Learn with yinmin

Learn with yinmin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn with yinmin, Education, Pathein.

ဘာဆက်လုပ်ရမှန်းမသိတွေဝေနေတဲ့သူများအတွက်👇👇
24/01/2024

ဘာဆက်လုပ်ရမှန်းမသိတွေဝေနေတဲ့သူများအတွက်👇👇

သင်က N4 or N3 ဘာပဲကျကျ
ရှေ့Level ကိုဆက်လေ့လာပါ။

ကိုယ်ကျခဲ့တဲ့Level က စာတွေက
နောက်ထပ် အသစ်လေ့လာမဲ့ Level မှာ
ထပ်ခါထပ်ခါပြန်တွေ့ရမှာပါ။

ဒါပေမဲ့ အချိန်ရခဲ့မယ်ဆိုရင်
စာမေးပွဲဖြေခါနီးမှာတော့ ကျခဲ့တဲ့
Level ကိုဖောင်တင်လိုက်ပါ။

စာမေးပွဲကို အမှတ်များများနဲ့အောင်ပါလိမ့်မယ်။

တစ်ခုတော့လိုက်နာရမယ်။
စာရချင်ရင် လိုက်နာရမဲ့ နည်းတစ်ခုရှိတယ်။

စာရဖို့အတွက် အချိန်များများပေးရမယ်
အကြိမ်များများထိတွေ့ရမယ်။

မရတဲ့စာလုံးတွေကို Note နဲ့သီးသန့်ချရေးပြီးလေ့လာရမယ်။

မရတာတွေရတဲ့အထိ ထပ်ခါထပ်ခါ ကြည့်ရမယ်။
အလွတ်ကျက်မှတ်တာထက်ထပ်ခါထပ်ခါ
အသားကျတဲ့အထိ ခဏခဏဖတ်စေချင်တယ်။

ခဏခဏမြင်ပြီးရင်းနှီးတဲ့အခါ
ဘယ်အချိန်မေးမေး ဖြေနိုင်မယ် သိနေမယ်။

တကယ်လို့ တိုခုတဲနဲ့အလုပ်လျှောက်မဲ့သူဆို
N4 ကျခဲ့တာဆိုရင် JFT ဖြေပါ။
N3 ဆက်တက်ပါ။

JFT အောင်ပြီးရင်N3 Nat Teat ဖြေပါ။
အာ့ဆို N3 Level အနေနဲ့ တိုခုတဲအလုပ်ရှာရမခက်တော့ပါဘူး။

Tokutei + JFT ရှိမယ်
Nat Teat N3 လည်းအောင်မယ်။

အချိန်အများကြီးရတယ်။
စာကြေတာပဲ ကိုယ့်အတွက်အဆင်ပြေတယ်ဆိုတဲ့သူကတော့ ကျတဲ့ Level ပဲပြန်လုပိပေါ့။

ကျနော့်အတွေ့အကြုံနဲ့ပေးတဲ့အကြံမို့
လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။

ဒါပေမဲ့ကျနော်က အမြဲတမ်း
ကျောင်းသား/သူတွေအကျိူးကိုပဲ
ပိုလိုလားပါတယ်။

သင်တန်းကြေးကုန်ကျပြီး
အချိန်ကုန်လူပင်ပန်းမဖြစ်စေချင်လို့ပါ။

ကျနော့်ဆီက အလုပ်နဲ့လာတဲ့ကလေးတွေ
ဘာသာစကားကြောင့် အလုပ်မှာ
အခက်ခဲမဖြစ်ဖို့ အမြဲသင်ကြား
ဆုံးမ လမ်းညွန်ပေးပါတယ်။

မှန်သောသစ္စာကြောင့်ချမ်းသာပါစေ☺️🙏💌

18/09/2022

Page ကို ဖွင့်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်ကို သွားချင်တဲ့သူတွေ အတွက် ဗဟုသုတ တွေ သိသလောက် share ပေးချင်တဲ့ အတွက် ဖြစ်ပါတယ် ဘာတွေ share ပေးမလဲ ဆိုတာတော့ page ကို like and follow လုပ်ရင်း စောင့်ကြည့်ပေးကြပါဦးနော်🥰

** Agency မဟုတ်ပါဘူးနော် **

18/08/2022

ဂျပန်အလုပ် Interview မှာ မေးလေ့ရှိတဲ့ မေးမွန်းများ ❤️


1. まず、じこしょうかい を おねがいします。
အရင်ဆုံးကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါ။

