Law Opportunity Sharing By NTDS

Law Opportunity Sharing By NTDS Legal Professional is a Novel Professional. L.L.B

22/08/2025

မိန်းမရဲ့ဆိတ်ကွယ်ရာကို ကျူးလွန်ခြင်းပုဒ်မဆိုတာ

21/08/2025

ပုဒ်မ- ၄၄၈ ဆိုတာ

11/08/2025

ကျေအေးနိုင်သောအမှုများအကြောင်း

22/07/2025

ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အခါ ဘယ်လိုပုဒ်မနဲ့ အရေးယူခံရနိုင်ပါသလဲ???


19/07/2025

ကြုံဖူးကြလား???

ကိုယ်အာမခံတဲ့ တရားခံပြေးရင်....

15/07/2025

ပြစ်မှုဆိုင်ရာ ဥပဒေ
တရားမ ဥပဒေ

အသရေဖျက်မှု(ပုဒ်မ ၅၀၀) ဆက်သွယ်ရေးဥပဒေ( ပုဒ်မ ၆၆ ဃ ) အကြောင်းသိကောင်းစရာ.ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှု(Defamation) ဟာ ရာဇသ...
29/05/2025

အသရေဖျက်မှု(ပုဒ်မ ၅၀၀)
ဆက်သွယ်ရေးဥပဒေ( ပုဒ်မ ၆၆ ဃ ) အကြောင်းသိကောင်းစရာ.

ပါးစပ်နဲ့ပြောတဲ့ အသရေဖျက်မှု(Defamation) ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာ Facebook အစသဖြင့် အွန်လိုင်းပေါ်မှာပါ ရောက်သွားမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃမြောက်ပါတယ်။

အွန်လိုင်းနဲ့ပဲပြောပြော စာနဲ့ပဲပြောပြော အွန်လိုင်းပေါ်ရောက်တဲ့ အဆင့်ရောက်ရင်တော့ အသရေဖျက်မှု သတ်မှတ် ဖွင့်ဆိုချက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ မြောက်ပါတယ်။

အွန်လိုင်းပေါ်တွင် ရိုင်းစိုင်းသည့် ကောမန့်များပေးခြင်း
Chat box တွင် ရိုင်းစိုင်းသည့်စကားများပြောဆိုခြင်း
အုပ်စုဖွဲ့၍ ရိုင်းစိုင်းသည့် စကားများပြောဆိုခြင်းများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနှင့်တိုက်ရိုက် အကြုံးဝင်သလို..

လူတစ်ယောက်က လူတစ်ယောက်ကို ဆက်သွယ်ရေး ဥပေဒပုဒ်မ ၆၆ ဃ နဲ့ဆွဲတဲ့အမှုကို ဒါလဲ အသရေဖျက်မှုပဲဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်သတ်မှတ်လို့ မရသလို ၆၆ ဃ ကို ပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ပဲ တရားလိုက ဆွဲချင်ဆွဲလို့ရပါတယ်။

မတူတာတွေကတော့. .

၁။ ၆၆ ဃ ဟာ (ရဲအရေးပိုင်) ရဲကအရေးယူပိုင်ခွင့်ရှိပြီး အသရေဖျက်မှုဥပဒေပုဒ်မ ၅၀၀ ကေတာ့ (ရဲအရေးမပိုင်) ရဲကအရေးယူပိုင်ခွင့် မရှိပါဘူး။

၂။ ပြစ်ဒဏ်မတူကြပါဘူး ။ပြစ်မှုထင်ရှားရင်
၆၆ ဃ = ထောင်ဒဏ်သုံးနှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံးကျခံရပါတယ်.
ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံး ခံရမှာ ဖြစ်ပါတယ်။

၃။ ၆၆ ဃ ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို တိုင်ကြားနိုင်ခွင့်ရှိပြီး ပုဒ်မ ၅၀၀ မှာတော့ နစ်နာသူ ကာယကံရှင် ကိုယ်တိုင်သာလျှင် တိုင်ကြားစွဲဆိုရမှာဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၀(အသရေဖျက်ခြင်း) ကို အကျယ်တဝင့်ပြောရမယ်ဆို.

