Training Tree Academy

Training Tree Academy Empowering learners of all ages—from Basic Grammar to Exam preparation,and Skills-focused Practices.

English စာ Level တက်စေဖို့...🌳English စာ Level Up ဖို့ ခက်ခဲနေသူများအတွက်အတန်းထဲမှာ ဆွေးနွေးထားတာတွေကို ဝေမျှလိုက်ပါတယ်....
20/08/2026

English စာ Level တက်စေဖို့...

🌳English စာ Level Up ဖို့ ခက်ခဲနေသူများအတွက်
အတန်းထဲမှာ ဆွေးနွေးထားတာတွေကို ဝေမျှလိုက်ပါတယ်...

🎯English Language ကို ငယ်ငယ်ကတည်းကလေ့လာတယ်...သိသင့်သလောက်လည်း သိတယ်..ဒါပေမယ့် B1/B2 (intermediate) Level လောက်ရောက်ရင် တန့်သွားသလ်ိုခံစားရတယ်...ပြီးတော့ Level တက်ဖို့ ခက်ခဲလာကြတယ်...ဒါဘာကြောင့်လဲဆိုတာ အရင်ဆုံးသိဖို့လိုပါတယ်..ကိုကဘယ်အချက်တွေနဲ့ အကျုံးဝင်နေပါသလဲ...

✅1) Grammar တော့ရတယ်...
Use of English,style, vocab အသုံးတွေ၊ accuracy (တိကျမှု)မရှိတာလား

🎯2) ပုံမှန်လေ့ကျင့်မှုမရှိတာ
language Skills ဆိုတာက သိရုံတင်မဟုတ်ဘဲ ပြန်အသုံးချရမှာဖြစ်ပါတယ်။ ဥပမာ..ရုပ်ရှင်တော့ကြည့်တယ် အကြောင်းအရာကိုနားလည်လိုက်တယ် ပြီးတော့ရပ်လိုက်တယ်။ ဒါကို Passive learning လို့ခေါ်ပါတယ်။
👉ကိုကြည့်လိုက်တဲ့ အကြောင်းကို ချရေးတာဖြစ်ဖြစ် ပြန်ပြောတာဖြစ်ဖြစ် လုပ်မှသာ စာလေ့လာသလိုဖြစ်ပြီး active learning ဖြစ်မှာပါ။

🔴3) မှားမှာကြောက်တာ
ဒါကတော့ လူတိုင်းကြုံနေရတဲ့ပြသာနာပါ။မှားမှာကြောက်လေ မပြောရဲလေ၊မရေးရဲလေနဲ့ ပိုအားနည်းစေတဲ့အကြောင်းရင်းပါ။

🔴4)လေ့လာထားသလောက် Vocab ပြန်မသုံးတာ

သုံးပြီးသား Vocab တွေကိုပဲထပ်တလဲလဲပြန်သုံးတာ၊ advanced ဖြစ်တဲ့စကားလုံးတွေ လေ့လာအားနည်းတာ၊ ပြန်မသုံးဖြစ်တာတွေကလည်း Level up ဖို့ block ဖြစ်စေပါတယ်။

🔴5) Learning Strategies အားမကောင်းတာ
Grammarတွေကိုပဲအလွတ်ကျက်ပြီး တစ်မျိုးတည်းသုံးတာ၊ Skills 4ခုလုံး ချိတ်ဆက်လေ့လာဖို့ လိုအပ်တာ၊ မိခင်ဘာသာစကားနဲ့ဘာသာပြန်ပြီး သုံးမိတာတွေကလည်း အကြောင်းရင်းတစ်ရပ်ပါ။

🔴6) feedback ပေးမယ့်သူမရှိတာ...
🔴7) စာလုပ်ဖို့အချိန်မရှိတာ...
🔴8) ဘာလေ့လာရမယ် ဘယ်အပိုင်းတွေတိုးတက်ရမယ်ဆိုတဲ့ Clear Goals မရှိတာတွေကလည်း Level up ဖို့ အတားအဆီးတွေပါ။

🌳ဒါတွေကိုဖြေရှင်းဖို့ နည်းလမ်းက ...

✅1)10-25 minutes Rule ကိုကျင့်သုံးပါ။
စာလေ့လာချိန် တစ်နေ့ကို အနည်းဆုံး ၁၀မိနစ်ကနေ အများဆုံး 25 မိနစ်လောက် နေ့တိုင်းလေ့ကျင့်ပါ။

✅2) Vocab များများလေ့လာပါ။
Vocab တိုးတက်ဖို့ နည်းတွေအများကြီးရှိပါတယ်။ များများဖတ်ပါ။ မှတ်ပါ။ပြန်သုံးပါ။

✅3-3-3 Rule ကို လိုက်နာပါ။
Vocab အသစ်တစ်လုံးကို
မတူတဲ့ Sentence 3 ကြောင်းထဲ ထည့်သုံးပြောပါ။
မတူတဲ့ real conversation 3 မျိုးနဲ့သုံးပါ။
3ရက်ကြာပြီးနောက် ပြန်ဆန်းစစ်ပါ။

⚡Vocab တွေလေ့လာတဲ့အခါ Word Families တွေ၊ Topical Vocabs တွေကို အရေးမှာကော အပြောမှာပါသုံးနိုင်အောင်လေ့ကျင့်ပါ။

🍀စကားလုံးများများသိလေ Fluency ပိုင်းကြွယ်လေမို့ Vocab ကိုပုံမှန်လေ့ကျင့်နိုင်ရင် Level မြန်မြန် up နိုင်မှာဖြစ်ပါတယ်။ တခြားဟာတွေမလေ့လာနိုင်ရင်တောင် Vocab ကိုဦးစားပေးလေ့လာပါ။

With Love

🎯International Examsတွေလည်းဖြေချင်တယ်...🎯General English ကော Academic English ကော တပြိုင်နက်တည်း လေ့လာချင်တယ်.. 🎯Cambrid...
11/08/2026

🎯International Examsတွေလည်းဖြေချင်တယ်...
🎯General English ကော Academic English ကော တပြိုင်နက်တည်း လေ့လာချင်တယ်..

