Nat Htee Hlaing

Nat Htee Hlaing Health and Education are so very important for all

21/08/2026

ဘုန်းကံရှိသူ၏ လက္ခဏာ ~~~~

☸️မြတ်ဗုဒ္ဓ၏ ဒေသနာတော်များအရ ဘုန်းကံ ဆိုသည်မှာ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံတို့၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ကောင်းကျိုးများပင် ဖြစ်သည်။ မိမိကိုယ်တိုင် ပြုလုပ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာ စသည့် ကုသိုလ်ကောင်းမှုတို့၏ အရှိန်အဟုန် ကြောင့် ဘုန်းကံသည် ဖြစ်ပေါ်လာပြီး၊ထိုဘုန်းကံရှိသူသည် ဘဝတွင် အခက်အခဲများ ကြုံတွေ့ရသော်လည်း အဆင် ပြေပြေ ကျော်လွှားနိုင်စွမ်းရှိသည်ဟု ဆိုသည်။ ဘုန်းကံရှိသူတို့သည် မည်သည့်နေရာသို့ ရောက်ရောက် လမ်းပွင့်တတ်ပြီး၊ ကုသိုလ်အသစ်များကို ဆက်လက် ဖြည့်ကျင့်ခြင်းဖြင့် ဘုန်းကံကို ပိုမိုတိုးပွားစေနိုင်သည်။ ☸️ဘုန်းကံရှိသူ (သို့မဟုတ်) သူတော်ကောင်းတို့၏ လက္ခဏာရပ်များကို ဗုဒ္ဓဒေသနာတော်များတွင် အမျိုးမျိုး ဖော်ပြထားရာ၊ အောက်ပါတို့မှာ အဓိက ကျသော လက္ခဏာရပ်များ ဖြစ်ကြသည်။ 📙ဘုန်းကံရှိသူတို့၏ အဓိက လက္ခဏာရပ်များ 1. စိတ်ရှည်ခြင်း (ခန္တီ) ဘုန်းကံရှိသူတို့သည် စိတ်ရှည်သည်းခံတတ်ကြသည်။ ခက်ခဲသော အခြေအနေများတွင်လည်း စိတ်ကို မတုန် လှုပ်စေဘဲ ငြိမ်သက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည်။ 2. မကြွားဝါတတ်ခြင်း (အမာန) မိမိ၏ကောင်းမှု၊ ဂုဏ်ပုဒ်တို့ကို သူတစ်ပါးအားထုတ်ဖော် ကြွားဝါခြင်း မရှိဘဲ နှိမ့်ချစွာ နေထိုင်တတ်ကြသည်။ 3. ဒေါသမလွန်ကဲခြင်း (အကောဓ) ဒေါသကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အမျက်ဒေါသ လွန်ကဲစွာ မဖြစ်ပေါ်စေရန် ကြိုးစားနေထိုင်ကြသည်။ 4. အတ္တမာနမကြီးခြင်း (နိရတ္တမာန) မိမိကိုယ်ကို အထင်ကြီးခြင်း၊ မာနထောင်လွှားခြင်း မရှိဘဲ နှိမ့်ချသော စိတ်ထားရှိကြသည်။ 5. ကျေးဇူးတရားသိတတ်ခြင်း(ကတညုတ ကတဝေဒီ) သူတစ်ပါး၏ ကျေးဇူးကို သိတတ်ပြီး ထိုကျေးဇူးကို ပြန်လည်ဆပ်ရန် ကြိုးစားတတ်ကြသည်။ 6. ဂုဏ်တုဂုဏ်ပြိုင်မလုပ်ခြင်း (အနုပ္ပတိယ) သူတစ်ပါးနှင့် ဂုဏ်ပြိုင်ခြင်း၊ အတုယူခြင်း၊ အပြိုင် အဆိုင်လုပ်ခြင်းတို့ကို ရှောင်ကြဉ်ပြီး မိမိလမ်းကြောင်း ကိုသာ မှန်ကန်စွာ လျှောက်လှမ်းကြသည်။ 7. မိမိကိုယ်ကျိုးကို မကြည့်တတ်ခြင်း (အနတ္တ) မိမိတစ်ဦးတည်း၏ အကျိုးစီးပွားထက် သူတစ်ပါး၏ အကျိုးစီးပွားကို ပိုမိုရှေးရှုတတ်ကြသည်။ 8.သူတစ်ပါးအပြစ်ကို စိတ်မှတ်မထားခြင်း(အနုပဝါဒ) သူတစ်ပါး၏ အပြစ်များကို စိတ်ထဲတွင် မှတ်သားထားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း မရှိဘဲ ခွင့်လွှတ်တတ်ကြသည်။ 9. အပြစ်မြင် အပြစ်တင် မပြောတတ်ခြင်း(အနုပဝါဒ) သူတစ်ပါး၏ အပြစ်များကို မြင်တွေ့ရသော်လည်း ထုတ်ဖော်ပြောဆိုခြင်း၊ အပြစ်တင်ဝေဖန်ခြင်း မပြုလုပ်တတ်ကြပေ။ 10. မကောင်းမှုကို မနှစ်သက် မလိုလားခြင်း (အကုသလဝိရတိ) မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ပြီး မနှစ်သက် မလိုလားကြပေ။ 11. ကုသိုလ်ကောင်းမှုကို ကြိုးပမ်းရယူခြင်း (ကုသလသမ္ပဒါ) ကုသိုလ်ကောင်းမှုမှန်သမျှကို တတ်နိုင်သမျှ ကြိုးစားအားထုတ်၍ ပြုလုပ်ကြသည်။ 12. သည်းမခံနိုင်တဲ့အထိ သည်းခံခြင်း (အဓိဝါသနာ ခန္တီ) သာမန်လူများ သည်းမခံနိုင်သော အခြေအနေ မျိုးတွင်ပင် စိတ်ရှည်သည်းခံနိုင်စွမ်းရှိကြသည်။ ☸️အချုပ်အားဖြင့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်အရ ဘုန်းကံရှိသူတို့သည် စိတ်ကောင်းနှလုံးကောင်းရှိပြီး၊ ကုသိုလ်ကောင်းမှုတို့ကို အစဉ်မပြတ် ပြုလုပ်အား ထုတ်ကာ၊ မကောင်းမှုတို့ကို ရှောင်ကြဉ်ကြသည်။ ထို့ပြင် သည်းခံခြင်း၊ မာနမထားခြင်း၊ ကျေးဇူး သိတတ်ခြင်း စသည့် မြင့်မြတ်သော စိတ်နေသဘော ထားများဖြင့် ပြည့်စုံကြသည်ဟု ဆိုနိုင်ပါသည်။ ဤသို့သော လက္ခဏာရပ်များသည် ဘုန်းကံကို တိုးပွားစေရုံသာမက ဘဝကိုလည်း အေးချမ်း သာယာစေပြီး၊ နိဗ္ဗာန်သို့ ရောက်ရှိရန် အထောက်အပံ့ ဖြစ်စေသည်။