"အသရေဖျက်မှုမြောက်စေသည့်အင်္ဂါရပ်များ"

၁။ ပြောဆို၊ ရေးသား ၊ အမှတ်အသား၊ အမူအရာ၊ တို့သည် လူတစ်ဦးတစ်ယောက်၏ ဂုဏ်သရေ ကိုပျက်ပြားစေသည်ပြုလုပ်မှုဖြစ်ရမည်။

၂။ နစ်နာသူ (တရားလို) ကိုရည်ညွှန်းသည့်ပြုလုပ်မှုဖြစ်ရမည်။

၃။ သတင်းစာ ၊ ဂျာနယ် များ သို့မဟုတ် နှုတ်ဖြင့်ပြောဆိုခြင်း ၊ ကြေညာခြင်းတို့ဖြင့်ပြုလုပ်ခြင်းဖြစ်ရမည်။

၄။ နစ်နာသူ(တရားလို)နှင့် ပတ်သက်၍မမှန်မကန်သည့် အကြောင်းပြချက်များဖြင့်ပြုလုပ်ခြင်းဖြစ်ရမည်။

အထက်ပါ အင်္ဂါရပ်(၄)ရပ်နှင့်ပြည့်စုံပါကပြုလုပ်သူ မည်သူ့ကိုမဆို ပြစ်မှုကြောင်းဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၀ အရ တရားရုံး၌ ဦးတိုက်လျှောက်ထားခြင်းဖြင့် လည်းကောင်း၊ တရားမနစ်နာမှုဥပဒေ အရ နစ်နာကြေး ၊လျော်ကြေးငွေကို တရားမကြောင်းဖြင့်တရားစွဲဆို၍လည်းကောင်း သက်သာခွင့်များတောင်းဆိုနိုင်ပါသည်။

"အသရေဖျက်မှု ( Defamation) မမြောက်ကြောင်း ထုချေနိင်သည့် ကင်းလွတ်ချက်များအကြောင်း ဥပေဒ ဗဟုသုတ"

လူတစ်ဦးတစ်ယောက် လူပုဂ္ဂိုလ်သိက္ခာ၊ လုပ်ငန်းသိက္ခာ၊ တို့ကိုကျဆင်းအောင်၊ ထိခိုက်အောင်၊ပြောဆိုခြင်း၊ရေးသားခြင်း၊
အမှတ်အသား၊ အမူအရာတို့ဖြင့်ပြုလုပ်ဆောင်ရွက်လျှင် ဂုဏ်သရေ ထိခိုက် စွပ်စွဲခံရသူက တရားလိုပြုလုပ်၍ အသရေထိခိုက် ပျက်ပြားအောင်ပြုလုပ်ဆောင်ရွက်သူ အပေါ်ပြစ်မှုကြောင်းဖြင့် လည်းကောင်း၊ တရားမကြောင်းဖြင့်လျော်ကြေးငွေတောင်းဆိုခြင်းဖြင့်လည်းကောင်း၊ တရားရုံးများတွင်တရားစွဲကြပါသည်။
အသရေဖျက်မှုဖြင့်စွပ်စွဲခံရသူ အနေဖြင့်မိမိ၏ ပြုလုပ်ဆောင်ရွက်မှုသည် အသရေဖျက်မှုမမြောက်ကြောင်း အောက်ဖေါ်ပြပါကင်းလွတ်ချက်(၁၀)ချက်ဖြင့် ထုချေဖြေရှင်း နိင်ပါသည်။

(၁) မှန်ကန်သည့်အပြင် အများပြည်သူတို့၏ အကျိုးအတွက် ပြောကြားကြေညာခြင်းဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၂)ပြည်သူ့ဝန်ထမ်း၏ တာဝန်ဝတ္တရားကိုဆောင်ရွက်ကြောင်း ထုချေနိင်ပါသည်။

(၃) အများပြည်သူတို့၏ပြဿနာတွင် တစ်ဦးတစ်ယောက်၏ အကျင့်စာရိတ္တနှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပေးခြင်း ဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၄)တရားရုံး မှုခင်းဆောင်ရွက်ချက်များနှင့် အမိန့်စီရင်ချက်များကို မှန်ကန်စွာကြေညာခြင်းဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၅)တရားရုံးမှုခင်းများတွင် ပါဝင်သောအမှုသည်၊ ကိုယ်စားလှယ်နှင့်သက်သေတို့၏ အပြုအမူ၊ အကျင့်စာရိတ္တနှင့် စပ်လျဉ်း၍ သဘောရိုးနှင့် ထင်မြင်ချက်ပေးခြင်း ဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၆)စာရေးဆရာ တစ်ဦးအား သဘောရိုးဖြင့်ဝေဖန်ခြင်း ဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၇)အခွင့်အာဏာရှိသူ တစ်ဦးက ဥပဒေနှင့် အညီအပြစ် ပေးခြင်းဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၈)အခွင့်အာဏာရှိသူထံ ဥပဒေနှင့် အညီအခြားသူတစ်ဦးအကြောင်းကို စွပ်စွဲပြောဆိုခြင်းဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၉)မိမိ၏အကျိုး၊ သူတစ်ပါး၏အကျိုး၊ သို့မဟုတ်အများပြည်သူ၏ အကျိုးအတွက် ကာကွယ်စွပ်စွဲခြင်းဖြစ်ကြောင်း ထုချေနိင်ပါသည်။

