The Spark Edu

The Spark Edu Hello guys! Welcome to our official page,GHELC.

🍀
27/04/2026

🍀

Merry Christmas to you all!🍀🫶Holy Moly Christmas event လေး အပြီးမှာ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ club ကို ရပ်နား...
25/12/2024

Merry Christmas to you all!🍀🫶
Holy Moly Christmas event လေး အပြီးမှာ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ club ကို ရပ်နားခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ခြင်းတစ်ခုဟာ စတင်ခြင်းရဲ့ အစ လည်း ဖြစ်နိုင်တာဘဲနော်။
ဘယ်လို စတင်မလဲ ဆိုတာကတော့... stay tuned

✨🎁🎄


be ending is a start of something new.✨

Welcome Back to GHELC ✨အပတ်စဉ်မပျက်မကွက် Monday Program လေးကနေ ပြန်လည် ကြိုဆိုပါတယ်နော် Learners တို့ရေ။လွန်ခဲ့တဲ့အပတ်က ...
29/01/2024

Welcome Back to GHELC ✨

အပတ်စဉ်မပျက်မကွက် Monday Program လေးကနေ ပြန်လည် ကြိုဆိုပါတယ်နော် Learners တို့ရေ။

လွန်ခဲ့တဲ့အပတ်က မင်မင်တို့ တင်ထားတဲ့ "What is Synonym" ဆိုတဲ့ content လေးကို ဖတ်ပြီးကြပြီဟုတ် 😁

🍀 သည်တပတ်မှာတော့ သည် Content လေး အကြောင်းကို ပြန်ဖတ်စေချင်တဲ့ သဘော....

🍀 Synonym ‌တွေရဲ့အကြောင်းကို Learners တို့ရင်ထဲစွဲသွားစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့

Quiz လေးသုံးခုကို Admin Team မင်မင်ကနေ ပြင်ဆင်ပေးထားပါတယ် နော်။💖

(အဖြေတွေကို Comments တွေအောက်မှာ reply ပြန်ပေးမှာပါ။ )✨✨✨

Quiz လေးတေ ဖြေပြီး English စာ တိုးတက်စေဖို့ ၊GHELC ကို like and follow လုပ်ပေးဖို့မမေ့နဲ့နော်။🥰



Hello Learners'📣ဒီတစ်ခါ GHELCကနေ မင်မင် sharing လုပ်ပေးချင်တဲ့အကြောင်းလေးကတော့ English စာလေ့လာရင်း Level-up လုပ်ရာမှာ အဓ...
17/01/2024

Hello Learners'📣

ဒီတစ်ခါ GHELCကနေ မင်မင် sharing လုပ်ပေးချင်တဲ့အကြောင်းလေးကတော့ English စာလေ့လာရင်း Level-up လုပ်ရာမှာ အဓိကအရေးပါလှတဲ့ Synonymsတွေ အကြောင်းပဲဖြစ်ပါတယ် 📝

So, let's find out Synonyms 🥰

What is Synonym? (English)

🔖A synonym is a word or phrase that has a similar or identical meaning to another word in the same language.

For example, "happy" and "joyful" are synonyms since they both convey the idea of experiencing positive no

Synonym ဆိုတာဘာလဲ??? (ဗမာ)
🔖 Synonym ဆိုတာက ဘာသာစကားတစ်ခုမှာ အခြားစကားလုံးတစ်လုံးနှင့် ထပ်တူအဓိပ္ပာယ်တူသော သို့မဟုတ် ထပ်တူအဓိပ္ပာယ်ရှိသော စကားလုံး သို့မဟုတ် စကားစုတစ်ခုပဲဖြစ်ပါတယ်။

Learnersတို့ရဲ့ English Skills တွေကို တစ်ဆင့်ထက်တစ်ဆင့် Boost လုပ်ဖို့ဆိုရင် Synonymous words and phrases (အဓိပ္ပာယ်ဆင်တူရှိသော စကားလံုးတွေကို ရွေးချယ်သံုးတတ်ဖို့ မမေ့ပါနဲ့နော်🔍🔍

