CROWN Preschool&Education Centre

CROWN Preschool&Education Centre "ရင်သွေးငယ်များ၏ တောက်ပသော အနာဂတ်ဆီသို့..." LEARN,GROW,LEAD ���

15/06/2026

Fine Motor Activity (အသေးစား ကြွက်သားလှုပ်ရှားမှု) 😍😘👑💙💛

အဝတ်လှန်းကလစ်လေးတွေကို ကလေးတို့ ကိုယ်တိုင် ဖျစ်ပြီး ညှပ်ရတဲ့ ဒီ activity လေးက သာမန်ကစားနည်းတစ်ခုလို့ ထင်ရပေမဲ့ ကလေးတွေရဲ့ လက်မနဲ့ လက်ညှိုး အားစိုက်ထုတ်မှုကို အဓိက လေ့ကျင့်ပေးတာဖြစ်ပါတယ်။ 🤩🤩

ဒါဟာ နောင်တစ်ချိန်မှာ ခဲတံကို ပုံစံမှန်မှန်နဲ့ အားရှိရှိ ကိုင်တွယ်ပြီး စာရေးနိုင်ဖို့ (Pincer Grasp) အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ပါပဲ 📝💡

သားသားမီးမီးတို့ရဲ့ အသေးစားကြွက်သား ဖွံ့ဖြိုးမှု (Fine Motor Skills) ကို CROWN မှာ စနစ်တကျ သင်ကြားပေးလျက် ရှိပါတယ်ရှင် 🤩✊🏻💪🏻👑

👕 CROWN Education Centre's Official Uniform is Ready! 👕စောင့်မျှော်နေကြတဲ့ ကျောင်းဝတ်စုံလေးတွေ ကျောင်းကို ရောက်ရှိလို့လာ...
14/06/2026

👕 CROWN Education Centre's Official Uniform is Ready! 👕

စောင့်မျှော်နေကြတဲ့ ကျောင်းဝတ်စုံလေးတွေ ကျောင်းကို ရောက်ရှိလို့လာပါပြီ။

ပုံထဲကအတိုင်း စမတ်ကျပြီး ယုံကြည်မှုရှိစေမယ့် အနက်ပြာနှင့် အညိုရောင် ပေါင်းစပ်မှု ဒီဇိုင်းလေးပဲ ပါနော် 💙🤎

CROWN Education Centre တွင် တာဝန်ထမ်းဆောင်ရန် ဆရာ/မ များအလိုရှိပါသည်။မိမိတို့ 👑CROWN Education Centre👑တွင် မြန်မာနိုင်ငံ...
14/06/2026

CROWN Education Centre တွင် တာဝန်ထမ်းဆောင်ရန် ဆရာ/မ များအလိုရှိပါသည်။

မိမိတို့ 👑CROWN Education Centre👑တွင်

မြန်မာနိုင်ငံအစိုးရ မူလတန်းသင်ရိုးသစ်ကို

အခြေခံပြီး **လူမှုရေး** ဘာသာရပ်ကို
စိတ်ဝင်စားစရာကောင်းအောင် စနစ်တကျ
သင်ကြားပြသပေးမည့် တက်ကြွထက်သန်သော ဆရာ/ဆရာမများကို ဖိတ်ခေါ်အပ်ပါသည်။

📌 အလိုရှိသော ရာထူး

~လူမှုရေး (Social Studies) ပြင်ပဆရာ/မ (Full-Time )

📌 လုပ်ငန်းတာဝန်များ

~မူလတန်းအဆင့် (Grade 1 မှ Grade 5) အစိုးရသင်ရိုးသစ် လူမှုရေးဘာသာရပ်ကို ကျောင်းသား/သူများ နားလည်လွယ်စေရန် တီထွင်ဖန်တီးမှုရှိရှိ သင်ကြားပေးရမည်။

~သင်ခန်းစာအစီအစဉ် (Lesson Plan) များ ကြိုတင်ပြင်ဆင်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများကို အသုံးပြု၍ သင်ကြားခြင်း။

~ကလေးငယ်များ၏ သင်ယူမှုတိုးတက်မှုကို စဉ်ဆက်မပြတ် အကဲဖြတ်စစ်ဆေးပေးခြင်း။

📌 အရည်အချင်းသတ်မှတ်ချက်များ

~ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

~အစိုးရမူလတန်းသင်ရိုးသစ် (KG to Grade 5) နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး သင်ကြားရေးနည်းစနစ်အသစ်များကို နားလည်သူဖြစ်ရမည်။