🎯Cambridge Testပုံစံတွေနဲ့လည်းရင်းနှီးပြီးတော့ဖြေကြည့်ချင်တယ်...

🎯Level Test တွေကိုလည်း တစ်ခုထက်မက ပိုဖြေကြည့်ချင်တယ်...

🎯လွယ်တာကနေစပြီး ခက်တာတွေသွားချင်တယ်.. ( Young Learners တွေ အတွက်ကော Adults Learners တွေအတွက်ပါ အလွန်အသုံးဝင်တဲ့ Vocab တွေ Grammar တွေ လေ့လာချင်တယ်။)

🎯Level Up tests တွေကော Academic Tests တွေကော လေ့လာလိုသူတွေအတွက် ဒီ ရတနာ Websites ငါးခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

🌳လေ့လာစရာတွေ တစ်ပုံတပင်ကြီးမို့ ကို့အတွက်အသင့်တော်ဆုံးကိုရှာဖွေပြီး စု၊တု၊ပြုပါ။

ကြိုက်ရာ အားသန်တာကို လေ့လာပြီး Notebook တစ်အုပ်ထားကာ Record လုပ်လေ့လာပါ။ မှတ်စုထုတ်ပါ။ ပြန်လေ့လာပါ။

🎯ဒီ Websites တွေကတော့...👇👇👇👇👇👇

✅1) Test English.com
https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://test-english.com/&ved=2ahUKEwiJ79KEvLyPAxXF4DgGHawZBK4QFnoECA0QAQ&sqi=2&usg=AOvVaw3KdX_Q4fdvDTAIFlkRvj8B

✅2) EsLeschool.com

https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.esleschool.com/en_gb/&ved=2ahUKEwjltrKYvLyPAxUnzDgGHRiGAFEQFnoECA0QAQ&usg=AOvVaw3PLO3AV7u2Xcu5mT8fLaf6

3) English Revealed.com
https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.englishrevealed.co.uk/&ved=2ahUKEwi9rpasvLyPAxV1zzgGHUxyGv4QFnoECA0QAQ&usg=AOvVaw3PzK93RmuRtUOGh7eXR4jK

✅4) Exam English.com
https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.examenglish.com/&ved=2ahUKEwigjv66vLyPAxXri2MGHWzYAFYQFnoECCQQAQ&usg=AOvVaw0Fh6VBOFZ--Z_a_TsfnqMG

✅5) Esl Lounge.com

https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.esl-lounge.com/student/&ved=2ahUKEwiX9PbHvLyPAxVNzqACHfTqN10QFnoECA0QAQ&usg=AOvVaw0jzU_REYcllBOIcmVXA035

🌳ဒီ Websites များဟာ Proficiency Skills တိုးတက်လိုသူမည်သူမဆိုအတွက် အသုံးဝင်သော Websites များဖြစ်သလ်ို Trတွေအတွက်လည်းအသုံးပြုနိုင်တဲ့ Resources ကောင်းတွေဖြစ်ပါတယ်။

With Love

🌳Language Learners တွေလုပ်လေ့ရှိတဲ့အမှားများ🌳ဘာသာစကားကို Self Studyပဲလုပ်လုပ်၊ သင်တန်းပဲတက်တက် မိမိရဲ့ကြိုးစားအားထုတ်မှု...
28/07/2026

🌳Language Learners တွေလုပ်လေ့ရှိတဲ့အမှားများ

🌳ဘာသာစကားကို Self Studyပဲလုပ်လုပ်၊ သင်တန်းပဲတက်တက် မိမိရဲ့ကြိုးစားအားထုတ်မှု50% ပါကိုပါရမှာဖြစ်ပါတယ်...Language က်ိုလေ့လာနေတယ် ရှေ့မရောက်ဖြစ်နေတယ်ဆိုတာ ဒီထဲက အမှားတစ်ခုခုကိုလုပ်မိနေလို့ဖြစ်နိုင်ပါတယ်။
ဘာတွေလဲ လေ့လာကြည့်ရအောင်....

🕖1) Expecting you can Learn Fast....
💥မြန်မြန်တတ်မြောက်ချင်တာ...

ဘာသာစကားလေ့လာပြီဆိုရင်အချိန်ခဏလေးနဲ့ level upချင်ကြတယ်။ မြန်မြန်တတ်ချင်ကြတယ်။ဒါဆိုရင်တော့ မဖြစ်နိုင်တဲ့ Goal တစ်ခုကိုချနေတာဖြစ်ပါတယ်။ ဘာသာစကားလေ့လာမယ်ဆိုရင် amount of time you have/give, your abilities , ဘယ်လို Effective Methods တွေသုံးမလဲ စဉ်းစားရပါမယ်….အချိန်တစ်ခုပေးကိုပေးရမယ်ဆိုတာလက်ခံပါ။ တစိုက်မတ်မတ်လေ့လာရပါမယ်။

💭2) Thinking we won't Forget the Words and Phrases that we Learn
💥ကိုယ်လေ့လာခဲ့သမျှ စကားလုံးတိုင်းကို မမေ့ဘဲ ပြန်သုံးနိုင်ချင်တာ...

Learning Process မှာ ဖတ်သမျှ ပြန်မေ့/မသုံးနိုင်တဲ့အခါမှာ စိတ်ဓာတ်ကျ/အားမရဖြစ်လာမယ်။ ကျက်မေ့ဖတ်မေ့ဆိုတာ ဖြစ်စဉ်တစ်ခုပါပဲ...ဒါကြောင့်စိတ်ပျက်စရာမလိုပါဘူး။များများမှတ်မိချင်ရင် များများဖတ် များများအသုံးပြုပါ။

🎯3) Trying to Master Grammar Rules...
💥Grammar ကို သေချာတတ်ချင်တာ...
***************************************
Language စသင်ပြီဆိုတာနဲ့ Grammar Rules တွေအများကြီးမှတ်ကြတယ်။ Studyingမှာဘာပဲလေ့လာမှားတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့်အရမ်းအများကြိီးတစ်ပြိုင်တည်းမလုပ်ပါနဲ့။Grammar Rules တွေဆိုလည်း သူတို့ရဲ့ Examples, Context အမျိုးမျိုးမှာရှင်းပြချက်တွေကိုလေ့ကျင့်ဖို့လိုပါတယ် .
ဖြေးဖြေးမှန်မှန်နဲ့ပုံမှန် လေ့ကျင့်နိုင်အောင် ပြန်သုံးတတ်အောင် ကြိုးစားရမယ်...

