Korean Holic-Korean Language School

Korean Holic-Korean Language School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Korean Holic-Korean Language School, Language school, Pathein.

❝ပညာလည်းယူ ကုသိုလ်လည်း ပါဝင်လှူ ❜❜ 👐🕯 မန္တလေးမြို့တစ်ဝိုက်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းမှ ကလေးတွေရဲ့ ပညာဆီမီးကို အတူတကွ ထွ...
04/02/2025

❝ပညာလည်းယူ ကုသိုလ်လည်း ပါဝင်လှူ ❜❜ 👐

🕯 မန္တလေးမြို့တစ်ဝိုက်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းမှ ကလေးတွေရဲ့ ပညာဆီမီးကို အတူတကွ ထွန်းညှိပေးနိုင်မယ့် အစီအစဉ်လေးတစ်ခု 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 ကနေ ယူဆောင်လာပါပြီ 📣

မြန်မာနိုင်ငံမှာ သိသင့်သိထိုက်တဲ့ ကျောင်းပြင်ပအသိပညာတွေကို နားလည်သင်ယူဖို့ လိုအပ်နေတဲ့ ကလေးငယ်တွေဟာ ထောင်နဲ့ချီရှိနေကြဆဲပါပဲ။ ဒီလို နားမလည်ရာ၊ မသိရာကနေ မမှားသင့်တဲ့အမှားပေါင်းများစွာ ဖြစ်ပေါ်မလာဖို့ ရည်ရွယ်ပြီး Lantern Bridge အဖွဲ့အစည်းလေးကို စတင်တည်ထောင်ခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့အတူ 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 ဟာ မန္တလေးမြို့တစ်ဝိုက်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းရှိ ကလေးငယ်ပေါင်း (200) နီးပါးကို ကျောင်းပြင်ပသင်ခန်းစာအနေနဲ့ Comprehensive Sexualitiy Education ကိုသင်ကြားပို့ချပေးခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ ယခုလည်း ထပ်မံသင်ကြားပို့ချပေးနိုင်ရေးအတွက် “𝐋𝐢𝐠𝐡𝐭 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝” ဆိုတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 လေးကို ယူဆောင်လာခဲ့လာပါပြီ။ ဒီ 𝐏𝐫𝐨𝐣𝐞𝐜𝐭 လေးမှာကျွန်မတို့ Korean Holic-Korean Language Schoolကလည်း Media Partnership အနေနဲ့ ပါဝင်ထားပါတယ်။

“𝐋𝐢𝐠𝐡𝐭 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝” 𝐏𝐫𝐨𝐣𝐞𝐜𝐭 အလှူမှာ ဘယ်လို ပါဝင်နိုင်မလဲ ❓

ငွေကျပ် တစ်သောင်းတန်ဖိုးရှိတဲ့ 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 လေးတွေကို ဝယ်ယူပြီး ဒီ project လေးမှာ ပါဝင်နိုင်ပါပြီ။
𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 ရောင်းရငွေတွေကို 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 ကနေ အနာဂတ်မှာကျင်းပမယ့် 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေမှာ အသုံးပြုသွားမှာမို့ ကိုယ်တိုင်လည်း အတန်းတက်ရင်း အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးငယ်တွေအတွက်
✅ သိသင့်သိထိုက်တဲ့ ဗဟုသုတများစွာ၊
✅လိုအပ်တဲ့ 𝐒𝐤𝐢𝐥𝐥𝐬 တွေကို ကူညီဖြန့်ဝေပေးနိုင်ဖို့ ပါဝင်နိုင်မှာပါ။

တစ်ဖက်မှာလည်း ကျွန်မတို့ အပါအဝင် 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 နဲ့ ပူးပေါင်းထားတဲ့ 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 တွေမှာ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐈𝐄𝐋𝐓𝐒, 𝐆𝐄𝐃 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧, 𝐒𝐀𝐓, 𝐃𝐮𝐨𝐥𝐢𝐧𝐠 နဲ့, 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 အစရှိတဲ့ အတန်းတွေကို 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး အများဆုံး 𝟏𝟎𝟎% 𝐎𝐟𝐟 အထိ အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

𝐆𝐢𝐟𝐭 𝐜𝐚𝐫𝐝 လေးတွေကို Sale Close ပြီးနောက် 𝟔 လ အတွင်း (𝟒.9.𝟐𝟎𝟐𝟓 အထိ) အသုံးပြုနိုင်မှာဖြစ်လို့ ချစ်သူ၊မိတ်ဆွေသူငယ်ချင်းတွေကို 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞’𝐬 𝐃𝐚𝐲 နေ့အတွက်လက်ဆောင်ဖြစ်ဖြစ်၊ မွေးနေ့လက်ဆောင်အတွက်ဖြစ်ဖြစ် ပေးဖို့ဆိုရင်အရွေးချယ်သင့်ဆုံး 𝐏𝐫𝐞𝐬𝐞𝐧𝐭 လေးဆိုလည်း မမှားပါဘူးနော်🤭