21/08/2026

နတ်ပြည်နဲ့ လူ့ပြည်ရဲ့ အချိန်ကွာခြားချက်ဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တစ်ခုပါပဲဗျာ။ ဒါကို ခေတ်သစ်သိပ္ပံပညာရဲ့ Space (အာကာသ) နဲ့ Earth (ကမ္ဘာ) အကြား အချိန်ကွာခြားမှု သဘောတရား (Gravitational Time Dilation / Relativity) နဲ့ ယှဉ်ကြည့်ရင် ပိုပြီးတော့တောင် ထိထိမိမိ သဘောပေါက်လွယ်သွားပါလိမ့်မယ်။ ၁။ မြတ်ဗုဒ္ဓ ဟောကြားခဲ့သော နတ်ပြည်နှင့် လူ့ပြည် အချိန်ကွာခြားချက် ဗုဒ္ဓဘာသာ စာပေတွေမှာ နတ်ပြည်ခြောက်ထပ်ရဲ့ အချိန်ဟာ လူ့ပြည်ထက် အများကြီး ပိုနှေး (ပိုရှည်ကြာ) ကြောင်း ဟောကြားထားပါတယ်။ စတာတုမဟာရာဇ် (အနီးဆုံး နတ်ပြည်): လူ့ပြည်ရဲ့ နှစ် ၅၀ ဟာ အဲဒီနတ်ပြည်မှာ ၁ ရက် (၂၄ နာရီ) ပဲ ရှိပါသေးတယ်။ တာဝတိံသာ နတ်ပြည်: လူ့ပြည်ရဲ့ နှစ် ၁၀၀ မှ အဲဒီနတ်ပြည်မှာ ၁ ရက် ပဲ ရှိတာပါ။ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ: အထက်ကို ရောက်လေလေ အချိန်က ပိုနှေးလေလေဖြစ်ပြီး ပရနိမ္မိတဝသဝတ္တီနတ်ပြည်မှာဆိုရင် လူ့ပြည်ရဲ့ ၁၆၀၀ နှစ် မှ နတ်ပြည်ရဲ့ ၁ ရက် ဖြစ်သွားပါတယ်။ ဆိုလိုတာက- လူ့ပြည်မှာ လူတစ်ယောက် အသက် ၁၀၀ အပြည့်နေပြီး သေဆုံးသွားတဲ့အချိန်ဟာ တာဝတိံသာနတ်ပြည်က နတ်သားတစ်ပါးအတွက်တော့ မနက်စာ စားပြီးလို့ ညနေစာ မစားခင် အချိန်လေးအတွင်း မနက်က မြင်လိုက်တဲ့လူ ပျောက်သွားတာမျိုးပဲ ဖြစ်သွားတာပါ။ ၂။ သိပ္ပံပညာ၏ Earth (ကမ္ဘာ) နှင့် Space (အာကာသ) အချိန်ကွာခြားချက် အိုင်းစတိုင်းရဲ့ Relativity Theory (နိယာမသီအိုရီ) အရ အချိန်ဆိုတာ စကြဝဠာတစ်ခုလုံးမှာ တညီတညွတ်တည်း သွားနေတာ မဟုတ်ပါဘူး။ Mass (ဒြပ်ထု) နဲ့ Gravity (ဆွဲအား) ပိုကြီးတဲ့နေရာမှာ အချိန်က ပိုနှေးသွားပြီး၊ ဆွဲအားနည်းတဲ့ အာကာသထဲမှာ အချိန်က ပိုမြန်ပါတယ်။ အာကာသထဲက ဥပမာများ- GPS ဂြိုဟ်တုများ: ကမ္ဘာပြင်ပ အာကာသထဲမှာ လှည့်ပတ်နေတဲ့ GPS ဂြိုဟ်တုပေါ်က နာရီတွေဟာ ကမ္ဘာမြေပြင်ပေါ်က နာရီတွေထက် တစ်ရက်ကို မိုက်ခရိုစက္ကန့် ၄၅ အမြန် သွားနေပါတယ်။ (ဒါကြောင့် ဂြိုဟ်တုစနစ်တွေကို အမြဲတမ်း အချိန်ညှိပေးရပါတယ်)။ Black Hole (တွင်းနက်များ): Interstellar ရုပ်ရှင်ထဲမှာပါသလို ဒြပ်ထုနဲ့ ဆွဲအား အလွန်ကြီးမားတဲ့ Black Hole နီးနီးက ဂြိုဟ်ပေါ်မှာ ၁ နာရီ သွားနေရင် ကမ္ဘာပေါ်မှာ ၇ နှစ် ကုန်လွန်သွားတာမျိုး ဖြစ်ပါတယ်။ ၃။ သဘာဝ ဥပမာဖြင့် မြင်ကြည့်ခြင်း ဒါကို ပိုပြီး ရိုးရိုးရှင်းရှင်းလေး စကားပြောသလို မြင်ကြည့်ရအောင်ဗျာ။ လူ့ပြည် (Earth): ကျွန်တော်တို့ လူ့ပြည်ဟာ "အနိစ္စ" (ပြောင်းလဲမှု) အလွန်မြန်တဲ့ စက်ဝန်းထဲမှာ ရှိနေတာပါ။ ခန္ဓာကိုယ်တွေ သေကျေရုပ်ပျက်တာ မြန်တယ်၊ ဆဲလ်တွေ ပျက်စီးတာ မြန်တယ်၊ ဒါကြောင့် အချိန်ကုန်တာ မြန်တယ် လို့ ခံစားရတာပေါ့။ နတ်ပြည် (Higher Realm/Space): နတ်ပြည်ကျတော့ ရုပ်ပိုင်းဆိုင်ရာ အလွန် သိမ်မွေ့သလို၊ ဖြစ်ပျက်မှုစက်ဝန်း (Metabolism) က အလွန် နှေးကွေးလွန်းပါတယ်။ ဒါကြောင့် သူတို့ဆီက ၁ နာရီ ကုန်လွန်ဖို့အရေးဟာ ကျွန်တော်တို့ လူ့ပြည်ရဲ့ နှစ်အတော်တော်များများနဲ့ ညီမျှသွားတာ ဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရရင် မြတ်စွာဘုရားရှင် လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်ကတည်းက ဟောကြားခဲ့တဲ့ "ဘုံလွှာပေါ်မူတည်ပြီး အချိန်ဆိုတာ ကွာခြားသွားတယ်" ဆိုတဲ့ တရားတော်ဟာ ခေတ်သစ် ရူပဗေဒက အာကာသထဲမှာ လက်တွေ့တွေ့ရှိထားတဲ့ "Time Relativity" (အချိန်၏ လိုက်လျောညီထွေ ပြောင်းလဲမှု) နဲ့ သဘောတရားချင်း တစ်ထပ်တည်း ကျနေတာပဲ ဖြစ်ပါတယ်ဗျာ။

21/08/2026

ပထမသင်္ဂါယနာတင်ရာ၌ သုဘသုတ်ပါ/မပါ-ဆိုတဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ဝေဖန်သူတစ်ဦးက အစအဆုံး မဖတ်ဖူးသေးဘဲနဲ့ "ဒီစာတမ်းက အိမ်သာသုံး စက္ကူထက်မပိုကြောင်း ဒဲ့ပြောပါတယ်"လို့ ဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စိတ်ထဲပေါ်လာတာက မင်းတုန်းမင်းလက်ထက်က ယောမင်းကြီး ဦးဘိုလှိုင်ရဲ့ အကြောင်းပါပဲ။ ယောမင်းကြီးက ပရိယတ္တိစာပေ လောကအတွက် "သဒ္ဒသင်္ဂဟ"ဆိုတဲ့ သဒ္ဒါကျမ်းကြီးကို ရေးခဲ့ပါတယ်။ အဲဒီကျမ်းကြီးကို ဦးဝိဇ္ဇာနန္ဒာဘိဝံသရဲ့ ကျေးဇူးနဲ့ အခုဆို အလွယ်တကူ လေ့လာလို့ ရနေပါပြီ။

ယောမင်းကြီးက "သဒ္ဒသင်္ဂဟ"ကျမ်းကြီးရေးတော့ သဒ္ဒါကျမ်းပြုဆရာကြီးဆိုပြီး နာမည်ပိုကြီးသွားပါတယ်။ တစ်နေ့တော့ ဘုရင်ထံ ခစားဖို့အသွား နန်း တော်အဝင်ဝမှာ တံခါးမှူးက "မင်းကြီးရေးတဲ့ သဒ္ဒသင်္ဂဟကျမ်းကြီး အလွန်ကောင်းပါတယ်"လို့ ချီး ကျူးစကား ဆိုပါတယ်။

အဲဒီအခါ ယောမင်းကြီးက "မင်းက ငါ့ကို ချီးကျူးနေတာတော့ ဟုတ်ပါပြီ၊ စာအုပ်ကိုရော ဖတ်ကြည့်ပြီးပြီလား"လို့ မေးလိုက်တယ်။ စာအုပ်ကိုတော့ မဖတ်ဖူးသေးဘူး၊ သူများပြောလို့ ချီးကျူးစကား ပြောတာပါ-လို့ ဝန်ခံပါတယ်။

အဲဒီအခါ ယောမင်းကြီးက "နောက်ဆို ငါ့ကို မချီးကျူးတော့ပါနဲ့၊ ငါ ရှက်လွန်းလို့ပါ-ဆိုပြီး ငွေတစ်မတ်ပေးထားခဲ့ပါတယ်။

စာတမ်းကို မဖတ်ဖူးပဲနဲ့- ဒီစာတမ်းက အိမ်သာသုံးစက္ကူအဆင့်ဘဲ ရှိတယ်ဆိုတော့ ဝေဖန်တဲ့သူက နယ်နယ်ရရတော့ ဟုတ်မယ်မထင်ပါဘူး။ အဘိညာဉ်တန်ခိုး (သို့မဟုတ်) သဗ္ဗညုတဉာဏ်ကို ရရှိနေတဲ့ပုံပဲ။

သူကတော့ အေမိဈာန်ရဲ့ ဆွေမျိုးတွေမို့ မဖတ်ရသေးဘဲနဲ့ အကုန်သိနေပါပြီ။ ဒါပေမဲ့ သူ့လို အေမိဈာန်နဲ့ ဆွေမျိုးမတော်ကြတဲ့ ပညာလိုလားသူတို့အတွက် စာတမ်းအပြည့်အစုံကို ချပြလိုက်ပါပြီ။ စာတမ်းစာအုပ်ကိုလဲ အလိုရှိသူများ အလှူခံလို့ ရပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်မျိုးကို စောင့်မျှော်လျက်...။

အရှင်စန္ဒိမာ (ပေါက်)
(န.ပ.သ-မန်း) အဆောင်- ၂၀-မှူး
20.8.2026


@ ပထမသင်္ဂါယနာတင်ရာ၌ သုဘသုတ် ပါ /
မပါ @

ဤကမ္ဘာပေါ်၌ ကိုးကွယ်ရာဘာသာအမျိုးမျိုး ပေါ် ထွန်းခဲ့ကြသည်နှင့်အမျှ ထိုဘာသာဆိုင်ရာ အဆုံး အမတရားတို့ကို မှတ်တမ်းတင်ရာ ဘာသာစကားအမျိုးမျိုးရှိကြသည်။

ဟိန္ဒူဘာသာသည် သာသနာဆိုင်ရာ မိန့်ဆိုချက်များကို သက္ကတဘာသာဖြင့် မှတ်တမ်းတင်ထား၏။ ထေရဝါဒဗုဒ္ဓဘာသာသည် ဘုရား ရှင်၏ ဟောကြားချက်မှန်သမျှကို ပါဠိဘာသာဖြင့် မှတ်တမ်းတင်ထား၏။

ပါဠိစာပေသည် သာမုက္ကံသိကဒေသနာတော်အဖြစ် ဘုရားရှင်အသုံးပြုသည့် အချိန်ကစပြီး တစတစ အဆင့်ဆင့်တိုးပွားကျယ်ပြန့်လာခဲ့သည်။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ဘုရားရှင်၏ သာမုက္ကံသိကဒေသနာတော်အားလုံးကို ရှင်အာနန္ဒာတစ်ပါးတည်းသာ အနက်အဓိပ္ပာယ်နှင့်တကွ အာဂုံဆောင်ထား၏။

အခြားသောမထေရ်တို့သည်ကား အချို့ကား ပိဋ ကတ်တစ်ပုံ၊ အချို့က နိကာယ်တစ်ရပ်စသည်ဖြင့် မိမိတို့ စွမ်းအားရှိသမျှ အနက်အဓိပ္ပာယ်နှင့်တကွ အာဂုံဆောင်ခဲ့ကြသည်။