🛑4) Expecting the Language to Become Clear Instantly
💥Language ကို ချက်ချင်းနားလည်တတ်မြောက်ချင်တာ...

နားထောင်တယ်စာဖတ်တယ် ဒီလို input skills တွေအများကြီးလုပ်နေပေမယ့် ရာနှုန်းပြည့်နားမလည်သေးဘူး။ဒါကလူတိုင်းဖြစ်နေတာပါ။ ဘယ်သူမှမပြည့်စုံပါဘူး။ ဒါ့ကြောင့် Language နဲ့ 80%လောက်အကျွမ်းတဝင်ဖြစ်အောင် ထပ်တလဲလဲလုပ်ပါ။

🌳5) Staying with Easy Content for too Long
💥လွယ်တာတွေပဲအကြာကြီးလေ့လာနေတာ...

Language လေ့လာရင် လွယ်ရာမှခက်သွားရတာမို့ လွယ်ကူရိုးရှင်းတဲ့ Content တွေပဲအများအားဖြင့်လေ့လာကြပါတယ်။
ဥပမာ..mini stories လေးတွေလေ့လာတယ်ဆိုပါစို့...repetition words, phrases တွေအတွေ့များမယ်။ လွယ်ရာကစတာမို့ Repetitionနည်းကို သုံးရမှာပါ။ အချိန်တစ်ခုကြာသွားရင်တော့ Level up ဖို့လိုလာပြီမို့ easy content တွေထဲမှာမနေတော့ဘဲ push outside the comfort zone ဖြစ်ဖို့အတွက် Short Stories အစား Long Stories တွေနားထောင်/ဖတ်မယ်။ Speech တွေ Podcastsတွေပြောင်းလေ့လာပြီး Level မြှင့်ရမှာဖြစ်ပါတယ်။

🎯6) Thinking we can Get by a few Words
💥စကားလုံးနည်းနည်းနဲ့ပြောဆိုဆက်သွယ်ချင်တာ...

Communicationရရင်ပြီးပြီဆိုပြီး စကားလုံးတွေတိုးပွားအောင်မလုပ်တာ၊အသစ်မလေ့လာတာတွေက အယူအဆအမှားကြီးဖြစ်ပါတယ်။ Languageကောင်းဖို့ Reading နဲ့ Listening ကနေ Vocab တွေအများကြီးစုရပါမယ်...ကိုယ့်level နဲ့ကိုက်ညီတာဘာပဲဖတ်ဖတ်/နားထောင် 80-20% rules အရ ကိုယ်သိ/နားလည်တာက 80% မသိတာက 20%မို့ မသိတာတွေနည်းလာအောင် စကားလုံးတွေတိုးလာအောင် စုရမှာဖြစ်ပါတယ်။

🗣️7) Expecting to Speak well without Speaking Often...
💥Speaking မပြောဘဲ ကောင်းကောင်းပြောတတ်ချင်တာ...

ပတ်ဝန်းကျင်မှာ Speaking ပြောတတ်သူမရှိဘူး ...
လေ့ကျင့်စရာလည်းမရှိဘူး...ဘယ်လိုပြောရမှာလဲဆိုတာကလည်း အယူအဆအမှားကြီးပါ။ Reading ..Listening ဘယ်လောက်ကောင်းကောင်း Speak out မလုပ်ဘူး မလေ့ကျင့်ဘူးဆိုရင်ဘယ်လ်ိုမှပြောတတ်မှာမဟုတ်ပါဘူး...ဒါ့ကြောင့်တစ်လုံးသိရင်တစ်လုံးပြန်အသုံးချပြောနေရမှာပါ။ Drink တစ်လုံးတည်းသိရင်တောင် Drink နဲ့ပတ်သက်တဲ့ စာကြောင်းတွေဖန်တီးပါ။

😥8) Being Afraid of Making Mistakes...
💥အမှားလုပ်မိမှာစိုးရိမ်တာ...

Language Speaking /Writing မှာကော အမှားလုပ်မိတာ စိုးရိမ်ကြတယ်။
🔴ဒါကတော့ အကြီးမားဆုံးကျော်ဖြတ်ရမယ့်အတားအဆီးကြီးပါပဲ။လူတိုင်းလည်းစိုးရိမ်တတ်တယ်..ဒါဟာသဘာဝပဲဆိုတာကိုသတိပြုပါ။
💥Grammar မှားမှာမပူပါနဲ့။
💥ပြောနေရင်းwords တွေ မသိတော့တာ၊ မေ့သွားတာ စတာတွေကိုမပူပါနဲ့...
💥တစ်ဖက်လူက ကိုပြောတာနားလည်နေသ၍ အဆင်ပြေနေတာမို့ ဆက်ပြောပါ။
💥 ဆက်ရေးပါ။ ဇွဲမလျှော့ပါနဲ့...

