B E H S-5, Pakokku, Shwe Chaung

B E H S-5, Pakokku, Shwe Chaung မင်္ဂလာပါ သူငယ်ချင်းတို့
facebook မှာ

Permanently closed.
စိတ်ကြိုက်မြန်မာစာလေး ထည့်ပေးပါဦးလို့ 🤣All D +1+1 = 8D 🤣
17/06/2022

စိတ်ကြိုက်မြန်မာစာလေး ထည့်ပေးပါဦးလို့ 🤣
All D +1+1 = 8D 🤣

တရားမဝင်အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ စာမေးပွဲအောင်လည်း အကျုံးမဝင်ကြောင်း NUG ထပ်မံပြောကြား...
17/06/2022

တရားမဝင်အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ စာမေးပွဲအောင်လည်း
အကျုံးမဝင်ကြောင်း NUG ထပ်မံပြောကြား...

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့်
CDM ကျောင်းသား၊ ကျောင်းသူများအတွက် ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၇) ရက်

------------------------------------

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်က ပညာရေးကို အသုံးချ၍ (အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထုတ်ပြန် ကြေညာခြင်း စသည့်) စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုများအားလုံးသည် တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တွင် ပြည်သူကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်သည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေးအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီများ၏ အသိအမှတ်ပြုမှုသည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်ပါကြောင်း ထပ်လောင်းအသိပေး ကြေညာအပ်ပါသည်။

၃။ တရားမဝင်အကြမ်းဖက်စစ်အာဏာရှင်က ကျင်းပသော ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

၄။ သို့ပါ၍ ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရ နှင့်ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးတွင် ဆက်လက်ပါဝင်ပေးကြပါရန် တိုက်တွန်း ပန်ကြားအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

16/12/2021

( စာစစ်ဆရာမတွေ အားလုံးကို သိစေချင်လို့ပါ.)

ဆယ်တန်းနှစ်တုန်းက မြန်မာစာ၇၃မှတ်ရခဲ့တယ်
စဥ်းစားမိတာက ၇၃မှတ်ဆိုတာ ဂုဏ်ထူးရမှတ်ကိုလျှော့ချတာလို့ထင်မိတယ်။
အမှတ်လျှော့တယ်ပဲထား နဂိုကတည်းကအမှတ်ပြည့်မပေးထားတဲ့မြန်မာဘာသာ
စာစီစာကုံးဆို ၂၀မှတ်ပေးရင် အကောင်းဆုံးဖြေဆိုနိုင်မှ၁၄မှတ်လောက်အထိပဲရကြတယ်။
အခြားရေသည်ပြဇာတ်တို့ဘာတို့ဆို အများဆုံး၆မှတ် ၇မှတ်လောက်ပဲရကြတယ်။စာဆိုရင်လဲစာလိုပဲစစ်ကြတယ်။ဥပမာ
နံ့ရှား=ရနံ့မွှေးကြိုင်သော အဲ့တာကို
မွှေးကြိုင်သည့် ရနံ့ရှိသော လို့ရေးမိရင်မှားပြန်တာပဲတဲ့။
အရင်ဘာသာပြန်ခဲ့တဲ့ဆရာကြီးတွေကလည်း အဆင်ပြေအောင်ပြန်ခဲ့ကြတာပဲလေ။
အရင်ဆရာကြီးတွေက မွှေးကြိုင်သည့် ရနံ့ရှိသောလို့သာရေးခဲ့ရင်
ရနံ့မွှေးကြိုင်သော လို့ရေးမိရင်မှားတယ်ပြောအုံးမှာပဲ။
လက်ရေးမလှပြန်ရင်လည်းလျှော့ကြသေးတယ်။လက်ရေးလှတာမလှတာက လျှော့ဖို့မလိုပါဘူး။ရှင်းရှင်းလင်းလင်းဖတ်လို့ရပြီဆိုတော်ပြီပေါ့။အဲ့စာစစ်ဆရာ၊ဆရာမတွေအထင်ကြီးနေတဲ့ဆရာဝန်တွေကကော လက်ရေးလှကြရဲ့လား။ကျွန်တော်တို့လိုကျောင်းသားတွေရဲ့ဘဝက အဖြေလွှာပေါ်မှာရှိပါတယ်။ဂုဏ်ထူးမှတ်ရနေတဲ့ကျောင်းသားတစ်ယောက်ကိုဂုဏ်ထူးပေးလိုက်ရတာက သူ့ဘဝအများကြီးပြောင်းလဲသွားနိုင်သလို ရှေ့ဆက်မယ့်ဘဝခရီးမှာအများကြီးအပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။ ဂုဏ်ထူးရတဲ့ကျောင်းသားမိဘတွေကကော..ဘယ်လောက်တောင်သူ့သားသမီးအတွက်ဂုဏ်ယူနေလိုက်မလဲ။ဂုဏ်ထူးရတဲ့ကျောင်းသားကကော ဘယ်လောက်တောင်ကြိုးစားချင်စိတ်တွေ ဆက်ဖြစ်လာလိုက်မလဲ။
ဒီနိုင်ငံကကိုက ကြိုးစားချင်စိတ်ဖြစ်အောင်တွန်းအားမပေးပဲ
ဆွဲချဖို့ပဲတွေးနေကြတဲ့သူတွေများလို့ထင်ပါ့။