🔹ဒီ “𝐋𝐢𝐠𝐡𝐭 𝐨𝐟 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝” 𝐏𝐫𝐨𝐣𝐞𝐜𝐭 ဆိုတဲ့ အစီအစဉ်လေးမှာ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်ဆိုရင်တော့ 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 လေးတွေကို 𝟒.𝟐.𝟐𝟎𝟐𝟓 ကစပြီး Lantern Bridge 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 နဲ့ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလာရောက်၀ယ်ယူနိုင်ပါတယ်။

🙌 𝐆𝐢𝐟𝐭 𝐂𝐚𝐫𝐝 တွေရောင်းတာကိုတော့ 4.𝟑.𝟐𝟎𝟐𝟓 မှာ အရောင်းရပ်သွားမှာမို့ နောက်ကျသွားလို့ မဝယ်လိုက်ရဘူးမဖြစ်ရလေအောင် အမြန်ဆုံး လာရောက်ဝယ်ယူထားမှ စိတ်ချရမယ်နော်။

📍Discount information

𝐊𝐨𝐫𝐞𝐚𝐧 𝐇𝐨𝐥𝐢𝐜 - 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 ကနေ
𝐁𝐚𝐬𝐢𝐜 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬 နဲ့ 𝐎𝐧𝐞 𝐨𝐧 𝐎𝐧𝐞 𝐂𝐥𝐚𝐬𝐬 တွေအတွက် 𝟐𝟓% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐂𝐨𝐧𝐯𝐞𝐫𝐬𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 ကနေ
ဖွင့်လှစ်ထားတဲ့ 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 အတန်းတွေအတွက် 𝟏𝟎𝟎% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐁𝐫𝐢𝐠𝐡𝐭 𝐇𝐢𝐥𝐥 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 မှ ဖွင့်လှစ်ထားတဲ့ 𝐈𝐄𝐋𝐓𝐒, 𝐒𝐀𝐓 𝐄𝐧𝐠𝐥𝐢𝐬𝐡, 𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨, 𝐆𝐄𝐃 𝐑𝐋𝐀 အစရှိတဲ့ 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬 များအတွက် 𝟏𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐇𝐲𝐩𝐞 𝐓𝐡𝐢𝐧𝐤 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 မှ 𝟏 𝐛𝐲 𝟏 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐨𝐧𝐥𝐢𝐧𝐞 𝐜𝐥𝐚𝐬𝐬 များရဲ့ ပထမတစ်လစာအတွက် 𝟏𝟓% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐨𝐟𝐟

𝐇𝐞𝐫𝐞 𝐘𝐨𝐮𝐭𝐡𝐬 မှ ဖွင့်လှစ်ထားတဲ့ အတန်းတိုင်းအတွက် 𝟕% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐎𝐟𝐟

𝐅𝐨𝐫 𝐂𝐞𝐥𝐥s မှ 𝐑𝐋𝐀 𝐏𝐫𝐞𝐩𝐚𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 အတွက် 𝟓% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 နှင့် 𝐑𝐋𝐀 𝐈𝐧𝐭𝐞𝐧𝐬𝐢𝐯𝐞 𝐂𝐥𝐚𝐬𝐬 အတွက် 𝟏𝟎% 𝐎𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐒𝐞𝐨𝐧𝐛𝐚𝐞 𝐂𝐥𝐚𝐬𝐬 - 선배 클라스 မှ ဖွင့်လှစ်တဲ့အတန်းတိုင်းအတွက် 𝟏𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐎𝐟𝐟

𝐆𝐫𝐚𝐦𝐦𝐚𝐫 𝐆𝐮𝐫𝐮 ကနေ ဖွင့်လှစ်ထားတဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 အတွက် 𝟑𝟎% 𝐨𝐟𝐟 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐁𝐨𝐮𝐧𝐜𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 ကနေ ဖွင့်လှစ်ထားတဲ့ 𝐓𝐡𝐞 𝐍𝐞𝐰 𝐖𝐚𝐲 𝐓𝐨 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 အတွက် 𝟒𝟒% 𝐨𝐟𝐟 (80000 MMK) 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭

𝐎𝐧𝐞 𝐂𝐥𝐢𝐜𝐤 𝐢𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 မှ 𝟐𝟎% 𝐨𝐟𝐟 𝐟𝐨𝐫 𝐆𝐫𝐨𝐮𝐩 𝐂𝐥𝐚𝐬𝐬𝐞𝐬 နင့်𝟏𝟎% 𝐨𝐟𝐟 𝐟𝐨𝐫 𝐎𝐧𝐞 𝐨𝐧 𝐨𝐧𝐞 𝐜𝐥𝐚𝐬𝐬𝐞𝐬 ရရှိနိုင်မှာ ဖြစ်ပါတယ်။




