16/08/2025
စာအုပ်တွေထားခဲ့ရမှာမို့ လျော့ဈေးလေးနဲ့ ရောင်းခဲ့ချင်လို့ပါ။ဈေးလေးနဲ့လိုချင်တဲ့စာအုပ်ရှိလို့ရှိရင် cb လာမေးလို့ရပါတယ်ရှင့်
Personal Blog
16/08/2025
စာအုပ်တွေထားခဲ့ရမှာမို့ လျော့ဈေးလေးနဲ့ ရောင်းခဲ့ချင်လို့ပါ။ဈေးလေးနဲ့လိုချင်တဲ့စာအုပ်ရှိလို့ရှိရင် cb လာမေးလို့ရပါတယ်ရှင့်
နေ့စဥ်ရက်ဆက် သတိရခြင်း
စာတွေ မရေးနိူင်ပေမယ့်
လက်ရှိရှင်သန်နေတဲ့ ရက်စွဲတိုင်းမှာတော့
အရမ်းသတိရနေတယ် ဆိုတာ
တစ်ယောက်သောသူ သိစေချင်တယ်......
ချွိုက်
31/05/2023
ချစ်ခွင့်လေးတော့ပေးပါမောင် - အပိုင်း ( ၆ )
ဘာလိိုလိုနဲ့ ကျောင်းတွေတောင် ပြန်ဖွင့်တော့မယ်။
တစ်ချို့ကကျောင်းဖွင့်ရင်ပျော်ကြတယ်။သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမယ်။မုန့်ဖိုးတွေ ပိုရမယ်ဆိုပြီ တစ်မျိုးတစ်ဖုံ သူသူကိုကိုယ် ကျောင်းတက်စမှာ ပျော်ကြတာပါပဲ။
သူငယ်ချင်း အတည်တစ်ကျ မရှိသေးသည့် ရောင်စဥ့်အဖို့ နွေကျောင်းပြန်ဖွင့်တာက သာမာန်ခံစားမှုတွေထက် မပိုခဲ့။
ဒါပေမယ့် ဒီနှစ်အတွက် ခံစားချက်ကတော့မတူ။
သူများတွေပျော်နေချိန်မှာ ရောင်စဥ်မပျော်နိူင်။
ခွဲခွာခြင်တွေနောက်မှာပါလာတဲ့ဝေးကွာခြင်းတွေကိုတော့ ရောင်စဥ်တုန်လှုပ်နေမိသည်။
တယောသံပိုင်ရှင်လေးရော ဒီနှစ်ဒီမှာဘဲ ကျောင်းတက်မှာလားဆိုတာသိချင်မိသည်။
လေးလေးကလည်း နှစ်ပတ်လောက်နေရင် ရန်ကုန်ကို ပြန်တော့မှာ။
ရောင်စဥ် ကလောကိုပြန်ဖို့အတွက်လေးလေးက မေမေ့ကို လာခေါ်မနေနဲ့တော့တဲ့။သူလည်း ကလောကို မရောက်တာကြာလို့ အလည်လာရင်းနဲ့ ရောင်စဥ့်ကို ပြန်လိုက်ပို့မယ်တဲ့။ဖြစ်နိူင်ရင် ရောင်စဥ် ကလောကိုမပြန်ချင်။
__________________________________________
"Hello သားငယ် ဘာလုပ်နေလဲ။"
"ခုမှ ရေချိုးပြီးတာ"
သားလေးလေးက ဘယ်နေ့လောက်လာမယ်ပြောလဲ။
"နောက်အပတ်ထဲလောက်တော့ ဖြစ်မယ်ထင်တယ်။သားကိုသေချာတော့မပြောသေးဘူး။"
"ေအာ်..အေးပါ။ဘာရယ်တော့မဟုတ်ပါဘူး မေမေက ဒီတိုင်းသိချင်လို့ မေးလိုက်တာ။"
"သားထမင်းရောစားပြီးပြီလား"
"မစားရသေးဘူး။"
"အဲ့ဒါဆိုလည်း စားတော့လေ မေမေဖုန်းချလိုက်တော့မယ်။"
"မေမေ !"