~ကလေးများကို ချစ်ခင်စုံမက်ပြီး စိတ်ရှည်သည်းခံစွာဖြင့် နွေးထွေးစွာ ဆက်ဆံနိုင်သူ ဖြစ်ရမည်။

~စာသင်ကြားရာတွင် ပျော်ရွှင်တက်ကြွပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိသူ ဖြစ်ရမည်။

📌 ရရှိနိုင်မည့် အကျိုးခံစားခွင့်များ

~လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍ ညှိနှိုင်းလစာပေးပါမည်။

📩 လျှောက်ထားရန်နည်းလမ်း
စိတ်ဝင်စားသူများအနေဖြင့် မိမိတို့၏
ကိုယ်ရေးရာဇဝင် (CV Form)၊ ဘွဲ့လက်မှတ် နှင့် မှတ်ပုံတင်မိတ္တူ စသည်တို့ကို လူကိုယ်တိုင်ဖြစ်စေ၊ Viber/Telegram မှတစ်ဆင့် ဖြစ်စေ
ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

📍 ကျောင်းလိပ်စာ:** ပခုက္ကူမြို့၊မြို့သစ်ရပ်ကွက်၊ချယ်ရီလမ်း။

📞 ဖုန်းနံပါတ်:** 09-753172433, 09-421779677

🌐 Website:** www.crownpreschoolpku.com

**အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပါပြီ။**

မေမေတို့ စောင့်မျှော်နေတဲ့ CROWN Preschool ရဲ့ Uniform  Sample ပုံ လေးနဲ့မိတ်ဆက်ပေးလိုက်ရပါတယ်ရှင်! 👑🎓✨မေမေ တို့ရဲ့ရင်သွ...
14/05/2026

မေမေတို့ စောင့်မျှော်နေတဲ့ CROWN Preschool ရဲ့ Uniform Sample ပုံ လေးနဲ့မိတ်ဆက်ပေးလိုက်ရပါတယ်ရှင်! 👑🎓✨

မေမေ တို့ရဲ့ရင်သွေးငယ်လေးတွေ 😍😍
ကျောင်းတက်တဲ့အခါ ပိုမိုတက်ကြွပြီး
လှပသပ်ရပ်နေစေဖို့အတွက်
CROWN Preschool & Education Centre မှသပ်ရပ်လှပသော Uniform ဒီဇိုင်းကို ဖန်တီးထားပုံဖော် ပေးထားပါတယ်ရှင် 👑💙🤎

ကလေးငယ်လေးတွေ ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိစေမယ့် အသားကောင်းလေးတွေကို အထူးရွေးချယ်ထားလို့ တစ်နေ့တာလုံး ပျော်ပျော်ရွှင်ရွှင် သင်ကြားနိုင်မှာပါ။ 😍😚

📍 ဝတ်ဆင်ပုံ အစီအစဉ်-

• တနင်္လာနေ့နှင့်သောကြာနေ့ တွင်
ကျောင်းယူနီဖောင်းအပြည့်အစုံဖြင့် သပ်ရပ်စွာ ဝတ်ဆင်ပေးရပါမည်။

• အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့များတွင်
ကျောင်းမှသတ်မှတ်ထားသော
(မိမိကြိုက်နှစ်သက်ရာဝတ်စုံ) အား လွတ်လပ်စွာ ဝတ်ဆင်နိုင်ပါသည်။

သားသားမီးမီးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို CROWN မှာမြင်တွေ့ရဖို့ စောင့်ကြိုနေပါပြီရှင်။ 👑💙



"ရင်သွေးငယ်တို့ရဲ့ တောက်ပသော အနာဂတ်အတွက် CROWN မှာ စတင်ကြစို့" 🌟👑👑🌟ဖေဖေမေမေတို့ရေ...  🧔🏻‍♂️👱🏻‍♀️💫💫👑👑သားသားမီးမီးတို့ရဲ့ ...
30/04/2026

"ရင်သွေးငယ်တို့ရဲ့ တောက်ပသော
အနာဂတ်အတွက် CROWN မှာ စတင်ကြစို့" 🌟👑👑🌟

ဖေဖေမေမေတို့ရေ... 🧔🏻‍♂️👱🏻‍♀️💫💫👑👑

သားသားမီးမီးတို့ရဲ့ ပထမဆုံးသော
လူမှုပတ်ဝန်းကျင်ခြေလှမ်းတွေဟာ နွေးထွေးပြီး လုံခြုံမှုရှိဖို့ အရေးကြီးဆုံးပါပဲ။