‌ဒါဆို
သောကြာနေ့ program မှာ ပြန်လည် ဆုံတွေ့ကြမယ်နော်....💖

ာသင်ကြမယ်

📣 Hello welcome back guys ....ဒီနေ့ဘာနေ့လေးလဲ သိကြလား...Knowledge sharing dayyyyy...📢📢📢📢ကျနော်ကဒီနေ့တော့ sport နဲ့ပတ်သက်...
15/01/2024

📣 Hello welcome back guys ....
ဒီနေ့ဘာနေ့လေးလဲ သိကြလား...
Knowledge sharing dayyyyy...📢📢📢📢

ကျနော်ကဒီနေ့တော့ sport နဲ့ပတ်သက်တဲ့ idioms လေးတွေမျှဝေပေးချင်ပါတယ်......👏👏👏

IDIOMS ဆိုတာဟာ native ဆန်ဆန် စကားပြောတဲ့ပုံပေါ်စေတာမို့ eng learners တိုင်းလေ့လာထားသင့်ပါတယ်နော် 😺
*၅လုံးတည်းမို့တစ်ခ့တည်းမှတ်သွားပေးနော်🥰

(ပုံတစ်ပုံချင်းအောက်မှာ စာပါပါသည်။)

Hello hello ...Learners🙂Welcome back to GHELC again....🙂အားလုံးသိတဲ့အတိုင်း First Step of Basic English ဆိုတာနဲ့ Eight P...
10/01/2024

Hello hello ...Learners🙂
Welcome back to GHELC again....🙂
အားလုံးသိတဲ့အတိုင်း First Step of Basic English ဆိုတာနဲ့ Eight Parts of Speech ကို ပြေးမြင် ရမှာပါ။ ဒါကြောင့် သည်နေ့လေးမှာတော့ GHELCကနေ Wednesday knowledge sharing အနေနဲ့ မျှဝေပေးပါရစေ။

(1) Noun -နာမ်
သက်ရှိ သက်မဲ့ နဲ့ စိတ္တဇ နာမ်တွေ အကုန် ကို‌ခေါ်တာ။အမည် နာမ အခေါ်အဝေါ်။eg. Mg Mg , Yangon ,Attachment ,

*တိတိကျကျ ပြောဆိုသုံးနှုန်းချင်ရင် articles - a,an,the တွေရှေ့ကထည့်ပြောကြတယ်။eg. a girl, the earth, an apple ....

*Common nouns များက လွဲရင် အမည်တွေဆို Capital letter ဖြင့်ရေးကြတယ် ။eg . Yangon, Mg Mg ...

*Noun တွေမှာ singular ,plural , concrete, abstract အသုံးလေးတွေရှိတယ် ။
Eg. A book, the books, a cake , head, arm, affection,

*ပိုင်ဆိုင်မှုအသုံးလေးတွေပြောချင်ရင်တော့ noun မှာ 's အသုံးလေးဖြင့် သုံးကြတယ် ။eg .Mg Mg 's book, Teacher's pen...
ထိုသို့ဖြင့် ကျ‌ေနာ် တို့ဝန်ကျင်မှာ Noun တွေပြည့်နှက်နေတာသတိထားမိပြီပေါ့....

(2)Pronoun -နာမ်စား
နာမ်တွေအစား သုံးတာပေါ့ ။မြမြ လှလှ ဒါမျိုး ထပ်ခါထပ်ခါ မသုံးချင်တော့ သူ/သူမ စသဖြင့် pronounတွေရဲ့ အခန်းက အရေးပါလာတာပေါ့ ။

Pronouns တွေကတော့...
I,We,You,They,He,She,It.

Eg.Mya Mya is my roommate.She is my older sister .
သူ့မှာလည်း အသုံးပြုပုံ level လေးတွေရှိတာသိထားဖို့တော့လိုတယ်နော် ....
I(သည်) sub
Eg.I love you

Me (ကို) obj
Eg. She hit me .

