GIA Private School

GIA Private School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GIA Private School, School, The corner of No. 3 Myaing Road, Pakokku.

05/08/2026

GIA ကိုယ်ပိုင်အလယ်တန်းကျောင်း မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပွဲ 🙏

GIA ကိုယ်ပိုင်အလယ်တန်းကျောင်း မိသားစုမှ ဝါဆိုသင်္ကန်းများကို ကြည်ညိုသဒ္ဓါစိတ်ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဤကဲ့သို့ ကုသိုလ်ကောင်းမှုများကို အတူတကွ ဆောင်ရွက်နိုင်ခြင်းအတွက် အထူးဝမ်းမြောက်ပီတိဖြစ်ရပြီး၊ ရရှိသော ကုသိုလ်အစုစုကို ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် GIA မိသားစုဝင်အားလုံး ထပ်တူထပ်မျှ ရရှိခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🙏 အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကုသိုလ်အကျိုးများ ရရှိခံစားနိုင်ကြပါစေ။



#ဝါဆိုသင်္ကန်းကပ်လှူပွဲ
#ကုသိုလ်ဒါန

📢 လေးစားအပ်ပါသော မိဘအုပ်ထိန်းသူများထံ GIA ကိုယ်ပိုင်ကျောင်းမှ အသိပေးအကြောင်းကြားခြင်းGIA ကိုယ်ပိုင်အလယ်တန်းကျောင်းသည် မြ...
30/07/2026

📢 လေးစားအပ်ပါသော မိဘအုပ်ထိန်းသူများထံ GIA ကိုယ်ပိုင်ကျောင်းမှ အသိပေးအကြောင်းကြားခြင်း

GIA ကိုယ်ပိုင်အလယ်တန်းကျောင်းသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် တရားဝင်လိုင်စင်ရရှိထားသော ကိုယ်ပိုင်ကျောင်း ဖြစ်ပါသည်။

ထို့ကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် သားသမီးများ၏ ပညာရေးအတွက် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပြီး စနစ်တကျ၊ အရည်အသွေးပြည့်မီသော သင်ကြားသင်ယူမှုများကို ရရှိနိုင်မည်ဖြစ်ပါသည်။

GIA ကိုယ်ပိုင်အလယ်တန်းကျောင်းသည် ကျောင်းသားကျောင်းသူများ၏ ပညာရေး၊ ကိုယ်ကျင့်တရားနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

GIA ကိုယ်ပိုင်အလယ်တန်းကျောင်း
"ယုံကြည်မှုဖြင့် အပ်နှံပါ၊ ပညာရေးဖြင့် စိန်ကောင်းတစ်ပွင့်ဖြစ်လာဖို့ GIA မှာ သွေးကြစို့ "




!

GIA ကျောင်းမှဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်💐💐💐(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ပန်...
29/07/2026

GIA ကျောင်းမှ
ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်💐💐💐

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား အထူးဂုဏ်ပြုအပ်ပါသည်။

နိုင်ငံတော်အတွက်အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အမှတ်ရလေးစားတန်ဖိုးထားကာ မိမိတို့၏ အရည်အချင်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဗဟုသုတများကို ထုတ်ဖော်ပြသနိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါသည်။

ယခုရရှိခဲ့သော အောင်မြင်မှုသည် အနာဂတ်ပညာရေးခရီးလမ်းတွင် ပိုမိုကြိုးစားအားထုတ်နိုင်ရန် အားအင်သစ်တစ်ခု ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဂုဏ်ယူပါတယ် ချစ်ရသော GIA ကျောင်းသား၊ ကျောင်းသူများ။
#အာဇာနည်နေ့
#ပန်းချီပြိုင်ပွဲ
#စာစီစာကုံးပြိုင်ပွဲ
#ဆုရကျောင်းသားကျောင်းသူများ

28/07/2026

ဒုတိယ ဝါဆိုလပြည့်နေ့ "ဓမ္မစကြာနေ့" ကျရောက်မည့်အချိန်အခါတွင် GIA ကျောင်းရဲ့ ဆရာ ဆရာမများ ကုသိုလ်များပွားများနိုင်စေရန် လစာများ ကြိုတင်စောစီးစွာဖြင့် ထုတ်ပေးနိုင်ခဲ့ရလို့ အရမ်းပျော်စရာကောင်း‌တဲ့ နေ့ရက်လေးအဖြစ် GIA ကျောင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်🥰🥰🥰