😥9) Not Speaking with Other People
💥တခြားသူတွေနဲ့ စကားပြောကျင့်မလုပ်မိတာ...
********************************************
Native Speakers တွေ/ကိုယ့်ထက် Level မြင့်တဲ့သူတွေနဲ့ လေ့ကျင့်သင့်ပေမယ့် အဲလ်ိုမဖြစ်နိုင်တဲ့အခြေအနေမျိုးမှာ Speaking Community တစ်ခုကိုဖန်တီးရပါမယ်။ ကိုယ်ကိုတိုင်တစ်ယောက်ထဲလည်းလေ့ကျင့်လည်းရပေမယ့် Vocab /Grammar /Usage တွေအားလုံးဟာ Limited ဖြစ်နေမယ်။ မကျယ်ပြန့်တော့ဘူး။ ဒါ့ကြောင့် Range of Language Skills ပိုတိုးချင်တယ်ဆိုရင်တော့ စကားပြောလေ့ကျင့်နိုင်မယ့် Community တစ်ခုကိုတည်ဆောက်ပါ။

💌ဒီနည်းလမ်းတွေကတော့ Language learners တွေလုပ်မိတဲ့ အမှားတွေနဲ့ ဒါတွေကိုရှောင်ကြဉ်ဖို့နည်းလမ်းတွေပါပဲ။ တီချယ်ကိုယ်တိုင်လည်း No 4 and 5မှာအချိန်အကြာကြီး ပိတ်မိနေခဲ့တာမို့ လေ့လာသူတွေ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်။

💌ကိုယ်ကိုယ်တိုင်လည်း ဘယ်အချက်မှာ ပိတ်မိနေလဲဆိုတာ share ပေးပါဦး။

With love



21/07/2026

🌳Grammar Fix -3🌳

🌳Direct and Indirect Objects Usage...🌳

🥰ဒီတစ်ပတ် TTA ရဲ့ Grammar Fix Section လေးကနေ ကြိုဆိုလိုက်ပါရစေ။

📚Grammar Fix section ဆိုတာဘာလဲ...
Grammar Fix ဆိုတာကတော့ English စာ တိုးတက်ဖို့အခြေခံလိုအပ်ချက် သဒ္ဒါအသုံးတွေကို မှန်မမှန်လေ့လာတာပဲဖြစ်ပါတယ်။

👉ဒီတစ်ပတ်မှာတော့ English Learner တိုင်း သိထားသင့်တဲ့ Direct and Indirect Objects အသုံးတွေကို TTA's မှ Video သင်ခန်းစာလေးနဲ့ရှင်းလင်းပေးထားပါတယ်။

🚨ဘာလို့ အရေးကြီးတာလဲ။
✅ဝါကျ အဓိပ္ပာယ် ရှင်းလင်းပြတ်သားစေရန်: Object နှစ်ခုရဲ့ နေရာမှားသွားရင် ဝါကျအဓိပ္ပာယ် လုံးဝပြောင်းသွားနိုင်ပါတယ်။

✅Preposition (to / for) တွေနဲ့ စနစ်တကျသုံးတတ်ဖို့

✅Passive Voice ပြောင်းလဲရာတွင် အသုံးဝင်ရန်: Object နှစ်ခုပါတဲ့ ဝါကျတွေကို Passive ပြောင်းတဲ့အခါ နည်းလမ်း ၂ မျိုးလုံးနဲ့ ပြောင်းလို့ရတာကြောင့် Writing နဲ့ Grammar ဖွဲ့စည်းပုံမှာ ပိုမို ကြွယ်ဝစေပါတယ်။

✅ဒီ Videoလေးကိုကြည့်ပါ။
✅နားလည်ပြီဆိုရင် ဒီ Exercises လေးတွေလုပ်ကြည့်ပါ။
✅Result လေးတွေလည်း Comment Box မှာ Share ပေး ဖို့ မ​မေ့ပါနဲ့နော်။

👉Test-English

Test-English
Test-English
https://test-english.com
Verbs with two objects - Page 3 of 3

👉My English Pages
https://www.myenglishpages.com
Direct And Indirect Object Exercises With Answers: Practice Now!

With Love



🌳English စာအသံထွက်ကောင်းအောင် လေ့လာလိုရင်ပဲဖြစ်ဖြစ်၊ ဘာသာစကားတစ်ခုခုကို အသံထွက်ပိုင်းလေ့လာတော့မယ်ဆိုရင်...??????🗣️ Popul...
16/07/2026

🌳English စာအသံထွက်ကောင်းအောင် လေ့လာလိုရင်ပဲဖြစ်ဖြစ်၊ ဘာသာစကားတစ်ခုခုကို အသံထွက်ပိုင်းလေ့လာတော့မယ်ဆိုရင်...??????

🗣️ Popular Language Learning (especially အသံထွက်အပိုင်း)လည်းဖြစ်တဲ့ Imitation, Echoing or Shadowing Technique ဟာ Language Learning လေ့လာဖို့အတွက် အလွန်အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

🍁Shadowing Techniques ကိုအသုံးပြုပြီး pronounciation, intonation (အသံအနိမ့်အမြင့်)၊ vocabulary စတာတွေ လေ့ကျင့်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် grammar, stress(ဖိသံဖော့သံ),pausing (အဖြတ်အတောက်)စတာတွေအပြင် ဂရုတစ်ိုက်လေ့လာမယ်ဆိုရင် Comprehension(နားလည်မှု)စွမ်းရည်ကိုပါ တိုးတက်စေမှာဖြစ်ပါတယ်။

🌳Shadowing နည်းကိုလေ့ကျင့်ဖို့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။
✅1) Speaker နဲ့အတူ လိုက်ပြောမယ်။
✅2)Speaker ပြောတာကို တစ်ကြောင်းချင်းစီနားထောင်မယ် ပြီးတော့ပြန်ပြောကြည့်မယ်။

🔴အရေးကြီးဆုံးကတော့ ကြက်တူရွေးနှုတ်တိုက် လိုက်ပြောတာမျိုးမဟုတ်ဘဲ ပြောနေတုန်းမှာ အကြောင်းအရာတွေ၊ Language Components (Grammar ,Vocabulary) စတာတွေကိုသတိထားလေ့လာဖို့ လိုကိုလိုအပ်ပါတယ်။