My (၏) possessive
Eg.My heart is you.

Mine (ပိုင်ဆိုင်သောအရာ)
Eg.This pen is mine.(This pen is my pen)

Myself(ကိုယ်တိုင်)
Eg.I know myself .
ဒီလောက်ဆို ရှင်းလောက်ပြီထင်ပါရဲ့.....

(3)Verb -ကြိယာ
ပြုလုပ်ဆောင်ရွက်တာ ခံစားချက် ဒါတွေပြတာ VeRb ပါပဲ ။eg.eat,go,do,love,hate
VerBမှာလည်းပဲ plural,singular ရှိပါတယ်။ sပါရင် singular . sမပါရင် plural ပေါ့။ဒါဟာ ရှေ့က Sub နဲ့ချိန်ထိုးမီညှိလို့ရတာမျိုးပေါ့။ဒါ့ပြင်သူ့မှာ dynamic verbs and stative verb ဆိုပြီးရှိသေးတယ် ။အဓိက အုပ်စုခွဲကြတာတော့ Main Verbs and Helping Verbs ပေါ့ ...

Eg. I go to school every single day.(Go= Main Verb)

I am a student and I am so clever.(Am = Helping Verb)

4) Adjective -နာမဝိသေသန
နာမ် ဒါမှမဟုတ် နာမ်စားတွေကို အထူးပြု ဂုဏ်တင်ပေးတာပေါ့။
Eg. She is so clever .
Hla Hla is a beautiful girl.

*မြန်မာပြန် (သော) ဖြင့်ဆုံးသော စကားလုံးများ ။eg . curious -သိလိုစိတ်ပြင်းပျသော
*နောက်ထပ်မှတ်ရမှာတစ်ခုက Be+Adj= Verb
Eg. He is so handsome.

(4)Adverb-ကြိယာဝိသေသန
Verb, Adjective, another adverbတွေကိုအထူးပြုပေးတယ် ။like ..extremely ,lovely,
Ly ဖြင့်အဆုံးသတ်များတယ် ။မြန်မာလို (စွာ)ဖြင့်ဆုံးသည် ။Adj၊Verbများကို ly ထည့်လျှင် advရသည်.... Kindly, strongly, carefully...
Eg. She gives the answer actively.
Sentences နောက်ဆုံးနဲ့ adjရှေ့ ,Verbs ကြားတွင် အသုံးများသည်။

(6)preposition -ဝိဘတ်
နေရာ၊အချိန်တွေရဲ့ရှေ့မှာမဖြစ်မနေထည့်ရတယ်။verb +preposition အနေဆိုလျှင် verb ရဲ့မူလအဓိပ္ာယ်ပြောင်းသုံးသည် ။phrasal verb ဖြစ်နိုင်သည်။

*Prepositions
By, under, beside,up,on,in,into,onto,below,between,....
Eg. a cat is under the box.
Brust-ပေါက်ကွဲသည်။
Brust in - အော်မိသည်။

(7)Conjunction -စကားစပ်
အဓိကတော့ sentence,phrase,clauseတွေက်ုဆက်တယ်။သူ့မှာလည်း အသုံးကွဲကြတယ် ညီတူညီမျှ ဝါကျတွေဆို as well as ,and , ဒါမျိုးသုံးတယ်။အကြောင်းပြချင် ၊ငြင်းချင်ရင်
Despite,although,neither,butပေါ့.
အကြောင်းအရင်းရှင်းချင်ရင် since,because,
Grammar အသုံးများသည် English စာအတွက်အရေးပါသော conjunction များဖြစ်ပါတယ်။