သုံးလူ့သခင် သဗ္ဗညုဘုရားရှင်သည် ဘီစီ ၅၈၉-မှ ဘီစီ ၅၄၄-အထိ ၄၅-ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာစသည့် တရားတို့ကို ဟောပြတော်မူကာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် သက်တော် ၈၀-အရွယ်ရောက် သောအခါ ဘီစီ ၅၄၃-ခု၊ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူသည်။

ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက် ၃-လခန့်အကြာတွင် ရှင်မဟာကဿပအမှူးပြုသော ရဟန္တာမထေရ် ၅၀၀-တို့သည် ဘုရားရှင်ဟောကြားခဲ့သည့် တရားတော်များကို မပျက်မစီး အရှည်တည်တံ့စိမ့်သောငှါ သင်္ဂါယနာတင်ပွဲကြီး ကျင်းပ၍ ပြန်လည်စုစည်းခဲ့ကြသည်။

ထို့နောက် သင်္ဂါယနာတင်မထေရ်တို့သည် အစုလိုက်ခွဲဝေ၍ တာဝန်ယူပြီးလျှင် တရားတော်များကို နှုတ်တက်အာဂုံ ဆောင်ခဲ့ကြသည်။

ရှင်ဥပါလိနှင့် တပည့်တို့က ဝိနည်းပိဋကတ်ကိုလည်းကောင်း၊ ရှင်အာနန္ဒာနှင့် တပည့်တို့က ဒီဃနိကာယ်ကိုလည်းကောင်း၊ ရှင်သာရိပုတ္တရာ၏ တပည့်တို့က မဇ္ဈိမနိကာယ်ကို လည်းကောင်း၊ ရှင်မဟာကဿပနှင့် တပည့်တို့က သံယုတ္တနိကာယ်ကိုလည်းကောင်း၊ ရှင်အနု ရုဒ္ဓါနှင့် တပည့်တို့က အင်္ဂုတ္တရနိကာယ်ကိုလည်းကောင်း အသီးသီးတာဝန်ခွဲဝေယူခဲ့ကြသည်။

ဘုရားရှင်ကိုယ်တိုင် ဟောတော်မူခဲ့သော တရားတော်များကိုလည်းကောင်း, ဘုရားရှင်သက် တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် မှ သာဝကများဟောကြားသည့် တရားတော်များကိုလည်းကောင်း ပါဠိတော်ဟူ၍ ခေါ်ဆိုကြသည်။

ထိုပါဠိတော်တို့ကို သင်္ဂါယနာတင်မထေရ်တို့ သည် ပထမသင်္ဂါယနာ, ဒုတိယသင်္ဂါယနာ, တတိယသင်္ဂါ ယနာတို့၌ နှုတ်တက်အာဂုံရွတ်ဆိုပြီး သင်္ဂါယနာ တင်ခဲ့ကြသည်။ စတုတ္ထသင်္ဂါယနာ၌ ပေထက်အက္ခရာ၊ ပဉ္စမသင်္ဂါယနာ၌ ကျောက်ထက်အက္ခရာ၊ ဆဋ္ဌသင်္ဂါယနာ၌ စက္ကူထက်အက္ခရာတို့ဖြင့် မှတ် တမ်းတင်စုစည်းထားခဲ့ကြသည်။

ဆဋ္ဌသင်္ဂါယနာ၌ မှတ်တမ်းတင်စုစည်းထားရှိခဲ့သော ပါဠိတော်များမှာ ဆဋ္ဌသင်္ဂါယနာမူအရ စာအုပ်ရေ- ၄၀ ရှိသည်။ ထိုတရားတော်တို့သည် ရသအားဖြင့် ၁-မျိုး၊ ဓမ္မဝိနယအားဖြင့် ၂-မျိုး၊ ဝစနအားဖြင့် ၃-မျိုး၊ ပိဋကအားဖြင့် ၃-မျိုး၊ နိကာယ်အားဖြင့် ၅-မျိုး၊ အင်္ဂါအားဖြင့် ၉-မျိုး၊ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀ ၀-ရှိသည်။

ပိဋကတ်တော်၌ ပထမသင်္ဂါယနာတင်ပွဲနောက်မှ ထည့်သွင်းထားသော သမိုင်းဖြစ်ရပ်များ, သုတ္တန်များ, ကျမ်းဂန်များကိုလည်း တွေ့ရှိနိုင်ပါသည်။ ပါဠိတော်၌ နောက်မှထည့်သွင်းထားသော စကားရပ်များရှိသော်လည်း ဘုရားဟောတရားတော်တို့၏ ကေဝလပရိပုဏ္ဏ-ဟူသောဂုဏ်ကို မထိခိုက်ပေ။

ဘုရားရှင်၏ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတရားတော်စသည်တို့၌ နောက်ထပ်တိုးစရာ, ပိုနေသဖြင့် ပယ်နှုတ်စရာများ ပါဝင်ခြင်းမရှိပေ။ သို့သော် လည်း သင်္ဂါယနာတင်မထေရ်တို့သည် ဘုရားရှင်၏ တရားတော်နှင့် လျော်ညီသောဟောကြားချက်များ၊ သင်္ဂါယနာဆိုင်ရာ သမိုင်းအချက်အလက်များကို ပိဋကတ်တော်၌ ထည့်သွင်းထားခဲ့ကြသည်။

ဝိနည်းစူဠဝဂ္ဂပါဠိတော်၌ ဖော်ပြထားသော ပထမသင်္ဂါယနာတင် အကြောင်းကိုပြသည့် ပဉ္စသတိကက္ခန္ဓကနှင့် ဒုတိယသင်္ဂါယနာတင်အကြောင်းကိုပြသည့် သတ္တသတိကက္ခန္ဓကတို့ သည် ပထမသင်္ဂါညယနာတင်စဉ်က မပါဝင်ခဲ့ပေ။ ဒုတိယသင်္ဂါယနာ, တတိယသင်္ဂါယနာတင် သောအခါ၌ သင်္ဂါယနာ တင်မထေရ်တို့က ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။

သင်္ဂါယနာတင်မထေရ်တို့သည် ထိုထိုသာဝကတို့ ဟောကြားသောသုတ်များကိုလည်း ဘုရား ရှင်ပေးတော်မူအပ်သောနည်း၌ တည်လျက် ဟောအပ်သည်ဖြစ်၍ ဘုရားစကားပင်ဖြစ် သောကြောင့် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက်၌ ပါဠိတော်၌ ထည့်သွင်း၍ သင်္ဂါယနာတင်ခဲ့ကြ သည်။

မဇ္ဈိမပဏ္ဏာသလာ မဓုရသုတ်, ဃောဋမုခသုတ်တို့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ ဟောကြားခဲ့သော သုတ်တော်များဖြစ်သည်။ ထို့အတူ သုဘသုတ်, ဂေါပက မောဂ္ဂလာနသုတ်တို့သည်လည်း ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှ ဟောကြားခဲ့သော သုတ်တော်များပင်ဖြစ်သည်။

သို့သော် သုဘသုတ်, ဂေါပကမောဂ္ဂလာနသုတ်တို့၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး မကြာမြင့်မီ ဟောကြားခဲ့ကြောင်း “အစိရပရိနိဗ္ဗုတေ ဘဂဝတိ” ပုဒ်ဖြင့် ဖော်ပြထား၏။ မဓုရသုတ်, ဃောဋမုခသုတ်တို့၌ “အစိရပရိနိဗ္ဗုတေ ဘဂဝတိ” ပုဒ် မပါရှိပေ။

သုဘသုတ်, ဂေါပကမောဂ္ဂလာနသုတ်တို့ကဲ့သို့ “အစိရပရိနိဗ္ဗုတေ ဘဂဝတိ”ပုဒ် မပါရှိသည်ကို ထောက်ဆ၍ ပထမသင်္ဂါယနာတင်ပြီးနောက် ဘုရားရှင်၏ ပရိနိဗ္ဗန်စံတော်မူပြီး အတော်ကြာမှ ဟောကြားသောသုတ်များ ဖြစ်နိုင်ရကား ယင်းသုတ်များသည်လည်း ပထမသင်္ဂါယနာ စာရင်းဝင် ပါဠိတော်များ မဖြစ်နိုင်ပေ။

ဥပရိပဏ္ဏာသပါဠိ၊ ဗာကုလသုတ်နှင့် အဋ္ဌကထာတို့၏ ပြဆိုချက်အရ ရှင်ဗာကုလမထေရ်သည် လူ့ဘဝသက်တော် (၈၀)၊ ရဟန်းဘဝသက်တော် (၈၀)အားဖြင့် အသက် (၁၆၀) ရှည်တော်မူသည်။

ဓမ္မစကြာတရားဟောတော်မူပြီးနောက် ကောသမ္ဗီပြည်သို့ ဒေသစာရီကြွချီ တော်မူလာသော ဘုရားရှင်၏ တရားတော်ကို နာယူရသော ကြောင့် အသက် (၈၀)ပြည့်သော နှစ်၌ ရဟန်းဖြစ်တော်မူသည်။ ရဟန်းပြုပြီး (၈)ရက်မြောက်နေ့၌ ရဟန္တာဖြစ်တော်မူသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသောနှစ်၌ ရှင်ဗာကုလသည် ဝါတော်(၄၅)ဝါမျှသာ ရှိသေးသည်။

