19/06/2026
အမှတ်တရလေး တင်ဦးမယ်နော် 🥰
ကျေနပ်ပျော်ရွှင်မှုတွေကို Sharing လုပ်တာပါ 🫶🏻
နောက်ပြီး Online Class တွေ ထိရောက်ပါ့မလား စိုးရိမ်နေတဲ့ ဖေဖေ မေမေ တို့ရေ ဒီကလေးလေးက Online တက်ရင်းစာကို အရမ်းကြိုးစားသူလေးပါနော် 🫶🏻
ခုကတော့ ကလေးလေးတွေရဲ့ မေမေတွေ ဖုန်းဆက်၊ စာပို့ပြီး အားပေးစကားပြောကြတာတွေကို သိပ်မတင်ဖြစ်ပေမဲ့... ဒီနေ့ message လေးကတော့ အရမ်းကို ပီတိဖြစ် ဝမ်းသာရလွန်းလို့ မမျှဝေဘဲ မနေနိုင်တော့တာပါ 🫶🏻
ဒီကလေးလေးက Swal Taw Learning Center စဖွင့်ကတည်းက စပြီး Join ခဲ့တာပါ။ Language အတွေ့အကြုံ လုံးဝ (လုံးဝ) မရှိခဲ့တဲ့ ကလေးလေးကို (၁) နှစ်မပြည့်သေးတဲ့ အချိန်ကာလအတွင်းမှာ ယုံကြည်မှုအပြည့်နဲ့ စိတ်ချလက်ချ အပ်နှံပေးခဲ့တဲ့ ဖေဖေ မေမေတို့ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။
အခုလို အတန်းထဲက (၅)ခန်း ၊ တစ်ခန်းချင်းစီ ရဲ့ အတော်ဆုံးတွေချည်း ပြိုင်ကြတဲ့အထဲမှာ အမှတ်အများဆုံးရအောင် ကြိုးစားပြခဲ့တဲ့ သမီးလေးကိုလည်း တီချယ်တို့က အများကြီး ဂုဏ်ယူသလို၊ ကျေးဇူးလည်း တင်ပါတယ်ကွယ်။ 🥰👏
ကလေးတို့ရဲ့ အောင်မြင်မှုက တီချယ်တို့ရဲ့ ခွန်အားတွေမို့... ရှေ့ဆက်ပြီးတော့လည်း အများကြီး ကြိုးစားသွားပါဦးမယ်ရှင်။ ❤️
Swal Taw Learning Center
No.135, Sanpya2nd Street, Kinmalinkyune, Pathein.
09750052021,09750050521