(8)Interjection -အာမေဍိတ်စကား
ပြောချင်တဲ့စကားပျုမိုလေးနက်စေချင်၊ခံစားချက်တွေထင်သာမြင်သာရှိစေချင်ရင်သုံးတယ်။
ယနေ့ခေတ်မှာတော့ emojiလှလှလေးတွေနဲ့အစားထိုးသုံးနေကြပြီပေါ့ ...
*Interjection..
Wow,Woop,ahh, ohh!!!!
Eg,Ohh!What's this?
Wow !How beautiful?
ဒီလောက်ဆိုရင်တော့ အခြေခံအသုံးလေးတွေနားလည်လောက်ပြီထင်ပါတယ် ။သိချင်တဲ့အကြောင်းလေးတွေလည်း မေးခဲ့ဖို့မမေ့နဲ့နော် ...🙂

08/01/2024

📣 English စာလေ့လာနေရင်း Pretty good , pretty well စတဲ့ အသုံးတွေကို ကြားဖူးနေတာကြာပြီဟုတ်။ 🤭

ဒါပေမဲ့ သေချာလေး pretty အကြောင်းကို သိချင်တယ်ဆိုရင်တော့ ‌သည်စာလေးကို သေချာဖတ်ဖို့တော့လိုမယ်နော်။🍀

မင်တို့ တွေက Pretty ကို adv အနေနဲ့ adj သို့ အခြား adv ရဲ့ အရှေ့မှာ သုံးလို့ပြီး အသုံးပြုတဲ့အချိန်မှာတော့ pretty ဟာ quiet (လုံးဝ) ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ဒါပေမဲ့ pretty ကို သည်နည်းနဲ့ သုံးမယ်ဆိုရင်တော့ informal ဖြစ်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။🥰

✨ ဆက်ပြီး example လေးတွေကို ကြည့်ရအောင်နော်။👇👇👇

Eg. I’m pretty sure we’ve met before. Were you at Clare Harding’s wedding? (Pretty sure- လုံးဝ သေချာတယ်)

You need to get there pretty early to get a good seat. (Pretty early - အစောကြီး၊ တော်တော်စောစော)

✨ But.. modifier အနေနဲ့ သုံးရင်တော့ Almost (လုနီးပါး) ဆိုတဲ့ အဓိပ္ပာယ်ကို ကူးပြောင်းသွားပါတယ်။🥺

Eg. That’s pretty well all we need to do this morning, so why don’t we break for lunch?
(Pretty well - ကောင်းကောင်း ပြီးလုနီး)

📣 Warning✨✨

🍀 Pretty ကို formal usages တွေအတွက်မသုံးပါဘူး။ formal အတွက်ဆို quite, fairly က သုံးဖို့ အသင့်တော်ဆုံးပါ။

🍀 Pretty နဲ့ very က မတူပါဘူး။

Eg. It was very kind of you to lend us your car when we stayed with you.

Not: It was pretty kind of you …❌

🍀 Pretty ကို negative sentences တွေမှာ မသုံးပါဘူး။

Eg. The restaurant wasn’t very good, really. I don’t think we’ll go there again. (or The restaurant wasn’t so good …)

Not: … wasn’t pretty good …❌

ဒါဆိုရင်တော့ pretty ဆိုတဲ့ အသုံးလေးနဲ့ ပက်သက်ပြီး အတော်အတန် သတိမူမိမှာပါ။ 🥰

မင်မင်တို့ GHELC ရဲ့ နောက် program တေမှာလည်း English language နဲ့ ပက်သက်ပြီး သည့်ထက် ဗဟုသုတရဖွယ်အကြောင်းလေးတွေကို knowledge sharing လုပ်ပေးမှာမလို့ like and follow လုပ်ဖို့ မမေ့ပါနဲ့နော်။✨

Hello learnersWelcome back to GHELC with Wednesday Program 📣✨ဒီနေ့ GHELC learners တို့အတွက် Shareပေးချင်တဲ့အကြောင်းလေးကတ...
03/01/2024

Hello learners
Welcome back to GHELC with Wednesday Program 📣✨

ဒီနေ့ GHELC learners တို့အတွက် Shareပေးချင်တဲ့အကြောင်းလေးကတော့ Future Impossible Tenseလေးပဲဖြစ်....