2. おなまえ は なんですか。
おなまえ を おねがいします。
နာမည်ကဘယ်လိုခေါ်လဲ။

3. いま なんさいですか。
おいくつですか。
いま としは。
အခုအသက်ဘယ်လောက်လဲ။

4. ごかぞく は なんにん いますか。
မိသားစုဘယ်နှစ်ယောက်ရှိလဲ။

5. ごりょうしんは なに を していますか。
မိဘနှစ်ပါးကဘာလုပ်လဲ။
おや は なに を していますか。
မိဘတွေကဘာလုပ်လဲ။
おかあさんは なに を していますか。
အမေကဘာလုပ်လဲ။
おとうさん は なに を していますか。
အဖေကဘာလုပ်လဲ။
おとうさん の おしごと は なんですか。
အဖေရဲ့အလုပ်ကဘာလဲ။

6. おとうさん は どこで はたらいていますか。
အဖေကဘယ်နေရာမှာအလုပ်လုပ်နေတာလဲ။

7.しゅっしんは どちら/どこ ですか。
ふるさとは どちら/どこ ですか。
ごしゅっしんは どちら/どこ ですか。
မွေးရပ်မြေကဘယ်နေရာလဲ။

8.。。。は どんな ところ ですか。
。。。は どのような ばしょ ですか。....ကဘယ်လိုနေရာလဲ။....ရဲ့မွေးရပ်ဇာတိကဘယ်လိုမျိုးနေရာလဲ။

9.ヤンゴン から とおいですか。
ရန်ကုန်ကနေဝေးလား။

10.けっこんされて いますか。
အိမ်ထောင်သည်လား။
どくしんですか。
လူပျိုလူလွတ်လား။

11.かれし いますか。
ကောင်လေးရှိလား။ချစ်သူရှိလား။
かのじょ いますか。
ကောင်မလေးရှိလား။ ချစ်သူရှိလား။
けっこんする よてい は ありますか。
လက်ထပ်မဲ့အစီအစဉ်ရှိလား။

12.おやは にほんへ いくのを きょかして いますか。
မိဘကဂျပန်သွားမှာကိုခွင့်ပြုလား၊သဘောတူလား။

13.けんこうじょうたい は どうですか。
げんきですか。
からだは じょうぶ ですか。
ကျန်းမာရေးအခြေအနေကဘယ်လိုလဲ။

14.にほんは ミャンマーより さむいので、だいじょうぶですか。
ဂျပန်ကမြန်မာထက်အေးတဲ့အတွက် အဆင်ပြေပါ့မလား။

15.ほかの がいこく へ いったこと が ありますか。
တခြားသောတိုင်းပြည်တွေကိုသွားဖူးလား။

16.じぶんで りょうり が できますか。
ကိုယ်တိုင်ဟင်းချက်နိုင်လား။

17.にほんりょうり を たべたこと が ありますか。
ဂျပန်အစားအစာကိုစားဖူးလား။

18.かんじ は どのくらい よめますか。
ခန်းဂျီးဘယ်လောက်လောက်ဖတ်နိုင်လဲ
かんじ は どれくらい かけますか。
ခန်းဂျီးဘယ်လောက်လောက်ရေးနိုင်လဲ။

19.にほんごを どれくらい/どのくらい べんきょうしましたか。
ဂျပန်စာကိုဘယ်လောက်လောက် လေ့လာခဲ့သလဲ။

20.にほんへ いけたら、にほんの どこへ りょこうしたいですか。
ဂျပန်ကိုသွားနိုင်ရင်ဂျပန်ရဲ့ဘယ်နေရာကိုခရီးသွားချင်ပါသလဲ။

21.ミャンマー で しごと を しましたか。
မြန်မာမှာအလုပ်လုပ်ခဲ့လား။
ミャンマーで しごとされた けいけん は ありますか。
အလုပ်လုပ်တဲ့အတွေ့အကြုံရှိလား။
22.にほん で なにを べんきょうしたいですか。
ဂျပန်မှာဘာကိုလေ့လာချင်သလဲ။

23.~ねんかん けいやくですが、ながく はたらけますか。
~နှစ်ကြာစာချုပ်ဖြစ်တဲ့အတွက်အချိန်ကြာကြာအလုပ်လုပ်နိုင်ပါသလား။

24.どうして にほん へ いきたいですか。
ဘာကြောင့်ဂျပန်ကိုသွားချင်တာလည်း။

25.ざんぎょう は できますか。
အချိန်ပိုလုပ်နိုင်လား။

26.キャリアプラン について おしえてください。
သက်မွေးမှုလုပ်ငန်းအစီအစဉ်(Career plan)နဲပတ်သတ်ပြီးပြောပြပါ။