ရှင်ဗာကုလ၏ ဝါတော်(၈၀)အရ လူ့ဘဝက မိတ် ဆွေဟောင်းအစေလကဿပကို အကြောင်းပြု၍ ဗာကုလသုတ်ကို ဟောကြားတော်မူသည်။ ယင်းသုတ်ကို ဟောကြားပြီးနောက် ရှင်ဗာကုလသည် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ဗာကုလသုတ်ဟောချိန်၌ ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူခဲ့သည်မှာ (၃၅)နှစ်ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး (၃)လ အလွန် ဝါခေါင်လပြည့်ကျော် (၅)ရက်နေ့၌ စတင်ပြီး (၇) လကြာကျင်းပခဲ့သော ပထမသင်္ဂါ ယနာတွင် မပါဝင်သည်မှာ ထင်ရှားလှပေသည်။

ဥတ္တရမာတုပေတိဝတ္ထုသည် ဒုတိယသင်္ဂါယနာတွင် ပါဝင်သော ပါဠိတော်ဖြစ်ကြောင်းကို “ဣဒံ ပန ပေတဝတ္ထု ဒုတိယသင်္ဂီတိယံ သင်္ဂဟံ အာရုဠှန္တိ ဒဋ္ဌဗ္ဗံ” ဟူ၍ ပြဆိုထားသည်။

နန္ဒကပေတဝတ္ထုသည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ် (၂၀၀)ကျော် တတိယ သင်္ဂါယနာမတင်မီ ဖြစ်ပျက်ခဲ့သောအကြောင်း အရာများကို ပြဆိုထားသောဝတ္ထုဖြစ်သည်။ ထို့ကြောင့် “ထေရာ တတိယသင်္ဂီတိယံ အာရောပေသုံ”ဟူ၍ တတိယသင်္ဂါယနာတင် ပါဠိ တော်ဖြစ်ကြောင်း ပြဆိုထား သည်။

ဧကဝိဟာရိယဂါထာများသည် အသောကမင်းညီတော် တိဿမင်းသားအကြောင်း ပြဆိုထားသောဂါထာများဖြစ်၍ တတိယသင်္ဂါယနာ (သို့မဟုတ်) တတိယသင်္ဂါယနာနောက်မှ ပါဠိတော်စာရင်းဝင် ဂါထာများဖြစ်နိုင်ပေသည်။

အဘိဓမ္မာ ကထာဝတ္ထုကျမ်းသည် ပထမသင်္ဂါယနာစာရင်းတွင် ပြဆိုထားသော်လည်း ပထမသင်္ဂါယနာ တင်စဉ်က မာတိကာမျှသာ ရှိခဲ့သည်။ အသောကမင်းလက်ထက် တတိယသင်္ဂါယနာတင်ခါ နီးအချိန်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟော ကြားခဲ့သောကျမ်းဖြစ်၍ တတိယသင်္ဂါယနာတင်ကျမ်းစာဖြစ်ကြောင်း ပြဆိုထားပေသည်။

ခေတ်သစ်သုတေသီတို့က “နေတ္တိပါဠိ၊ ပေဋကောပဒေသပါဠိတို့ကား တရားအကျဉ်းကို အကျယ်ချဲ့၍ ဟောကြားရာတွင် ဧတဒဂ်ရသော ရှင်မဟာကစ္စည်းမထေရ် ဟောကြားခဲ့ ခြင်း မဖြစ်နိုင်။ နာမည်တူ နောက်နှောင်းပုဂ္ဂိုလ်ကျော်တစ်ပါးဖြစ်မည်ဟု ခန့်မှန်းကြသည်။

ကျမ်းပေါ်ထွက်ရာအချိန်ကို ဘီစီ ၅-ရာစုမှ ၃-ရာစုခန့် ပထမသင်္ဂါယနာတင်ချိန်နှင့် တတိယ သင်္ဂါ
ယနာတင်ချိန်အတွင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် နေတ္တိပါဠိ၊ ပေဋကောပ ဒေသပါဠိတို့ကိုလည်း ပထမသင်္ဂါယနာတင်ပွဲ၌ ပါဝင်ခြင်းမရှိ”ဟု ဆိုကြပါသည်။

တိပိဋက ပါဠိမြန်မာအဘိဓာန်၌လည်း “ရှင်မဟာကစ္စည်းမထေရ်၏ အတ္ထုပ္ပတ္တိကို ပြဆိုသော အင်္ဂုတ္တရအဋ္ဌကထာ၌ ပြဆိုသင့်ပါလျက် မပြဆိုခဲ့ခြင်း၊ ရှင်မဟာဗုဒ္ဓဃောသထုတ်ပြသော ပထမသင်္ဂါယနာတင်ကျမ်းတို့၌ ပါဝင်သင့်ပါလျက် မပါဝင်ခဲ့ခြင်း၊ အဋ္ဌသာလိနီအဋ္ဌကထာ နိဒါန်းပိုင်း၌ ကထာဝတ္ထုကျမ်းကို သာဝကဘာသိတဖြစ်သော်လည်း ...

ဘုရားဟောနှင့် တူညီစွာ အလေးဂရု ပြုသင့်သည်ကို ပြဆိုရာ၌ နေတ္တိကျမ်းကို ဥဒါဟရုဏ် မထုတ်ဘဲ မဓုပိဏ္ဍိကသုတ်ကို ထုတ်ပြထားခြင်းတို့ကြောင့် နေတ္တိကျမ်းကို ရှင်မဟာကစ္စည်းမထေရ် ဟောကြားသဖြင့် မြတ်ဗုဒ္ဓက အနု မောဒနာပြုခဲ့သည်ဟူသောအချက်၊ ပထမသင်္ဂါ ယနာ၌ နေတ္တိကျမ်းပါ ဝင်ခဲ့သည်ဟူသောအချက်တို့ကို ရှင်မဟာဗုဒ္ဓဃောသမထေရ် ယူဆဟန်မရှိပေ”ဟု သုံးသပ်ပြထား၏။

မည်သို့ပင်ဖြစ်စေ ထိုကျမ်းတို့သည် ရှင်မဟာဗုဒ္ဓဃောသခေတ်ထက် ရှေးဦးစွာ ပေါ်ပေါက်ခဲ့သည် ကား ထင်ရှားလှပေသည်။ အကြောင်းကား ပါရာဇိကကဏ္ဍအဋ္ဌကထာ၊ ဝေရဉ္ဇကဏ္ဍဝယ် သာတ္ထံ, သဗျဉ္ဇနံ-ပုဒ်တို့ကို ဖွင့်ဆိုရာ၌ နေတ္တိကျမ်းလာ အတ္ထပဒ ၆-ပါး၊ ဗျဉ္ဇန ပဒ ၆-ပါးတို့ကို ထုတ်ပြထား၏။

ထို့ပြင် မူလပဏ္ဏာသအဋ္ဌကထာ၊ မူလပရိယာယသုတ် အဖွင့်၌ နေတ္တိကျမ်းလာ ဂါထာနှင့်တကွ လက္ခဏာဟာရကို ယူ၍ ဖွင့်ပြထားသည်ကို တွေ့ရပါ သည်။ အဋ္ဌသာလိနီအဋ္ဌကထာစသည်တို့၌လည်း ဈာန်ခန်းအဖွင့်တွင် “ပေဋကေ”ဟု အကိုး ပြထား၏။ ဋီကာတို့၌ “မဟာကစ္စာယနတ္ထေ ရေန ဒေသိတာ ပိဋကာနံ သံဝဏ္ဏနာ ပေဋကံ၊ တသ္မိံ ပေဋကေ”ဟု ဖွင့်ဆိုထား၏။

ထို့ကြောင့် ပေဋကေ-အရ ပေဋကောပဒေသ-ကျမ်းကို ယူရမည်ဖြစ်ကြောင်း သိနိုင်ပါသည်။ သို့ဖြစ်၍ နေတ္တိကျမ်း၊ ပေဋကောပဒေသကျမ်းတို့သည် ရှင်မဟာဗုဒ္ဓဃောသမတိုင်မီက ရှိခဲ့သောကျမ်းများဖြစ် ကြောင်း သိနိုင်ပါသည်။

နေတ္တိအဋ္ဌကထာ၌ကား “နေတ္တိကျမ်းကို ရှင်မဟာကစ္စည်းမထေရ် ဟောကြားသဖြင့် ဘုရားရှင်အနုမော ဒနာပြုတော်မူသည်ဟူသော အချက်ကို အဘယ်သို့ သိနိုင်သနည်း။ ပါဠိအားဖြင့်ပင် သိနိုင်သည်။ ပါဠိတော်ထက်သာ၍ ပမာဏမြောက်သော အခြားကျမ်းမည်သည် မရှိ။

မဟာပဒေသ ၄-ပါးတို့နှင့် မဆန့်ကျင်သော အကြင်ပါဠိသည်ရှိ၏။ ထိုပါဠိသည် ပမာဏ မြောက်၏။ ဆရာအစဉ်အဆက်တို့သည် ပေဋကောပဒေသကဲ့သို့ နေတ္တိကျမ်းကို ဆောင်ခဲ့ကြ သည်။ နေတ္တိကျမ်း၌ နိဒါန်းပါဝင်သင့်သည် မဟုတ်ပါလော။ နိဒါန်းဟောခြင်း၊ မဟောခြင်း သည် အဓိကမဟုတ်ပေ။

အကြောင်းကား သာဝကဘာသိတဖြစ်သော ပဋိသမ္ဘိဒါမဂ်၊ နိဒ္ဒေသစသည်တို့၌လည်းကောင်း၊ ဗုဒ္ဓဘာသိတဖြစ်သော ဓမ္မပဒ၊ ဗုဒ္ဓဝံသစသည်တို့၌လည်း ကောင်း နိဒါန်းကို ဟောကြားထားခြင်းမရှိပေ။ နေတ္တိကျမ်းသည် နိဒါန်းမပါသဖြင့် ပမာဏမမြောက်ဟု ဆို၍မရပေ။ နေတ္တိကျမ်းသည် ပါဠိတော်၏ အနက်ကို ဖွင့်ပြရာကျမ်းဖြစ်သောကြောင့် နိဒါန်းကို သီး ခြားဆိုဖွယ်မလိုတော့ပေ”ဟု ရှင်းပြထားပါသည်။