🌳Shadowing လုပ်ဖို့အတွက်...
✅1) မိမိလေ့လာလိုတဲ့ Speaker ကိုရွေးချယ်ပါ။
(Spokesman, Stand-up Comedian, public figures or influencer...)စတာတွေက်ိုရွေးချယ်ပါ။
✅2) နားထောင်ရင်း Speed ကို ချိန်ဆပါ။
(Slow or Fast) မိမိရဲ့ Tempo လိုက်နိုင်စွမ်းကို ချိန်ညှိပါ။
✅3) listening နဲ့ reading ကအမြဲယှဉ်တွဲနေတာမို့ Text or Transcriptအသုံးပြုပါ။ မိမိစိတ်ဝင်စားမှုပေါ်မူတည်ပြီး colour coding, font size ပြောင်းတာဖြစ်ဖြစ်၊ စကားလုံးတွေကို Highlightဖြစ်ဖြစ်လုပ်ပါ။

🍀Shadowing လုပ်ဖို့ အကောင်းဆုံးresource တွေကတော့👇👇👇
💌TED Talk
https://www.ted.com/
💌Youglish
https://youglish.com/
💌English Speech with Subtitle
https://www.youtube.com/c/EnglishSpeeches
💌Movieclips
https://www.youtube.com/c/MOVIECLIPS/videos
💌Cake
https://play.google.com/store/apps/details?id=me.mycake&fbclid=IwAR2KuhqQ8wWZnh6H4z9pgmHZIbaq-0DIQCoL2jFPmtYlNrNe0gsPLrdl5to
💌DingulTube
https://play.google.com/store/apps/details?id=com.dinguls.dingultube&hl=en&gl=US
💌Voicetube
https://www.voicetube.com/

🌳မိမိစိတ်ဝင်စားတဲ့ resource ကနေ တစ်ဆင့် လေ့ကျင့်ရင်းpronounciation ကောင်းလာအောင်လေ့လာသင်ယူပါ။

🌳Youtube ကနေလေ့လာလိုသူများကတော့ search bar မှာ Shadowing Practicesလို့ ရေးလိုက်တာနဲ့တင် အများကြီးတွေ့ရပါမယ်...

🌳လေ့လာသင်ယူရင်းအကျိုးပွားများနိုင်ပါစေ။

With Love



14/07/2026

🌳Grammar Fix -2 🌳
🌳Types of Conditionals Usage...🌳

🥰ဒီတစ်ပတ် TTA ရဲ့ Grammar Fix Section လေးကနေ ကြိုဆိုလိုက်ပါရစေ။

📚Grammar Fix section ဆိုတာဘာလဲ...
Grammar Fix ဆိုတာကတော့ English စာ တိုးတက်ဖို့အခြေခံလိုအပ်ချက် သဒ္ဒါအသုံးတွေကို မှန်မမှန်လေ့လာတာပဲဖြစ်ပါတယ်။

👉ဒီတစ်ပတ်မှာတော့ English Learner တိုင်း သိထားသင့်တဲ့ Conditionals အသုံးတွေကို TTA's မှ Video သင်ခန်းစာလေးနဲ့ရှင်းလင်းပေးထားပါတယ်။

🚨Conditionals တွေက ခက်တယ်။ အမှတ်မြင့်ရဖို့အတွက် အလိုအပ်ဆုံးသော Grammar ပဲဖြစ်ပါတယ်။
Conditionals ကို သေချာနားလည်ထားရင် စကားပြောတဲ့အခါဖြစ်ဖြစ်၊ စာရေးတဲ့အခါဖြစ်ဖြစ် အချိန်ကာလ (Past, Present, Future) နဲ့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းအလိုက် ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ထိမိဆွဲမိ၊ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်သွားမှာ ဖြစ်ပါတယ်။

✅ဒီ Videoလေးကိုကြည့်ပါ။
✅နားလည်ပြီဆိုရင် ဒီ Exercises လေးတွေလုပ်ကြည့်ပါ။
✅Result လေးတွေလည်း Comment Box မှာ Share ပေး ဖို့ မ​မေ့ပါနဲ့နော်။

👉Test-English
https://test-english.com

Test-English
https://test-english.com
Zero, first, second, and third conditionals

👉Perfect English Grammar
https://www.perfect-english-grammar.com
Conditional exercises
With Love



👨‍🎓အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သူ                          (သို့)           ထူးချွန်လူငယ် စိုးလင်းထက်👨‍🎓🏢ကမ္ဘာ့အကျေ...
10/07/2026

👨‍🎓အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သူ
(သို့)
ထူးချွန်လူငယ် စိုးလင်းထက်👨‍🎓

🏢ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အဆင့်အမြင့်ဆုံး နည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ MIT (Massachusetts Institute of Technology) မှာ Full Scholarship နဲ့ ဝင်ခွင့်ရကျောင်းသား စိုးလင်းထက်ရဲ့ English စာ လေ့လာရေးခရီးစဥ်မှာ Training Tree Academy က ကူညီသင်ပြခွင့်ရလို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

🌍အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် (Massachusetts)၊ ကိန်းဘရစ်ချ်မြို့ (Cambridge) မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အဆင့် (၁) နေရာမှာ နှစ်ပေါင်းများစွာ ဆက်တိုက် ရပ်တည်နေတဲ့ ထိပ်တန်းကျောင်းကြီး ဖြစ်ပါတယ်။

👨‍🎓နိုဘယ်လ်ဆုရှင်များ၊ကမ္ဘာ့ထိပ်တန်း ပညာရှင်မြောက်များစွာ ကို မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီးမှာ သင်ယူခွင့်ရဖို့က ကျောင်းသားတော်တော်များများရဲ့အိမ်မက်ပါ။

🌳2014ကနေ 2019ထိ TTAမှာ English စာ သင်ယူခဲ့ပြီး
✅IGCSE Grades 5A*, 1B
✅SAT 1520, R&W 720, Math 800
🍀A levels, 2 A* 2 A
✅TOEFL 102 (Advanced) ရရှိထားကာ
MIT တက္ကသိုလ်ရဲ့ Full Scholarship Winner ကြီးပဲဖြစ်ပါတယ်။


🌳Vocab တွေ မရလို့ စိတ်ညစ်နေလား...🌳ဘာကစလေ့လာရမှန်းမသိဘူးဖြစ်နေလား....🌳Vocabulary လေ့လာမယ်ဆိုရင်...💭Vocabulary တွေတိုးပွား...
06/07/2026

🌳Vocab တွေ မရလို့ စိတ်ညစ်နေလား...
🌳ဘာကစလေ့လာရမှန်းမသိဘူးဖြစ်နေလား....
🌳Vocabulary လေ့လာမယ်ဆိုရင်...