31/01/2025

안녕하세요🙌

ဒါကတော့ ကျွန်မတို့ Freeဖွင့်လှစ်ပေးထားတဲ့ Reading Clubလေးရဲ့ ဒုတိယအပတ်မှာ ဖတ်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာလေးဖြစ်ပါတယ်။ ဒီ Clubလေးကတော့ Lecture-basedဖြစ်ပေမယ့် ​စာဖတ်ပြပြီးတဲ့နောက်မှာ Quizလေးတွေ ပြန်ဖြေရတာဖြစ်တဲ့အတွက်ကြောင့် ဗဟုသုတလဲရတဲ့အပြင် မသိတဲ့ Vocabတွေလဲ အများကြီး လေ့လာမိမှာပဲ ဖြစ်ပါတယ်။

လက်ရှိ Reading Clubမှာ ပါဝင်နေကြတဲ့သူတွေရဲ့ စကားသံတွေကတော့:

"Reading clubကိုတစ်ရက်ပဲjoinရသေးတာ အရမ်းသဘောကျနေတာ မသိတဲ့vocabတွေပိုသိရပြီးသင်ရတာစိတ်၀င်စားဖို့ကောင်း''

"Reading Clubမှာက ဖတ်ရတဲ့စာတွေက ခက်တယ်ဆိုတာထက် မသိတာလေးတွေ များပေးမယ့် လေ့လာရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်''

ဒီ Clubလေးကိုတော့ 2ပတ်မှာ 1ကြိမ်စီ ကြာသပတေးနေ့ ည ၈နာရီကနေ ၉နာရီအထိ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ Telegram Groupကနေ ဝင်ရောက်ပြီး နောက်တကြိမ် Clubအတွက်ကို စောင့်ကြည့်ဖို့ သတိကောင်းပါးအပ်ပါတယ်ရှင့်။
https://t.me/newsinkoreanclub



Languageတခုကို လေ့လာတဲ့နေရာမှာ စာဖတ်စွမ်းရည်ဟာ အခြား အရေး အကြား အပြောစသည်ဖြင့် စွမ်းရည်များအပေါ်  အပြုသဘောဆောင်တဲ့ သက်ရေ...
10/01/2025

Languageတခုကို လေ့လာတဲ့နေရာမှာ စာဖတ်စွမ်းရည်ဟာ အခြား အရေး အကြား အပြောစသည်ဖြင့် စွမ်းရည်များအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှူရှိနေတယ်ဆိုတာ သိကြပါသလား?

ကိုရီးယားစာကို လေ့လာခဲ့တာ အတော်အသင့်တော့ သိနေပြီ၊ ဖတ်စာအုပ်ထဲက စာတွေပဲမဟုတ်ဘဲ အပြင်က စာတွေကိုလဲ ဖတ်ချင်တယ်၊ Topik Readingအတွက်လဲ လေ့ကျင့်ဖို့ စိတ်ဝင်စားတယ်ဆိုရင် သတင်းဆောင်းပါးတွေ ဖတ်ရင်း ဆွေးနွေးကြမယ့် ဒီ Clubလေးကို Joinဖို့ ဖိတ်ခေါ်ပါတယ်။
ဦးဆောင်သွားမယ့် တီချယ်က 90th Topikစာမေးပွဲမှာ Readingကို 94မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

Feesလဲ ပေးသွင်းစရာ မလိုအပ်သလို Level 2တက်ရောက်နေသူ သို့ ပြီးသွားသူများ ပါဝင်နိုင်ပါတယ်ရှင့်။
1လမှာ 2ကြိမ်စီ ကြာသပတေးနေ့ည ၈နာရီကနေ ၉နာရီအထိ Zoomကနေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင့်။

ပိုပြီး အသေးစိတ်ကိုတော့ အောက်ပါ Telegram Groupကနေ အကြောင်းကြားပေးပါ့မယ်။
https://t.me/newsinkoreanclub




Media Partnership AnnouncementKorean Holic-Korean Language School x To Our Passion Organization (TOP)UN ကချမှတ်ထားတဲ့ Su...
13/09/2024

Media Partnership Announcement

Korean Holic-Korean Language School x To Our Passion Organization (TOP)

UN ကချမှတ်ထားတဲ့ Sustainable Development Goals (SDGs) တွေထဲကမှ Quality Education ဆိုတဲ့ Goal ကို အဓိကထားပြီးဖော်ဆောင်နေတဲ့ To Our Passion Organization (TOP) ဟာဆိုရင် ပညာရေးလမ်းကြောင်းပေါ်ကလူတွေအတွက် အကျိုးရှိစေမဲ့မျှဝေမှုတွေအပြင် Free Webinar တွေ၊ Free Club တွေကိုပါစီစဉ်ပေးနေတဲ့ Organization တစ်ခုဖြစ်ပါတယ်။ 🌟

ဒီတစ်ခေါက်မှာလဲ TOP ကနေ Korean Speaking Club လေးတစ်ခုကို စီစဉ်ပေးထားပါတယ်။ အဲဒီ Club လေးမှာ ကျွန်မတို့ Korean Holic ကနေပြီးတော့ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ထားပါတယ်။ 🤝🏻

