15/10/2025
လူငယ်တို့အတွက်အခွင့်အလမ်း🌱🇹🇭
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ သို့မဟုတ်
ထိုင်းနိုင်ငံမှာပညာဆက်လက်သင်ကြားဖို့အတွက်
စိတ်အားထက်သန်တဲ့လူငယ်တွေအတွက်
အွန်လိုင်းကနေရော၊
မြေပြင်မှာပါလေ့လာနိုင်မယ့်(Resources)
အရင်းအမြစ်တွေနဲ့ ပညာသင်ဆုအခွင့်အလမ်းတွေကို မျှဝေပေးချင်ပါတယ်။
𝟏) ထိုင်းဘာသာစကား 🎓🌱
𝐁𝐮𝐫𝐦𝐚 𝐀𝐜𝐚𝐝𝐞𝐦𝐲
မြန်မာလိုရှင်းပြထားတဲ့
ထိုင်းဘာသာစကားအခြေခံ
လက်ချာ(Lectures) ဗီဒီယိုတွေကို
Website ကနေအချိန်မရွေး၊ အခမဲ့လေ့လာနိုင်တဲ့ နေရာကတော့ Burma Academy ဖြစ်ပါတယ်။
Burma Academy ရဲ့ ဆောင်ပုဒ်က
လူတိုင်းအကျူံးဝင်ပညာရေးဖြစ်တာမို့ အခြားလေ့လာစရာတွေကိုလည်း ကိုယ်တိုင်လေ့လာတာနဲ့ Zoom Live အတန်းတွေဆိုပြီး
ရှာဖွေသင်ယူနိုင်ပါတယ်။
Course Link: https://burma.ac/courses/course-v1:BA+BA013+2024_T1/about
𝟐) 𝐆𝐄𝐃🎓🌱
𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫 𝐘𝐚𝐧𝐠𝐨𝐧 🎓
Link -
ALH: All courses | ALH https://share.google/TdK4eKliwI2nHj3mS
မြန်မာဘာသာစကားနဲ့ ကိုယ်တိုင်လေ့လာနိုင်မယ့်
Online Learning Hub Website ဖြစ်ပါတယ်။
GED အပြင် AI, Content Writing စတဲ့
အခြား လေ့လာစရာတွေလည်းရှိပါတယ်။
𝐁𝐄𝐀𝐌 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧🎓
ထိုင်းရောက်ရွှေ့ပြောင်းလူငယ်တွေအတွက် BEAM Education Foundation ရဲ့
Online GED Program, Community Youth Leadership Programတွေကနေ လျှောက်ထားကာ လေ့လာတက်ရောက်နိုင်ပါတယ်။
Page: https://www.facebook.com/share/18Fc1vCyS1/
𝐌𝐢𝐧𝐦𝐚𝐡𝐚𝐰 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐠𝐫𝐚𝐦🎓
Education For Friendship ဖောင်ဒေးရှင်းရဲ့ Minmahaw Higher Education Program ကနေတဆင့်လည်း ဝင်ခွင့်လျှောက်ထား၊ဖြေဆိုကာ GED, English Languagesတွေကိုတက်ရောက်နိုင်ပါတယ်။ ဝင်ခွင့်လျှောက်လွှာများကိုသက်ဆိုင်ရာ Pageကနေစောင့်ကြည့်နိုင်ပါတယ်။
Page: https://www.facebook.com/share/1JsaYFSbLW/
𝟑) ပညာသင်ဆုအခွင့်အလမ်းများ 🎓🌱
𝐏𝐫𝐨𝐬𝐩𝐞𝐜𝐭 𝐁𝐮𝐫𝐦𝐚 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 🎓
ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ကို
ပြည်ပနိုင်ငံတွေမှာ လေ့လာလိုတဲ့၊ လေ့လာနေဆဲ
ကျောင်းသား၊ ကျောင်းသူတွေကို နှစ်စဉ်ပေးအပ်နေတဲ့ Scholarship ဖြစ်ပါတယ်။
Application Sample: ✅
https://prospectburma.my.site.com/onlineapplications/resource/1638304482000/PBSampleApp
𝐃𝐚𝐮𝐠𝐡𝐭𝐞𝐫𝐬 𝐑𝐢𝐬𝐢𝐧𝐠 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 🎓
ထိုင်းနိုင်ငံမှာ လက်ရှိတက်ရောက်ဆဲရော၊
တက်ရောက်မည့်သူများပါလျှောက်ထားနိုင်တဲ့ Bachelor Degree သီးသန့် Scholarship ဖြစ်ပါတယ်။ လူနည်းစုအမျိုးသမီးများအပါအဝင် အမျိုးသမီးများရဲ့ပညာရေးအတွက်ပေးအပ်တဲ့
ပညာသင်ဆုဖြစ်ပါတယ်။
အသေးစိတ်သိရှိရန် Organization Link👇
https://daughtersrising.org/
𝐂𝐡𝐢𝐥𝐝'𝐬 𝐃𝐫𝐞𝐚𝐦 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 🎓
ထိုင်းနိုင်ငံအတွင်းရှိ