"အင်း....ပြောလေ"
"သားဒီမှာဘဲ ကျောင်းတက်လို့ ရလား။"
"သားက ဘာစိတ်ကူးနဲ့ ပြောရတာလဲ။"
"သားဒီနေရာလေးကို သဘောကျတယ်။ ဒီနေရာလေးကနေ မပြန်ချင်တော့ဘူး။"
"နေရာကို သဘောကျရုံ သက်သက်တစ်ခုထဲဘဲလားသား။
တစ်ခြား အကြောင်းပြချက်တွေ မရှိတော့ဘူး လား။"
ရောင်စဥ် ဘာမှပြန်မပြောပေမယ့် မျက်နှာလေး ကတော့ ပန်းရောင် သန်းနေလေပြီ။
"မေမေက. မေမေ့သားကို လူကြီးတစ်ယောက်လို တွေးပြီးနေထိုင်တတ်ပြီ ထင်နေတာ။တစ်ကယ်တော့ သားက ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက် တာထက် သားရဲ့ ခံစားချက် သဘောကျမှုတွေနောက်ကို ဦးစားပေးလိုက်ချင်နေသေးတာဘဲ။"
"မေမေပြောတာကို သေချာနားထောင်နော်သား။တစ်ကယ်လို့ သားအဲ့ဒီမှာဘဲကျောင်းတက်မယ်ထား။သားနဲ့သွေးသားတော်စပ်တဲ့လူ ဘယ်သူမှ သားနဲ့ အတူ ရှိနေမပေးနိူင်ဘူး။သားလေးလေးကလည်း သူ့အလုပ် နဲ့ သူရန်ကုန်မှာဘဲနေရမှာ။မေမေဆိုလည်းမေမေ့ အလုပ်တွေပြစ်ပြီး သားနဲ့လာနေမပေးနိူင်ဘူး။"
"အန်တီခိုင် တို့တစ်တွေကလည်း တစ်နေ့တစ်နေ့ အိမ်အလုပ်တွေ နဲ့ ဘဲပြီးနေရတာ။ "
"သားကမနေ့တစ်နေ့ကမှ မန္တလေးကို ရောက်တဲ့လူဘယ်ကျောင်းကကောင်းလို့ ဘယ်ကျူရှင်က. သားတွက်အဆင်ပြေမယ်ဆို သားကိုယ်တိုင်ရွေးချယ်ဖို့ သားမှာလုံလောက်တဲ့ အချိန်မရတော့ဘူး။သားရဲ့လိုအပ်တာမှန်သမျှကို ရေရေလည်လည် လုပ်ကိုင်ပေးနိင်တဲ့ လူလည်းမရှိဘူး။"
"ပြီးတော့ မေမေလည်း သားကို တစ်ယောက် တည်း စိတ်မချဘူး ။"
"မေမေပြောတာ သဘောပေါက်လားသား။ "
"ဟုတ် သားသိပါပြီမေမေ။"
"ကိုယ့် ဘဝအတွက် လုပ်သင့်လုပ်ထိုက် တာတွေဘဲ ရွေးချယ် တက်စမ်းပါသားရယ်။
_____________________________________________
24/05/2023
ချစ်ခွင့်လေးတော့ပေးပါမောင်-အပိုင်း(၅)
ဒီနေ့ အပြင်မှာ မိုးတွေအုံ့နေတယ်။ရာသီဥတုက အုံ့မှိုင်းမှိုင်းကြောင့် ဒီနေ့တစ်နေကုန် ထမင်းစားရုံကလွဲပြီး ရောင်စဥ် အခန်းထဲက မထွက်ဖြစ်။
လေးလေးကတော့ အလုပ်ကိစ္စနဲ့ ချိန်းထားတာ ရှိလို့ဆိုပြီးမနက်ထဲကအပြင်ထွက်သွားသည်။
နေ့လယ်ပိုင်းတွင် မိုးစက်များ ခပ်ဖွဲဖွဲကြလာတယ်။ဒီနေ့မှ အမြဲစောင့်စားနေရသည့် အရိပ်လေး အပြင်ထွက်တာကို တွေ့လိုက်သည်။
