ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်းကျောင်း

  • Home
  • Myanmar
  • Patheingyi
  • ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်းကျောင်း

ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်းကျောင်း ဘဝကို အကောင်းဆုံးပြင်ဆင်ပေးမယ့်ကျောင်း

02/05/2026

လူရည်ချွန် ဖြစ်ကိုဖြစ်ရမည်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားခဲ့တဲ့ သမီးလေး မမြတ်နိုးဝေ G-9

#လူရည်ချွန်၂၀၂၆

⭐⭐⭐Starters လေးတွေရဲ့full shield ရအောင်ကြိုးစားအားထုတ်ခဲ့တဲ့ သားသားမီးမီးလေးတွေအတွက်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်🙏 စနစ်တကျ သင်...
13/10/2025

⭐⭐⭐Starters လေးတွေရဲ့full shield ရအောင်ကြိုးစားအားထုတ်ခဲ့တဲ့ သားသားမီးမီးလေးတွေအတွက်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်

🙏 စနစ်တကျ သင်ကြားလေ့ကျင့်ပေးကြတဲ့ သင်ကြားရေး ဆရာကြီး၊ဆရာမကြီးများနှင့် အနီးကပ်ကူညီဖေးမပေးကြတဲ့ တီချယ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

🙏ယုံကြည်စွာအပ်နှံပြီး လိုအပ်တာကူညီပံ့ပိုးပေးကြတဲ့ မိဘအုပ်ထိန်းသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

27/08/2025

2025ခုနှစ် တက္ကသိုလ်ဝင်‌ စာမေးပွဲ တွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအာင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ရွှေစင်တကျပ်သားဆု ရရှိခဲ့သည့် ဘာသာစုံ ဂုဏ်ထူးရှင် မောင်တိုးဝေ နှင့်ထပ်တူ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

02/08/2025

ဇွဲလုံ့လဝိရီယဖြင့်ဂုဏ်ထူးလွန်ရမှတ်ရရှိသည့် STEAM -2 မှ သားသမီး များအားဂုဏ်ပြုလျက်

02/08/2025

ဂုဏ်ထူးရ ၂၉ဦးမှ ဂုဏ်ထူး လွန် ရမှတ် (၉၀)ကျော် ရရှိသော သားသမီးများအား ဂုဏ်ပြုလျက်

အခက်အခဲ အားလုံးကို ဖြတ်ကျော်၍ အစွမ်းကုန် ကြိုးစားဖြေဆိုခဲ့ကြသော သားသမီးများအား ကြယ်စင်မင်းမှ ဂုဏ်ပြုအပ်ပါသည် ။ ဂုဏ်ထူးလွ...
31/07/2025

အခက်အခဲ အားလုံးကို ဖြတ်ကျော်၍ အစွမ်းကုန် ကြိုးစားဖြေဆိုခဲ့ကြသော သားသမီးများအား ကြယ်စင်မင်းမှ ဂုဏ်ပြုအပ်ပါသည် ။ ဂုဏ်ထူးလွန် ရမှတ်ရသောကျောင်းသား ကျောင်းသူ များကို ထပ်ဆင့် ဂုဏ်ယူမိပါကြောင်း၊ မိဘများနှင့်တကွ ထပ်တူ ဝမ်းသာရပါသည်။

🙏🙏🙏ကျေးဇူးတင်လွှာ 🙏🙏🙏1️⃣ ရှေးဦးစွာ ကြယ်စင်မင်း လို့ သတိထားမိလာအောင်  ၂နှစ်ဆက်တိုက် ကျရှုံးသူမရှိ ၁၀၀%အောင်ချက်နှင့် ဘာသာ...
27/07/2025

🙏🙏🙏ကျေးဇူးတင်လွှာ 🙏🙏🙏

1️⃣ ရှေးဦးစွာ ကြယ်စင်မင်း လို့ သတိထားမိလာအောင် ၂နှစ်ဆက်တိုက် ကျရှုံးသူမရှိ ၁၀၀%အောင်ချက်နှင့် ဘာသာစုံ ဂုဏ်ထူးရှင်အပါအဝင် ဂုဏ်ထူးများ ဝေဝေဆာဆာဖြစ်အောင်သင်ကြားပေးပါသော

🍀ဆရာကြီး ဦးတင်ဝင်း ၊ဆရာမသော်သော်ထွန်း (မြန်မာစာ)
🍀ဆရာကြီး ဦးချိုဦး ၊ ဆရာကြီး ဦးလင်းမင်းထိုက် ဆရာမ အိမွန် (အင်္ဂလိပ်စာ)
🍀ဆရာမ ဒေါ်သိမ့်သိမ့်ကို (သင်္ချာ)
🍀ဆရာမ ဒေါ်စုလှိုင်နှင်း ၊ ဆရာစွမ်းပြည့်အောင် (ဓာတုဗေဒ)
🍀ဆရာကြီး ဦးမျိုးဝင်း ၊ ဆရာမ ဒေါ်အေးမြင့်သွယ်(ရူပဗေဒ)
🍀ဆရာကြီး ဦးအောင်လွင်ဦး (ဇီဝဗေဒ)
🍀ဆရာမဒေါ်သော်သော်ထွန်း( ဘောဂဗေဒ)
တို့ ကိုလဲ ရှေးဦးစွာ ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်ပါသည်။