27.つよみ は なんですか。
ちょうしょ は なんですか。
သင်ရဲ့အားသာချက်ကဘာလဲ။

28.じゃくてん は なんですか。
けってん は なんですか。
သင်ရဲ့အားနည်းချက်ကဘာလဲ။

29.プレッシャー や ストレス にどのように たいしょしますか。
စိတ်ဖိစီးမှုတွေကိုဘယ်လိုရင်ဆိုင်လဲ။

30.わたしに どんな しつもん が ありますか。
ကျွန်တော်(interviewer)အတွက်မေးခွန်းမေးစရာရှိလား။
သင်ဘာများမေးချင်တာရှိလဲ။

Crd:

#自己紹介について

5W1H
17/08/2022

5W1H




と နဲ့  に 会います(あいます)ဘာကွာသလဲ။ともだちと会います ဆိုတာက သူငယ်ချင်းနဲ့ မတွေ့ခင်ကထဲက ကြိုပြီးချိန်းဆိုထားတာ တနည်းအားဖြင့် အချိန်အချက်...
21/07/2022

と နဲ့ に 会います(あいます)ဘာကွာသလဲ။

ともだちと会います ဆိုတာက သူငယ်ချင်းနဲ့ မတွေ့ခင်ကထဲက ကြိုပြီးချိန်းဆိုထားတာ တနည်းအားဖြင့် အချိန်အချက်လုပ်ပြီးမှတွေ့ကြတာကိုပြောတာပါ။

ともだちに会います ဆိုတာကတော့ သူငယ်ချင်းနဲ့ ချိန်းဆိုထားခြင်းမရှိပဲ 偶然(ぐうぜん)ရုတ်တရက် လမ်းမှာတွေ့တာဖြစ်ဖြစ် ရထားပေါ် ကားပေါ်မှာတွေ့လိုက်ရတာမျိုး ကိုယ်ကသူ့ကိုတစ်ဖက်သတ်သွားတွေ့တာမျိုးကို ပြောတာပါ။ တစ်နည်းအားဖြင့် 約束しないで လို့မှတ်ထားလို့ရပါတယ်။

နှစ်ခုစလုံးဟာ သဒ္ဒါအရမှန်ကန်တယ်ဆိုပေမယ့် ဒီလိုမျိုးလေးတော့ နည်းနည်းကွာခြားတာလေးရှိပါတယ်။



3.7.2022 ရက်နေ့မှာဖြေဆိုမဲ့ စာမေးပွဲနဲ့ ပတ်သက်ပြီး ဒီအချက်တွေကို ဂရုပြုပေးကြပါနော်....စာဖြေခန်းထဲသို့ ယူဆောင်ခွင့်ပြုသော...
25/06/2022

3.7.2022 ရက်နေ့မှာဖြေဆိုမဲ့ စာမေးပွဲနဲ့ ပတ်သက်ပြီး ဒီအချက်တွေကို ဂရုပြုပေးကြပါနော်....

စာဖြေခန်းထဲသို့ ယူဆောင်ခွင့်ပြုသောပစ္စည်းများ

1. စာမေးပွဲဖြေဆိုခွင့်ကတ်
2. သက်သေခံကတ်ပြားမူရင်း
3. ခဲတံ (No. 2B/ HB), ခဲဖျက်, ချွန်စက်
ဖော်ပြပါပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများအား စာဖြေခန်းထဲသို့ လုံးဝ(လုံးဝ) ယူဆောင်ခွင့် မပြုပါ။
(ဥပမာ - သောက်ရေဘူး၊ ခဲတံအိတ်၊ ကွန်ပါဘူး၊ တစ်သျှူး စတဲ့ ပစ္စည်းတွေကို ယူဆောင်ခွင့် မပြုပါ။)

စာဖြေခန်းအတွင်းသို့ ယူဆောင်ခွင့်မပြုသောပစ္စည်းများ

1. Mobile Phone, Smart Phone, Smart Watch, Alarm Watch, Pocket Watch & Table clock တွေကို စာဖြေခန်းထဲသို့ ယူဆောင်ခွင့်မပြုပါ။
2. ကျောပိုးအိတ် နှင့် အခြားသော အိတ်များ၊ ပိုက်ဆံအိတ်နှင့် တန်ဖိုးကြီးပစ္စည်းများ ယူဆောင်လာခြင်း ကို ရှောင်ရှားပေးပါ။
***ပျောက်ဆုံးမှုများအတွက် လုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ပါ။***

