည်ဆောက်ရတာပါ.. 💪✨





23/08/2026

Feedback (သုံးသပ်ချက်) က ဘာလို့ ဒီလောက်တောင် အရေးကြီးတာလဲ? 🤔

ခေါင်းဆောင်နေရာကို ရောက်လာကြတဲ့သူတွေ၊ ခေါင်းဆောင်မှုပြုနေကြတဲ့သူတွေနဲ့ ခေါင်းဆောင်မှုခရီးလမ်းကို လျှောက်နေကြတဲ့သူတွေ အားလုံးဟာ ဘယ်ချိန်မှာမဆို Feedback တွေကို အမြဲယူနိုင်ဖို့ လိုအပ်ပါတယ်။ Feedback တွေကို လက်ခံတတ်ဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ Feedback တွေကို လက်မခံတတ်ရင်တော့ အဆင်မပြေပါဘူး။

Feedback တွေကို အပြုသဘောဆောင်ပြီး လက်ခံတတ်ဖို့လိုသလို၊ တစ်ဖက်မှာလည်း သူများတွေကို Feedback ပြန်ပေးတတ်ဖို့လည်း လိုပါတယ်။ အထူးသဖြင့် Leading Position မှာ ရောက်လာတဲ့လူတွေက ကိုယ့်ရဲ့ Team Members တွေကို အပြုသဘောဆောင်တဲ့ Feedback တွေကို ပြန်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကလည်း ယူတတ်ဖို့လိုသလို သူများကိုလည်း ပေးတတ်ဖို့လိုတယ်ပေါ့။

ဘာလို့လဲလို့ ပြောမယ်ဆိုရင် Feedback မရှိဘဲနဲ့ အားလုံးက အရှေ့မရောက်နိုင်ပါဘူး။ လူအများက ကိုယ့်ကိုယ်ကို 100% သိနိုင်ဖို့ဆိုတာက လွယ်တော့ မလွယ်ပါဘူး။
🍂ကိုယ့်ကိုမြင်တဲ့ အမြင်တစ်မျိုး ဖြစ်မယ်။
🍂ကိုယ့်ကိုကို မြင်တဲ့အမြင် တစ်မျိုး ဖြစ်မယ်။
အဲ့ဒီအပေါ်မှာ Feedback တွေယူပြီးတော့ အပြုသဘောဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်ဖို့က အင်မတန် ကြီးမားပါတယ်။





22/08/2026

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိက ကျဆုံးခန်း (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု ရှေ့မဆက်နိုင်တော့ခြင်းရဲ့ အကြောင်းရင်း

ခေါင်းဆောင်တွေအနေနဲ့ ဘယ်အခြေအနေမှာ ကျဆုံးတတ်ပါသလဲ? တစ်ခါတလေမှာ ကိုယ်တိုင်က အဖွဲ့အစည်းရဲ့ ပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ကောင်းကောင်းနားလည်နေပေမဲ့ အဲ့ဒါကို အဖွဲ့ဝင်တွေအားလုံး သဘောပေါက်အောင် ထိထိရောက်ရောက် မချပြနိုင်တဲ့အခါမှာ ခေါင်းဆောင်မှု ခရီးလမ်းဟာ ကျဆုံးတတ်ပါတယ်။

🔍 ခေါင်းဆောင်တစ်ယောက် သိထားရမယ့် အချက်များ -
အဖွဲ့အစည်းရဲ့ ပန်းတိုင်က ဘာလဲ။
မျှော်မှန်းချက်က ဘာလဲဆိုတဲ့ အချက်တွေကို ခေါင်းဆောင်လုပ်တဲ့သူက တခြားသူတွေထက် သီးသန့်သိထားရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်နဲ့အတူ ပါဝင်ပတ်သက်နေတဲ့ လူတွေအားလုံးကပါ ကိုယ်နဲ့အအတူ လျှောက်လှမ်းမှသာ ဒီခရီးလမ်းကို ရောက်နိုင်မှာပါ။

💡 အဖွဲ့အစည်းတစ်ခုရဲ့ Vision နဲ့ Target ကို ချပြခြင်း -
ခေါင်းဆောင်ဆိုတာ သူကိုယ်တိုင် အကောင်းဆုံး နားလည်သဘောပေါက်ဖို့ လိုသလို၊ Team Members တွေအားလုံးကိုလည်း ဒါကိုနားလည်သဘောပေါက်အောင် ကြိုးစားပေးရပါမယ်၊ စွမ်းဆောင်ပေးရပါမယ်။
အကယ်၍ အဲ့လိုမလုပ်နိုင်ဘူးဆိုရင်တော့ သင့်ရဲ့ Leadership (ခေါင်းဆောင်မှု) ခရီးလမ်းက ကျဆုံးပြီဆိုတာကို သတိပြုရပါမယ်။

သင်ရော သင့်ရဲ့ အဖွဲ့အစည်းမှာ ဒီလိုစိန်ခေါ်မှုမျိုးတွေနဲ့ ဘယ်လို ဖြတ်သန်းနေကြလဲ? မှတ်ချက်ပေးသွားကြပါဦး။





21/08/2026

"Hard Work ထက် Smart Work က ဘာကြောင့် ပိုအရေးကြီးတာလဲ?"

