05/02/2025
Brand မြှင့်ပြီး အလုပ်ရှာဖွေစို့
အလုပ်မလုပ်ဖူးဘူး၊အတွေ့အကြုံမရှိတဲ့အချိန်
အလုပ်ရှာဖွေ ရတာ အင်မတန်ခက်ခဲပါတယ်။
လမ်းဖောက်ပေးမဲ့သူရှိရင် အဆင်ပြေပေမဲ့၊
မရှိတဲ့သူများကြတော့ ရှာရတာ မလွယ်ကူလှပါဘူး။
Aye Thant ဥပမာလေးတခု ပြောပြပါမယ်။
ဈေးကွက်ထဲကို Brandအသစ် Cosmeticအသစ်
တခု ၀င်လာမယ် ၊လူတွေတော့ သိကြတယ်၊
လူတိုင်းတော့ ဟယ် ကောင်းရော ကောင်းရဲ့လား၊
မ၀င့်မရဲ ဖြစ်ပြီး ၊ လိုက်မသုံးရဲကြပါဘူး။
Brand အသစ်တခု ဟာ လူတွေယုံကြည်မှု့ရအောင် Marketingလုပ်တာမျိုးတွေ နဲ့
ကြိုးစားရပါတယ် ဘာဖြစ်လို့လဲ လူတွေသိအောင်ထက် သုံးလာအောင် လုပ်ရပါတယ်
အဒီလူတွေမှာ စမ်းသုံးကြည့်တဲ့ သူကနေ
သူတို့ ယုံကြည်အောင် စိတ်ကျေနပ်အောင်
Qualityကောင်းကောင်းပေးရပါတယ်။
Brand အသစ်ဖြစ်တဲ့ အတွက်ပုံစံမျိုးစံနဲ့ သူကြိုးစားအားထုတ်ရပါတယ်။
အလိုပဲ အခုမှ အလုပ်လျှောက်မဲ့ သူတွေ၊
အလုပ်အကူးအပြောင်း လုပ်ချင်တဲ့ သူတွေလည်း ကိုယ့်ရဲ့ Quality Brand ကို အရင်မြှင့်ပါ။
ဘယ်လို မြှင့်ကြမလဲ။ အောက်မှာ ရေးပေးမယ်
👇👇👇👇
1.စမ်းစစ်မယ်မိမိကိုယ်ကို🤔🤔🤔
တခါမှ အလုပ်မဖူးသေးဘူး၊
ဒါဆို အကြံပေးမယ်၊ ကိုယ်တတ်ထားတဲ့
ပညာ(Educationပဲဖြစ်ဖြစ်၊ လက်မှု့ပညာပဲဖြစ်ဖြစ်) ဘယ်အလုပ်တွေနဲ့သင့်တော်မလဲ
စဉ်းစားပါ။ အရေးကြီးဆုံးပြောချင်တာက
(အလုပ်ခေါ်စာကို သေချာဖတ်ပေးပါ။)
ကိုက်ညီတယ် အိုကေ (လျှောက်ဖို့ ပြင်ဆင်ပါ၊ အင်တာဗျူးအတွက် ပြင်ဆင်ပါ၊ ပြောချင်တာက
မစပ်ဆက် တဲ့အလုပ်လျှောက်မိရင် အချိန်ကုန်မယ်၊ CV formဖိုးကုန်ပါမယ်)၊ ဖုန်းလေးပွတ်ပြီး
Commentတွေက နေ လိုက် ရေး နေရမဲ့ အချိန်မဟုတ်ပါဘူး၊ သေချာလေး မိမိကိုယ်ကိုLevel upမြှင့်ပါ။
2.အလုပ်က ရှာတာပဲမရဘူး?
အလုပ်လုပ်နေတာလပိုင်းလား/နှစ်ပိုင်းလား?
အလုပ်လုပ်တာကြာပြီ ဘာမှမတတ်ဘူးဖြစ်နေတယ် လမ်းပျောက်နေတယ်
မိမိကိုယ်ကိုစမ်းစစ်ပါ မေးပါ မိမိကိုယ်ကိုမလိမ်ပါနဲ့ ၊ ငါဘယ်နေရာမှာအားနည်းလဲ၊
ငါယူထားတဲ့ ရာထူးရော တာ၀န်ရော
ငါအကုန်လုပ်နိုင်ပြီလား လုပ်နိုင်ရဲ့လား
ဘာတွေကျွမ်းကျင်တတ်မြောက်သွားပြီလဲ?
ငါ အလုပ်နဲ့ပတ်သတ်ပြီးဘာတွေသိလဲ?