အယ် ......မှားလို့ 😆
Future Tense လေးထဲကမှ
(am/is/are + going to + base of a verb)
အကြောင်းလေး knowledge sharing အနေနဲ့ ဝေမျှပေး သွားမှာပါ။🍀✨

Be going to …. ပုံစံလေးကိုတော့ future plans တွေ future intention တွေ ပြောတဲ့အခါမျိုးမှာသုံး ပါတယ် 🤔

ပထမတစ်မျိုးကတော့ ~~~

1. When we have already decided or we INTEND to do something in the future. (Prior Plan)
မိမိက အနာဂတ်မှာ လုပ်မယ်လို့ ဆုံးဖြတ်ပြီးသား ကိစ္စတွေ မှာသံုးပါတယ်

For example:
• They're going to retire to the beach - in fact they have already bought a little beach house.
• I'm going to accept the job offer.

ဒုတိယ အသံုးလေးကတော့

2. When there are definite signs that something is going to happen. (Evidence)
တစ်ခုခုက ဖြစ်တော့မယ်ဆိုတဲ့ သက်သေပြချက်ရှိတဲ့အခါမျိုးမှာ သုံးပါတယ်
For example:
• I think it is going to rain - I just felt a drop.
• I don't feel well. I think I'm going to throw up. (throw up = vomit)

နောက်တစ်မျိုးကတော့

3. When something is about to happen:
အဖြစ်အပျက်တစ်ခုက မကြာခင်မှာ ဖြစ်ပွါးတော့မယ့် အချိန်မျိုးမှာသံုးပါတယ်

For example :
• Get back! The bomb is going to explode.

ကဲနောက်ဆုံးတစ်ခုကတော့ မင်မင်တို့အတွက်အရေးပါလှတဲ့ New Year’s resolutions တွေချမှတ်တဲ့အခါမျိုးမှာ သံုးပါတယ်

New Year’s Resolutions ရဲ့အသုံးလေးတွေကို မင်မင်တို့ လာမယ့် Friday မှာ ဆက်လက်မျှဝေပေးသွား အုံးမှာမို့ like and see first လုပ်ထားဖို့ မမေ့နဲ့ နော် learnersတို့ရေ.....😍

Hello welcome back learners လေးတွေရေ🎊📣 Updateလေးတွေ မပေးဖြစ်တော့မေ့နေကြပြီလားဗျို့.....🥺👉👈 ဒါဆိုရင်တော့ဒီနေ့ ဒီpostလေးကိ...
01/01/2024

Hello welcome back learners လေးတွေရေ🎊

📣 Updateလေးတွေ မပေးဖြစ်တော့မေ့နေကြပြီလားဗျို့.....🥺👉👈

ဒါဆိုရင်တော့ဒီနေ့ ဒီpostလေးကိုဆုံးအောင်ဖတ်ပေးပါနော်...

ဘာလို့ဆို vogue ဖြစ်တဲ့ topicလေးနဲ့ knowledge sharingလေးလုပ်ပေးမလို့ပါ learners တို့ရေ📢📢📢

-Caffeine

ဟုတ်ပါတယ်ဗျ။ကျနော်တို့နေစဉ်ဘဝမှာ coffeineဓာတ်ကလည်း အရေးပါပါတယ်...✨

🍀 Coffeeလို့ပြောကြတာနဲ့ကျနော်တို့က Caffeineဓာတ်ကိုပြေးမြင်ကြစမြဲပါ။ဒါ့အပြင် Coffeeမှာ antioxidants နဲ့တခြားသော ဓာတ်တိုးပစ္စည်းများစွာပါဝင်လို့ ကျနော်တို့ internal inflammation နဲ့ ရောဂါတွေကကာကွယ်ပေးပါတယ်။Coffee သောက်ခြင်းဖြင့် ကျနော်တို့ယဉ်ပါးတာက depression တွေ stressတွေဖြေလျော့တာပါဘဲ ။နောက်တစ်ခုက အိုမင်းရင့်ရော်မှု နဲ့ အသဲရောဂါ ၊နှလုံးရောဂါ‌တွေကလည်း ကင်းဝေးစေမှာအသေချာပါဗျ။👌