အရင်ရက်တွေက အပြင်ထွက်တာ သိပ်မတွေ့ရပေမယ့် ဒီနေ့လို မိုးတွေရွာနေတဲ့နေ့မှ အပြင်ထွက်ရတယ်လို့ မိုးမိပြီးဖျားတော့မှာဘဲ လို့တွေးရင်းစိတ်ပူနေသည့်အဖြစ်က ရောင်စဥ့် ဘဝတွင်ပထမဦးဆုံးသော တစိမ်းတစ်ယောက်ကို စိတ်ပူနေမိခြင်းဖြစ်သည်။
တစ်နေကုန် ခပ်ဖွဲဖွဲ လေးကျနေသည့် မိုးက ညနေငါးနာရီလောက်မှ သဲစပြုလာသည်။
တဖြည်းဖြည့်နှင့် ည၏ အမှောင်ရိပ်သည် ကြီးစိုးလာသည်။
နာရီလက်တံတွေကလည်း ကိုးနာရီသို့ ရွေ့လျားလည်ပတ်နေသည်။
မိုးသည်လည်းမရွာတာ ကြာလို့ထင် သည်းသည်းမဲမဲ ရွာနေသည်။
မိုးသံတွေကြားမှ တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် တယောသံလေးကိုတော့ ရောင်စဥ် ကြားဖြစ်အောင်ကြားလိုက်သေးသည်။
အညိုးနဲ့ ရွာနေတဲ့ မိုးစက်မိုးပေါက်သံတွေနဲ့ သာယာနာပျော်ဖွယ် ဂီတသံစဥ် လှုိင်းလေးတွေကြား ရောင်စဥ့်ရဲ့ မျက်ဝန်းအိမ်လေးတွေ အနားယူရန် မျက်ခွံလေးများမှာ တဖြည်းဖြည်း ဆင်းကျသွားသည်။
နာရီလက်တံတွေက မရပ်မနား လည်ပတ်ခြင်းနဲ့ အချိန်နာရီ တွေကလည်း ရက်မှ လသို့ ကူးပြောင်းလို့သွားနေသည်မှာ ခဏလေးလို့ပင် မှတ်ထင်ရသည်။
ရောင်စဥ် အမည်းမသိ တယောသံပိုင်ရှင်လေးကို မသိခြင်းများစွာနဲ့ စွဲလမ်းနေမိသည်မှာ တစ်လပင်ကျော်လွင်လာသည်။
ညစဥ်ရက်စက် တယောသံလေးကို စောင့်မျှော်နားထောင်းနေမိသည်။
တစ်ပတ်ကို သုံးကြိမ်လောက် စျေးသွားတတ်တဲ့ သူ့အမေကို ဆိုင်ကယ်လေးနှင့် လိုက်ပို့တဲ့အခါ ခန်းစည်းတွေနောက်ကနေ ရောင်စဥ်အမြဲငေးကြည့်နေမိသည်။
ညနေစောင်းတွေမှာ ကုက္ကိုပင်လေးအောက်သွားထိုင်ရင် တစ်ခါတစ်ရံ သူစက်ကိတ်စီးတာကို တွေ့ရတတ်သည်။
အမြဲငေးကြည့်ရုံကလွဲရင် ရှေ့ဆက်ဖို့အတွက် ရောင်စဥ် မဝံ့ရဲသေး။
________________________________________
အိမ်ရှေ့တွင် အလှစိုက်ထားသည့် နှင်းဆီနီနီတွေကို ပေါင်းသင်ရေလောင်းနေသည့် ဘိုးရုံကို တွေ့လိုက်သဖြင့် ရောင်စဥ် အိမ်ထဲမှ ထွက်လာပြီး ဘို့ရုံဘေးတွင် ခဏရပ်ကြည့်နေမိသည်။
"ရောင်းစဥ် မြေးတစ်ယောက်ထဲဆိုတော့ ပျင်းနေပြီလား။"