Credit...

Dec 27 . . .ဒီနှစ်တော့ အိမ်မှာပဲ frame လေး ချိန်းပေးကြပါ. .-- Try it --ကိုနှိပ်ပါ. . .
09/12/2020

Dec 27 . . .
ဒီနှစ်တော့ အိမ်မှာပဲ frame လေး ချိန်းပေးကြပါ. .

-- Try it --ကိုနှိပ်ပါ. . .

ကဲ Dec 27 (အာစရိယပူဇော်ပွဲ)အမှီ Facebook Profile Frameကို ကျောင်းသား/သူများ အားလုံး ကိုယ်ပိုင်Frameလေး ချိန်းလိုက်ကြရအောင်. . .
Profileရဲ့ Add Frame မှာလည်း
➡ BEHS5PKU ⬅ လို့ရိုက်ရှာနိုင်ပါတယ်

web.facebook.com/profilepicframes/?selected_overlay_id=430796864491293

Share လုပ်ပြီး ငယ်သူငယ်ချင်းတွေကို changeပေးဖို့ tagတွဲလိုက်ရအောင်. . .

Created by Admins Team✅

25/07/2020

ဒီနေ့အတွက် သိကောင်းစရာ (၄၉)
(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၂၂) ရက်
အခြေခံပညာကျောင်းများပြန်ဖွင့်ချိန်တွင် ကျောင်းသားကျောင်းသူများ၊ မိဘဆရာများ အထူးသတိပြုလိုက်နာရမည့် အချက် (၆) ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
(၁) ကျောင်းသား/ ကျောင်းသူကိုယ်တိုင်ဖြစ်စေ၊ အတူနေမိသားစုဝင်တစ်ဦးဦးဖြစ်စေ နေမကောင်း ဖြစ်ခြင်း (ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ အသက်ရှုရခက်ခဲခြင်းစသည့် COVID-19 ရောဂါသံသယ လက္ခဏာများ) ရှိလျှင်သော်လည်းကောင်း၊ လွန်ခဲ့သည့် (၁၄)ရက်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာတစ်ဦးဦး နှင့် နီးကပ်စွာထိတွေ့ခဲ့မှု (Primary Contact) ရှိခဲ့လျှင်သော်လည်း ကောင်း ကျောင်းသို့စေလွှတ်ခြင်း လုံးဝမပြုပါနှင့်။ သက်ဆိုင်ရာကျောင်းသို့ ချက်ချင်း ခွင့်တိုင်ပါ။ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပါ။

(၂) ကျောင်းသို့လာစဉ်၊ ကျောင်းတွင်ရှိနေစဉ်နှင့် ကျောင်းမှအိမ်သို့ ပြန်ချိန်များတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face shield) များ စနစ်တကျ တပ်ဆင်စေရန်နှင့် တပ်ဆင်ထားခြင်း မရှိပါက ကျောင်းအတွင်း လုံးဝ ပေးမဝင်ပါနှင့်။

(၃) တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းများ (ဥပမာ- စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည်) ကို တစ်ဦးနှင့် တစ်ဦး မျှဝေသုံးစွဲခြင်း လုံးဝမပြုလုပ်ရပါ။

(၄) လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့် ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ဆေး‌ကြောစေပါ။