ပါးစပ်နှာခေါင်းစည်း၊ မက်စ် (Mask) မဖြစ်မနေတပ်ဆင်လာရန်၊ လက်ဆေးရန် နေရာနှင့် လက်သန့်ဆေးများကို စာဖြေဌာနတွင် ပြင်ဆင်ပေးထားမည် ဖြစ်ပါသည်။

Test Voucher တွင် ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန်၊ နေ့ရက် အတိုင်း လာရောက်ဖြေဆိုရပါမည်။ စာဖြေဌာန နေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။

တချို့သော စာဖြေဌာနများအတွက်သီးသန့်စည်းကမ်းသတ်မှတ်ချက်များအား Email ဖြင့်ထပ်မံပေးပို့ထားပါသည်။ Email ထပ်မံမရရှိသူများမှာ ယခုကြေငြာချက်ပါစည်းကမ်းချက်များအတိုင်းသာဖြစ်ပါသည်။

ဖြေဆိုသူရဲ့ ကိုယ်ရေးအချက်အလက် အမှားပြင်ဆင်ခြင်း

အမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုပါက ကြီးကြပ်ရေးမှူးဆရာ၊ ဆရာမထံ အသိပေးပြီး စာမေးပွဲပြီးဆုံးသည့်အချိန်တွင် သက်ဆိုင်ရာ ရုံးခန်းသို့ အထောက်အထားအပြည့်အစုံဖြင့် လာရောက်ပြင်ဆင်ပေးပါရန်။

အထူးသတိပြုရမည့် အချက်များ

စာဖြေဌာနနှင့် စာမေးပွဲခန်းများ၌ လက်ကိုင်ဖုန်း၊ လျှပ်စစ်အဘိဓါန်၊ အသံဖမ်းစက်၊ Smart Watch နာရီများ၊ လျှပ်စစ်ပစ္စည်းများ လုံးဝ(လုံးဝ) မယူလာရန် အထူးတားမြစ်ထားပါသည်။ စာဖြေနေစဉ် ဖုန်းရှိနေခြင်း၊ ဖုန်းသံမြည်လာခြင်း၊ ဖုန်း Vibration မြည်လာခြင်းများသည် ပြစ်မူကျူးလွန်စာရင်းထဲ ပါမည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်သည့် စာဖြေသူ၏ အောင်စာရင်းအား ထုတ်ပေးမည်မဟုတ်၍ အထူးသတိပြုကြပါရန်။

Original Credit to Myanmar Association of Japan Alumni (MAJA)
***********************

ဂျပန်မှာ​ကျောင်းတက်ချင်တဲ့သူ​တွေ အလုပ်လုပ်ချင်တဲ့သူများအတွက် ဂျပန်စာအရည်အချင်းစစ် လက်မှတ်လိုပါတယ်။ ဒါ​ကြောင့် ဂျပန်စာအရည...
17/06/2022

ဂျပန်မှာ​ကျောင်းတက်ချင်တဲ့သူ​တွေ အလုပ်လုပ်ချင်တဲ့သူများအတွက် ဂျပန်စာအရည်အချင်းစစ် လက်မှတ်လိုပါတယ်။ ဒါ​ကြောင့် ဂျပန်စာအရည်အချင်းစစ်စာ​မေးပွဲနှင့်ပတ်သက်တဲ့ အချက်အလက်​လေး​တွေနဲ့ ​မေးခွန်းပုံစံ​လေး​တွေ ​​ပြောပြ​ပေးသွားချင်ပါတယ်။

🇯🇵ဂျပန်အရည်အချင်းစစ်စာ​မေးပွဲများ

ယခုဆိုရင် ဂျပန်နိုင်ငံမှာတင်မက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ ဂျပန်အရည်အချင်းစစ်စာ​​မေးပွဲ​တွေ အများကြီး ​ဖြေလို့ရ​နေပါပြီ။ JLPT, Nat-Test, JFT, J-Test အစရှိတာတို့ဖြစ်ပါတယ်။ အဲဒီ့တည်းကမှ အလုပ်အခွင့်အလမ်းပိုများပြီး ဝင်​ရောက်​ဖြေဆိုမှု အများဆုံးဖြစ်တဲ့ JLPT Exam(Japanese Language Profiency Test) အ​ကြောင်း ​ပြောပြ​ပေးသွားပါမယ်။ ဂျပန်စာမှာ Level 5 ခု ရှိပါတယ်။ N5, N4, N3, N2 နဲ့ N1 တို့ပဲ ဖြစ်ပါတယ်။

