Beacon.PKU

Beacon.PKU

Share

Educational Service

25/04/2024

Hi there!

11/03/2024

G9ပြီးတဲ့ကလေးတွေ G10ရောက်တဲ့အခါ
ရွေးချယ်ရမဲ့ ဘာသာတွဲတွေရှိတာမို့
ဒီနေ့မှာ G10သင်ရိုးသစ်မှာ သင်ကြားရမဲ့
ဘာသာတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်တက်လိုတဲ့တက္ကသိုလ်များကိုကြည့်ပြီး
ယခုကတည်းက ဘာသာတွဲတွေကို
သေချာလေး ရွေးချယ်လိုက်ပါ။

၁။ အတွဲ(၁)
*ဆေးတက္ကသိုလ်၊ ဆေးပညာနှင့် နွယ်သော
တက္ကသိုလ်ကောလိပ်များနှင့် နည်းပညာ
တက္ကသိုလ်များကိုတက်လိုတဲ့သူများက
အတွဲ(၁)ကို ရွေးရပါမယ်ရှင့်။
ဒီအတွဲ(၁)မှာဆိုရင် မယူမနေရဘာသာများက
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဖြစ်ပါတယ်။
အဓိကဘာသာများကတော့
ဓာတု၊ ရူပ၊ ဇီဝ သုံးဘာသာဖြစ်ပါတယ်။
ဖြည့်စွက်ဘာသာများကတော့၄မျိုးရှိပါတယ်။
၁။လူမူရေးသိပ္ပံ(ပထဝီ၊ သမိုင်း၊ ဘောဂ)
၂။စာရိတ္တနှင့်ပြည်သူ့နီတိ
၃။ဘဝတွက်တာ
၄။ကာယ၊ ပန်းချီ၊ ဂီတတို့ပဲဖြစ်ပါတယ်။

၂။ အတွဲ(၂)
*စီးပွားရေးတက္ကသိုလ်၊ စီမံအုပ်ချုပ်မှု
အတတ်ပညာနှင့်နွယ်သောတက္ကသိုလ်၊
ကောလိပ်များနှင့်နည်းပညာတက္ကသိုလ်ကို
တက်လိုတဲ့သူများက အတွဲ(၂)ကို ယူပါရှင့်။
ဒီအတွဲ(၂)မှာဆိုရင် မယူမနေဘာသာများက
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဖြစ်ပါတယ်။
အဓိကဘာသာများကတော့
ဓာတု၊ ရူပ၊ ဘောဂ သုံးဘာသာဖြစ်ပါတယ်။
ဖြည့်စွက်ဘာသာများကတော့
၁။ပထဝီ၊ သမိုင်း
၂။စာရိတ္တနှင့် ပြည်သူ့နီတိ
၃။ဘဝတွက်တာ
၄။ကာယ၊ ပန်းချီ၊ ဂီတတို့ပဲ ဖြစ်ပါတယ်။

၃။ အတွဲ(၃)
*စီးပွားရေးတက္ကသိုလ်နှင့် စီမံအုပ်ချုပ်မှု
အတတ်ပညာနှင့်နွယ်သောတက္ကသိုလ်၊
ကောလိပ်များနှင့် ဝိဇ္ဇာပညာရပ်များဖြစ်တဲ့
ဥပဒေ၊ စိတ်ပညာ၊ အရှေ့တိုင်း၊ ဒဿနိကစတဲ့
ဘာသာရပ်တွေကို သင်ယူမဲ့သူတွေက
အတွဲ(၃)ကို ရွေးရပါမယ်ရှင့်။
ဒီအတွဲ(၃)မှာဆိုရင် မယူမနေဘာသာများက
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဖြစ်ပါတယ်။
အဓိက ဘာသာများကတော့
ပထဝီ၊ သမိုင်း၊ ဘောဂ ဖြစ်ပါတယ်။
ဖြည့်စွက်ဘာသာများကတော့
၁။သိပ္ပံတွဲ(ဓာတု၊ ရူပ၊ ဇီဝ)
၂။စာရိတ္တနှင့်ပြည်သူ့နီတိ
၃။ဘဝတွက်တာ
၄။ကာယ၊ ​ပန်းချီ၊ ဂီတတို့ပဲ ဖြစ်ပါတယ်။