CROWN Preschool မှာဆိုရင်.….👑👑

✨ ပျော်ရွှင်စရာ ကောင်းတဲ့ သင်ကြားရေး ဝန်းကျင်
✨ ကျွမ်းကျင်ဆရာမများရဲ့ မေတ္တာဖြင့် ပြုစုပျိုးထောင်မှု
✨ ဘက်စုံဖွံ့ဖြိုးမှုကို အားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ စောင့်ကြိုနေပါပြီနော် …💐✨👑

🎁 အထူးအစီအစဉ် - ဧပြီလ (၂၀) ရက်မှ မေလ (၂၀) ရက်အတွင်း ကျောင်းအပ်နှံသူများအတွက်
ကျောင်းလခ (၂၀% Discount )ပေးနေပြီဖြစ်လို့
အမြန်ဆုံး လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

📍 လိပ်စာ - အိမ်အမှတ် A(60)၊ ချယ်ရီလမ်း၊
မြို့သစ်ရပ်ကွက်၊ ပခုက္ကူမြို့။

📞 ဖုန်း - 09-421779677, 09-774277007

"CROWN Preschool & Education Centre" ရဲ့ မင်္ဂလာအလှူတော်အဖြစ် ပရိတ်တရားတော်နာယူခြင်းနဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလု...
20/04/2026

"CROWN Preschool & Education Centre" ရဲ့ မင်္ဂလာအလှူတော်အဖြစ် ပရိတ်တရားတော်နာယူခြင်း
နဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမှာဖြစ်လို့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေသင်္ဂဟများအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ရှင်…🍀✨🎊

• နေ့ရက် - ၂၁.၄.၂၀၂၆ (အင်္ဂါနေ့)

• အချိန် - နံနက် (၈:၃၀) နာရီ

• နေရာ - ပခုက္ကူမြို့၊ မြို့သစ်ရပ်၊ ချယ်ရီလမ်း။

မင်္ဂလာရှိသော ပညာရေးခရီးလမ်းကို

ကုသိုလ်ကောင်းမှုနဲ့ အတူတကွ စတင်နိုင်ဖို့

ကြွရောက်ပေးကြပါဦးရှင်…🙏🏼🙏🏼🙏🏼

We are hiring!၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် CROWN Preschool နှင့်အတူ လက်တွဲ လုပ်ကိုင်ရန်  အောက်ပါ ဆရာ/မ များ ခေါ်ယူ လျက်ရှိ...
10/03/2026

We are hiring!

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် CROWN Preschool နှင့်အတူ လက်တွဲ လုပ်ကိုင်ရန်
အောက်ပါ ဆရာ/မ များ ခေါ်ယူ လျက်ရှိပါသည်။

1. Preschool Main Teacher (1)posts

2. Preschool Assistant Teacher (2)posts

1. Preschool Main Teacher အတွက်

- E to E (Classroom Language ပြောဆိုနိုင်ရမည်)

- ECCD လက်မှတ်ရရှိပြီး Child Psychology နားလည်ရမည်။

- ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

- ကလေးချစ်တတ်ပြီး စိတ်ရှည်ရမည်။

- Lesson plan များ ရေးဆွဲနိုင်ရမည် ။

- အသင်းအဖွဲ့ဖြင့် လုပ်ကိုင်နိုင်သောစိတ်ဓာတ်ရှိရမည် ။

2. Preschool Assistant Teacher အတွက်

- အထက်တန်းပညာ အရည်အချင်း အောင်မြင်ထားသူဖြစ်ရမည်။

- Child Psychologyအား နားလည်ရမည် ။

- ကလေးချစ်တတ်ရမည် ။

- စိတ်ရှည်ရမည်။

- သင်ကြားရေး ဆရာ/ဆရာမများအား ကောင်းမွန်စွာ support ပေးနိုင်ရမည်။

- အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုပါက မျှော်မှန်းလစာ နှင့်အတူ အခြားရရှိထားသော Certificate များဖြင့်