N5 = Basic,
N4 = Pre Intermediate,
N3= Intermediate,
N2 and N1 = Advanced တို့ ဖြစ်ပါတယ်။

1 နှစ်မှာ စာ​မေးပွဲ 2 ကြိမ်ရှိပြီး July (7) နှင့် December (12) လပိုင်း ပထမအပတ် တနင်္ဂ​နွေမှာ ကျင်းပ​ပေးပါတယ်။ဂျပန်သံရုံးက ကြီးမှူးကျင်းပတဲ့ စာ​မေးပွဲမှာ ကြိုက်နှစ်သက်တဲ့ Level ကို မည်သူမဆို ဝင်​​ရောက်​ဖြေဆိုလို့ရပါတယ်။ ဘယ်​လောက်ပဲစာရပါ​​စေ Level 2ခုကို တစ်​နေ့တည်းမှာ​ဖြေလို့မရပါဘူး ။ စာ​မေးပွဲမ​ဖြေခင် ​သုံးလလောက်​ကတည်းက Form တင်ရပါတယ်။ MAJA( Myanmar Association of Japan Alumni) Pageမှာလည်း ကြေငြာပေးပါတယ်။

Form ​Fee- 2000 mmk
Exam Fee- 30000 mmk(N5 and N4),
40000 mmk (N3,N2 and N1)

Exam Feeများတဲ့အတွက် စာ​သေချာရမှသာ ​ဖြေဖို့ တိုက်တွန်းချင်ပါတယ်။ ဂျပန်စာနဲ့ မြန်မာနိုင်ငံမှာပဲလုပ်ချင်ပြီး ဂျပန်မသွားချင်သူများက​တော့ N2 အထိ ​အောင်​အောင် လုပ်ထားသင့်ပါတယ်။ JLPT level မြင့်မှသာ အလုပ်အခွင့်အလမ်းပိုရမှာဖြစ်ပါတယ်။

JLPT ​မေးခွန်းများအ​ကြောင်း ....📕📒

JLPT က multiple choice ပုံစံဖြစ်ပြီး HB ခဲတံနဲ့ ခဲဖျက်ပဲလိုပါတယ်။ ခဲဆစ်ခဲတံနဲ့ ​ဖြေလို့မရပါဘူး။ စာ​မေးပွဲ​ဖြေရင် စာ​မေးပွဲ Test Voucher နဲ့ မှတ်ပုံတင် ယူသွားရပါမယ်။

N5, N4 နဲ့ N3 ဆိုရင်အပိုင်းသုံးပိုင်း​ဖြေရတယ်။ ပထမ Section ကို (Vocabulary နဲ့ Kanji) Question 30 ကို 25 minutes နဲ့အပြီး ​ဖြေရပါတယ်။ ဒုတိယ Section က Grammar နဲ့ Reading ပါ။ Reading က အမှတ်များများရတဲ့အတွက် Reading ကို အရင်စ​ဖြေ​စေချင်ပါတယ်။ သူက​တော့ 60 minutes အတွင်း​​ဖြေရပါတယ်။ အမှတ်တွက်ရင်​​တော့ ဒုတိယ Sectionမှာ​ပါတဲ့ Grammarအမှတ် ကို ပထမSection မှာ သွား​ပေါင်းပါတယ်။ ဒါ​ကြောင့်မို့ Kanji, Vocab နဲ့ Grammar က အမှတ် 60 ဖိုး Readingက အမှတ် 60 ဖိုး ဖြစ်ပါတယ်။ ​နောက်ဆုံး Section က​တော့ Listening ပါ။ သူလည်း အမှတ် 60 ဖိုးပဲဖြစ်ပြီး အစအဆုံး တစ်​ခေါက်ပဲ ဖွင့်ပြတာပါ။ (မ​ဖြေခင် Practice လုပ်ထားဖို့ လိုမယ်​နော်)

N2 နဲ့ N1 က​တော့ Section 2 ခုပဲရှိပြီး Kanji, Vocab, Grammar နဲ့ Reading 120 မှတ်ဖိုးကို 115 minutes အတွင်း အပြီး​ဖြေရတာပါ။ N1 က​တော့ 120 minutes ဖြစ်ပါတယ်။ ​နောက်ဆုံး Sectionက​​တော့ Listening ပဲဖြစ်ပါတယ်။ Level 5 ခုလုံး Total အမှတ်က 180 ဖြစ်ပြီး ​အောင်မှတ်က N5 ဆို 80, N4 ဆို 90, N3 ဆို 95, N2 ဆို 90 နဲ့ N1 ဆို 100 တို့ဖြစ်ကြပါတယ်။