တက္ကသိုလ်များမှာ ဘွဲ့ကြိုတက်ရောက်မယ့် လူငယ်တွေအတွက် ပေးအပ်တဲ့ပညာသင်ဆု
ဖြစ်ပါတယ်။ Fully Funded ဖြစ်ပါတယ်။
Organization Link👇
https://www.facebook.com/childsdreamfoundation?mibextid=ZbWKwL
𝐖𝐞𝐥𝐥𝐬 𝐌𝐨𝐮𝐧𝐭𝐚𝐢𝐧 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 🎓
ဖွဲ့ဖြိုးဆဲနိုင်ငံက လူငယ်တွေကိုပေးတဲ့ပညာသင်ဆုဖြစ်ပါတယ်။ မြန်မာလူငယ်များလျှောက်ထားနိုင်ပါတယ်။
Link:
https://www.wellsmountaininitiative.org/prospective-scholars/
𝐀𝐒𝐄𝐀𝐍-𝐌𝐚𝐲𝐛𝐚𝐧𝐤 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 🎓
ASEAN Foundation နဲ့ May Bankတို့ပူးပေါင်းပြီး 2022မှ စတင်ပြုလုပ်တဲ့ Scholarship ဖြစ်ပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလမှာ စတင်ခေါ်ယူပါတယ်။ Bachelor ဘွဲ့သီးသန့်ဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အခါ သတ်မှတ်ထားတဲ့ နှစ်အပိုင်းအခြားအထိ ပြန်လည်လုပ်ဆောင်ရမှာတွေရှိပါတယ်။
အသေးစိတ်သိရှိလိုရင် [email protected]ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
𝐙𝐨𝐦𝐢𝐚 𝐋𝐨𝐚𝐧 🎓
Zomia Loan ကတော့ အာဆီယံဒေသတွင်းသတ်မှတ်ထားတဲ့နိုင်ငံတွေမှာ ဘွဲ့ကြိုတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Financially အဆင်ပြေစေရန် ချေးငွေထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Loan လျှောက်ထားလိုတဲ့ကျောင်းသားတွေအနေနဲ့ သတ်မှတ်ချက်တွေကိုက်ညီရမှာလည်း ဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် Link👇
https://zomia.org/faq/applicants/?fbclid=IwAR2VFtrTpcdOh4yzut0TOI6MrIaOQc7VSrEmAGb6REQNCE-nUsAlc4fpOUg
𝐄𝐔 𝐌𝐨𝐛𝐢𝐥𝐢𝐭𝐲 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 𝐟𝐨𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫
(𝐄𝐌𝐏𝐌)🎓
ထိုင်းနိုင်ငံထဲရှိ အာဆီယံနှင့် တက္ကသိုလ်တချို့ကိုသာ ပေးအပ်တာဖြစ်ပါတယ်။ 2023မှသာ စတင်ခေါ်ယူနေတာဖြစ်ပါတယ်။
Link:https://www.daad-vietnam.vn/en/2023/07/30/european-union-mobility-programme-for-myanmar-artistic-residencies-in-the-european-union/?fbclid=IwAR3Fvb5aAHA1t1Yo21wDpIJ1GT8BxhbObKTrOVbkSVxpemZXeUto2mKacdQ
𝐖𝐚𝐢𝐬𝐞𝐫 𝐋𝐨𝐚𝐧🎓
Link:
https://www.facebook.com/share/16Ezw8UP6K/
𝐁𝐫𝐚𝐜𝐤𝐞𝐭𝐭 𝐑𝐞𝐟𝐮𝐠𝐞𝐞 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐮𝐧𝐝🎓
လျှောက်ထားလိုတဲ့ကျောင်းသားတွေအနေနဲ့
ပရိုဂရမ်ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီဖို့လိုပါမယ်။ Partially ထောက်ပံ့ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
Link:
https://www.facebook.com/share/17R2G815W7/
𝑼𝒏𝒊𝒗𝒆𝒓𝒔𝒊𝒕𝒚 𝑺𝒄𝒉𝒐𝒍𝒂𝒓𝒔𝒉𝒊𝒑🎓
𝐑𝐨𝐲𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 of Suranaree University of Technology ( https://interadmission.sut.ac.th/scholarship/ )
King Mongkut's University of Technology Thonburi (𝐊𝐌𝐔𝐓𝐓) 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩𝐬 ( https://www.kmutt.ac.th/sfa/list-scholarships/ )