ထို့ပြင် နေတ္တိကျမ်းနိဂုံး၌ “ဧတ္တာဝတာ သမတ္တာ နေတ္တိ ယာ အာယသ္မတာ မဟာကစ္စာ ယနေန ဘာသိတာ ဘဂဝတာ အနုမောဒိတာ မူလသင်္ဂီတိယံ သင်္ဂီတာတိ”ဟု ဖော်ပြထား၏။

ပေဋကောပဒေသကျမ်း၏ နိဂုံး၌လည်း “ပေဋကောပဒေသေ မဟာကစ္စာယနေန ဘာသိတေ” ဟူ၍ ဖော်ပြထား၏။ ထိုစကားရပ်ကို ထောက်ဆပါက နေတ္တိပါဠိတော်၊ ပေဋကောပဒေသပါဠိတော်တို့သည် ပထမသင်္ဂါယနာတင်စဉ်က ပါဝင်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်သည်။

မိလိန္ဒပဉှာကျမ်းသည် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး အနှစ်- ၅၀၀၊ ဘီစီ- ၁၀၁-ခန့်က ထိုခေတ်အခေါ်အဝေါ်အားဖြင့် ယောနကတိုင်း သာဂလနေပြည် တော်၌ မင်းပြုသော မိလိန္ဒမည်သော ပညာရှိဘုရင်တစ်ပါးသည် သိလိုသောအချက်များကို ရှင်နာဂသေလမထေရ်အား မေးလျှောက်သည်။

ရှင်နာဂသေနမထေရ်ကလည်း မိလိန္ဒမင်းမေးသမျှ ပြဿနာတိုင်းကို မဆိုင်းမဆွ ဥပမာ, ယုတ္တိသာဓက အဖုံဖုံတို့ဖြင့် မေးသူကျေနပ်လက်ခံလောက်အောင် ရှင်းလင်းဖြေဆိုပေးသည်။ ထိုအမေး+အဖြေတို့ကို စုစည်းထားသောကျမ်းစာသည် နောင်တစ်ချိန် ၌ မိလိန္ဒပဉှာအမည်ဖြင့် ဘုရားဟောပါဠိတော်စာရင်း၌ ထည့်သွင်းမှတ်တမ်းတင်ခြင်းခံရသည်။

ထို့ကြောင့် ထိုကျမ်းစာသည် သာသနာနှစ် (၄၅၀) တွင် ပေထက်အက္ခရာတင်ခဲ့သည့် စတုတ္ထသင်္ဂါ
ယနာနောက်မှ ပေါ်ပေါက်ခဲ့သောကျမ်းစာဖြစ်၍ ပထမသင်္ဂါယနာဝင်ပါဠိတော် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။

သုတေသီအချို့က ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂပါဠိတော်လာ သုဘသုတ်ကိုပင် ပထမသင်္ဂါယနာတင်သုတ် မဟုတ်ကြောင်းဆိုကြ၏။

အကြောင်းကား- သုဘသုတ်နိဒါန်းအစ၌ “ဧဝံ မေ သုတံ- ဧကံ သမယံ အာယသ္မာ အာနန္ဒော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထ ပိဏ္ဍိကဿ အာရာမေ အစိရပရိနိဗ္ဗုတေ ဘဂဝတိ- “တပည့်တော်သည် သုဘသုတ်တော်ကို ဤသို့ ကြားနာမှတ်သားခဲ့ရသည်။ အခါတစ်ပါး၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး၍ မကြာ မြင့်မီ ရှင်အာနန္ဒာမထေရ်သည် အနာထပိဏ်သူဌေး၏အာရာမ် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏”အစချီသော နိဒါန်းစကားပါရှိခဲ့၏။

ထိုသုဘသုတ်သည် ရှင်အာနန္ဒာကိုယ်တိုင်ဟော ကြားသော သုတ်တော်ဖြစ်၍ ယင်းသုတ်၏ နိဒါန်းအစ၌ ဝိဿဇ္ဇကမထေရ် ရှင်အာနန္ဒာက ပုစ္ဆကမထေရ် ရှင်မဟာကဿပအား ယင်းကဲ့သို့ လျှောက် ထားခြင်းသည် မဖြစ်နိုင်ပေ။

ရှင်အာနန္ဒာလျှောက်ထားသော နိဒါန်းစကားဖြစ်ခဲ့လျှင် ဧကမိဒါဟံ ဘန္တေ သမယံ သာဝတ္ထိယံ ဝိဟရာမိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ- အခါ တစ်ပါး၌ တပည့်တော် အာနန္ဒာသည် အနာထပိဏ်သူဌေး၏အာရာမ် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေထိုင်ပါ၏”ဟူ၍သာ လျှောက်ထားသင့်ပေသည်။

သို့သော်လည်း ထိုကဲ့သို့ လျှောက်ထားခြင်းမရှိသဖြင့် ထိုသုဘသုတ်သည် ဒုတိယ, တတိယသင်္ဂါယနာတင်ချိန်၌ ဒီဃနိကာယ်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်၏။ ထို့ကြောင့် သုဘသုတ်သည် ပထမသင်္ဂါယနာတင်ရာ၌ ပါဝင်ခြင်း မရှိ”ဟု ဆိုကြပါသည်။

ပထမသင်္ဂါယနာ၌ ရှင်အာနန္ဒာသည် ဒီဃနိကာယ်လာ သုတ်တော်တို့ကို လျှောက်တင်ရာ၌ “ဧဝံ မေ သုတံ”ဟု နိဒါန်းပြု အစချီထားပါသည်။ သုဘသုတ်တစ်သုတ်တည်းသာ “ဧဝံ မေ သုတံ”နိဒါန်းစကားဖြင့် မလျှောက်ထားပဲ “ဧကမိဒါဟံ ဘန္တေ သမယံ” စသည်ဖြင့် လျှောက်ထားခဲ့သော် အခြားသုတ်များနှင့် နိဒါန်းစကား ကွဲပြားနေပေမည်။

ထို့ကြောင့် သုဘသုတ်တော်ကို ဒီဃနိကာယ်လာ အခြားသုတ်များနည်းတူ လျှောက်ထားလိုသော ကြောင့်သာ ရှင်အာနန္ဒာကိုယ်တိုင် ဟောကြားခဲ့သော သုတ်တော်ဖြစ်ပါသော်လည်း ပထမသင်္ဂါ
ယနာတင်ရာ၌ “ဧဝံ မေ သုတံ”အစချီသော နိဒါန်းစကားဖြင့် လျှောက်ထားခဲ့ခြင်းဖြစ်ပေသည်။

အခြားအကြောင်းတစ်ရပ်မှာ သုဘသုတ်တော်ကို ရှင်အာနန္ဒာမထေရ်ကိုယ်တိုင် ဟောကြားခဲ့ပါသော် လည်း သုဘသုတ်လာ တရားတော်များသည် သာမ ညဖလသုတ်စသော သုတ်တော်များ၌ ဘုရားရှင်ဟောကြားခဲ့သော တရားတော်များပင်ဖြစ်သည်။

ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်များကိုပင် ပြန်လည်ဟောပြခဲ့ခြင်းဖြစ်၍ မိမိဟောကြား သည်ဟု မသတ်မှတ်လို၍ “ဧဝံ မေ သုတံ”ဟု ရှင်အာနန္ဒာသည် ရှင်မဟာကဿပအား လျှောက်ထားခဲ့ခြင်း ဖြစ်ပေသည်။

သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၌ “အစိရပရိနိဗ္ဗုတေ ဘဂဝတီတိ အစိရံ ပရိနိဗ္ဗုတေ ဘဂဝ တိ, ပရိနိဗ္ဗာနတော ဥဒ္ဓံ မာသမတ္တေ ကာလေ- မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးလတ်သော်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာအခါမှ အထက်ဖြစ်သော တစ်လမျှအတိုင်းအရှည်ရှိသောအခါ”ဟု ဖွင့်ပြထား၏။

ဋီကာ၌လည်း “မတ္တဂဟဏေန ကာလဿ အသမ္ပုဏ္ဏတံ ဇောတေတိ- မာသမတ္တဟူသောပုဒ်၌ပါသော မတ္တသဒ္ဒါဖြင့်(ဆိုခဲ့သော)ကာလ၏ မပြည့်သည် ၏အဖြစ် (ပြည့်လုနီးပါး)ကိုပြဆို၏”ဟူ၍ ဖွင့်ပြထားပြန်သည်။

ထို့ကြောင့် မာသမတ္တေ- တစ်လမျှဆိုသည်မှာ တစ်လနီးပါးမျှကိုဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ရှင်အာနန္ဒာသည် သုဘသုတ် ကို ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီး တစ်လမျှအကြာတွင် ဟောကြားတော်မူခြင်းဖြစ်ရကား မဟာသက္ကရာဇ် ၁၄၈-ခုနှစ် နယုန်လပြည့်မတိုင်ခင်ပင်ဖြစ်သည်၊ ထို့ကြောင့် ရှင်အာနန္ဒာသည် သုဘ သုတ်ကို မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ နယုန်လပြည့်အတွင်း၌ ဟောကြားတော်မူခြင်းဖြစ်သည်။

ဘုရားရှင်သည် ကုသိနာရုံပြည်၊ မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သာဓု ကီဠနသဘင် ဆင်ယင်ကျင်းပသည်မှာ ၇-ရက် ကြာမြင့်ခဲ့၏။