လူကိုယ်တိုင်ဖြစ်စေ၊ online မှ ဖြစ်စေ စုံစမ်းမေးမြန်း

လျှောက်ထားနိုင်ပါသည်။

အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းရန်

လိပ်စာ - ချယ်ရီလမ်း၊မြို့သစ်ရပ်ကွက်၊

ရေစကြိုလမ်းမကြီး အရှေ့ဘက် ၊ပခုက္ကူမြို့

Contact- 09-421779677

Viber- 09421779677

&educationcentre







နွေရာသီကျောင်းပိတ်ရက်မှာ ရင်သွေးငယ်တွေအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချရင်း စိတ်ကူးစိတ်သန်းတွေကို ပုံဖော်နိုင်ဖို့ "န...
10/03/2026

နွေရာသီကျောင်းပိတ်ရက်မှာ ရင်သွေးငယ်တွေအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချရင်း စိတ်ကူးစိတ်သန်းတွေကို ပုံဖော်နိုင်ဖို့

"နွေရာသီ ပန်းချီ “သင်တန်းလေးပါရှင် …🖼️🖼️

သင်ယူမှုမှာ အသက်အရွယ်ကန့်သတ်ချက်မရှိသလို၊ အနုပညာဟာလည်း လူတိုင်းအတွက် ဖြစ်ပါတယ်။

ဒီနွေရာသီမှာ စိတ်အပန်းပြေဖို့နဲ့ အခြေခံပန်းချီပညာကို စနစ်တကျ တတ်မြောက်ဖို့ ကျွန်တော်တို့
သင်တန်း Trainer ဆရာမဖြစ်တဲ့
Tr .Maung နဲ့ အတူ သင်ကြားဖို့ရာ ပန်းချီသင်တန်းကို အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါ နော် ..✍🏻✍🏻✍🏻

ဘာတွေသင်ကြားပေးမှာလဲ?
• အခြေခံမျဉ်းကြောင်းများ ဆွဲသားခြင်း
• ဆေးရောင်ခြယ်စနစ် (Wax Crayon / Water Color)
• ပုံပြင်ထဲက ဇာတ်ကောင်လေးများ ရေးဆွဲခြင်း
• သဘာဝအလှအပနှင့် ပတ်ဝန်းကျင်ကို ပုံ ဖော်ခြင်း

သင်တန်းကာလ : မတ်လ( ၂၀ )ရက်မှ မေလ (၂၀) ရက်နေ့ အထိ(၂ လ တိတိ)

သင်တန်းအချိန် : မနက် ၉:၀၀ - ၁၀:၃၀( စနေ၊တနင်္ဂနွေနေ့)

သင်တန်းကြေး : [2 လ အပြတ် ၇၅၀၀၀ ] ကျပ်

သင်တန်းသား : အသက် ၆ နှစ် မှ အသက် ၁၆ နှစ်အထိ လက်ခံ သင်ကြားပေးပါမည် ။

နေရာ: [အိမ်အမှတ်-A60၊ ချယ်ရီလမ်း၊ မြို့သစ်ရပ်ကွက်၊ပခုက္ကူမြို့]

Weekend သင်တန်းလေးမို့ summer classes အတန်းတွေ ကျူရှင်တွေ နဲ့ လွတ်တဲ့ အချိန် လေးဖြစ်တာမလို့ အမြန်ဆုံးစာရင်းသွင်း အပ်နှံနိုင်ပါပြီရှင် ✍🏻✍🏻

[သင်တန်းဆက်သွယ်ရန်
• ဖုန်း - [09-421779677/09-774277007]
• Messenger - [CROWN Preschool&Education Centre ] မှ တစ်ဆင့်လည်း စုံစမ်းနိုင်ပါသည်။

သင့်ရဲ့ အော်ဟစ်ခြင်းမပါဘဲ ကလေးကို စကားနားထောင်အောင် ဘယ်လိုလုပ်မလဲ?ပြဿနာကို အော်ဟစ်ခြင်းမပါဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းပါ!မ...
02/03/2026

သင့်ရဲ့ အော်ဟစ်ခြင်းမပါဘဲ ကလေးကို စကားနားထောင်အောင် ဘယ်လိုလုပ်မလဲ?

ပြဿနာကို အော်ဟစ်ခြင်းမပါဘဲ ငြိမ်းချမ်းစွာ
ဖြေရှင်းပါ!