၄။အတွဲ(၄)
*မြန်မာစာ၊ မြန်မာမှုနှစ်သက်မြတ်နိုးသူများ၊
စာရေးဆရာ၊တေးရေး၊ဂျာနယ်လစ်အဖြစ်
အသက်မွေးလိုသူများ၊စီးပွားရေးတက္ကသိုလ်၊
စီမံအုပ်ချုပ်မှုအတတ်ပညာနှင့်နွယ်သော
တက္ကသိုလ်၊ကောလိပ်များနှင့်
ဝိဇ္ဇာပညာရပ်များကို သင်ယူချင်သူများက
အတွဲ(၄)ကို ရွေးရပါတယ်။
ဒီအတွဲ(၄)မှာဆိုရင် မယူမနေဘာသာများက
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဖြစ်ပါတယ်။
အဓိကဘာသာများကတော့
စိတ်ကြိုက်မြန်မာစာ၊ဘောဂ၊
ပထဝီ+သမိုင်း ဖြစ်ပါတယ်။
ဖြည့်စွက်ဘာသာများကတော့
၁။သိပ္ပံတွဲ(ဓာတု၊ ရူပ၊ ဇီဝ)
၂။စာရိတ္တနှင့် ပြည်သူ့နီတိ
၃။ဘဝတွက်တာ
၄။ကာယ၊ ပန်းချီ၊ ဂီတတို့ပဲဖြစ်ပါတယ်။

မိဘများနှင့်ကလေးများ တက်ရောက်လိုတဲ့
တက္ကသိုလ်များကို အတူတကွဆွေးနွေးပြီး
ဒီနွေရာသီကစလို့ ကြိုတင်ပြင်ဆင်နိုင်ပါပြီ။
အခြားသိချင်တာများရှိလျှင်လည်း
Page messengerမှတဆင့် မေးမြန်းနိုင်ပါတယ်။
Beacon.PKU Education Centreက
Kgမှစ၍ G12အထိ သိလိုသမျှအကြောင်းအရာကို
ပြောပြပေးဖို့ အဆင်သင့်ဖြစ်ပါတယ်။

Beacon.PKU

07/03/2024

အားလုံးပဲ မင်္ဂလာပါရှင့်
လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်
G-10, G-11, G12 တက်ရောက်မည့်
ကျောင်းသား/သူများအတွက်
ဘာသာစုံစာသင်၀ိုင်းလေးလာပါပြီရှင့် ……………
 စာသင်၀ိုင်းတစ်ခုလျှင် အများဆုံး
ကျောင်းသား ၅ဦးသာလက်ခံသင်ကြားပေးမည်
ဖြစ်သည့်အတွက် ထိထိရောက်ရောက်
သင်ယူနိုင်မှာဖြစ်ပါတယ်ရှင့်။
 စာသင်၀ိုင်းများကို အိမ်သင်၀ိုင်းများအဖြစ်
သင်ကြားပေးမည်ဖြစ်ပြီး လိုအပ်ပါက
Online မှလည်းထပ်မံဖြည့်စွက်
သင်ကြားပေးမည်ဖြစ်ပါသည်။
 စာသင်ချိန်အနေဖြင့် တစ်ဘာသာအတွက်
တစ်နေ့လျှင် (၁)နာရီသင်ကြားပေးမည်
ဖြစ်ပါသည်။
 တစ်ပတ်လျှင်တစ်ခါ သင်ခန်းစာများကို
ပြန်လည်ဆွေးနွေးပေးမည်ဖြစ်ပြီး
တစ်လလျှင်တစ်ကြိမ် တတ်မြောက်မှုစစ်ဆေးခြင်း
ပြုလုပ်ပေးမည်ဖြစ်သည်။ အကယ်၍လိုအပ်ပါက
မိဘများနှင့် ဆွေးနွေးပေးပါမည်။
 တစ်ဘာသာချင်း သီးသန့်လိုအပ်ပါကလည်း
တစ်ဘာသာလျှင် ၅သောင်းကျပ်ဖြင့်
လက်ခံသင်ကြားပေးပါသည်။

 G-10 တွင် ဘာသာစုံအတွက်
ကျောင်းသားတစ်ဦးလျှင် ၁၅၀၀၀၀ကျပ်
G-11 တွင် ဘာသာစုံအတွက်
ကျောင်းသားတစ်ဦးလျှင် ၂၀၀၀၀၀ ကျပ်
G-12 တွင် ဘာသာစုံအတွက်
ကျောင်းသားတစ်ဦးလျှင် ၂၅၀၀၀၀ကျပ်ဖြင့်
လက်ခံသင်ကြားပေးပါသည်။

နွေရာသီမှာ စတင်လေ့လာသင်ယူခြင်းဖြင့်
ပေါ့ပါးသောစာသင်နှစ်ကို ကြိုဆိုနိုင်ပါပြီရှင့်

ဆက်သွယ်ရန် - ၀၉-၉၇၉၄၇၄၇၁၅
၀၉-၇၉၉၀၉၈၉၈၁

06/03/2024

For children,
science is about connecting to the world
through their environment.

Want your school to be the top-listed School/college in Pakokku?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Pakokku
Pakokku