ထို့နောက် အလောင်းတော်ကို မီးသင်္ဂြိုဟ်ခြင်း ၇-ရက်၊ ဓာတ်တော်ပူဇော်ခြင်း ၇-ရက် စုစုပေါင်း ၂၁-ရက်ကြာ နယုန်လဆန်း ၅-ရက်နေ့၌ မဂဓတိုင်းရှင် အဇာတသတ်မင်း၊ ဝေသာလီပြည် လိစ္ဆဝီမင်း၊ ကပိလဝတ်ပြည် သာကီဝင်မင်း၊ အလ္လကပ္ပပြည် ဗုလိမင်း၊ ရာမရွာ ကောလိယမင်း၊ ဝေဋ္ဌဒီပတိုင်း ပုဏ္ဏားများ၊ ပါဝါပြည် မလ္လမင်း၊ ကုသိနာရုံပြည် မလ္လမင်း ၈-ဦးသော မင်း, ပုဏ္ဏားတို့အား ဒေါဏပုဏ္ဏား သည် ဓာတ်တော်များကို ၈-ပုံ ပုံ၍ အညီအမျှ ခွဲဝေပေးခဲ့၏။

ရှင်မဟာကဿပသည် ဓာတ်တော်များကို ခွဲဝေပေးသောနေ့၌ ကြွရောက်လာကြ သော သံဃာတော် ၇-သိန်းတို့အား ဘုရားဟောတရားတော်(ဗုဒ္ဓဘာသိတ)၊ သာဝကဟော တရားတော် (သာဝကဘာသိတ)များကို သင်္ဂါယနာတင် စုစည်းထားရှိကြရန် မိန့်ကြားတော်မူ ခဲ့၏။

ထို့နောက် သံဃာတော်များသည် မိမိတို့ သက်ဆိုင် ရာ အရပ်ဒေသအမျိုးမျိုးသို့ ကြွရောက်ခဲ့ကြ၏။ အရှင်အာနန္ဒာမထေရ်သည် နယုန်လဆန်း ၅-ရက်နေ့၌ပင် သာဝတ္ထိပြည်သို့ ကြွသွားတော်မူခဲ့၏။ သာဝတ္ထိပြည်သို့ ရောက်ရှိပြီး ၃-မြောက်နေ့၌ သုဘလုလင်လျှောက်ထား ချက်အရ သုဘသုတ်ကို ဟောကြားခဲ့၏။ သုဘသုတ်တော်ကို ဟောတော်မူချိန်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်မှာ ၁-လပင် မပြည့်သေးပေ။

ဝါဆိုခါနီးအချိန်တွင် သင်္ဂါယနာတင်မထေရ်တို့ သည် သင်္ဂါယနာတင်ရန်အတွက် ရာဇဂြိုဟ်ပြည်၌ စုစည်းမိကြ၏။ ဝါဆိုလပြည့်နေ့၌ ဥပုသ်ပြုတော်မူကြ၏။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့၌ ဝါဆိုဝါကပ်တော်မူကြ၏။ ဝါဆိုဝါကပ်ပြီးနောက် ရာဇဂြိုဟ်ပြည် ပတ်ဝန်းကျင်ရှိ ကျောင်းကြီး ၁၈-ကျောင်းကို ပြုပြင်ခဲ့သည်မှာ ၁-လကျော်ခန့် ကြာမြင့်ခဲ့၏။

ကျောင်းများကို ပြုပြင်ပြီး ဝါခေါင်လပြည့်ကျော် ၅-ရက်နေ့မှ စတင်ကာ သင်္ဂါယနာတင်တော်မူခဲ့ကြ၏။ ပထမ သင်္ဂါယနာစတင် သင်္ဂါယနာတင်ချိန်တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်မှာ ၃-လကျော် ခန့်ကြာမြင့်ခဲ့ပေပြီ။

သုဘသုတ်တော် ဟောရာကာလသည် နယုန်လပြည့်မတိုင်မီဖြစ်သည်။ ထို့ကြောင့် ပထမသင်္ဂါယနာတင်ရာ ကာလထက် ၂-လကျော်ခန့်စောစွာ ဟောကြားခဲ့သော သုဘသုတ်တော် သည် ပထမသင်္ဂါယနာတင်ရာ၌ ပါဝင်ခဲ့သည်ကား ခိုင်လုံသောအကြောင်း တစ် ရပ်ဖြစ်ပေသည်။

သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ ပဌမမဟာသင်္ဂီတိကထာ၌ ပဌမသင်္ဂါယနာတွင် ပါဝင်သော ပါဠိတော်၊ မပါဝင်သောပါဠိတော်များကို စုပေါင်းပြဆိုရာ၌သာ ဒီဃနိကာယ်, မဇ္ဈိမနိကာယ်, သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ် နိကာယ် ၄-ရပ်ရှိ သုတ္တန္တပိဋကပါဠိတော်များကို သုတ်အရေ အတွက်များဖြင့် ဖော်ပြထား၍ ပဌမသင်္ဂါ ယနာတင်ပါဠိတော်စာရင်းကို ပြဆိုရာ၌ ဒီဃနိကာယ်မှတစ်ပါး အခြားနိကာယ်များ၌ ဘာဏဝါရသာ ဖော်ပြထား၍ သုတ်အရေအတွက် ဖော်ပြမထားပေ။

ဒီဃနိကာယ်ကို ပြဆိုရာ၌ကား သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂဟူ၍ ဝဂ်၃- ဝဂ်၊ သုတ်ပေါင်း ၃၄- သုတ်၊ သီလက္ခန္ဓဝဂ်၌ ၁၃-သုတ်ရှိကြောင်း အရေ အတွက်အတိအကျ ဖော်ပြထားသည်။ သုဘသုတ်ပါမှသာလျှင် ဒီဃနိကာယ်၌ (၃၄)သုတ်၊ သီလက္ခန္ဓဝဂ္ဂ၌ ၁၃- သုတ် အရေအတွက်ပြည့်မည်ဖြစ်သည်။

ဤအကြောင်းအရာသည်လည်း သုဘသုတ်တော်သည် ပဌမသင်္ဂါယနာတင်သုတ်တော်ဖြစ်ကြောင်း ခိုင်လုံသောအကြောင်းတစ်ရပ်ဖြစ်ပေ၏။

ထို့ကြောင့် (၁) ရှင်အာနန္ဒာသည် ဒီဃနိကာယ်လာ အခြားသုတ်များနည်းတူ “ဧဝံ မေ သုတံ”နိဒါန်းစကားဖြင့် လျှောက်ထားလိုခြင်း၊

(၂) သာမညဖလစသောသုတ်တို့၌ ဘုရားရှင်ဟော ကြားခဲ့သည့်အတိုင်း ဟောကြားခြင်းဖြစ်၍ မိမိဟောကြားသည်ဟု မသတ်မှတ်လိုသောကြောင့် “ဧဝံ မေ သုတံ”နိဒါန်းစကားဖြင့် လျှောက်ထားခဲ့ခြင်း၊

(၃) ပထမသင်္ဂါယနာတင်ရာ ကာလထက် ၂-လကျော်ခန့်စောစွာ ဟောကြားခဲ့သောသုတ်တော်ဖြစ်ခြင်း၊

(၄) ရှင်မဟာဗုဒ္ဓဃောသပြဆိုခဲ့သော ပထမသင်္ဂါယနာတင်ကျမ်းစာ စာရင်းအရေအတွက်၌ သုဘသုတ်ပါမှ သာလျှင် ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂတို့၌ သုတ်အရေအတွက် ပြည့်မည်ဖြစ်ခြင်းဟူသော အကြောင်းအချက် ၄-ခုတို့ကြောင့် ...

ပထမသင်္ဂါယနာ၌ သုဘသုတ်ပါဝင်ခဲ့သည်၏ အဖြစ်ကို ယုံမှားသံသယကင်းစွာ မှတ်သားသင့်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

ဦးခင်မောင်ညို
တွဲဖက်ပါမောက္ခ (ပညာရှင်)
သုတ္တန္တပိဋကမဟာဌာန
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

ကိုးကားကျမ်းများ

ပါဠိတော်
(၁) ဥပရိပဏ္ဏာသပါဠိ
(၂) စူဠဝါပါဠိ
(၃) ပေဋကောပဒေသပါဠိ
(၄) မိလိန္ဒပဉှာပါဠိ
(၅) သီလက္ခန္ဓဝဂ္ဂပါဠိ
(၆) သုတ်မဟာဝါပါဠိ
(၇) မဇ္ဈိမပဏ္ဏာသပါဠိ
(၈) နေတ္တိပါဠိ

အဋ္ဌကထာကျမ်း
(၁) သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ
(၂) ပါရာဇိကကဏ္ဍအဋ္ဌကထာ (ပထမတွဲ)
(၃) နေတ္တိအဋ္ဌကထာ
(၄) ပဉ္စပကရဏအဋ္ဌကထာ
(၅) ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ပထမတွဲ)
(၆) အဋ္ဌသာလိနီအဋ္ဌကထာ
(၇) ပေတဝတ္ထုအဋ္ဌကထာ
(၈) မူလပဏ္ဏာသအဋ္ဌကထာ (ပထမတွဲ)

ဋီကာကျမ်းများ
(၁) ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (ပထမတွဲ)
(၂) သာရတ္ထဒီပနီဋီကာ (ပထမတွဲ)
(၃) သီလက္ခန္ဓဝဂ္ဂဋီကာ
(၄) သီလက္ခန္ဓဝဂ္ဂအဘိနဝဋီကာ (ပထမတွဲ)

ဂန္ထန္တရကျမ်းများ
(၁) မိလိန္ဒပဉှလီနတ္ထဒီပနီ
(၂) နေတ္တိပါဠိတော်မြန်မာပြန်
(၃) တိပိဋက ပါဠိမြန်မာအဘိဓာန် (အတွဲ- ၁)