(Coffee စစ်စစ်အတွက်သာ ရည်ညွှန်းတာပါနော်သဲတို့ရေ)

🔔ခုနောက်တစ်ပိုင်းကတော့ coffeeနဲ့ပတ်သတ်တဲ့ English အသုံးလေးတွေဝေမျှပေးမှာဖြစ်ပါတယ်။🕺

ကျနော်လို coffeeချစ်သူလးတွေကို
1)Coffeine Connoisseur
2)Coffeeholic
3)Caffein Fiend
4)Java lover
5)Caffeinator အဲ့လိုလေးတွေသုံးနော် အထာကျကျဘိုဆန်ဆန်🤭

#နောက်တစ်ခုက အချစ်တွေကို coffeeနဲ့ပုံဖော်ကြမယ်🤭
1) You +Me+Coffee= Happiness
2)I love you a latte
3)All you need is love and a cup of coffeeဟိ"😺

caption စဉ်းစားရခက်နေမှာစိုးလို့😾

1)Coffee is the best part of waking up
2)Life begins after coffee
3)Another day,another cup of coffee
ကဲသိကြပီ့လားသဲတို့ရေ😻

👉လူသောက်များတွေ coffee nameလေးတွေ ....
1)espresso
2)flat white
3)cappuccino
4)Americano
5)black Coffee
6)latte
* Weight ချသူတွေအတွက်လည်း coffeeက အကျိုးကျေးဇူးအများကြီးရှိတယ်နော်*✨✨✨

Learn more ,better world 🌍

Warmest Christmas greetings from Golden Hopes English Learners' Club! May this festive season illuminate your paths with...
25/12/2023

Warmest Christmas greetings from Golden Hopes English Learners' Club! May this festive season illuminate your paths with the glow of understanding, enriching your language skills and fostering a spirit of unity and learning. Wishing you joy, linguistic adventures, and a truly Merry Christmas!

📣 မင်မင်တို့ GHELC ရဲ့ Very first Event ဖြစ်တဲ့ "Holy Moly Christmas Event" ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဘဲ ဖြစ်ပါတ...
24/12/2023

📣 မင်မင်တို့ GHELC ရဲ့ Very first Event ဖြစ်တဲ့ "Holy Moly Christmas Event" ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဘဲ ဖြစ်ပါတယ်။ 🎉

တက်ရောက်ပေးကြတဲ့ participant တစ်ဉီးတစ်‌ယောက်ချင်းဆီကို ကျေးဇူးတင်သလို Very first step ဖြစ်တာမို့ technically junk တွေ error တွေ ဖြစ်တဲ့အခါ စိတ်ရှည်ရှည် ‌စောင့်ဆိုင်း ပေးကြလို့လည်း ကျေးဇူးပါခင်ဗျ။အမှားများကြုံခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။😞

နောက်ထပ် ပိုကောင်းတဲ့ အရာတွေကို ဖန်တီးရင်း အကောင်းဆုံး အမှားကင်းအောင် ဆက်လက်ကြိုးစားသွားမှာမလို့ အားပေးဝန်းရံပေးကြပါအုံးနော်။🫡❄️🎄

GHELC : Learn and fun with English...
Goodnight learners........✨
Sweet dreams...🍀🎶

(နောက်ဆုံးရိုက်ခဲ့တဲ့ ပုံလေးတေက ဝါးနေလို့ ရှိတာလေး နဲ့ အဆင်ပြေအောင် တင်ပေးလိုက်ရလို့ တောင်းပန်ပါတယ် ခင်ဗျာ)

Address

Pathein

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Spark Edu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share