အခု Club လေးကိုတော့ 토말토방 (토요일마다 말하는 토크 방) လို့နာမည်ပေးထားပြီး "စနေ့တိုင်း စကားပြောတဲ့ စကားပြောခန်းလေး" လို့အဓိပ္ပာယ်ရပါတယ်။ ဒီ Club လေးမှာဆိုရင် ဝေဖန်ဆွေးနွေးတာ၊ အပြန်အလှန်အမေးအဖြေလုပ်တာတွေနဲ့ team activities လေးတွေလဲ ပါအုံးမှာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ လေ့ကျင့်လို့ရတာပေါ့။💫

ဒါဆို ဒီ Club ကိုဘယ်သူတွေ Join လို့ရလဲ❔

Korean Speaking Club လေးကိုတော့ Korea TOPIK Level 2 (2급) ရှိတဲ့သူတွေ၊ စကားပြော အသင့်အတင့်ရတဲ့သူတွေနဲ့ Self-study လုပ်ချင်တဲ့သူ ဘယ်သူမဆို Join လို့ရပါတယ်။

Club ကရော Free လား🤔

TOP ကနေစီစဉ်ပေးထားတဲ့ အခု Korean Speaking Club လေးက 100% FREE ဖြစ်တာကြောင့် နောက်ဆံမတင်းဘဲ ရဲရဲကြီးစာရင်းပေးလိုက်ပါ။

ဘယ်သူက ပို့ချပေးမှာလဲ🤔❔

TOP ရဲ့ Korean Speaking Club လေးကိုတော့ Miss Sooae(수애) ကနေ Facilitator အဖြစ် တာဝန်ယူသွားပေးမှာပါ။ Miss Sooae(수애) ဟာဆိုရင် Korea Language သင်ကြားမှုအတွေ့အကြုံ (၃) နှစ်ရှိတဲ့အပြင် Translator နဲ့ Interpreter အဖြစ် လှုပ်ရှားမှုအတွေ့အကြုံတွေလဲရှိပါတယ်။

ဒါတင်မကသေးပါဘူး။ Miss Sooae(수애) ဟာ TOPIK 2 (6 급, Level – 6) ရရှိထားသူလဲဖြစ်ပါတယ်။ လက်ရှိမှာလဲ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ Kyung Hee Cyber University (경희사이버대학교) မှာ Fully funded scholarship ရရှိထားပြီး Korean Language as a Foreign Language မေဂျာနဲ့ 3rd Year ကိုတက်ရောက်နေတဲ့သူပါ။ ကိုင်း....ဘာလိုသေးလဲ။

ဒီ Club လေးကိုတော့ အခုလာမဲ့ စက်တင်ဘာ (၁၄) ရက်နေ့ကနေစပြီး အပတ်စဉ်စနေနေ့ ည 7:30 ကနေ 8:30 တိုင်းမှာ ပြုလုပ်ပေးသွားမှာပါ။ 🕢

ဘယ်လိုလဲ စိတ်ဝင်စားသွားပြီဟုတ်။😉
ဒါဆိုရင်တော့ အခုပဲ အောက်က Form လေးကိုဖြည့်ပြီး register လုပ်လိုက်တော့နော်။ ဖောင်ဖြည့်ရတာအဆင်မပြေတဲ့သူတွေက TOP ရဲ့ page messenger မှာလဲ စာရင်းလာပေးလို့ရပါတယ်ဗျ။ 🫶🏻

https://forms.gle/jivPRgSaM3Pc5pxy9



#토밀토방

23/06/2024

안녕하세요, 여러분!

တီချယ် ကြားထဲမှာ အလုပ်လေးတွေရှုပ်နေတာနဲ့ သင်ခန်းစာ Vd အတိုလေးတွေ မတင်ဖြစ်တာတောင် ကြာပါပြီနော်။ ဒီတစ်ခါမှာ TTMIKက ထုတ်ထားတဲ့ "Easy Korean Reading" စာအုပ်ထဲက Bus (버스) နဲ့ ပတ်သက်တဲ့ အကြောင်းကို အတူတူ လေ့လာကြမယ်နော်!

ဒီ စာအုပ်လေးက Reading, Pronunciationကို သိသိသာသာ မြှင့်တင်ပေးပြီး Speaking skills တွေကို တိုးတက်လာစေဖို့ တဖက်တလမ်းကနေ အထောက်အကူပြုပါတယ်နော်။ဒါဆို တီချယ်နဲ့အတူ စိတ်ဝင်တစား လေ့လာကြရအောင်!