21/08/2026

ကျန်စစ်သားမင်းဖြစ်ပြီး (၁၇) နှစ်ဝန်းကျင်မှာ ထိုးတဲ့ အေဒီ ၁၁၀၁-၀၂ နန်းတည်ကျောက်စာမှာ"မဟာထေရ် အရဟန်" ဆိုပြီး ရေးထိုးထားတော့ ရှင်အရဟံက အဲဒီ အချိန်မှာ အနည်းဆုံး ဝါတော် (၂ဝ) ရပြီ လို့ ဆိုနိုင်မယ် ထင်မိပါတယ်ဘုရား။ ဒါကြောင့် အစဉ်အလာ သာသနာဝင်တွေမှာ ပါသလို အနော်ရထာမင်းလက်ထက်မှာ ရှင်အရဟံ ရှိနေပြီ လို့ ယူဆမိပါတယ်ဘုရား။

21/08/2026

သေလိုသောဆု
_____________
ဘဝသံသရာ မကုန်ဆုံးသေး၍ ကျင်လည်နေရသမျှ
ဘဝတိုင်း၊ဘဝတိုင်း–
သူတစ်ပါးတို့ကို မည်သည့်နည်းနှင့်မျှ မသတ်ရလို။
သူတစ်ပါးတို့၏ အသက်ခံရတဲ့သူလဲ မဖြစ်ရလို။
နိယာမ သဘာဝ တရားအရသာ သက်တမ်းကုန်ဆုံးလျက် ငြိမ်းချမ်း စွာ သေဆုံးရသူ ဖြစ်ရလို၏။
(အသေသတင်း၊အသတ်သတင်းများ၏ နောက်ကွယ်က ဆုတောင်း)

မစိုးရိမ်ဝံသာလင်္ကာရ
၁၉ ဩဂုတ် ၂၀၂၆

21/08/2026

ပြည်မတန်ဆာ၊
လင်ကွာမိန်းမ၊
မုဆိုးမနှင့်၊
ဟိုင်းမပျိုကြီး၊
တသီးသွင်ယုတ်၊
ပဏ္ဍုက်ဘိက္ခုနီ၊
တလီထို့နောက်၊
သေသောက်အိမ်ခေါ်၊
အပ်မလျော်သား၊
ဆဂေါ်စရ၊
ခြောက်ဌာန၌၊
သီလချစ်ခင်၊
သူတော်စင်တို့၊
ကျွမ်းဝင်ဘယ်ခါ၊
မပြုရာတည်း..လို့
မဃဒေဝလင်ကာသစ်ကျမ်းမှာဆိုထားပါတယ်။
ဆွမ်းတော့ ခံကောင်းပါတယ်။တခြား ဒကာ/မအိမ်တွေလို အကျွမ်းတဝင် ရင်းရင်းနှီးနှီးနဲ့ ဆွမ်းမခံနဲ့လို့ ပြောတာပါ။အိမ်ပေါက်ဝက ရပ်ဆွမ်းခံသလို ခံရင်ရပါတယ်

16/08/2026

ရုပ်ဆိုတာ Entity လား ? Quality လား ?
ရုပ်၂၈ ပါးလုံးကို သေချာလေ့လာကြည့်ရင် ရူပါရုံကလွဲရင်
ကျန်တဲ့ ရုပ်တွေက entity (နိမိတ္တ အနုဗြဉ်ဇန- အထည်ဒြပ်) တွေမဟုတ်ဘူး။

သိပ္ပံ မှာ ရုပ်အဆင်း ဆိုရာမှာလည်း တကယ်က ကိုယ်တွေ မြင်နေရတာက အထည်ဒြပ်ကိုမဟုတ်ဘူး။ အထည်ဒြပ်ကို ဘယ်လူသားမှမမြင်နိုင်ဘူး၊
အဲဒိအထည်ဒြပ်ရဲ့ အလင်းပြန်မှုကိုပဲ မြင်ရတာ။

စက္ခုပသာဒဆိုရင် မျက်လုံးကိုဆိုလိုတာမဟုတ်ပဲ အကြည်
သဘော မြင်နိုင်တဲ့စွမ်းရည်ကိုဆိုလိုတာ

ရုပ်ဆိုတာ ဘာလဲဆိုရင် ပါဠိတော်တွေမှာ ဓာတ်လေးပါးနဲ့ ဥပါဒါန်ရုပ်လို့ပြတယ်

ဓာတ်လေးပါးမှာလဲ
ပထဝီဓာတုလို့ ပြပါတယ်၊ ပထဝီလို့မဟောပါဘူး၊
ပထဝီဓာတုဆိုတာ မြေကိုဆိုလိုတာမဟုတ်ပဲ မြေသဘောတရားဖြစ်တဲ့ အမာ အပျော့ကိုဆိုလိုတာ၊ပထဝီဓာတုဘယ်မှာထင်ရှားလဲဆိုတာကို ကေသာ လောမာ စတာတွေထုတ်ပြထားတယ်၊
ပထဝီဆိုတာနဲ့ မြေအထညိဒြပ်ဖြစ်သွားပြီ၊

ဆိုတော့ ဘုရားပေးခဲ့တဲ ခန္ဓာငါးပါးဟာ သဘောခန္ဓာကို ဆိုလိုမယ်လို့ယူဆပါတယ် ၊
ရူပက္ခန္ဓာဆိုတာ
အထည်ဒြပ်ထက် သဘောတရား (qualities)ကို ပြောမယ်လို့ ယူဆပါတယ်၊

ခြေအစ ခေါင်းအဆုံးကို ကာယ လို့ခေါ်ပါတယ်၊
ထိုကာယ ရဲ့ ဖောက်ပြန်တဲ့သဘောတရား,
particles တွေရဲ့ တုံခါတဲ့သဘောတရားကို ပဲ ရူပက္ခန္ဓာလို့ ယူဆချင်ပါတယ်၊

တောင်ကြီးတွေကို ရုပ်လို့ခေါ်တာမဟုတ်ပဲ
တောင်ထဲက particles တွေရဲ့ တုံခါမှု ရွေ့လျားမှုတွေကိုပဲ ရုပ်လို့ခေါ်တာ

ရုပ်ပတီိ ရူပံ ။ ဖောက်ပြန်တဲ့ သဘောတရား တုန်ခါတဲ့သဘောတရာလို့ ဆိုသည်မဟုတ်ပါ့လား

ပညတ်ကို မရှုရဆိုတာဟာ မူရင်းပါဠိတော်မှာမပြထားဘူး၊
ရိပ်သာတွေမှာ သတ်မှတ်တဲ့ ပညတ်ဆိုတာ အထည်ဒြပ် ပုံသဏ္ဍာန်တွေ... နာမည်တွေကို ပညတ်လို့ခေါ်ဆိုရင် ပါဠိတော်နဲ့မဆန့်ကျင်ဘူးလို့ ဖြေတွေးလို့ရတယ်

ဒီအယူဆဟာ အတ္တနောမတိသာဖြစ်ပါတယ်
ဒါမှအမှန်လို့ အခိုင်အမာ မယူဆထားပါ

#ဓမ်မစက်ခု

15/08/2026

အရိယာတွေကို မုန်းလား
ကြံကြံဖန်ဖန် မုန်းစရာလား?
ဒါဆို ဘာလို့ အရိယာတွေကို တို့ကနန်း, ထိကနန်း စ,နေရတာလဲ?
===
ကိုယ်က အွန်လိုင်းကို နေကုန် မသုံးပါဘူး။
ပိုင်းခြားပြီး သုံးပါတယ်။ အလုပ်လည်း ရှိတယ်။
အွန်လိုင်းသုံးရင် သတင်းဖတ်တယ်။ မိတ်ဆွေတို့နဲ့ ဗဟုသုတ ဝေမျှတယ်။ သူတို့ဆီက ယူတယ်။ ကိုယ်လေ့လာတာကိုလည်း ပြန်မျှတယ်။

ဒါကိုက မေတ္တာ အပေးအယူ လုပ်နေတာ။
တခါတလေ ဓမ္မသာကစ္ဆာ (တရားဆွေးနွေးခြင်း) ဖြစ်တယ်လို့လည်း ယုံကြည်တယ်။
ဒီတော့
အွန်လိုင်းသုံးတဲ့ အချိန်ဟာ မေတ္တာပွါးချိန်လို့လည်း ဆိုနိုင်တယ်။
===
ကိုယ်တော့ တရားလည်း အားထုတ်ဦး၊ အသေမဦးခင် တရားဦးပစေ၊ ပြောသာ ပြောရ ကိုယ်တော်က ပြန်မပြော, နားမထောင် ထင်ပါတယ်
အဲဒါက အရိယာလို့ ဝန်ခံထားသူ တချို့ပါ။
ပြန်မပြောတာက အကြောင်း ရှိတယ်။
အရိယာတွေနဲ့ ဘယ်လိုစကား ပြောရမယ် မသိလို့။

သို့သော်-
ကိုယ့်မှာ မေတ္တာနဲ့ ပတ်သက်ရင်တော့ အပေးတစ်ခု ရှိစေချင်မိတယ်။
အရိယာ ဖြစ်ဖြစ်, မဖြစ်ဖြစ်။