ထိုင်းနိုင်ငံမှာ ပညာသင်ဆု လျှောက်ထားတဲ့အခါ
သက်ဆိုင်ရာ Requirements တွေနဲ့
ပေးအပ်နေတဲ့ အပေါ်ကလို အဖွဲ့အစည်း၊ တက္ကသိုလ်များစွာရှိအပြင် Officially Announced မလုပ်ထားပေမယ့် Faculty or Department or Program အလိုက် သီးသန့်ပေးအပ်တဲ့ Financial Aid & Scholarships Opportunities တွေလည်း
ရှိပါတယ်။ ဒါ့အပြင် တက်ရောက်နေဆဲ Current Students တွေကို နှစ်အလိုက် GPA ပေါ်မူတည်ပြီး ပေးတာမျိုးလည်းရှိပါတယ်။ ဒါ့ကြောင့် မိမိတက်ရောက်လိုတဲ့တက္ကသိုလ်ရဲ့ သက်ဆိုင်ရာ Faculty or Department or Program or Adviser တွေကို ပညာသင်ဆု ရှိ၊မရှိ
Mail ပို့ပြီး မေးမြန်းသင့်ပါတယ်။
𝟒) ရွေ့ပြောင်းလူငယ်များအတွက်အခွင့်အလမ်း🎓🌱
ထိုင်းရောက်
ရွေ့ပြောင်းလူငယ်များအနေနဲ့
အသက်မွေးဝမ်းကြောင်းပညာ၊
လူငယ်အချင်းချင်းချိတ်ဆက်မှုတွေလုပ်ဆောင်ဖို့အခွင့်အလမ်း စတာတွေအတွက်
အောက်ပါအဖွဲ့အစည်းများကနေ
စောင့်ကြည့်လေ့လာနိုင်ပါတယ်။
Suwannimit Foundation
Help without Frontiers
Youth Connect Foundation
Map Foundation
Map Radio
Rise Centre
Play On Site
ဒါ့အပြင် ကိုယ်ရောက်ရှိနေထိုင်နေရာဒေသမှာ
ရှိတဲ့ Migrant Learning Centres ရွေ့ပြောင်းသင်ကြားရေးစင်တာ များကို ရှာဖွေကာ အသက်မွေးဝမ်းကြောင်း၊ ဘာသာစကားသင်တန်းများနဲ့ Thai Informal Education (Kor Sor Nor) အကြောင်းများကို မေးမြန်းစုံစမ်းပြီး
သင်ယူလေ့လာနိုင်ပါတယ်။
𝟓) 𝐎𝐧𝐥𝐢𝐧𝐞 𝐇𝐢𝐠𝐡𝐞𝐫 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧
အခြေခံပညာပြီးမြောက်ကြောင်းလက်မှတ်ရှိ
ထားပြီး ထိုင်းတက္ကသိုလ်မတက်နိုင်တဲ့လူငယ်တွေအနေနဲ့ လည်း အသိအမှတ်ပြု အွန်လိုင်းဒီဂရီဘွဲ့
ရယူနိုင်ပါသေးတယ်။ တက်ရောက်နိုင်တဲ့မေဂျာနဲ့
ဝင်ခွင့်လိုအပ်ချက်များကို
သက်ဆိုင်ရာ လင့်တွေမှာဖတ်ရှုနိုင်ပါတယ်။
University of the People🎓
Link:
https://www.facebook.com/share/p/14R8owEXhRe/
Parami University 🎓
Page:
https://www.facebook.com/share/17C2nfWe6U/
လူငယ်တွေအနေနဲ့
ပညာရေးကိုရယူတဲ့နေရာမှာ
အခွင့်အလမ်းတွေကိုသိရှိနိုင်ဖို့အတွက်
သတင်းအချက်အလက် လက်လှမ်းမမှီတာရှိနိုင်သလို၊ အခွင့်အလမ်းတွေရှိနေပေမယ့် ရယူနိုင်ဖို့ လိုအပ်တဲ့ Skills Requirements တွေ မရှိထားတာကြောင့် ခက်ခဲတာမျိုးလည်းရှိနိုင်ပါတယ်။ အခြား အခက်အခဲတွေလည်းရှိနေနိုင်ပါသေးတယ်။
Equalink အနေနဲ့လည်း
ကလေးငယ်တွေ၊ လူငယ်တွေအတွက်
လူငယ်တွေရဲ့ ဦးဆောင်မှူ၊
မျှဝေပံ့ပိုးမှူတွေကနေတဆင့်
ပညာရေးသတင်းအချက်အလက်၊
စွမ်းရည် လိုအပ်ချက်တွေကို တတ်နိုင်သလောက်ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
လူငယ်တွေအနေနဲ့ Equalink ကိုအသိပေးလိုတဲ့
ခုလက်ရှိ ကိုယ်လိုအပ်နေတဲ့ Skills စွမ်းရည်တွေနဲ့ အကြံပြုချက်တွေကို အောက်ပါလင့်မှာဖြည့်စွက်နိုင်ပါတယ်။
Link: https://forms.gle/M52LV4L99v8nTiZ68
Equalink နဲ့အတူ
ပူးပေါင်းလုပ်ဆောင်ချင်တဲ့လူငယ်တွေ၊
လူငယ်အဖွဲ့အစည်းတွေအနေနဲ့ လည်း
Interest Formကို
အောက်ပါလင့်မှာ ဖြည့်စွက်နိုင်ပါတယ်။
Interest Form:
https://forms.gle/ufspTRDpP1buxZeFA
"လူငယ်များပုံဖော်သည့်အသိုက်အဝန်း"