မိဘတိုင်းလိုလိုဟာ "ကလေးကို မအော်ချင်ဘူး" လို့ ဆုံးဖြတ်ထားပေမယ့် လက်တွေ့မှာ စိတ်မထိန်းနိုင်ဘဲ အသံကျယ်သွားတတ်ပါတယ်။

ကလေးကို အော်ငေါက်ခြင်းဟာ ခဏတာ
ထိရောက်သလို ထင်ရပေမယ့်၊ ရေရှည်မှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး ဆက်ဆံရေးကို ပျက်စီးစေပါတယ်။

ဒါဆိုရင် အော်ဟစ်စရာမလိုဘဲ ကလေးကို စကားနားထောင်အောင်၊ အိမ်တွင်းမှာ ငြိမ်းချမ်းမှုရအောင် ဘယ်လိုလုပ်မလဲ? ဒီမှာ အပြုသဘောဆောင်တဲ့ မိဘအုပ်ထိန်းမှု (Positive Discipline) နည်းလမ်း ၅ ခုကို တင်ပြလိုက်ပါတယ်။

🔑 အော်ဟစ်စရာမလိုပဲ ထိန်း နည်းလမ်း ၅ ခု

နည်းလမ်း (၁) ဆက်သွယ်မှုဖြင့် စတင်ပါ (Connect Before Correct)
ကလေးကို ပြစ်တင်ဆုံးမခြင်း သို့မဟုတ် စည်းကမ်းသတ်မှတ်ခြင်းမပြုခင် ချစ်ခင်မှုကို အရင်ပြသပါ။ ကလေးက စိတ်ဆိုးနေရင်၊ ငိုနေရင်၊ ဒူးထောက်လိုက်ပြီး နွေးထွေးစွာ ပွေ့ဖက်လိုက်ပါ။ "မေမေ နားလည်ပါတယ်၊ သမီး စိတ်တိုနေတာကို သိတယ်" လို့ ပြောပေးပါ။ ချစ်ခင်မှုနဲ့ စတင်တာဟာ ကလေးရဲ့ အာရုံကို လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်ပြီး၊ သူတို့ရဲ့ ခုခံလိုစိတ်ကို လျော့ကျစေပါတယ်။

နည်းလမ်း (၂) "ကျွန်မ ခံစားရတယ်" စကားစုကို သုံးပါ (Use "I Feel" Statements)
ကလေးရဲ့ အပြုအမူကို တိုက်ရိုက် ပြစ်တင်ဝေဖန်မယ့်အစား၊ မိဘရဲ့ ခံစားချက်ကို ရှင်းပြပါ။
• (မှား) "မင်းက အရမ်း ရှုပ်ပွတာပဲ!"
• (မှန်) "ကစားပြီးရင် ကစားစရာတွေကို မသိမ်းတဲ့အခါ၊ မေမေ စိတ်ပျက်တယ်။ ပြီးတော့ ပင်ပန်းတယ်လို့ ခံစားရတယ်။"
ဒီလိုပြောခြင်းအားဖြင့် ကလေးဟာ သူတို့ရဲ့ လုပ်ရပ်က တခြားသူတွေအပေါ် ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို စတင်နားလည်လာပြီး ကိုယ်ချင်းစာစိတ် (Empathy) ဖွံ့ဖြိုးလာစေပါတယ်။

နည်းလမ်း (၃) အပြုသဘောဆောင် ရွေးချယ်ခွင့် ၂ ခု ပေးပါ (Give Two Positive Choices)
"ခုချက်ချင်း အင်္ကျီဝတ်" လို့ အမိန့်ပေးမယ့်အစား ရွေးချယ်ခွင့် ပေးပါ။ ရွေးချယ်ခွင့်ပေးတာဟာ ကလေးကို သူတို့ကိုယ်ပိုင် ထိန်းချုပ်နိုင်စွမ်း (Sense of Control) ရှိတယ်လို့ ခံစားရစေပြီး ဆန့်ကျင်ငြင်းဆန်ခြင်းကို လျော့ပါးစေပါတယ်။
• "အခု အဝါရောင် အင်္ကျီ ဝတ်မလား၊ အပြာရောင် အင်္ကျီ ဝတ်မလား?"
• "သွားတိုက်တံကို မေမေ ကိုင်ပေးပြီးတိုက်ပေးရမလား၊ ကိုယ်တိုင်တိုက်မလား?"