💭Vocabulary တွေတိုးပွားချင်တယ် ...
💭ဘာစာအုပ်သုံးပြီးလေ့လာရမှန်းမသိဘူးဆိုရင်တော့ All in one website တစ်ခုကို Share ပေးချင်ပါတယ်။

⚡ဒီ website ထဲမှာဆိုရင်
✅ကိုယ့် Level နဲ့လိုက်လေ့လာလို့ရမယ့် A1 to C2 level ထိ List လုပ်ထားတဲ့ ( Level-Based English Vocab)

✅အသုံးအများဆုံး Vocab တွေကို ကြည့်ပြီးလေ့လာနိုင်မယ့် Top User-created wordlists

✅ခေါင်းစဉ်လိုက်တွေနဲ့မှလေ့လာချင်သူတွေအတွက်
Topics ပေါင်းများစွာပါသော(Topical Vocabulary)

✅Adverbs, verbs,Adjectives, other တွေကိုမှ Grammar words သီးသန့်လေ့လာချင်တဲ့သူတွေအတွက် Categorized Wordlists

✅Common words သုံးလေ့သုံးထရှိတာတွေကို စာရင်းပြုစုထားတဲ့ Most common words list

✅IELTS တို့ TOEFL တ်ို့ကိုမှလေ့လာလိုသူတွေအတွက် English Proficiency Tests Vocabulary

✅Coursebooks အစုံကိုမှ ဖတ်ချင်တယ်၊ အဲ့ထဲကVocab တွေ ကျက်ချင်တယ်ဆိုတဲ့ Learners တွေအတွက် နာမည်ကြီး ESL Coursebooks အစုံဖြစ်တဲ့ Headway, Face2Face,Interchange စတဲ့ Coursebooks ပေါင်း 10မျိုးလောက်ရဲ့ Beginner Level ကနေ Advanced Level ထိ Words တွေကို Level အလိုက်ခွဲပေးထားတဲ့ ESL Coursebooks Wordlists..

✅Expression တွေ Idioms တွေသုံးပြီး natural style Speaking တွေ Writing တွေဖန်တီးလိုသူများအတွက် Expression and Idioms list

✅ကဲဒီလိုတစ်နေရာထဲမှာ Vocab ပေါင်းများစွာကို pronounciation+ picutres + Definitions+ example sentences များစွာနဲ့တည်ဆောက်ပေးထားလို့ တကယ့်ကို ဝေါဟာရဟင်းလေးအိုးကြီးပဲဖြစ်ပါတယ်။

✅ဒါတွေကိုတစ်နေရာထဲမှာလေ့လာနိုင်တာကတော့
Langeek.com...Learn English Vocabulary

https://langeek.co/en/vocab ပဲဖြစ်ပါတယ်။

🥰Vocab တွေများများလေ့လာပြီး Level Up နိုင်ကြပါစေ..

With Love

.com

🌳🌳Language လေ့လာဖို့            အချိန်ဘယ်လောက်ကြာမလဲ?🌳🌳🌳***************************************************ဒါကတော့ Learn...
29/06/2026

🌳🌳Language လေ့လာဖို့
အချိန်ဘယ်လောက်ကြာမလဲ?🌳🌳🌳
***************************************************
ဒါကတော့ Learners တွေကြားထဲ မေးလေ့ရှိတဲ့မေးခွန်းတွေပါ။ ဒီအတွက်စဉ်းစားရမှာတွေကတော့...

✅1) ဘယ်Level ထိ သွားချင်တာလဲ?
♦️Beginner , Intermediate, Advanced Level ထိလား?

✅2) ဘယ် Language ကိုလေ့လာချင်တာလဲ?
♦️European or Asian or Romance or Slavic Language လား?

✅3) တစ်ပတ်ကိုနာရီဘယ်လောက်လေ့လာမှာလဲ?
♦️အလျင်စလ်ိုလား(သို့)ဖြေးဖြေးလား,

✅4) Language ကိုဘယ်လိုလေ့လာမှာလဲ?
🔶Self-study or Personal Tutor or Traditional language Courses or Learning Abroad လား စတဲ့မေးခွန်းတွေအရင်ဖြေကြည့်ရပါမယ်...

🍀ပုံမှန်Language Learnerအနေနဲ့ Intermediate Level ကို ၃လကနေ တစ်နှစ်အတွင်း ရောက်နိုင်သလို Advanced level ကိုတော့ ခန့်မှန်းချေ နှစ်နှစ်ကနေ ငါးနှစ်အတွင်း သေချာ လေ့လာမယ်ဆို ရောက်နိုင်ပါတယ်။

🍀Beginner Level A1-A2
**************************
♦️ကြာနိုင်ချေ- 80-250+ Hours (a few months-3- 6 months)
♦️လိုအပ်တဲ့ Skills - အခြေခံအကျဆုံး နေ့စဉ်သုံးစကားများ၊ ဝေါဟာရများ၊ ခရီးသွားသုံး စကားစုများ ကို ပြောနိုင်ဖတ်နိုင် နားလည်နိုင်ရပါမယ်။

🍀Intermediate Level B1-B2
******************************
♦️ကြာနိုင်ချိန်- Several Months ( a year or more)
♦️လိုအပ်တဲ့ Skills- Native Speakers တွေနဲ့ ပုံမှန် Simple conversationတွေပြောနိုင်မယ်၊ အလုပ်လိုအပ်ချက် အတွက် Presentation, Meeting စတာတွေဆက်သွယ်နိုင်ရပါမယ်။
🔴B1 ကနေ B2 ဖြစ်ဖို့ကတော့ အချိန်ကြာကြာလိုအပ်ပါတယ်။