ဒါလေးကတော့ မကြာသေးခင်က ပြီးဆုံးသွားပြီဖြစ်တဲ့ တီချယ် Kyal Sinရဲ့ Premium Beginner Speaking Classလေးမှာ တက်ရောက်ခဲ့တဲ့ ကျ...
23/03/2024

ဒါလေးကတော့ မကြာသေးခင်က ပြီးဆုံးသွားပြီဖြစ်တဲ့ တီချယ် Kyal Sinရဲ့ Premium Beginner Speaking Classလေးမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသူလေးတစ်ဦးရဲ့ Honest Review လေးပဲ ဖြစ်ပါတယ်🤗

တီချယ်နဲ့စာသင်ရတာ အဆင်ပြေတယ်ကြားရလို့ ဝမ်းသာမိပါတယ် ဒီထက်လဲ ပိုပြီး အကောင်းဆုံးကြိုးစားသွားပါမယ်ရှင့်

Beginner Speaking Classက Juneလကျမှ ပြန်ရှိတော့မှာ ဖြစ်ပါတယ်😞


Korean Holic ရဲ့ Main Teacher ဖြစ်တဲ့ တီချယ် Kyal Sinလဲ ပါဝင်ဆွေးနွေးသွားမယ့် Webinarလေးပဲ ​ဖြစ်ပါတယ် TOPIK စာမေးပွဲကလဲ ...
23/03/2024

Korean Holic ရဲ့ Main Teacher ဖြစ်တဲ့ တီချယ် Kyal Sinလဲ ပါဝင်ဆွေးနွေးသွားမယ့် Webinarလေးပဲ ​ဖြစ်ပါတယ် TOPIK စာမေးပွဲကလဲ နီးလာပြီဆိုတော့ စာလုပ်ဖို့ Moti လေးတွေလဲ တီချယ်တို့က ပေးအုန်းမှာမို့ စိတ်ဝင်စားသူများ လာခဲ့ကြပါရှင့်🤗💗

🇰🇷𝐓𝐎𝐏𝐈𝐊 𝐄𝐱𝐚𝐦 ကို ဖြေဆိုဖို့ရည်ရွယ်ထားတဲ့ သူများအတွက် လက်မလွတ်သင့်တဲ့ “Acing Your Korean TOPIK Exam: Expert Tips and Practice" Webinar

𝐓𝐎𝐏𝐈𝐊 စာမေးပွဲအတွက် ပြင်ဆင်နေကြတဲ့ သူလေးတွေအတွက် စာမေးပွဲအတွေ့အကြုံလေးတွေ၊ Study Strategies တွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို သိရှိစေဖို့ ရည်ရွယ်ပြီး YER ကနေ အခုလို Sharing Webinar လေးကို စီစဉ်ပေးလိုက်ပါပြီ🥳

အရင်ဆုံး TOPIK Exam အကြောင်းကို မသိသေးတဲ့သူတွေအတွက်လည်း Exam အကြောင်း အနည်းငယ်မျှဝေပေးပါရစေ....

𝐓𝐎𝐏𝐈𝐊 ဆိုတာဘာလဲ?🇰🇷

𝐓𝐎𝐏𝐈𝐊(𝐓𝐞𝐬𝐭 𝐨𝐟 𝐏𝐫𝐨𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐢𝐧 𝐊𝐨𝐫𝐞𝐚) ဆိုတာက ကိုးရီးယားနိုင်ငံအစိုးရက ကိုးရီးယားနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေအတွက် ကိုးရီးယားဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Test ပဲဖြစ်ပါတယ်။

🇰🇷 ကိုးရီးယားဘာသာစကားကို လေ့လာသူများအပြင် ကိုးရီးယားနိုင်ငံတွင် ကျောင်းတက်လိုသူများနှင့် အလုပ်လုပ်ချင်သူများ အတွက် ရည်ရွယ်ပြီး ကျင်းပပေးတာ ဖြစ်ပါတယ်။

Myanmar နိုင်ငံမှာတော့ နှစ်စဉ် (10) လပိုင်းမှသာ တစ်ကြိမ် ကျင်းပလေ့ရှိပေမဲ့…

2024 ခုနှစ်မှစပြီးတော့
☑️(5) လပိုင်း Mandalay တွင် တစ်ကြိမ်
☑️(10) လပိုင်း Yangon တွင် တစ်ကြိမ် စသဖြင့်
တစ်နှစ်မှာ (2) ကြိမ် ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

ဒါဆို TOPIK Exam အကြောင်းလေးလည်း သိသွားလောက်ပြီဆိုတော့ YER ရဲ့ Webinar လေးကိုလည်း မိတ်ဆက်ပေးပါရစေနော်🙋

YER က ဦးစီးကျင်းပတဲ့ အခုလို TOPIK Exam Sharing Webinar လေးထဲမှာ…

👉 စာမေးပွဲရဲ့ ဖွဲ့စည်းပုံနှင့် အရေးပါတဲ့ အကြောင်းအရာတွေ

👉 စာမေးပွဲအတွက် ပိုပြီး ထိရောက်စွာ ပြင်ဆင်နိုင်ရန် Study Strategies တွေအပြင် ပြင်ဆင်ပုံ Plans နှင့် အကြံပြုချက်များ

👉 TOPIK Exam ဖြေဆိုခဲ့သူများရဲ့ အတွေ့အကြုံ၊ Challenges များနှင့် အောင်မြင်မှု လမ်းကြောင်းများ စတဲ့ အကြောင်းအရာတွေကိုတော့…

💁 Mable Korean Language School ရဲ့ Teachers များဖြစ်ကြတဲ့ Guest Speakers
Ma Myint Sabel Oo နှင့် Ma Kyal Sin Htet တို့က အသေးစိတ် မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်…