⏰ ခေတ်ကြီးက အရမ်းမြန်လာပါပြီ။ အခုခေတ်မှာ လူတွေဟာ အချိန်နဲ့ပြိုင်ပြီး အလွန်အမင်း အလုပ်လုပ်နေကြရပါတယ်။ Working Hours တွေမှာ အချိန်ကုန်ခံကြတယ်၊ အဲဒီအချိန်တွေကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်ရေးရာ၊ ကျန်းမာရေး၊ မိသားစုနဲ့ အချစ်ရေးတွေမှာပါ ထိခိုက်လာတဲ့အထိ အလုပ်တွေ လုပ်နေကြရပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံး စကားလုံးက "Hard Work မဟုတ်တော့ဘူး၊ Smart Work ဖြစ်လာပါပြီ။"
💁Work Life Balance မျှတဖို့အတွက်: လူတစ်ယောက်အနေနဲ့ Healthy Lifestyle ကို အလကားလုပ် သုံးသပ်တဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းမှာပဲ အောင်မြင်လို့ မရပါဘူး။
💁Relationship နဲ့ ကျန်းမာရေး: ကိုယ့်ရဲ့ Relationship မှာ ဘယ်လောက်အထိ ကြိုးစားပြီး တည်ဆောက်နိုင်လဲ၊ ကိုယ့်ရဲ့ကျန်းမာရေးကရော ဘယ်လောက်ကောင်းလဲဆိုတာက အဓိကကျပါတယ်။
💁လူမှုဆက်ဆံရေး တည်ဆောက်နိုင်မှု: တခြားသော လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာ အချိန်ပေးပြီး ဘယ်လောက်ထိ တည်ဆောက်နိုင်သလဲဆိုတာ အပေါ်မှာမူတည်ပြီးတော့မှ ဒီလူတစ်ယောက်က Work Life Balance ဖြစ်တယ်၊ ကျန်းမာတဲ့ Lifestyle ကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဟာကို ဒီကဏ္ဍတွေအားလုံးထဲကနေ အလကားလို့ သုံးသပ်ရတာဖြစ်ပါတယ်။

အလုပ်အရမ်းကြိုးစားတာ တစ်ခုတည်းနဲ့တော့ ဒီနေ့ခေတ်ကြီးမှာ ဘာမှလုပ်လို့ မရတော့ပါဘူး။ အဲ့ဒီအတွက် Personal Time က အင်မတန် အရေးကြီးပါတယ်။
သင်ကရော ကိုယ့်ရဲ့ဘဝမှာ Work Life Balance ကို ဘယ်လိုထိန်းချုပ်နေကြလဲ? 🤔





19/08/2026

သင့်အဖွဲ့ကို ဘယ်လို ဦးဆောင်နေလဲ? 🚀

အလုပ်တစ်ခုမှာ တာဝန်တွေ များလာတဲ့အခါ ဘာကို အရင်လုပ်ရမလဲ ဝေခွဲမရ ဖြစ်ဖူးပါသလား?🤷🤔
"အားလုံးကို အတူတူလုပ်မှ ရမယ်" ဆိုတဲ့ အတွေးမျိုးက တစ်ခါတလေမှာ အလုပ်ကို ပိုနှေးကွေးစေပါတယ်။🙍🙎

အကောင်းဆုံး လုပ်ဆောင်နည်းကတော့ -
💡တစ်နေ့တာရဲ့ ပန်းတိုင်ကို ရှင်းလင်းစွာ သတ်မှတ်ပါ။
💡အရေးကြီးဆုံး (High Impact) ဖြစ်တဲ့ အလုပ်တွေကို ရွေးထုတ်ပါ။
💡အဲ့ဒီ အလုပ်တွေကိုပဲ အာရုံစိုက်ပြီး ဦးစားပေး လုပ်ဆောင်ပါ။

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဦးစားပေးမှုတွေကို မှန်ကန်စွာ ခွဲခြားပေးနိုင်မှသာ အဖွဲ့အစည်းတစ်ခုလုံး ရှေ့ဆက်နိုင်မှာပါ။💯

သင်ရော သင်လုပ်ငန်းခွင်မှာ ဦးစားပေးအလုပ်တွေကို ဘယ်လို ခွဲခြားသတ်မှတ်လေ့ရှိလဲ? Comment မှာ ဝေမျှပေးသွားပါဦး။ 👇





