27/08/2022
ဘဝဆိုတာ သင်တန်းဆရာ
🌄🌄🌄🌄🌄🌄🌄🌄🌄
မင်းဟာ အမြင့်မှာနေရင်
လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ် ။
အလယ်မှာနေရင်
မင်းကို ပုခုံးချင်း ယှဉ်တိုက်လိမ့်မယ် ၊
ဘေးထွက်နေရင်
မကောင်းပြောကြလိမ့်မယ် ။
မင်းက မနေနိုင်လို့ လုပ်ပေးတော့
အရူးထနေတာလို့ ပြောကြမယ် ။
မင်းဘာမှမလုပ်ပဲနေတော့
မင်းကို ငပျင်းလို့ ပြောကြလိမ့်မယ် ။
ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့ စကားထက်
မင်းကို ကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက် ကို
စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန်
မင်းကို ကပ်ဖားပြီး
မင်း ကျရှုံးတဲ့အချိန်
မင်းကို နှာခေါင်းရှုံ့ကြလိမ့်မယ် ။
မျက်နှာဖုံးစွပ်တွေများတဲ့
လောကကြီးထဲမှာ
မိတ်ဆွေကောင်း
အင်မတန် ရှားပါးတယ် ။
မင်း မှန်တယ်ထင်ရင်
တကယ်လည်း မှန်နေရင်
ပတ်ဝန်းကျင်ကို
မင်း သိပ်ပြီး ဂရုမစိုက်နဲ့ ။
မင်း စားနေတဲ့ ထမင်းလုပ်အတွက်
မင်းကိုယ်တိုင်
ကိုယ့်ဒူး ကိုယ်ချွန်နေတာမို့
မင်းမှာ အဲ့လောက်တော့
မာန ရှိသင့်တယ် ။
အထီးကျန်နေရလို့လည်း
စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့
ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက
ပိုကောင်းပါတယ် ။
ရုန်းကန်လှုပ်ရှားရအကောင်းဆုံး
အရွယ်မှာ ဇိမ်ခံသက်သာတဲ့ လမ်းကို
မင်းမရွေးပါနဲ့ ။
တစ်သက်လုံး
ရေလိုက် ငါးလိုက် နေသွားဖို့က
လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ
မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။
(Mahatma Gandhi)
မဟတ္တမ ဂန္ဒီ ရဲ့
အဆိုအမိန့် တစ်ခုရှိတယ်
(The future depends on
what you do today ")
မင်းရဲ့အနာဂါတ်ဟာ
မင်း ဒီနေ့ လုပ်ရပ်အပေါ်မှာပဲ
မူတည်ပါတယ် " တဲ့
ပြဿနာတိုင်းကို
အပြုံးလေးနဲ့ ဖြေရှင်းလိုက်
ပြုံးနေခြင်းက
မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့်
မဲ့ပြုံးတော့ မဖြစ်စေနဲ့ပေါ့ ။
မင်းပတ်ဝန်းကျင်က
လူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့
ထပ်တူ မကျနိုင်ဘူးဆိုတာ
မင်းမမေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က
မင်းကို မုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာ ပြုသွားနိုင်မှာပါ.....
💝💝💝💝💝💝💝💝💝💝💝💝
အောင်မြင်မှု့တွေ ရရှိနိုင်ကြပါစေ ...