🍀Advanced Level C1-C2
***************************
♦️ကြာနိုင်ချိန်- Several years
♦️လိုအပ်တဲ့Skills- ရှုပ်ထွေးအဆင့်မြင့်တဲ့ Contents တွေ၊Professional & Business Interactions တွေ၊Native Level လောက်နီးနီးယုံကြည်ချက်ရှိရှိပြောဆိုဆက်သွယ်နိုင်ရပါမယ်။

🍀ပုံမှန်လေ့လာသူအနေနဲ့ တစ်ပတ်ကို ၁နာရီခွဲ၊ level upလိုသူတွေအတွက် တစ်ပတ်ကို ၃နာရီ၊ အဆင့်မြင့်scholar တန်းမှီ exam တွေဖြေလိုသူတွေအတွက် တစ်ပတ်ကို 7နာရီအနည်းဆုံးလေ့လာသင့်ပါတယ်။

🍀လေ့လာတဲ့အခါ...
*********************
🔴Self-study သမားတွေကတော့ Resources အမျိုးမျိုးနဲ့လေ့လာပါ။ ကိုယ့်ဘာကိုယ်သဘောပေါက်နားလည်ရမှာဖြစ်လို့ B2 level ထိရောက်ဖို့ကို အချိန်တော်တော်ကြာနိုင်ပါတယ်။

🔴Traditional Language Courses
Interactive ways တွေ Group နဲ့လေ့လာသူတွေ Test တစ်ခုကိုလေ့လာသူတွေအတွက်တော့ သင့်တော်ပါတယ်။ Course book တစ်ခုကိုအခြေပြုသင်ယူရမှာဖြစ်လို့ upper -inter or Lower -advanced ရောက်ဖို့ ၂နှစ်လောက်ကြာနိုင်ပါတယ်။

🔴Personal Tutor
Private lessons, quick individual learningနဲ့လေ့လာသူတွေအတွက် တော့ a few months to a year အတွင်းမှာ higher level ကိုရောက်နိုင်ပါတယ်။

🍀Bear in Mind!!!🍀
********************
🍀သတိပြုရန်မှာ...🍀
✅ဘယ်language ကိုပဲလေ့လာလေ့လာ Listening + Reading (input Skills) များများလေ့လာပါ။
✅လေ့ကျင့်ဖို့အချိန် တိတိကျကျသတ်မှတ်ပါ။
✅လေ့လာမယ့်Language ကို များများထိတွေ့ပါ။
✅Language ကိုလေ့လာတယ်ဆိုတာမှာ...စာသင်ခန်းထဲမှာလေ့လာတဲ့အချိန်ထက် outside the classroom မှာဘယ်လောက်ထိ language နဲ့ in touch ဖြစ်လဲဆိုတာပိုအရေးကြီးတယ်ဆိုတာ သတိပြုပါ။
✅Level တစ်ခုနဲ့တစ်ခုကြား ကြာမြင့်ချိန်/ကူးပြောင်းချိန် Transtional Period ကို အမြဲမပြတ်ဆက်လုပ်သွားနိုင်မှသာကျော်လွှားနိုင်ပါတယ်။

🍀အနှစ်ချုပ်ကတော့..
**********************
✅Language Learning ကို Fun/Interested ဖြစ်တဲ့ Resource နဲ့သာစတင်ပါ။
✅Exam အတွက်လေ့လာမယ်ဆ်ိုရင်လည်း အားသန်ရာကို ပိုလုပ်ပြီး အားနည်းတာကို ဖြည်းဖြည်းချင်းတိုးပြီးလေ့လာကြည့်ပါ။
✅စိတ်ဝင်စားတာလေ့လာပါ။ (Podcast နားထောင်မယ်ဆိုလည်း စိတ်ဝင်စားတဲ့ Topics တွေရွေးချယ်ပါ။)
✅Level နိမ့်လို့မြင့်လို့ထက် ရောက်နေတဲ့ Level ကနေ ကြိုးစားပါ။
✅ဘာလေ့လာခဲ့လည်းဆိုတာ ပြန်သုံးသပ်ပြီး မိမိကိုယ်က်ို Credit ပေးပါ။
✅Language လေ့လာရေးသည် Never Ending Process ဖြစ်လို့ Stay Active ဖြစ်ပြီး အမြဲမပြတ်လေ့လာနေဖို့လိုပါတယ်....

With Love



ေ့လာရေး

🌳🌳Language Learning အတွက် Learners တွေသတိပြုရမယ့်အချက်တွေအများကြီးထဲကမှ personal experience အရ အချက် ၇ချက်ကို အသုံးချပြီ...
22/06/2026

🌳🌳Language Learning အတွက် Learners တွေသတိပြုရမယ့်အချက်တွေအများကြီးထဲကမှ personal experience အရ အချက် ၇ချက်ကို အသုံးချပြီး လေ့လာဖို့ Share ပေးချင်ပါတယ်...
Beginner level ကနေ Independent Learners အထိလေ့လာနိုင်ဖို့လိုအပ်တာတွေပဲဖြစ်ပါတယ်။

🌳1)Spend the Time... (အချိန်သုံးပါ။)
============================
ဘာသာစကားတစ်ခုကိုလေ့လာဖို့ အချိန်ပေးရပါမယ်။Classroom ထဲမှာလေ့ကျင့်နေဖို့ဆိုလိုတာမဟုတ်ပါဘူး။ Outside the classroom မှာကိုယ့်ဘာသာ တစ်နေ့ကိုတစ်နာရီလောက်လေ့ကျင့်ဖို့ဆိုလိုချင်တာပါ။ အချိန်ပိုပေးနိုင်လေ Learning Process မြန်လေလေဖြစ်လို့ နှစ်သက်ရာresources ကိုယူပြီးလေ့လာပါ။ ကိုယ်က ဘာလေ့လာရမှန်းမသိသေးရင် အလွယ်ဆုံးကနေ စလေ့လာပါ။