နည်းလမ်း (၄) ရှင်းလင်းသော စည်းကမ်းချက် (When... Then...) ကို သုံးပါ
အပြစ်ပေးခြင်း (Punishment) မဟုတ်ဘဲ၊ ဖြစ်ပေါ်လာမယ့် သဘာဝရလဒ် (Natural Consequence) ကို ကြိုတင်ချပြပါ။ "မင်း ဒါလုပ်ရင် ငါ ဒဏ်ခတ်မယ်" ဆိုတာမျိုး ရှောင်ပါ။
• "တီဗီကြည့်တာ ပြီးရင်၊ သွားအိပ်ဖို့ အချိန်ရောက်ပြီနော်။"
• "မင်း ပန်းကန်ထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးရင်၊ အချိုပွဲကို စားလို့ရပြီ။"
ရှင်းလင်းတဲ့ မျှော်လင့်ချက်တွေ သတ်မှတ်ခြင်းက ကလေးကို စည်းကမ်းချက်တွေအတိုင်း နေထိုင်တတ်အောင် သင်ပေးပါတယ်။

နည်းလမ်း (၅) အာရုံပြောင်းခြင်းနှင့် ရယ်စရာ နှိုးဆွခြင်း (Redirection & Humor)
ကလေးက ခွင့်မပြုတဲ့ အပြုအမူတစ်ခု (ဥပမာ- နံရံကို ခဲတံနဲ့ခြစ်ခြင်း) လုပ်နေပြီဆိုရင်၊ "မလုပ်နဲ့" လို့ တိုက်ရိုက်တားမြစ်တာထက် အာရုံကို အပြုသဘောဆောင်တဲ့ တခြားတစ်ခုဆီ ပြောင်းပေးလိုက်ပါ။
• နံရံပေါ် ခြစ်မယ့်အစား စက္ကူကြီးကြီးတစ်ရွက် ပေးလိုက်ပါ။
• စိတ်ဖိစီးနေတဲ့ အခြေအနေကို ရယ်စရာလုပ်ခြင်း (ဥပမာ- ရယ်စရာအသံလုပ်ခြင်း၊ ရုတ်တရက် အူကြောင်ကြောင် ကခုန်ပြခြင်း) က ကလေးရဲ့ တင်းမာနေတဲ့ စိတ်ကို လျော့ကျစေပြီး ပြဿနာဖြေရှင်းဖို့ လမ်းပွင့်စေပါတယ်။

ကလေးက ပိုနားထောင်လာပါလိမ့်မယ်။ ဒီနည်းလမ်း ၅ ခုကို နေ့စဉ် အသုံးပြုကြည့်ပါ။ အိမ်တွင်းမှာ အော်ဟစ်သံတွေ လျော့နည်းလာပြီး
ပျော်ရွှင်ငြိမ်းချမ်းတဲ့ မိသားစုဘဝကို
တည်ဆောက်နိုင်ပါလိမ့်မယ်။

မူရင်းရေးသားသူ အား Crd ပေးပါသည်။



&educationcentre

"မူကြိုကျောင်းစစ်စစ်  နှင့် မူကြိုဆရာမစစ်စစ် "မူကြိုကျောင်းပါ ။စာရေးသင်တဲ့ကျောင်းမဟုတ်ပါဘူး။၃နှစ်ကနေစတင်တဲ့ဒီမူကြိုအရွယ်...
07/02/2026

"မူကြိုကျောင်းစစ်စစ် နှင့် မူကြိုဆရာမစစ်စစ် "

မူကြိုကျောင်းပါ ။
စာရေးသင်တဲ့ကျောင်းမဟုတ်ပါဘူး။၃
နှစ်ကနေစတင်တဲ့ဒီမူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
မသန်မာသေးတဲ့လက်ကလေးတွေကို
ခဲတံကိုင်ပြီး စာမရေးခိုင်းကြပါနဲ့
ရေးနိုင်တဲ့အနေအထားရောက်ရင်
အရေးသင်ပေးမှာပါ။

နုနယ်တဲ့ ဦးနှောက်လေးတွေဟာ
အရာရာကို သင်ယူဖို့အဆင်သင့်ဖြစ်နေပြီး
သင်လွယ်တတ်လွယ်ကြတယ်ဆိုတိုင်း
မတန်တဆ စာတွေ ရိုက်သွင်းပြည့်သိပ်နေဖို့မဟုတ်ပါဘူး။

မူကြိုကလေးငယ်တို့မည်သည်
ဘဝတစ်လျှောက်လုံးအတွက်
သိပ်ကိုအရေးကြီးတဲ့
အခြေခံကောင်းတွေကို အုတ်မြစ်ချပေးရမဲ့
အရွယ်လေးတွေ ဖြစ်ပါတယ်။

အဲ့ဒါဆို ကျွန်မတို့ ဒီကလေးလေးတွေကို
ဘာတွေသင်ပေးကြမလဲ?