2️⃣တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရ မည့် တစ်လျှောက် ကူညီဖေးမလမ်းပြပေးခဲ့သင်ကြားပေးခဲ့ကြတဲ့
🍁ဆရာမသော် (မြန်မာ၊ ဘောဂ)
🍁ဆရာမ အိ( အင်္ဂလိပ်စာ)
🍁ဆရာမသိမ့် (သင်္ချာ)
🍁ဆရာမစု၊ ဆရာစွမ်း (ဓာတု)
🍁ဆရာမအေးမြင့်သွယ်(ရူပ)
🍁ဆရာဇင်ဝင်းမောင် (အတန်းပိုင်ဆရာ)
တို့ကိုလဲ ထပ်မံကျေးဇူးတင်ပါတယ် ။
3️⃣၂၀၂၄-၂၀၂၅ပညာသင်နှစ် တစ်နစ်တာလုံး စိတ်ရောကိုယ်ပါနစ်၍ အားသွန်ခွန်စိုက်ကြိုးစားခဲ့သော G-12 ကျောင်းသားကျောင်းသူများအားလုံးကိုလဲကျေးဇူးအထူးပါ ။ ကလေးတို့ရဲ့ အောင်မြင်မှုအတွက် congratulations ပါနော်။

4️⃣သားငယ်သမီးငယ်တို့၏ အောင်မြင်မှုရရှိအောင် ယုံယုံကြည်ကြည်အပ်နှံပေးကြတဲ့ အပြင် လိုလေးသေးမိရှိအောင် ထောက်ပံ့ပေးခဲ့တဲ့ မိဘများ၊အုပ်ထိန်းသူများနှင့်ထပ်တူဝမ်းသာပီတိဖြစ်မိပါတယ်။

5️⃣နောက်ပြီးတော့ အထူးကျေးဇူးတင်ရမှာက ကြယ်စင်မင်း၏ ကျောင်းအုပ်ဆရာကြီး
ဦးဝင်းမောင်နှင့် ရုံးအဖွဲ့ ဒေါ်အေးမြနှင်း
ဒေါ်အိဖြူ ဒေါ်စောကလျာ ဦးမင်းသီဟ ဦးသန်းဇော်ဝင်း နှင့် ဦးဇော်ပိုင်ထက်တို့ပါဘဲ။ ကလေးတွေ အတွက် လိုအပ်ချက်ဟူသမျှ အကုန် support လုပ်ပေးခဲ့လို့ကျေးဇူးအထူးတင်ရှိပါတယ်။ ❤️🙏

အားလုံးကို တန်ဖိုးထားလျက်….
ဦးကျော်ဖုန်းအောင်
ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်းကျောင်း
ထုံးဘို၊ ပုသိမ်ကြီးမြို့နယ် ၊မန္တလေးမြို့။
ဖုန်း- 09942507458 , 09448688901

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်း တက္ကသိုလ်ဝင်တန်း အောင်ချက်%နှင့် ဂုဏ်ထူးရအရေတွက်များကိုတင်ပြပေးလိုက်...
26/07/2025

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်း တက္ကသိုလ်ဝင်တန်း အောင်ချက်%နှင့် ဂုဏ်ထူးရအရေတွက်များကိုတင်ပြပေးလိုက်ပါပြီခင်ဗျာ

နှစ်နှစ်ဆက်တိုက် အောင်ချက် 100%

All D. ၁ယောက်
4D. ၂ယောက်
3D. ၁၅ယောက်
2D. ၉ယောက်
1D. ၈ယောက်

Myanmar ၃ဦး

English။ ၃ဦး

Mathematics ၁ဦး

Chemistry။ ၂၉ဦး

Physics ၁၈ဦး

Biology။ ၂၃ဦး

Economics ၈ဦး

ဖြေဆို 44ဦး

အောင် 44ဦး

ဂုဏ်ထူး။ 35ဦး

မနက်ဖြန် ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ (ဥပုသ်နေ့) ကျောင်း1ရက်ပိတ်ပါသည်။ဝါတွင်းကာလကျရောက်ပြီဖြစ်ပါသောကြောင့် ဥပုသ်နဲ့တနင်္ဂန...
08/07/2025