🤗🤗🤗

26/07/2026

နိုင်ငံတကာတွင် ကျယ်ပြန့်စွာဖြင့် နေရာယူလာသော တရုတ်ဘာသာစကားကို လွယ်ကူစွာဖြင့် မိခင်ဘာသာလို တတ်မြောက်ကျွမ်းကျင်လာဖို့ လုပ်ငန်းခွင် ဝင်ရောက်ချိန်တွင် တရုတ်စကားရဖို့ GIA ကျောင်းမှ သင်ယူတတ်မြောက်မှု မြန်ဆန်သော ကျောင်းနေအရွယ်ကလေးများအတွက် အထူးပြုသင်ကြားပေးနေသော Pinyin အခြေခံမှစလို့ အနာအကြား၊အပြော၊အဖတ်၊အရေး skills ၄ မျိုးလုံးကို သင်ကြားပေးနေပါသည်🥰🥰🥰




💁💁💁

25/07/2026

GIA ကျောင်းသား/သူတွေကတော့ July CET စာမေးပွဲပြီးတာနဲ့ကို အရမ်းပျော်နေသလားတော့ မသိဘူး အပြုံးတွေနဲ့ ရယ်သံတွေကြားက GIA ရဲ့ မြည်ဟိန်းနေသော ပျော်စရာအသံများ💕💕💕



#ကာယ/ဂီတ

18/07/2026

💁ကဲ.....ကဲ (၇၉)နှစ်မြောက် အာဇာနည့်နေ့ဆိုပြီး သိထားကြရုံပဲလား ?🤔

💁အာဇာနည်တွေက ဘယ်သူတွေလဲ သိဖို့ KG အတန်း ကလေးတွေက သေချာလေးပြောပြထားတဲ့ Video ‌မှတ်တမ်းလေးပါပဲ🥰







🇲🇲 (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲💁အာဇာနည်ခေါင်းဆောင်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုအောက်မေ့သည့်အနေ...
17/07/2026

🇲🇲 (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲
💁အာဇာနည်ခေါင်းဆောင်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုအောက်မေ့သည့်အနေဖြင့် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

👬ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ အတွေးအမြင်၊ ဖန်တီးနိုင်စွမ်းနှင့် နိုင်ငံချစ်စိတ်ကို စာပေနှင့် အနုပညာလက်ရာများဖြင့် ထုတ်ဖော်တင်ပြခဲ့ကြပါသည်။

💪အာဇာနည်တို့၏ စိတ်ဓာတ်ကို အစဉ်လေးစားဂုဏ်ပြုလျက် မျိုးဆက်သစ်များ၏ အသိပညာ၊ အတွေးအမြင်နှင့် နိုင်ငံချစ်စိတ်များ ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေရန် ဆက်လက်ကြိုးပမ်းသွားပါမည်။

"အာဇာနည်တို့ကို မမေ့၊ သမိုင်းကို လေးစား၊ အနာဂတ်ကို တည်ဆောက်။"

#အာဇာနည်နေ့

15/07/2026

🇲🇲 အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်) အကြိုဟောပြောပွဲ

အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးချစ်စိတ်ဓာတ်၊ စွန့်လွှတ်အနစ်နာခံမှုနှင့် နိုင်ငံအပေါ်ထားရှိခဲ့သော တာဝန်ယူမှုကို အမှတ်ရဂုဏ်ပြုလျက်၊ မျိုးဆက်သစ်များအနေဖြင့် သမိုင်းအမွေအနှစ်ကို နားလည်တန်ဖိုးထားနိုင်စေရန် ရည်ရွယ်၍ အာဇာနည်နေ့ အကြိုဟောပြောပွဲကို GIA ကျောင်းမှ ကျင်းပပြုလုပ်ခဲ့ပါသည်။

အာဇာနည်တို့၏ စိတ်ဓာတ်ကို အစဉ်လေးစားဂုဏ်ပြုလျက် နိုင်ငံနှင့် လူမျိုးအတွက် အကျိုးပြုနိုင်သော လူငယ်များဖြစ်အောင် ကြိုးစားကြပါစို့။

🇲🇲 "အာဇာနည်တို့၏ စွန့်လွှတ်မှုကို အမြဲအမှတ်ရ၊ သမိုင်းကို အစဉ်လေးစား။"
#အာဇာနည်နေ့



Address

The Corner Of No. 3 Myaing Road
Pakokku

Alerts

Be the first to know and let us send you an email when GIA Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category