18/08/2026

ခေါင်းဆောင်တစ်ယောက်မှာ အရာရာတိုင်းကို ကိုယ်တိုင်လုပ်ဖို့ မလိုပေမယ့် အရာရာတိုင်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဦးဆောင်နိုင်စွမ်း ရှိဖို့လိုပါတယ်! 🎯

အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နေတဲ့ Team တစ်ခုမှာ အဓိက အုပ်စု (၃) ခု ပါဝင်ပေါင်းစပ်မှသာ လုပ်ငန်းတွေ အောင်မြင်ချောမွေ့နိုင်တာကို သိပါသလား? 🤔
🔹 ၁။ Creator (တီထွင်ဖန်တီးသူများ)
ကိုယ့်ရဲ့ Team Member တွေထဲမှာ ဆန်းသစ်တီထွင်တတ်တဲ့သူ၊ အတ္တ၊ အယူအဆ အမြော်အမြင်ကောင်းပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့သူတွေ ဘယ်သူတွေရှိလဲ?
🔹 ၂။ Leader (ဦးဆောင်နိုင်သူများ)
အလုပ်တစ်ခုခုကိုဆိုရင် စိတ်ချလက်ချနဲ့ ဦးဆောင်နိုင်တဲ့သူ၊ ကြီးမှူးနိုင်တဲ့သူ၊ Leadership Skills နဲ့ ကိုက်ညီတဲ့ အရည်အချင်းရှိသူတွေ ဘယ်သူတွေလဲ?
🔹 ၃။ Management Skill ရှိသူများ (စီမံခန့်ခွဲနိုင်သူများ)
အလုပ်ကို စနစ်တကျ၊ အစီအစဉ်တကျနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ပြီး အဖွဲ့အစည်းကို ခြုံငုံပြီး တွေးခေါ်စီမံနိုင်တဲ့သူတွေ ဘယ်သူတွေရှိလဲ?

💡 တကယ်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ဒီအရည်အချင်းတွေကို သိရှိနားလည်ပြီး မိမိရဲ့အဖွဲ့သားတွေနဲ့ အကောင်းဆုံး ပေါင်းစပ်ညှိနှိုင်းကာ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်အောင် ဦးဆောင်ပေးနိုင်ရပါမယ်။





17/08/2026

🎯 Effective ဖြစ်ခြင်းနဲ့ Efficient ဖြစ်ခြင်းရဲ့ ကွာခြားချက် (လုပ်ငန်းခွင်နဲ့ စီမံခန့်ခွဲမှုအတွက် သိသင့်တဲ့ အချက်များ)

လုပ်ငန်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တဲ့အခါ မိမိတို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ အဲ့ဒီနေရာမှာ လုပ်ငန်းအောင်မြင်ဖို့အတွက် Effective ဖြစ်ဖို့နဲ့ Efficient ဖြစ်ဖို့ဆိုတဲ့ အဓိပ္ပာယ် ၂ မျိုးကို ကောင်းကောင်းသိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။

1️⃣ Effective (ထိရောက်မှုရှိခြင်း)
ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက်ကို အောင်အောင်မြင်မြင် လုပ်နိုင်တာမျိုးကို Effective ဖြစ်တယ်လို့ ခေါ်ပါတယ်။
ဥပမာ - ရလဒ်ကောင်းကောင်း ထွက်လာတာမျိုး၊ ရည်မှန်းချက် ပန်းတိုင်ကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်တာမျိုးဟာ ထိရောက်မှု (Effective) ရှိတာကို ပြသနေပါတယ်။
2️⃣ Efficient (စွမ်းဆောင်ရည်ပြည့်ဝခြင်း)
ကိုယ့်မှာရှိနေတဲ့ အရင်းအမြစ်တွေ (အချိန်၊ ငွေကြေး၊ လူအင်အား စသည်တို့) ကို အလေအလွင့်မရှိဘဲ အနည်းဆုံးသုံးပြီး အကျိုးအမြတ် အများဆုံးရအောင် စီမံခန့်ခွဲနိုင်တာကို Efficient (စွမ်းဆောင်ရည်ပြည့်ဝခြင်း) လို့ ခေါ်ပါတယ်။
အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ခြင်းနဲ့ အရင်းအမြစ်တွေကို စနစ်တကျ တွက်ချက်အသုံးချနိုင်ခြင်းတို့ ပါဝင်ပါတယ်။

💡 နိဂုံးချုပ်အနေနဲ့ -
management ညံ့တဲ့သူနဲ့ Management ကောင်းတဲ့သူ၊ စီမံခန့်ခွဲမှု အားကောင်းတဲ့သူနဲ့ အားနည်းတဲ့သူကို ခွဲခြားတဲ့အခါ ဒီအချက် (၂) ချက်ကို အဓိကထား တိုင်းတာကြပါတယ်။ 💪✨





Address

Pinlaung
Pinlaung
06051

Telephone

+959677161720

Website

Alerts

Be the first to know and let us send you an email when Alar Trainer & Coach posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Alar Trainer & Coach:

Shortcuts

Share