19/06/2025
❝ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကို ကြိုဆိုထောက်ခံခြင်း ❞
၁။၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့တွင်အကြမ်းဖက်စစ်တပ်မှပြည်သူရွေးချယ်တင် မြှောက်ထားသောပြည်သူ့အစိုးရ၏အာဏာကိုအတင်းအဓမ္မ သိမ်းယူခဲ့ပါသည်။
၂။ထိုအချိန်မှစ၍နိုင်ငံ့ဝန်ထမ်းများသည်အတင်းအဓမ္မအာဏာသိမ်းယူမှုကိုဆန့်ကျင်သည့် အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement(CDM)ပါဝင်ခဲ့ကြပြီးပြည်သူများနှင့်အတူငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါ သည်။
၃။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက် နှိမ်နင်း သတ်ဖြတ်ခြင်းခံရပြီးနောက် ပေါ်ထွက်လာသော နွေဦးတော်လှန်ရေးနှင့်အတူ နိုင်ငံ့ဝန်ထမ်း ( CDM )များကလည်း တော်လှန်ရေး၏ ဘက်ပေါင်းစုံတွင် အတူတကွ လက်တွဲပါဝင်လျက်ရှိပါသည်မှာ ယနေ့ထိတိုင်ဖြစ်ပါသည်။
၄။ ယနေ့ အချိန်အခါတွင် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေးအစိုးရ ( NUG ) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH ) တို့မှ နိုင်ငံ့ဝန်ထမ်း ( CDM )များ၏ ဆန္ဒနှင့်အညီ ရေးဆွဲထားသော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံ့ဝန်ထမ်း ဥပဒေကို အတည်ပြု ပြဌာန်းပေးသည့်အတွက် ကျွန်ုပ်တို့၏ အခြေခံပညာ ပညာရေးဘုတ်များ ကော်မတီ(CBBE) မှ ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုပါကြောင်း ထုတ်ပြန်အပ်ပါသည်။
အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ
Committee on Boards of Basic Education(CBBE)