09/12/2022
(နဝမအဉ်စလီ)
■■■■■■■■■
မယိုင်မလဲ ခိုင်မြဲတဲ့နှလုံးသား တစ်စုံဟာ
မင်းတို့ငါတို့ရဲ့ ရင်မှာ အမြဲရှိနေတယ်။
တို့ဘဝရဲ့ ပဲ့ကိုင်ရှင်လေ
အသင်္ချေ နှစ်တွေပြောင်းပေမယ့်
မဟောင်းဘဲသစ်နေတဲ့
''အချစ်''ဟာ ဆရာတပည့်ရဲ့ ''မေတ္တာပေါ့''
သက္ကရာဇ်တွေပြိုကျတာ
ကိုးနှစ်တာ ရောက်ခဲ့ပြီ
အသက်တွေ ဘယ်လိုကြီးပေမယ့်
တို့တတွေ
''ကလေး''ပြန်ဖြစ်ကြရအောင်
ငှက်တောင်ပျံ (ဇင်းကျိုက်)
6.12.2022