Section တစ်ခုစီမှာ အနည်းဆုံး 19 မှတ် ရရပါတယ်။ ဥပမာ Vocab နဲ့ Listening နှစ်ခု​ပေါင်း​အောင်မှတ်ရ​နေပီး Reading က 18ပဲရရင် စာ​မေးပွဲအကျလို့ သတ်မှတ်ပါတယ်။ စာ​မေးပွဲ​ဖြေပြီး ရက်​ပေါင်း 50​ ကျော်ရင် Result ထုတ်​ပေးပါတယ်။ ကိုယ့် Test Voucher နဲ့ Password နဲ့ ​ပေးထားတဲ့ Link မှာ ကြည့်ရုံပါပဲ။ ဘာသာစကားအသစ်တစ်ခုကို လေ့လာရမှာဖြစ်တဲ့​​​အတွက် စာလုပ်ရင် လုပ်နိုင်သလို သင်ကြားချိန်ကတော့ ပိုနည်းပါလိမ့်မယ်။ ပုံမှန်အားဖြင့်ကတော့ N5 နဲ့ N4 က 4လ ၊ N3နဲ့ N2တို့က 6လခန့်၊ N1 က1နှစ်နီးပါးခန့် ကြာမြင့်ပါတယ် ။

Test Site ကတော့ Yangon နဲ့ Mandalay ဖြစ်ပါတယ် ။ စာမေးပွဲ Form ရပြီးရင် ဖြေရမယ့် Test Siteကို Test Voucher မှာ တစ်ခါတည်းရေးပြီးသားပါ။ Formကကြိုထုတ်ပေးတာမို့ ကိုယ်ဖြေရမယ့် လိပ်စာကို ကြိုပြီးရှာထားပါ ။ ဖြေမယ့်နေ့မှ ရှာတာမျိုး မလုပ်ပါနဲ့နော် ။Mandalay မှာဆိုရင် MUFL, ဆေးတက္ကသိုလ်နဲ့ သွားဆေးတက္ကသိုလ်တို့မှာ ဖြေရပါတယ် ။ရန်ကုန်မှာဆို YUFL , TTC , UM1 နဲ့ စာရင်းစစ်ရုံးတို့မှာဖြေရပါတယ် ။ (တစ်နှစ်နဲ့ တစ်နှစ် အပြောင်းအလဲရှိပါတယ

8လပိုင်းNat-Testဖြေမယ့် ကျောင်းသား ကျောင်းသူများဖောင်စတင်လက်ခံနေပါပီရှင့်
14/06/2022

8လပိုင်းNat-Testဖြေမယ့် ကျောင်းသား ကျောင်းသူများဖောင်စတင်လက်ခံနေပါပီရှင့်

JLPT/Nat-Testစာမေးပွဲတွေနီးပီဆိုတော့ စာမေးပွဲမှာအမှတ်ဘယ်လောက်ရရင် အောင်မှာလဲ?ဆိုတာကိုသိချင်နေကြတဲ့ကျောင်းသားများအတွက်🧑‍💻...
08/06/2022

JLPT/Nat-Testစာမေးပွဲတွေနီးပီဆိုတော့ စာမေးပွဲမှာအမှတ်ဘယ်လောက်ရရင် အောင်မှာလဲ?ဆိုတာကိုသိချင်နေကြတဲ့ကျောင်းသားများအတွက်🧑‍💻🧑‍💻

ဒီအဖြေကိုတော့ တချို့မောင်လေး၊ညီမလေးတွေ သိပြီးသားဖြစ်မှာပါ။
ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် ဒီpostလေးကို sharing လုပ်ပေးပါရစေရှင်။

👉🏻JLPT /Nat-Testစာမေးပွဲမှာဆိုရင်တော့ စုစုပေါင်း အမှတ် ၁၈၀ ဖိုးဖြေရပါတယ်။

⭕️JLPT /Nat-Test N1,N2,N3 level တွေဆိုရင်
言語知識(文字・語彙・文法)အပိုင်းကို အမှတ်60 ဖိုး၊
読解 အပိုင်းကို အမှတ် 60 ဖိုး၊
聴解အပိုင်းကို အမှတ် 60 ဖိုး
စုစုပေါင်းအမှတ် ၁၈၀ ဖိုး ဖြေရပါတယ်။

⭕️JLPT/Nat-Tset N5/N4 levelတွေဆိုရင်တော့
言語知識(文字・語彙・文法)・読解 အပိုင်းကို အမှတ် 120
聴解အပိုင်းကို အမှတ် 60
စုစုပေါင်းအမှတ် 180 ဖိုးဖြေရပါတယ်ရှင်။

🔴စာမေးပွဲအအောင်အရှုံးကို ဘယ်လို သတ်မှတ်လေ့ရှိလဲ?