🗣️ Ma Myint Sabel Oo (Guest Speaker) ကတော့ TOPIK Level 5 ထိ ရောက်ရှိထားသူဖြစ်ပြီး Bridge - Blossom Korean language Center (Founder & Main Teacher) နှင့် Mable Korean Language School ရဲ့ Main Teacher ဖြစ်ပါတယ်။

🗣️ Ma Kyal Sin Htet (Guest Speaker) ကတော့ TOPIK Level 6 ထိ ရောက်ရှိထားပြီး Korean Holic - Korean language Center (Founder & Main Teacher) နှင့် Mable Korean Language School ရဲ့ Full-time Teacher ပဲဖြစ်ပါတယ်။

ဒီလို အတွေ့အကြုံရှိတဲ့ Guest Speakers နှစ်ဦးကနေ စာမေးပွဲ‌နဲ့ပတ်သတ်ပြီး သိချင်သမျှတွေကို အသေးစိတ် မျှဝေပေးသွားမှာဖြစ်လို့ လုံးဝ လက်မလွှတ်သင့်တဲ့ Webinar လေးပါပဲနော်😉

⁉️နောက်ပြီး ဒီ Webinar လေးထဲမှာဆိုရင် TOPIK Exam နဲ့ ပတ်သတ်ပြီး မေးမြန်းနိုင်တဲ့ Question & Answer အစီအစဉ်လည်း ပါဝင်မှာဖြစ်လို့ သိချင်တာ‌လေး‌တွေကို စိတ်တိုင်းကျ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

ဒါဆို အစီအစဉ်လေးထဲမှာရော ဘယ်လိုပါဝင်နိုင်မလဲ❓

☑️ ကိုယ်တိုင်ပါဝင် တက်ရောက်ချင်တယ် ဆိုရင်တော့ အရင်ဆုံး အခု Post လေးကို (Like & Share) လုပ်ပေးရပါမှာပဲ ဖြစ်ပါတယ်။

☑️ နောက် Page Messenger မှာ Screenshot လေး ပို့ပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Webinar လေးကို တက်ရောက်နိုင်မယ့် Registration Form ကို ပြန်လည်ထုတ်ပေးသွားပါ ဖြစ်ပါတယ်။

🗓️ Date : 29. 3. 2024 (Friday)
🕖Time : 8:00 - 9:30 PM MMT
⏳Duration : 1.5 hrs
🏬 Platform : Zoom
🗣️ Guest Speaker : Ma Myint Sabel Oo & Ma Kyal Sin Htet

♦️အခုလိုမျိုး Webinar လေးတွေ လုပ်ပေးနေကြဖြစ်တဲ့ YER က နောက်ထပ်များမှာလည်း အကျိုးရှိတဲ့ Sharing တွေ ဆက်တိုက် လုပ်ပေးသွားမှာဖြစ်တာမို့ Page လေးကို အမြဲမပြတ် စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်…





17/01/2024

Korean Vowels(1)
ဒီနေ့မှာတော့ ထူးထူးခြားခြား ကိုရီးယားစာရဲ့ ရိုးရိုးသရတွေကို တီချယ်နဲ့အတူ လေ့လာကြည့်ရအောင်နော်💪❤

ဒီလို Videoလေးတွေကို အချိန်ရှိရင်ရှိသလို Page လေးကနေ တင်ပေးသွားမှာဖြစ်ပြီး Video Class လေးလဲ စျေးသက်သာစွာ တက်ရောက်နိုင်ပါတယ်ရှင့်💓



Basic Premium Class က ကျောင်းသူလေးရဲ့ လက်ရေးလေးတွေပါ Vocabulary ကို စနစ်တကျ အသံထွက်တတ်အောင် သင်ပေးပြီး ဒီလိုလေး ပြန်ရေးက...
15/01/2024

Basic Premium Class က ကျောင်းသူလေးရဲ့ လက်ရေးလေးတွေပါ Vocabulary ကို စနစ်တကျ အသံထွက်တတ်အောင် သင်ပေးပြီး ဒီလိုလေး ပြန်ရေးကျက်ခိုင်းတာကြောင့် တော်တော်နဲ့ မမေ့တော့ပါဘူး💛



တီချယ် Kyalsinရဲ့ December Basic Free Class မှာတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ လက်ရေးလှလေ့ကျင့်ထားတာလေးတွေပါ Chr...
26/12/2023

တီချယ် Kyalsinရဲ့ December Basic Free Class မှာတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ လက်ရေးလှလေ့ကျင့်ထားတာလေးတွေပါ

Christmas ပိတ်ရက်မှာတောင် အိမ်စာတွေ အပြေးလာထပ်ပေးကြတာကို အားလည်းနာပြီး ကျေးဇူးလဲတင်ပါတယ် ကလေးတို့ရေ~

ဘယ်ဘာသာစကားမဆို အခြေခံက အဓိကကျတဲ့အတွက် Basic Level လေးမှာတော့ နည်းနည်းလေး အားစိုက်ကြရအောင်နော်