မွေးစမှစပြီး ဒီအရွယ်လေးတွေအထိဟာ
မိဘတွေနဲ့သာနေလာခဲ့ရတဲ့သူတို့လေးတွေကို
အပြင်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေဟာလဲ
ကိုယ့်ရဲ့ မိဘတွေလိုပဲ
ကိုယ့်ကို ချစ်တဲ့လူတွေရှိနေကြောင်းသိအောင်လုပ်ပေးရပါမယ်။

သူတို့လေးတွေရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့
ပတ်ဝန်းကျင်အသစ်မှာတွေ့ရမဲ့
မူကြိုဆရာမလေးတွေကနေရရှိတဲ့
ချစ်ခြင်းမေတ္တာတွေကတဆင့် သိရှိခံစားနိုင်ရပါမယ် ။

ကလေးတွေကို ဟန်ဆောင်ပြီးချစ်လို့မရပါဘူး။
သူတို့လေးတွေဟာ သူတို့အပေါ်တကယ်ချစ်မချစ်ဆိုတာကို
နှလုံးသားကနေ ခွဲခြားသိမြင်နိုင်တဲ့မွေးရာပါ စွမ်းအားတွေရတာမို့
ကလေးတွေအပေါ် ဟန်ဆောင်ပြီးတောင် ချစ်ဟန်ပြလို့မရပါဘူး ။
မခွဲခြားကြပဲ တန်းတူ ချစ်ပေးရပါမယ်။
အရေးမကြီးသလိုနဲ့ သိပ်ကိုအရေးကြီးတဲ့အရာပါ
မျက်နာလိုက်တတ်သော ဆရာမများမဖြစ်ဖို့ အထူးသတိပြုရပါမယ်။

ပန်းကလေးတွေ
တိရစ္တာန်လေးတွေ
စမ်းချောင်းလေးတွေ
တေးသီချင်းလေးတွေ
ငှက်ကလေးတွေနဲ့အတူ
သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်အောင် သင်ရပါမယ်။

မြန်မာ အင်္ဂလိပ်သင်္ချာ သိပ္ပံ လူမူရေး ဘာသာရပ်
အခြေခံတွေကို သိရှိနားလည်ထားအောင်
ဘာသာစကားအခြေခံတွေသိရှိ တတ်မြောက်အောင်

အကောင်းမြင်တတ်အောင်
ပူးပေါင်းဆောင်ရွက်တတ်အောင်
ဝေမျှတတ်အောင်
ကိုယ်ချင်းစာတတ်အောင်
ကိုယ့်အားကိုယ် ကိုးတတ်အောင်
ခေါင်းဆောင်နိုင်စွမ်းရှိသော
ရဲရင့်သောကလေးတွေဖြစ်အောင်
စိတ်ထားနူ့ညံ့သိမ်မွေ့အောင်
ဇွဲလုံ့လ ဝီရိယရှိအောင်
စည်းကမ်းရှိအောင်
ကျန်းမာရေးအသိရှိအောင်
ခုအရွယ်တည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်
သူတစ်ပါးကို ကူညီတတ်အောင် သင်ပေးကြရပါမယ်။

ဘယ်လိုတွေသင်ကြမလဲ???

နုနယ်တဲ့နှလုံးသားလေးတွေနဲ့လိုက်တဲ့
ကဗျာလေးတွေဆိုရင်း
တေးသီချင်းလေးတွေနဲ့ကခုန်ရင်း
အရောင်လေးတွေ ပုံလေးတွေဆွဲရင်း
ကောင်းမွန်တဲ့ပညာပေးပုံပြင်လေးတွေ ဖန်တီးရင်း ဖတ်ပြပြောပြရင်း
လက်မှုလေးတွေလုပ်ရင်း
ဘာသာရေးစာပေလေးတွေ ကဗျာလေးတွေ သင်ပေးရင်း
ဗုဒ္ဓအဆုံးအမစာပေလေးတွေကို
သူတို့ဉာဏ်နဲ့နိုင်သလောက်လေး ပြောပြရင်း
လက်ချောင်းလေးတွေ သန်မာဖို့အတွက်
အမျိုးစုံသောနည်းတွေနဲ့ လေ့ကျင့်ပေးရင်း
ပျော်စရာကစားနည်းတွေဆော့ရင်းကနေ
ဦးနှောက်လေးတွေ ဖွံ့ဖြိုးစေရင်း.... အစရှိတဲ့
ECCDနည်းပညာရပ်တွေကို လက်တွေ့အသုံးချပြီး
စနစ်တကျပြုစုပျိုးထောင်ပေးရင်း
ကျွန်မတို့ ကလေးလေးတွေအတွက်
ကျန်းမာပျော်ရွှင် ဉာဏ်အမြော်အမြင်ရှိတဲ့ ဘဝလေးတွေကို
ဒီမူကြိုကျောင်းတွေကနေ စတင်ပေးကြမယ်ဆိုရင်
နောင်တစ်ချိန် လူကြီးလေးတွေ ဖြစ်လာကြမဲ့
ဒီကလေးငယ်လေးတွေဟာ တန်ဖိုးရှိသော
နိုင်ငံ့သားကောင်း သမီးကောင်း ရတနာလေးတွေ ဖြစ်လာကြမှာပါရှင်။