👉🏻စာမေးပွဲအောင်ဖို့အတွက် အဓိက အချက်၂ချက်ကို ကြည့်ပါတယ်။

⭕️❶စုစုပေါင်းရမှတ်က အောင်မှတ်နဲ့အထက်မှာရှိရမယ်။
⭕️❷အပိုင်း၁ခုချင်းစီအတွက်သတ်မှတ်ထားတဲ့standardအခြေခံစံအမှတ်နဲ့အဲအထက်မှာရှိနေရမယ်

🔴ဒါဆိုရင် level အလိုက် အောင်မှတ်နဲ့ အခြေခံစံအမှတ်တွေကို ဘယ်လိုသတ်မှတ်ထားလဲဆိုတာကို အောက်မှာဆက်ပြီးရှင်းပြပေးပါမယ်။

👉🏻N1 level
အောင်မှတ် : 100
အခြေခံစံအမှတ် :
言語知識(文字・語彙・文法) အနည်းဆုံး 19 မှတ်
読解 အနည်းဆုံး 19 မှတ်
聴解 အနည်းဆုံး 19 မှတ်

👉🏻N2 level
အောင်မှတ် : 90
အခြေခံစံအမှတ် :
言語知識(文字・語彙・文法) အနည်းဆုံး 19 မှတ်
読解 အနည်းဆုံး 19 မှတ်
聴解 အနည်းဆုံး 19 မှတ်

👉🏻N3 level
အောင်မှတ် : 95
အခြေခံစံအမှတ် :
言語知識(文字・語彙・文法) အနည်းဆုံး 19 မှတ်
読解 အနည်းဆုံး 19 မှတ်
聴解 အနည်းဆုံး 19 မှတ်

👉🏻N4 level
အောင်မှတ် : 90
အခြေခံစံအမှတ် :
言語知識(文字・語彙・文法) + 読解
အနည်းဆုံး 38 မှတ်
聴解 အနည်းဆုံး 19 မှတ်

👉🏻N5 level
အောင်မှတ် : 80
အခြေခံစံအမှတ် :
言語知識(文字・語彙・文法) + 読解
အနည်းဆုံး 38 မှတ်
聴解 အနည်းဆုံး 19 မှတ်

⭕️တကယ်လို့ အခြေခံစံအမှတ်က အမှတ်နည်းနေပြီး ကိုယ့်ရဲ့အောင်မှတ်က အောင်မှတ်အထက်မှာရနေရင်တောင် စာမေးပွဲမအောင်ပါဘူး။
ဥပမာ ။ကိုယ့်ရဲ့စုစုပေါင်းရမှတ်က ၁၁၀ ဆိုပါတော့ ဒါပေမယ့် 聴解အပိုင်းမှာ ၁၈မှတ်ပဲ ရတယ်ဆိုရင် စာမေးပွဲကျပါတယ်။အဲဒါကြောင့် စုစုပေါင်းရမှတ်များအောင် ဖြေရပြီးတော့ အပိုင်းတိုင်းကို အခြေခံစံအမှတ်ပြည့်အောင် ဖြေနိုင်ဖို့လိုပါတယ်ရှင့်။


/

ခု​ပြောမယ့် ​ခေါင်းစဥ်​လေးကတော့ အခုမှ Japanစာ       ပထမဆုံး  လေ့လာမဲ့သူတွေ အမေးများဆုံးမေးခွန်း​လေးတွေပါ။😀(၁) ဂျပန်စာမှာ...
07/06/2022