မနက်ဖြန် ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ (ဥပုသ်နေ့) ကျောင်း1ရက်ပိတ်ပါသည်။
ဝါတွင်းကာလကျရောက်ပြီဖြစ်ပါသောကြောင့် ဥပုသ်နဲ့တနင်္ဂနွေသာပိတ်ပါမည်။
စနေနေ့တိုင်းဥပုသ်အစားထိုးကျောင်းတက်ရမည်ဖြစ်သောကြောင့်ဥပုသ်နေ့အချိန်စာရင်းကိုစနေနေ့တွင်ထည့်ရပါမည်ဖြစ်ပါကြောင်း မိဘများ သိရှိစေရန်အသိပေးအပ်ပါသည်။

၂၀၂၅-၂၀၂၆ပညာသင်နှစ်ကို ၂.၆.၂၀၂၅တနင်္လာနေ့မှ စတင်၍ KG မှ G-12 ထိ အတန်းစုံ အားလုံးဖွင့်လှစ်သင်ကြားမည် ဖြစ်ပါကြောင်း ကျောင်...
31/05/2025

၂၀၂၅-၂၀၂၆ပညာသင်နှစ်ကို ၂.၆.၂၀၂၅တနင်္လာနေ့မှ စတင်၍ KG မှ G-12 ထိ အတန်းစုံ အားလုံးဖွင့်လှစ်သင်ကြားမည် ဖြစ်ပါကြောင်း ကျောင်းသားကျောင်းသူများနှင့် မိဘများအား အသိပေးအပ်ပါသည်။

အလုပ်သင် စနစ်သစ် အထက်တန်း Guide ဆရာ/ဆရာမများ ခေါ်ယူခြင်း ကျောင်းသားကျောင်းသူများကို လေ့ကျင့်သင်ကြားပေးရန် အလုပ်သင် စနစ်သ...
25/05/2025

အလုပ်သင် စနစ်သစ် အထက်တန်း Guide ဆရာ/ဆရာမများ ခေါ်ယူခြင်း

ကျောင်းသားကျောင်းသူများကို လေ့ကျင့်သင်ကြားပေးရန် အလုပ်သင် စနစ်သစ်အထက်တန်း Guide ဆရာ/ဆရာများ ထပ်မံခေါ်ယူနေပါသည်။

✅ အလုပ်သင် ဆရာ/ဆရာမ ဖြစ်၍
အတွေ့အကြုံရှိရန် မလိုပါ။ သင်ကြားပေးပါမည်။

✅ ညှိနိုင်း (နေစားငြိမ်း)

၁။ ကျောင်းဆရာ/ဆရာမ အလုပ်ကို အမှန်တကယ် စိတ်ဝင်စားသော ဆရာဆရာမဖြစ်လိုသူများအတွက်ဖြသ်ပါသည်။

၂။ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရ ဖြစ်ရပါမည်။

၃။ အသက် (၂၅) နှစ်မှ (၄၀) နှစ်ကြားဖြစ်ရပါမည်။

၄။ အထက်တန်း ဘာသာရပ် အား ပင်မဆရာ/ဆရာမများ သင်ကြားမှုကို Lecture လိုက်၍ ကျောင်းသားကျောင်းသူများကို ပြန်လည် လေ့ကျင့်ပေးရမည်ဖြစ်သဖြင့် လုပ်ငန်းအတွေ့အကြုံ မရှိလည်း သင်ကြားပေးသွားပါမည်။

၅။ ကျောင်းသား/သူများကို ချစ်ခင်ကြင်နာတတ်သူဖြစ်ပြီး ပေးအပ်သည့်တာဝန်များကို လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။

၆။ အလုပ်သင် Guide မှသည် ကိုယ်ပိုင်ကျောင်းဆရာလိုင်စင်ရ ပင်မဆရာဖြစ်သည်အထိ ကြိုးစားရင် ကြိုးစားသလို တိုးတက်ခွင့်ရှိပါသည်။ ****

၇။ အနည်းဆုံးပညာသင်နှစ် တစ်နှစ် လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။

၈။ ပြည့်စုံစွာ ပြင်ဆင်ထားသော ကိုယ်ရေးအချက်အလက် CV Form (ဓါတ်ပုံကပ်ရန်) နှင့် ပညာရေး အထောက်အထား မိတ္တူများကို သုံးသပ်ပြီး လူတွေ့မေးမြန်းရန် ခေါ်ယူတွေ့ဆုံပါမည်။

၉။ အလုပ်ခန့်ထားပါက ချက်ချင်းအလုပ်ဝင်နိုင်သူလည်း ဖြစ်ရပါမည်။

၁၀။ ဆက်သွယ်ရန် - အမှတ်-၈၊ ထုံးဘို ပုသိမ်ကြီးမြို့နယ် မန္တလေး။
09 448688901 , 09 942507458

Address

Patheingyi

Telephone

+959448688901

Website

Alerts

Be the first to know and let us send you an email when ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ကြယ်စင်မင်း ကိုယ်ပိုင်အထက်တန်းကျောင်း:

Shortcuts

Share

Category