အားလုံးပဲ Fighting💪

몇 걸음이든 끝까지 함께 올라갑시다~~



2023ကုန်ဖို့ 1လတောင်မလိုတော့ဘူးဆိုတာကို သိပြီးကြပြီလား😯တစ်နှစ်လုံး ဘာမှမလုပ်ခဲ့ရင်တောင် နောက်ဆုံးလလေးကို အကျိုးရှိရှိနဲ့...
05/12/2023

2023ကုန်ဖို့ 1လတောင်မလိုတော့ဘူးဆိုတာကို သိပြီးကြပြီလား😯

တစ်နှစ်လုံး ဘာမှမလုပ်ခဲ့ရင်တောင် နောက်ဆုံးလလေးကို အကျိုးရှိရှိနဲ့ဖြတ်သန်းဖို့နဲ့ 2024 အတွက် အစကောင်းဖို့ရာ ပညာရပ်တစ်ခုခုကို တက်မြောက်ထားသင့်ပါတယ်နော်😉

ဒါပေမယ့် "သင်တန်းကြေးမတတ်နိုင်လို့ပါ" ဆိုတဲ့သူတွေအတွက် Korean Holic ကနေ Korean Basic Free Class တွေ ထပ်မံဖွင့်လှစ်လိုက်ပါပြီရှင့်

ဒီတစ်ခေါက်မှာတော့ Video Recording Class မဟုတ်တော့ပဲ Zoom နဲ့သင်ကြားရမှာဖြစ်ပါတယ်ရှင့်

ဘယ်သူသင်ကြားသွားမှာလဲ🤔

Free Class တွေကိုတော့ 90th Topik စာမေးပွဲမှာ အမှတ်ပေါင်း 262 မှတ်နဲ့ Level 6 ကို ရရှိထားပြီး
Korean Holic ရဲ့ Founder တစ်ယောက်လဲ ဖြစ်တဲ့ Tr Kyal Sinက တာဝန်ယူသင်ကြားသွားမှာ ဖြစ်ပါတယ်ရှင့်

ဘယ်အချိန်တွေလဲ🤔

Section 2ခုရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာ အချိန်ကို ရွေးချယ်လို့ ရပါတယ်ရှင့်

ဘယ်လိုအပ်ရမလဲ🤔

ဒီ post လေးကို Like & Share လုပ်ထားတာလေးကို Screenshot ရိုက်ပြီး Messenger မှာလာပြပေးရင် ရပါပြီရှင့်

Section 1 ကိုတော့ 16 ရက်နေ့မှာစမှာဖြစ်ပြီး Section 2ကိုတော့ 18ရက်နေ့မှာ စမှာဖြစ်ပါတယ်ရှင့် လူဦးရေကန့်သတ်ထားတဲ့အတွက် လက်ဦးဖို့တော့ လိုပါတယ်နော်😉

몇 걸음이든 끝까지 함께 올라갑시다~~


Topik အကြောင်း သိချင်တဲ့သူတွေ လာ Join လို့ ရပါတယ်ရှင့်💛
25/07/2023

Topik အကြောင်း သိချင်တဲ့သူတွေ လာ Join လို့ ရပါတယ်ရှင့်💛

''အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးပါ''

ခေတ်မီတိုးတက်တဲ့ ကိုရီးယားနိုင်ငံကို လစာကောင်းကောင်းနဲ့ သွားဖို့ ပြင်ဆင်နေတဲ့ ယောရောဘွန်းတို့ရေ..........

✔-မရေရာတာတွေ သေချာအောင်
✔-သေချာတာတွေကို

အကောင်အထည်ဖော်ဖို့ဆ်ိုတာ ဘာသာစကားတစ်ခုကို အပျော်တမ်းလေ့လာတယ်လို့ သဘောမထားဘဲ လစာကောင်းကောင်းနဲ့ လုပ်ငန်းတစ်ခုရဖို့၊ Scholarshipရဖို့အထိ တစိုက်မတ်မတ်ကြိုးစားနေဖို့လိုပါတယ်။ ဒီလိုအရည်အချင်းရှိပြီး ထက်မြတ်တဲ့ လူငယ်တွေအတွက် အခွင့်အရေးတစ်ခုရှိပါတယ်။

အရေးအသားကစလို့ စကားပြောတဲ့လေယူလေသိမ်းထိ ကိုရီးယားလူမျိူးတစ်ယောက်လိုဖြစ်စေမယ့် နည်းလမ်းမှန်တွေ၊ TOPIK Preparationနဲ့ပက်သက်တာတွေကို ဆွေးနွေး​ပေးသွားမယ့် အဖိုးတန်တဲ့ စကားဝိုင်းတစ်ခုကို အွန်နီးတို့ (CLC) က ယောရောဘွန်းတို့အတွက် ပြင်ဆင်ထားပေးပြီဆိုတာသတင်းကောင်းပါးပါရစေရှင့်။

-ဒီWebinar မှာ ဆွေးနွေးသွားမယ့်ဆရာကတော့

ဆရာ Mr. Thet Ko Ko
(Lecturer at Seonbae class )