(၁၀)သူတစ်ပါး သို့မဟုတ် အများပြည်သူ၏ အကျိုးအတွက် သတိပေးခြင်းဖြစ်ကြောင်း ထုချေနိင်ပါသည်။

ဆက်သွယ်ရေး ဥပေဒ ပုဒ်မ ၆၆

ယနေ့လို Facebook အသုံးပြုပြီး ကိုယ့်စကားကိုယ် တာဝန္မယူ၊ သူတစ်ပါးကိုပြစ်တင်ဝေဖန်၊ ဆဲဆိုစော်ကား၊ အသရေဖျက်နေတဲ့ ကာလမွာ လူတိုင်းသိထားသင့်ပါတယ်။

၆၆..မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။

(က) ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ခွင့်ပြုချက်မရှိပဲဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။

(ခ)ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန်ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း။

(ဂ)ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း။

(ဃ)ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာသုံးခြင်း ခြိမ်းခြောက်ခြင်း၊

အလွယ်ပြောရရင်

(က) Facebook/ Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း၊ Gmail ပြောင်းခြင်းပါ။

(ခ) Link အတုတွေကတဆင့် အချက်အလက် Password ခိုးယူခြင်းပါ။

(ဂ) Online Shop ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။

(ဃ) Facebook ကတဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊ Mention ခေါ်ဆဲခြင်း၊ ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ Tag တွဲခြင်း၊ Post ကို Share အပြစ်တင်ခြင်း စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲသည့်အပြင် ကြားလူတစ်ယောက်ကအမှု့ဖွင့်တိုင်ကြားနိုင်ပါသည်ဟု ရေးသားတင်ဆက်အပ်ပါသည်။

ပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုရာ၌လက်ရောက်ရလိုကြောင်းတောင်းဆိုသောပစ္စည်းသည်တရားလိုပိုင်ဖြစ်ကြောင်းထင်ရှားရန်လိုအပ်သည်။(ဦ...
10/07/2024

ပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုရာ၌
လက်ရောက်ရလိုကြောင်း
တောင်းဆိုသောပစ္စည်းသည်
တရားလိုပိုင်ဖြစ်ကြောင်းထင်ရှားရန်လိုအပ်သည်။

(ဦးကျော်ဝင်းနှင့် ဒေါ်ဆန်ဂါရာမား ၁၉၉၁ မတစ- ၇)

အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက် မေးခွင့်ပြုပါခင်ဗျာ။ ၁။ အိမ်ရှင်အနေဖြင့် အိမ်ဌားတဦးအား ၃လ၊ ၆လ၊ ၁နှစ် အဌါးစာချုပ်ဖြင့် ၇...
09/07/2024

အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက် မေးခွင့်ပြုပါခင်ဗျာ။

၁။ အိမ်ရှင်အနေဖြင့် အိမ်ဌားတဦးအား ၃လ၊ ၆လ၊ ၁နှစ် အဌါးစာချုပ်ဖြင့် ၇ နှစ်ဆက်တိုက်ဌားရမ်းထားမိပါက ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း ဆင်းခိုင်း၍မရတော့ခြင်းစသည့် ဥပဒေအရ တနည်းနည်းဖြင့် အကြပ်ကိုင် ခံရနိင်ပါသလား?

၂။ သိုမဟုတ် ဘယ်နှနှစ်ဆက်တိုက် အိမ်ဌားတဦးတည်းအား အဌားစာချုပ်ဖြင့် ဌားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ?

၃။ ထိုသို့ပြသနာများမဖြစ်ပေါ်စေရန် အိမ်ရှင်အနေဖြင့် မည်သို့သောအကာအကွယ်ကို ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ? ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။

အရပ်စကားအရ...အိမ်ငှားထားရင် ကိုယ့်အိမ်မှာ နှစ်ရှည်အငှားမထားနဲ့ နှင်လို့မရဖြစ်သွားမှာ စိုးရိမ်တယ်။ တချို့ကနှစ်ကြာသွားရင် အိမ်ပိုင်သွားတယ်.. အဲလိုတွေ စိတ်ပူတတ်ကြပါတယ်။

�အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ထားတဲ့သူက ဘယ်နှနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားထား အိမ်ငှားက အိမ်ငှားပါပဲ အိမ်ပိုင် ဖြစ်လာစရာ အကြောင်းမရှိပါဘူး။
ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှားအနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားကအိမ်ပိုင်ရှင် ဖြစ်မလာနိုင်ပါဘူး။

�ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိပါတယ်။ဥပမာ ခွင့်ပြုချက်နဲ့ထားတယ် ။
အဲဒီခွင့်ပြုချက်နဲ့ထားတဲ့သူကိုဖယ်ချင်ပြီဆိုရင် ဦးလေးရေ ဖယ်ပေးပါလို့ ပြောလိုက်လို့အေးဆေးဖယ်ပေးလို့ရှိရင် ပြဿနာမရှိပါဘူး။ အကယ်၍ မဖယ်ပေးဘူးဆိုရင် နို့တစ်စာထုတ်ရပါတယ်။