ငါတို့က မေတ္တာကို စိတ်မဝင်စားဘူး
ကိုယ့်အကျိုးကိုပဲ စိတ်ဝင်စားတယ်ဆိုရင်
ကိုယ်တို့က ငရဲကို ကြောက်ရင်တောင်
မေတ္တာကိုတော့ ကာကွယ်ရပါလိမ့်မယ်။
အရိယာတွေက မေတ္တာကို မကြိုက်ဘူးတဲ့ဆိုတာမျိုးကို လူတွေ မကြည်ညိုစေချင်ဘူး။
အရိယာလုပ်ငန်းနဲ့ မေတ္တာဟာ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်း မထင်ဘူး။
ဒါ့ကြောင့်
အရိယာတို့ကို တို့ကနန်း, ထိကနန်း စ,သလို ဖြစ်သွားရတယ်။
တကယ့်တကယ်က မေတ္တာကို ကာကွယ်ချင်တာပါ။
===
အရှင်ဘုရား မှားနေပြီ၊ အရိယာတို့က တရားကို ပေးချင်တာပါ၊ တရားကို ပေးတာကပဲ မေတ္တာပါ
ဟုတ်။ လက်ခံပါတယ်။
ကိုယ်က တရားပေးတာကိုလည်း ပေးပါ။
ကူညီပေးနေသူတွေကိုလည်း လေးစားပေးပါ။
တချို့က မေတ္တာပေးနေကြတာထက် ပိုတယ်။
သူတို့ရဲ့ မေတ္တာကို
ခံယူရရှိသူတွေရဲ့ ကြည်နူးမှုကပဲ တန်ဖိုးဖြတ်, ပြောပြတတ်ပါတယ်။
အဖိုးမတန်ဘူး မလုပ်မိစေချင်တာပါ။
===
တရားကို လေးစားပါတယ်။ ကျင့်သုံးပါမယ်။
မေတ္တာကိုလည်း လေးစားပေးကြပါ။

15/08/2026

sheet pile ကရောကြောမြေကြောဖြတ်ဖို့ရာမြေကြီးလိုကုန်းမြေထဲရိုက်သွင်းရန်အဓိကဒီဇိုင်းထုတ်တာမှို့ ခုလိုအောက်ခံကလည်းမတည်ငြမ်တဲ့သက်နုမြေလွှာပေါ် ရေထုကလည်းမငြိမ် ပြင်းထန်ကြီးမားနေတဲ့အချိန် မုံယိုနတေဲ့ဆငျအုပျကွီးကိုသှားကွားထိုးတံနဲ့သှားထောကျနသေလျိုအဖွဈမြိုးပါ
တရုတ်ပြည်ကတော့ပစ္စည်းပေါတော့ခုလိုရေကြီးရင်ကုန်အပြည့်သိပ်ထားတဲ့ရထားတွဲတွေ ကွန်တိန်နာကြီးတွေမြောက်များစွာကိုရေထဲအရင်ဆုံးတွန်းချကြတာရေစီးအားကျသွားတဲ့အထိပါပဲ ပြီးမှခုလိုSheet pile ရိုက်တာ မြေသား သဲဖြည့်တာလုပ်ကြပါတယ်
အမာခံအောက်ခြေမပါပဲ Sheet Pile သက်သက်ဟာအလွန်အန္တာရယ်ကြီးလှပါတယ်
ရိုက်ပြီးတာနဲ့ ချက်ခြင်းအောက်ခြေကို တရုတ်လုပ်သလို လေးလံလှတဲ့ ကျောက်သဲ အပြည့်သိပ်ထားတဲ့ရထားတွဲ ကွန်
တိန်နာ စတာမျိုး ကွန်ကရစ်တုံးကြီးများချထားမျိုးချက်ခြင်းလုပ်ရမှာပါ ခုပုံကတော့အောင်မြင်ပါစေလို့ဆုတောင်းပေးနေရုံပါပဲ
ဘဏ္ဍာတောင့်တောင့်တင်းတင်းအလုံးအရင်းနဲ့မှအနိုင်ယူလို့ရမည့်သဘာဝဘေးကြီးပါကိုကျော်
အင်ဂျင်နီယာတစ်ယောက်အနေနဲ့အင်မတန်စိတ်ဆင်းရဲစွာထိုင်ကြည့်နေရတဲ့မြင်ကွင်းမျိုးအမှန်ပါ
အစစအားနည်းနေတဲ့တိုင်းပြည် အပြစ်လည်းပြောဖို့မသင့်တဲ့ကာလပျက်အမှန်ပါ

15/08/2026

တကယ် မလိုအပ်ပါပဲ မလှူသင့်တာက
ဆေးဝါး အလှူပင်ဖြစ်ပါတယ်။

အသိတွေကိုတော့ စကားစပ်မိလို့ဆို
ဆေးဝါးတွေ ကို ကုသိုလ်ရချင်ယုံ
သက်သက်နဲ့ မလှူကြဖို့ သေချာလေး
ပြောပြဖြစ်ခဲ့ဖူးပါတယ်။

ဘာလို့လဲဆိုရင်

အကြောင်းရင်းအမှန်က
မလိုအပ်ပဲ လှူတဲ့အခါ
ကိုယ်လှူတွေဆေးဝါးတွေ
အလကားဖြစ်ကုန်လို့ပါပဲ
သက်တမ်းကုန်-အချိန်လွန်ပြီး
အမှိုက်ဖြစ်ကုန်လို့ပါပဲ။

ကိုယ်တွေလည်း
ဆရာတော်ကြီးတွေနဲ့
အနီးကပ်အတော်ကြာကြာနေခဲ့ဖူးတာရယ်
သံဃာရာ/ထောင်ချီနဲ့ နေနေတာရယ်ကြောင့်
ပိုပြီးသိခွင့်ရတဲ့အထဲပါပါတယ်။

ဥပမာ-ဆေးကုသိုလ်ရချင်လို့
ပါရာစီတမော တဘူးစီ
အပါးတစ်ထောင် လောင်းလှူပါတယ်။

ဘယ်တော့မှ မသောက်ပါဘူး။

ပဲလှော်ပဲစေ့-အချိုရည်-
မုန့်မှမဟုတ်တာ ဆေးတွေကို
လိုအပ်နေရင်တောင်မှ အကုန်
မသောက်နေပါဘူး။
အကုန်လုံးကလည်းလိုအပ်မနေကြပါဘူး။

အင်္ဂလိပ်ဆေးတွေလှူကြတယ်။

မြန်မာဆေးတွေလည်းလှူကြတယ်။

အမှိုက်ထဲစွန့်လိုက်ရတာမှ အကြိမ်ကြိမ်ပဲ
ငွေတွေ အလကားတိမ်းကောသွားတယ်။

တကယ်ဆေးကုသိုလ်ရချင်ရင်တော့

ရေသန့်လှူပါ။

ဆပ်ပြာမှုန့်/ဆပ်ပြာခဲ/ရေချိုးဆပ်ပြာလှူပါ။

ဆေးပစ္စည်းအလှူနဲ့ ကုသိုလ်အတူတူပါပဲ။

နာမည်ကြီးဆရာတော်ကြီးတွေဆိုလည်း
ဆေးတွေ လှူလိုက်ကြတာ ဆရာတော်တွေ
စံကျောင်းတွေမှာ
တန်ဖိုးကြီးဆေးတွေမှအများကြီး
သက်တမ်းကုန် ရက်လွန်
အချိန်လွန်ဆေးဝါးတွေမှ
အများကြီး မယုံမရှိပါနဲ့။

တချို့ဆရာတော်တွေ လွန်တော်မူတဲ့အခါမှ
လှူထားကြတဲ့ တန်ဖိုးကြီးဆေးဝါးတွေ
မသောက် မသုံး လိုက်ရပါပဲ သက်တမ်းကုန်လို့
စွန့်ပစ်လိုက်ရတဲ့ တန်ဖိုးကြီး
ဆေးဝါတွေမှ မနည်းမနောပါပဲ။

ဖားအောက်တောရ ဆရာတော်ကြီး
မိန့်ဖူးတာလေး မကြာမကြာအမှတ်ရမိတယ်။

သူတို့လှူတဲ့ ဆေးတွေသာ သောက်ရရင်
(အကုန်သောက်ရရင်)သေရချီရဲ့တဲ့

တကယ်လိုအပ်လို့ဆိုရင်
ပါရမီဖြည့်ဆည်းပြီးဆေးလှူသင့်တဲ့
အချိန်တွေရှိတယ်။

ဥပမာ-တီဗီရောဂါဖြစ်လို့ ဆေးဝါလှူတာမျိုးတို့
(အစိုးရဆေးရုံဆေးထုတ်ဖို့အသွား/အပြန်
လမ်းစရိတ်လှူပေးတာမျိုးတို့)
Bပိုး Cပိုး ဖြစ်လို့ ဆေးဝါးမှီဝဲနေရလို့
လိုအပ်တဲ့ဆေးလေးတွေ လှူပေးတာမျိုးတို့

နေ့စဉ် သောက်တတ်လေ့ရှိတဲ့
အားဆေးတွေ ဖြည့်စွက်ဆေးတွေ
လိုအပ်သလိုလေး ပါရမီဖြည့်
လှူပေးတာမျိုးဆိုရင် တကယ်ကို
စိတ်စေတနာ သဒ်ဓါတရားနဲ့
လှူပေးသင့်တဲ့ ဆေးဝါအလှူမျိုးဖြစ်ပါတယ်။

ဒီတိုင်းကြီးတော့ ဆေးဝါးတွေ
မလှူသင့်ပါဘူး။

မြန်မာဆေးပဲဖြစ်ဖြစ်
အင်္ဂလိပ်ဆေးပဲဖြစ်ဖြစ်
ဆေးတစ်တောင့် ဖြစ်လာဖို့ကလွယ်ကူမနေတာ အားလုံးအသိပါ။

ဘာတခုမှ ငွေမကုန်ပဲ
မလည်ပတ်နိူင်လို့ မလိုအပ်ပဲကုသိုလ်ရချင်ယုံ သက်သက်နဲ့ဆေးဝါးတွေ မလှူကြဖို့ မေတ္တာရှေ့ထားပြီးအကြံပြုရေးသားလိုက်ပါတယ်။

Address

Tagaung Pagoda
Pathein
10011

Alerts

Be the first to know and let us send you an email when Nat Htee Hlaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share