(၅) တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေ ကွာခြား၍ ခပ်ခွာခွာနေထိုင်ပါ။
နီးနီးကပ်ကပ်နေခြင်း လုံးဝမပြုလုပ်ပါနှင့်။ အချင်းချင်း သတိပေးပါ။

(၆) နှာချေ၊ ချောင်းဆိုးတိုင်း တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် ပါးစပ်နှင့် နှာခေါင်းကို စနစ်တကျ ဖုံးအုပ်ပါ။ တစ်ရှူး အသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ။ ပြီးလျှင် လက်ကို စနစ်တကျ ပြန်ဆေးပါ။

"ကျန်းမာပျော်ရွှင်ပညာသင်၊ ကြိုတင်တားဆီး ကိုဗစ်နိုင်တီး (COVID-19)"

, , , #ဒီနေ့အတွက်သိကောင်းစရာ

01/06/2020

တကယ်ဆို ဒီနေ့ကျောင်းတွေပြန်ဖွင့်လို့ သူငယ်ချင်းနဲ့ (3)လလောက် မပြောဖြစ်ခဲ့တဲ့ စကားတွေ ပြောနေကြပြီလေ. . .

ဒါနဲ့ကျောင်းတွေပြန်ဖွင့်တဲ့နေ့က တနင်္လာကျရင် မပျော်တဲ့သူရှိခဲ့ဖူးလား. .?
(၅)ရက်တောင်တက်ရမှာ စာမသင်ချင်ကြသေးဘူးလေ. .😊😊

#ကျောင်းဖွင့်ချိန်ကိုလွမ်းမိ

27/02/2020

စာဖတ်ခြင်းကပေးတဲ့ အကျိုးများ----

၁-စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ တည်ငြိမ်ရင့်ကျက်တည်ငြိမ်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့် ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။
ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။ လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။ စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။ စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။ သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့ စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ
ဖတ်ပြီး ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။
လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။ ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။ စာဖတ်ခြင်းက
သင့်ကို မယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။
အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့ လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ?

၁-အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို
ဖတ်ပေးသင့်ပါတယ်။ အဲ့လိုဖတ်ပေးခြင့်
ကြောင့် အောင်မြင်သူတွေရဲ့ အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂-ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။
ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။ စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃-စိတ်အားတက်ကြွစေမယ့် စာပေ
(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်
အဆုံးပေါများလှတယ်။ တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄-ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။
ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို တိုတိုတုတ်တုတ်နဲ့
မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊ မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅-ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆-ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။ လိုချင်တပ်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

ကျွန်တော်ရဲ့စာကိုဖတ်ပြီး ရင်ထဲမှာ
ပြောချင်စရာ စကားများရှိနေပါက
commentမှာ ချရေးခဲ့ပါ။

နောက်လည်း အခုလိုစိတ်အားတက်ကြွ
ဖွယ်ရာ စာပေတွေတင်ပေးမှာမို့
add followလုပ်ပေးထားပါ။

လေးစားစွာဖြင့်
ကိုရဲ

Credit => ကိုရဲ (Bar Lar Lar)

ကဲ Dec 27 (အာစရိယပူဇော်ပွဲ)အမှီ Facebook Profile Frameကို  ကျောင်းသား/သူများ အားလုံး ကိုယ်ပိုင်Frameလေး ချိန်းလိုက်ကြရအေ...
18/12/2019

ကဲ Dec 27 (အာစရိယပူဇော်ပွဲ)အမှီ Facebook Profile Frameကို ကျောင်းသား/သူများ အားလုံး ကိုယ်ပိုင်Frameလေး ချိန်းလိုက်ကြရအောင်. . .
Profileရဲ့ Add Frame မှာလည်း
➡ BEHS5PKU ⬅ လို့ရိုက်ရှာနိုင်ပါတယ်

web.facebook.com/profilepicframes/?selected_overlay_id=430796864491293

Share လုပ်ပြီး ငယ်သူငယ်ချင်းတွေကို changeပေးဖို့ tagတွဲလိုက်ရအောင်. . .

Created by Admins Team✅

360° ViewNo(5) Basic Education High SchoolShwe Chaung, Pakokku
07/12/2019

360° View

No(5) Basic Education High School

Shwe Chaung, Pakokku

Address

Shwe Chaung
Pakokku
24680

Website

Alerts

Be the first to know and let us send you an email when B E H S-5, Pakokku, Shwe Chaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category