အလုပ်အပေါ်ဘယ်လောက်စိတ်၀င်စားလဲ?
ငါ language skills ကရော computer skills👩💻ကရော👩💻 တခြား education skill 👩🎓👩🎓ရော ငါအလုပ်လုပ်နေစဉ်အတွင်း learning လုပ်ဖူးလား?
ငါကရော တကယ်အလုပ်အပေါ်စိတ်၀င်စားရဲ့လား? အလုပ်ကို ခိုကပ်ဖူးလား?မေးခွန်းပေါင်းများဆိုမေးပြီး အဖြေရှာပါနော်👁️👁️👂👂👂
3.စမ်းစစ်ပြီးတာနဲ့လိုအပ်ချက်တွေ အဆင်မပြေမှု့တွေ ထွက်လာမယ်?😓😓
ငါ ကိုမသင်ပြဘူး အထက်လူကြီးက အလုပ်ကို
Ok ဒါဆို ဘယ်လို လုပ်မလဲ အတတ်နိုင်ဆုံး
ကိုယ့်ဘာသာlearning လုပ်ရပါမယ်
အလုပ်နဲ့ဆိုင်တဲ့စာပေတွေ ဖတ်မယ်
ကုမ္ပဏီ အကြောင်းလေ့လာမယ်(လေ့လာတဲ့နေရာမှာ အမှားတွေရှိတယ် သူကတော့ဖြင့်
ငါ့ကိုကျတော့ လုပ်ငန်းခွင် personalပိုင်းစိတ်၀င်စားမှု့ကို လျော့ပြီး ငါအလုပ်လုပ်နေတာ
ဘယ်လုပ်ငန်း ၀င်ငွေကို ဘယ်လိုရှာနေရလဲ
ဘာတွေထုတ်တာလဲ ငါက ဘယ်အပိုင်းမှာတာ၀န်ယူရတယ် ဘယ်လို လေ့လာရမလဲ) ကိုယ်ပိုင်
Learning လုပ်တဲ့အခါမှာ မရှက်ပါနဲ့
သိချင်တာကို အေးအေးဆေးဆေးမေးနိုင်ဖို့
ပြင်ဆင်ပါ။
4.စမ်းစစ်ပြီး အဖြေထွက်လာတော့ ပြင်ဆင်မှု့တွေလုပ်မယ်
ငါ က personalတွေစိတ်၀င်စားနေတာပဲ လုပ်ငန်းခွင် အကြောင်းသေချာမသိဘူး
ငါယူထားတဲ့တာ၀န်တွေနဲ့ပတ်သတ်ပြီး ငါမကျွမ်းကျင်ဘူး educationအားနည်းတယ်
ဒါဆို စာဖတ်မယ်၊ အလုပ်နဲ့ဆိုင်တဲ့ဘာသာရပ်သင်တန်းတွေတည့်မယ်၊ လုပ်ငန်းခွင် personal စိတ်၀င်စားမှု့ဆိုင်ရာအတင်းအဖျင်းပြောမှု့တွေလျော့မယ်၊ သူများနဲ့မယှဉ်ဘဲ ကိုယ်ပေတံကိုယ်သာသိဆိုသလို ကိုယ့်ကိုစိတ်၀င်စားမယ်
မြှင့်တင်မယ် ဒါမှလည်း လုပ်ငန်းခွင်မှာ
အောင်မြင်ဖို့လမ်းစ ရလာမှာ။Teamworkအဖွဲ့အစည်းစိတ်ဓါတ်ထားမယ်။ကိုယ့်အလုပ်ကို ကိုယ်ချစ် ကြည့်ပါ။
ကဲနောက်ဆုံးအနေနဲ့ မိမိကိုယ်ကိုလည်း စမ်းစစ်တယ် အမှားတွေလည်း ပြင်ပြီးပြီ ဆိုရင်တော့
အလုပ်ရှာဖို့ readyပေါ့👌👌👌
နေရတာ ဒီအလုပ် ထဲ မပျော်ဘူးဆိုရင်
နောက်အလုပ်ပြောင်းပါ။ အပေါ်က အချက်တွေကို ပြုပြင်ပြောင်းလဲထားတဲ့အတွက်နောက်အလုပ်ပြောင်းရင် readyဖြစ်နေသလို မိမိကိုယ်ကိုလည်းယုံကြည်မှု့ရှိနေမှာပါ။
ကဲ ဒါလေးတွေ လိုက်လုပ်ကြည့်နော်
မိမိ Brand Qualityမြှင့်ပြီး ၊ တိုးတတ်မှု့ရရှိမှာပါ
Aye Thant (Mandy)