ဒါကြောင့်
မူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
နှစ်ခါပြန်မရတဲ့ ကလေးဘဝလေးတွေကို
ဘာဖိအားမှမပေးကြပဲ
လွတ်လွတ်လပ်လပ် ပျော်ရွှင်ခွင့်ပေးရင်း
မူကြိုကျောင်းစစ်စစ်တွေမှာသာ
နေခွင့်ပေးကြပါ။

အရွယ်မတိုင်ခင် စာရေးခိုင်းခြင်း
ဖတ်ခိုင်းစေခြင်းတွေကို
ECCDအသိပညာမရှိသော မိဘများရဲ့
အလိုကိုမလိုက် အကြိုက်ကိုမဆောင်သော
ကလေးအကျိုးကိုဆောင်သော
မူကြိုဆရာမစစ်စစ်များသာ ဖြစ်ကြပါစေ။

စာရေးမသင်လို့ ကျောင်းပြောင်းသွားကြတဲ့အခါမှာလဲ
စိတ်ဓာတ်ကျပြီး စိုးရိမ်နေစရာမလိုပဲ
ကိုယ်နဲ့လက်လှမ်းမှီရာ
ကလေးတွေရဲ့အကျိုးကိုသာတွေးပြီးဆောင်ရွက်ပါ
မူကြိုဆရာမစစ်စစ်အနေနဲ့
မူကြိုပညာရေးအမှန်အကန်ကိုသာ ဆက်၍ပေးပါ။

ကလေးတွေအပေါ်အမှန်တကယ်ချစ်နိုင်မှ
မူကြိုဆရာမ-လုပ်ပါ။
ကလေးအညစ်အကြေးမရွံရှာပဲ
ချေးကျုံး သေးသုတ် အန်ဖတ်ကျုံးပြီး
ကလေးတွေအပေါ် စေတနာအရင်းခံပြီး
အနစ်နာခံနိုင်မှ မူကြိုဆရာမလုပ်ပါ။

နောက်ဆုံး... ဒီကလေးတွေနဲ့နေရတဲ့
မူကြိုဆရာမအလုပ်ကိုသာ
နှစ်ရှည်လများ တစ်ဘဝစာလုံးလုပ်မယ်လို့ ရည်ရွယ်ကာမှ
မူကြိုဆရာမလုပ်ပါ ။

ကလေးတကယ်ချစ်တတ်ပြီး
ဝါသနာအရင်းခံစိတ် တကယ်ရှိမှ
မူကြိုဆရာမလုပ်ပါ။

ဒီကလေးတွေအတွက်
ကိုယ်ပိုင်အချိန်တွေကိုရင်းနှီးပေးပြီး
စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မှ
မူကြိုဆရာမ လုပ်ပါ။

ဘယ်သူမွေးမွေး ကိုယ့်ကလေးဆိုတဲ့ စိတ်ထားနိုင်အောင် ကြိုးစားပါ။

ကျွန်မတို့မူကြိုဆရာမတွေရဲ့တာဝန်က
ကလေးတွေရဲ့ ဒုတိယမိခင်တွေအနေနဲ့
တပျော်တပါးကြီး ကြိုးစားပေးပြီး
နွေးထွေးတဲ့မေတ္တာတွေနဲ့ ပျိူးထောင်ပေးကြရမှာပါ။

Crd



Address

Cherry Street, Myothit
Pakokku

Website

Alerts

Be the first to know and let us send you an email when CROWN Preschool&Education Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category