ခု​ပြောမယ့် ​ခေါင်းစဥ်​လေးကတော့ အခုမှ Japanစာ

ပထမဆုံး လေ့လာမဲ့သူတွေ အမေးများဆုံးမေးခွန်း​လေးတွေ

ပါ။😀

(၁) ဂျပန်စာမှာ level ဘယ်နှစ်ခုရှိပါလဲ။

(၂)level တခုရဲ့ ပျှမ်းမျှကြာချိန်က ဘယ်လောက်ပါလဲ။

(၃)level ဘယ်လောက်ဆို ကျွမ်းကျင်စွာ ပြောတတ်မှာလဲ။

📝အခုမှစတင်လေ့လာမဲ့ သူတွေအတွက် ဂျပန်စာမှာ level

5 ခု ရှိပါတယ်ရှင့်။

📝N5 - N4- N3- N2- N1 ဆိုပြီးပါ။

📝N5 က​တော့ လုံးဝ အခြေခံ level ဖြစ်ပါတယ်ရှင့်။မြန်မာ

လိုဆို ကကြီး၊ခခွေးလိုမျိုး (ဗျည်း၊သရ)တွေကနေ စတင်

သင်ယူပြီး အလွယ်စာကြောင်းလေးတွေ တည်ဆောက်နိုင်

တဲ့ level ပါရှင့်။

📝အဲကနေမှ တဖြည်းဖြည်း level မြင့်ပြီး

N4-N3-N2-N1 ဆိုပြီးလာပါတယ်။N1 အမြင့်ဆုံး level ပါ။

📝ပုံမှန်အားဖြင့် N5 ကနေ N3 ထိက ပျှမ်းမျှ level တခုကို

သုံးလ လေးလလောက်ကြာပါတယ်။ (🖇ကျောင်းသားရဲ့

ကြိုးစားနိုင်စွမ်းပေါ်မူတည်ပြီး အချိန်ပိုကြာတာ၊ ပိုမြန်တာရှိ

နိုင်ပါတယ်။)

📝N2- N1 ကတော့ Advanced level ဖြစ်လို့ အချိန်ပိုပေး

ရပါတယ်။( တချို့ဆို စာသင်တာလေးငါးနှစ်ရှိပြီ N2/ N1 မ​

အောင်တဲ့သူတွေလဲအများကြီးရှိသလို Advanced level

တစ်နှစ်၊နှစ်နှစ်နဲ့ အောင်မြင်သွားသူတွေလဲ အများကြီးပါ။)

📝အဓိကပြောချင်တာက အချိန်ဘယ်လောက်ပေးရင်

စာတတ်မှာလဲတို့ ၊ ဘယ် level ရောက်ရင်စကားပြောတတ်

မှာလဲတို့ အဖြေကတော့ သင့်ရဲ့ကြိုးစားမှုက ၅၀% ၊ ကိုယ်

ရွေးချယ်ထားတဲ့ ဆရာရဲ့ ကျွမ်းကျင်တတ်မြောက်မှုက ၅၀%
ပါ။

📝အထူးပြောကြားလိုတာကတော့ ကျောင်းသားတွေအနေနဲ့

စာတတ်ချင်တာနဲ့ အမြန်ဂျပန်သွားရဖို့ကိုပဲ အလေးသာ

နေတော့ ကိုယ့်ကိုပညာပြည့်ဝစွာ ပေးနိုင်တဲ့ သင်တန်း

ကျောင်းကို သေချာရွေးချယ်ဖို့ထက် ဟိုနေရာကတော့

သင်ပေးတာမြန်တယ်၊ သင်တန်းကြေးကဘယ်လောက်အစရှိ

သဖြင့် ပြောတတ်တာကို တွေ့ရပါတယ်။

📝ဒါပေမဲ့ ကျောင်းသားတွေကို တခုအကြံဥာဏ်ပေးချင်တာ

က level အမြန်တက်ချင်တာ၊ သင်တန်းကြေးသက်သာတာ

ကို ရွေးချယ်တာထက် level တခုပြီးသွားတိုင်း N5 တော့ ပြီး

သွားပြီ။ N4 တော့ ပြီးသွားပြီ ဆိုတာထက် ငါတကယ်

တတ်မြောက်ရဲ့လားဆိုပြီး မိမိကိုယ်ကိုယ်ဆန်းစစ်စေချင်ပါတယ်။
Level တစ်ခုပြီး တစ်ခုတက်သွားဖို့ကလဲ အရေးကြီးသလို

မိမိပြီးမြောက်ခဲ့တဲ့ course တခုကို အမှန်တကယ် ကျွမ်းကျင်

တတ်မြောက်ဖို့ကလဲ လွန်စွာအရေးကြီးပါတယ်ရှင့်။

🇯🇵🇯🇵

Address

Pathein

Telephone

+959793473619

Website

Alerts

Be the first to know and let us send you an email when Learn with yinmin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category