🌳2) Do what you like to do...(ပျော်ရာလုပ်ပါ။)
===================================
Test ဖြေမှ အမှတ်ကောင်းမှ language ကောင်းတာမဟုတ်ပါဘူး။ လေ့လာချင်တဲ့ resourcesတွေကနေ language ကို ကောင်းလာအောင်လေ့ကျင့်နိုင်ပါတယ်။ language background ကောင်းမှ အမှတ်ကောင်းမယ်ဆိုတာကို သတိပြုပါ။

🎯ဥပမာ...Listening တစ်ခုကို နားထောင်မယ်ဆိုပါစို့။နားထောင်ပြီးရင် မိမိက်ိုယ်ကို in charge လုပ်ရပါမယ်။ အနည်းဆုံး (50%-70%)လောက်ထိ နားလည်အောင်နားထောင်ရပါမယ်...It may be 5 or 10 times.ကိစ္စမရှိပါဘူး။ နားလည်တဲ့အထိဆက်သွားပြီးမှ next lesson ကို ကူးပါ။ Reading ဆိုလည်း နားလည်လာတဲ့အထိဖတ်ပါ။ ဒါမှ comprehension skills တိုးလာပြီး လေ့လာရပိုလွယ်လာမှာဖြစ်ပါတယ်...

🌳3) Learn to Notice...(သတိပြုပါ။)
============================
Language ကို level တစ်ခုရောက်နိုင်ဖို့ စုနေတာနဲ့ရပ်တန့်လို့မရပါဘူး။ language ကိုအမြဲတစေထိတွေပြီး new words/ new patternsတွေ၊ အသုံးသစ်တွေက်ို တုပပြီး မှတ်ရန်၊ပြန်သုံးရန်လိုပါတယ်။ ဝတ္တုတစ်ခုဖတ်တယ်ဆ်ိုလည်း ဘယ်လ်ိုအသုံးလေးတွေသုံးတယ်ဆိုပြီး မှတ်ရပါတော့မယ်... အဲလိုသတိပြုမှ language က ကိုနဲ့တစ်သားတည်းဖြစ်လာမှာပါ။

🌳4) Words over Grammar...( ဝေါဟာရစုပါ။)
=================================
Contents တွေကနေလေ့လာနိုင်ပါတယ်။ အကြောင်းအရာစုံဖတ်နိုင်လေလေ စကားလုံးတိုးလေလေပါ။ စကားလုံးတစ်လုံးကို အသေမှတ်ထားတာထက် context (အကြောင်းအရာ) မျိုးစုံနဲ့တွဲသုံးကြည့်ရပါမယ်...

🌳5) Be patient...( စိတ်ရှည်ပါ။)
=========================
စကားလုံးတွေသိတယ် ပြောမထွက်ဘူး မေ့သွားတယ်။ကိုယ့်ကိုယ်ကိုအားမရဖြစ်တယ်။ ဘယ်လောက်သင်သင်မတတ်ဘူး ဆိုပြီးကိုယ့်ကိုယ်ကိုအားမလိုအားမရ ဖြစ်တတ်ပါတယ်။ တစ်ယောက်ထဲဖြစ်နေတာမဟုတ်ပါဘူး။ language လေ့လာမှုဟာ Overnight နဲ့မရနိုင်ပါ။ Consistency စွဲစွဲမြဲမြဲပုံမှန်လေ့လာရမယ့်အရာပါ။

🌳6) Get the Tools... (Resource ကောင်းကိုအသုံးချပါ။)
=========================================
Internet Age မှာ Learn လုပ်ရတာအရမ်းလွယ်ကူပါတယ်။ Websites ကောင်းတစ်ခု,Coursebook Series တစ်ခု, Application တစ်ခုစတာတွေက်ို အသုံးချပြီး ပုံမှန်လေ့လာပါ။

🌳7) Become an independent Language Learner
==================================
ဒီအဆင့်ရောက်ဖို့အတွက် Own Language Learning Journey ကြီးတစ်ခုလုံးကို Checking လုပ်ရပါမယ်။Language Class တွေတက်တယ်။Level မ upလာဘူး။ ဒီ level ထဲပဲလည်နေတယ်လို့ထင်နေသူများအတွက် Level မြင့်လာပြီး Independent learners ဖြစ်လာဖို့ အပေါ်ကအချက်အကုန်လုံးကိုဆက်စပ်ရပါမယ်။

🎯Self Study လုပ်ဖို့ အချိန်သုံးပါ။
🎯ပျော်မှလေ့လာအားပိုကောင်းလာမှာမို့...
Resources ကောင်းရွေးတဲ့အခါမှာ ကိုယ်စိတ်ဝင်စားတာသာရွေးပါ။ Test ဖြေကြည့်နိုင်ဖို့အထိလေ့လာပါ။

🌳Language က်ို Natural အတိုင်းတိုးတက်လာဖို့အတွက် Input Skillsတွေဖြစ်တဲ့ Listening & Reading များများထိတွေ့ပါ။ Language အသုံးသစ်တွေကို သတိပြုပါ။မှတ်ပါ။လေ့လာပါ။

🌳ဒီအချက်တွေကို မှတ်ထားပြီး Language လေ့လာမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်သလို ...တိုးတက်မှုတွေမြင်တွေ့ရမှာပါ။
ပုံမှန်အချိန်ပေးပြီးလေ့လာပါ။
Skills တွေကိုချိတ်ဆက်လေ့လာပါ။
Resource တစ်ခုကနေ ဘယ်လိုချိတ်ဆက်လေ့လာရမလဲဆိုတာကို အသေးစိတ်ရှင်းပြပေးထားတာတွေ ဒီpageမှာရှိပါတယ်...

🌳4 Language Skills လုံးလေ့ကျင့်နိုင်ဖို့ 👇👇👇
VoA Learning Websiteလေးကို ညွှန်ပေးထားပါတယ်။
https://www.facebook.com/share/p/yLEGHHE1ibFtGNn9/?mibextid=oFDknk

With love


Address

Yangon
Pathein
11011

Alerts

Be the first to know and let us send you an email when Training Tree Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category