ဖြစ်ပါတယ်ရှင်။

-ဆရာ Mr. Thet Ko Ko Naing ဟာ 84th TOPIK Test မှာ
level - 5 အထိ ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာ ဆရာဟာ ကိုရီးယားဘာသာစကားသင်ဆရာအဖြစ်ရပ်တည်ရင်း ကိုရီးယားဘာသာစကားသင်တန်းများစွာကို သင်ကြားပို့ချလာတဲ့ အတွေ့အကြုံရှိတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်ရှင်။

ဆရာ Mr. Thet Ko Ko Naing နဲ့ အတူ TOPIK Preparation နဲ့ပက်သက်တဲ့ အကြောင်းအရာတွေ ဝေမျှပေးဖို့ ဆရာမ Ms. Kyal Sin Htet ကိုလည်း ဖိတ်ကြားထားပါသေးတယ်ရှင်။

ဆရာမ Ms. Kyal Sin Htet ဟာဆိုရင်-

- Passion Of Korean နဲ့
- Korean Holic - Korean Language School
တို့ရဲ့ Founder ဖြစ်ပါတယ်ရှင်။

ဒါ့အပြင်
- Mable Korean Language School
- Your Comforting Light နဲ့
အွန်နီးတို့ Circle Learning Centreမှာ ကိုရီးယားဘာသာစကားသင်ဆရာ ( Lecturer)အဖြစ် ရပ်တည်နေတဲ့ ပညာရှင်ဖြစ်ပါတယ်။

ဆရာနဲ့ဆရာမဟာဆိုရင် ကိုရီးယားနိုင်ငံမှာ
ဝင်ငွေကောင်းတဲ့အလုပ်အကိုင်နဲ့
အခြေချမယ့်သူတွေ ၊ ကျောင်းတက်ဖို့ပြင်ဆင်နေသူတွေကို
ကိုရီးယားဘာသာစကားနဲ့ပက်သက်တဲ့ အထူးသဖြင့် TOPIK Test နဲ့ပက်သက်ပြီး အခက်အခဲမရှိရလေအောင် လမ်းပြသင်ကြားပေးနေသူများလည်းဖြစ်ပါတယ်။

ဒီWebinar ကို ဘယ်သူတွေ Joinသင့်လဲ❓

- ကိုရီးယားနိုင်ငံမှာ ကျောင်းတက်ရန် (သို့မဟုတ်) အလုပ်လုပ်ရန် ရည်မှန်းထားသူတွေ။

- Languageတစ်မျိုးလေ့လာရင်း အချိန်သာကုန်သွားတယ် တိုးတက်မှုရှိမလာဘူးလို့ခံစားရတဲ့ ဆယ်ကျော်သက် Self- Learnerတွေ

- TOPIK Test ကို Level ကောင်းကောင်းနဲ့ ဖြေဆိုအောင်မြင်ချင်တဲ့သူတွေ ဒီWebinar ကို Joinသင့်ပါတယ်။

ဒီ Webinarကနေ ဘာတွေပြန်ရမှာလဲ❓

- TOPIKဆိုတာဘာလဲ?

- TOPIKရဲ့Levelတွေက ဘာတွေဖြစ်မလဲ?

- TOPIK ကို ဖြေဆိုသင့်လား?

- ဖြေဆိုပြီးရင်ရော ကိုယ့်အတွက်ဘာတွေအကျိူးရှိမလဲ?

- TOPIK အတွက် ဘာတွေပြင်ဆင်ထားဖို့လိုမလဲ?

- လေ့လာရမယ့် Study Tipsတွေကို

အသေးစိတ်ဆွေးနွေးပြသွားပေးမှာဖြစ်လို့ TOPIK အမှတ်များများရဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အမှန်တကယ် အကျိူးရှိစေမယ့် Webinarဖြစ်ပါတယ်။

🔷အခမဲ့ဆွေးနွေးပွဲဖြစ်လို့ လူဦးရေကန့်သတ်ထားတာကြောင့် အစောဆုံးစာရင်းပေးသွင်းသူတွေသာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ရှင်။

Webinar Details

Webinar’s Name – TOPIK Webinar

🗓Date – 1st August, 2023

🕣Time – 7:00 PM to 9:00 PM

Registration Type – Google Form

Platform – Zoom Cloud Meeting

-ဒါ​ကြောင့်
TOPIK Preparation
လုပ်နေတဲ့ယောရောဘွန်းတို့အချင်းချင်း မသိမရှိရလေအောင်
အမြန်သတင်းပေးပြီး အချိန်မီ
စာရင်းပေးသွင်းကြဖို့
အွန်နီးတို့( CLC)က တိုက်တွန်းလိုက်ပါတယ်နော်။

Registration Form

https://forms.gle/mhHk68qbpcyKt5av6




Address

Pathein

Telephone

+959698962623

Website

Alerts

Be the first to know and let us send you an email when Korean Holic-Korean Language School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Korean Holic-Korean Language School:

Shortcuts

Share