�နို့တစ်စာ ထုတ်တယ်ဆိုတာကတော့ ခွင့်ပြုချက်နဲ့နေထိုင်ခွင့်ပြုထားတဲ့ဟာကို ရပ်စဲလိုက်ပါပြီလို့ ဆိုလိုတာပါ။
အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရပ်စဲပြီးပြီးဆိုမှသာ တရားစွဲလို့ရတာပါ။ခွင့်ပြုချက်ကို မရုပ်သိမ်းပဲ နို့တစ်စာမပေးပဲနဲ့ တရားစွဲဆိုလို့မရဘူး။

တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်။ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲတဲ့အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလိုမစွဲဖြစ်ဘူး ဖြစ်သွားရင် ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုကစွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ် ဥပဒေကိုတော့ လူတိုင်းသိသင့်ပါတယ်။

ကာလစည်းကမ်းသတ်ဥပဒေက....ခွင့်ပြုချက်နဲ့ထားတာကို ရပ်စဲလိုက်ပြီး အိမ်ငှားကမဆင်းပေးဘူးဆိုရင် ၆နှစ်အတွင်း တရားစွဲလို့ရပါတယ်။

၆ နှစ်ကျော်သွားပြီးဆိုရင်တော့ ခွင့်ပြုချက်နဲ့ထားတဲ့သူ ကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။

အဲလိုပဲ အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ်လာနိုင် ဘူး။သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိိုရင်...
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ ဘယ်နေ့၊ ဘယ်ရက်မှာတော့ ဆင်းပေးပါ တော့ဆိုတာ ဒီနို့တစ်စာမှာ ပါရပါမည်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ မှာနောက်ဆုံးထားပြီး အိမ်ကို ပိုင်ရှင်ထံသို့ လက်ရောက်ပေးအပ်ပါတော့.. ဆိုပြီး နို့တစ်စာ ထုတ်ရပါတယ်။

နောက်တနည်းကတော့ အိမ်ငှားစာချုပ်ထဲမှာ ချုပ်ဆိုထားတဲ့အတိုင်း ငှားရမ်းခြင်းမပြည့်မီ (၁)လကြိုတင် အကြောင်းကြားပေးရပါမယ်။ ဒါက ဥပဒေနှင့်အညီ အိမ်ငှားကို နေအိမ်မှ ဖယ်ရှားခိုင်းခြင်းဖြစ်ပါတယ်။
နို့တစ်စာထုတ်သည်ဖြစ်စေ၊ အကြောင်းကြားသည်ဖြစ်စေ ပိုင်ရှင်မှ ငှားရမ်းခဖြတ်တောက်ပြီး ကြည်ကြည်ဖြူဖြူ မဆင်းပေးရင် တရားစွဲရလို့ရပါတယ်လေ။ အဲ့ဒီလို တရားမစွဲပဲ နေပါစေ နောက်မှ ပြောမရတဲ့အဆုံးမှ တရားစွဲတဲ့အခါ အချိန်လွန်သွားမှ ဆိုရင် အမှုရှုံးနိုင်ကြောင်း ကာလစည်းကမ်းသတ်ဥပဒေမှာ ဖော်ပြထားတယ်။

ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း ပိုင်ရှင်က တရားစွဲရတာပါ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်ပိုင်း တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
အဲ့ဒီမှာသတိပြုဖို့ကတော့ - ဥပမာ မစွဲဖြစ်ဘူး ဆိုပါတော့ နို့တစ်ထုတ်လိုက်တယ်၊တရားမစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။

�တရားဝင်ပြန်ရုပ်သိမ်းထားရတာပါနော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။
သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံးဝင်သွားလို့ ခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းတရားစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။

အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း တရားစွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင် တရားစွဲရင်စွဲ၊မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက်ပါ ။ မရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတော့ပါဘူး။နှင်လို့မရဘူးလို့ပြောတာနော် အိမ်ပိုင်သွားတာတော့မဟုတ်ပါ

နှစ်ရှည်ငှားတဲ့သူများအတွက် သတိပြုစေလိုပါတယ်။ အကယ်၍ နှစ်ရှည်ငှားမယ်ဆိုရင် မှတ်ပုံတင်ရုံးမှာ register တင်ထားပြီး ငှားရင်တော့ ပိုစိတ်ချရပါမယ်။

မူရင်းရေးသားသူအား credit ပေးပါတယ်။
#ဥပဒေရေးရာ

Address

No 15 Myatto Quarter Pathein
Pathein

Website

Alerts

Be the first to know and let us send you an email when Law Opportunity Sharing By NTDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share