"ပျင်းတယ်ရယ်လို့တော့ မရှိပါဘူး အဘရယ်။တစ်ယောက်ထဲ ဘေးလူတွေအတွက် အချိန်ပေးစရာမလိုတာပေါ့။"
"အေးပေါ့ အဲ့ဒါလည်း တစ်မျိုးကောင်းပါတယ်။"
"အဘ ဒီနှင်းဆီ အနီရောင်တွေက သိပ်လှတာဘဲနော်။သူတို့ကို ကြည့်လိုက်ရင် တစ်ကိုယ်တည်း မာန်အပြည့်နဲ့ပန်းလောကအလယ်မှာ ဘုရင်တစ်ပါးလို ဆူးမာန်အပြည့်နဲ့ ထည်ဝါနေတာဘဲ။"
"နှင်းဆီတိုင်းတော့ မြေးမျက်လုံးထဲမှာ ထည်ဝါမနေဘူးမှတ်လား။"
"အင်း နှင်းဆီတိုင်းတော့မဟုတ်ဘူး။တစ်ချို့ အရောင်တွေက တစ်မျိုးစီ သူ့အလှတစ်ရားနဲ့ လှကြပေမယ့် သားမျက်လုံးထဲမှာတော့ နှင်းဆီနီတွေလောက် ထည်ဝါမနေဘူး။"
"အဲ့ဒါ အနီရောင်တွေကြောင့်မြေးရဲ့။"
"ရှေးပညာရှိကြီးတွေက အနီရောင်ကို အမျိုးမျိုးသော တင်စားမှာကြီးတွေနဲ့ တင်စားထားတာကို အဘစာအုပ်တွေထဲမှာ တွေ့ဖူး ဖတ်ဖူးတယ်။"
"ဟုတ်လား။ အဘသိသလောက် သားကို ပြောပြပါလား။"
"မြေးသိချင်ရင် အဘက ပြောပြပေးမှာပေါ့။"
အနီရောင်ကို ရဲရင့်မှုနဲ့ တင်စားကြတယ်။
အနီရောင်ကို တည်ကြည်မှုနဲ့ ထပ်တူပြုကြတယ်။
အနီရောင်ကို ထည်ဝါမှုနဲ့ နေရာပေးကြတယ်။
အနီရောင်ကို ခန်းညားမှုနဲ့ မြတ်နိူးကြတယ်။
အနီရောင်ကို ဣန္ဒြေရှိမှုနဲ့ ချစ်ခင်ကြတယ်။
"အဲ့ဒါကြောင့်မလို့ နှင်းဆီနီတွေက လူတွေရဲ့ အမြင်မှာ တစ်ခြားသော အရောင်တွေထက် ပိုပြီးကြိုက်နှစ်သက်ခြင်းကို ခံရတယ်။"
ရောင်စဥ် ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ စိတ်ဝင်တစ်စား နားထောင် နေသည်။
"အခက်ခဲတွေကို ဖြတ်ကျော်နေချိန် နှင်းဆီနီတွေကို ကြည့်ပြီး သူတို့လို ဆူးမာန်အပြည့် ခန်းနားထည်ဝါ မှုတွေနဲ့ လောက အလယ်မှာ ရပ်တည်နိူင်ရမယ်လို့ တွေးပြီး ရှေ့ဆက် လျှောက်နေရင်း ပင်ပန်းလာတဲ့ အခါတွေရှိလာမှာဘဲ။
အဲ့ဒီ အခါကြရင် အေးအေးချမ်းချမ်း ဖြူဖြူစင်စင် လေးနဲ့ သဘာဝဆန်ဆန် ချစ်စရာကောင်းနေတဲ့ စံပယ်ပန်းလေးတွေကို ကြည့်ပြီးစိတ်အေးချမ်းအောင် အဘကသား အတွက် စံပယ်ပင်လေးတွေစိုက်မပေးချင်ဘူးလား။"
မြေးက အဘကို ပန်းပင်စိုက်ခိုင်းဖို့ အတွက် စကားလှတွေသုံးတက်လိုက်တာ။မြေးက ပန်းလေးတွေကို သဘောကျ နှစ်သက်လို့ရှိရင် အဘက ပန်းမျိုးစုံစိုက်ပေးမှာပေါ့။
နောက်နှစ်မြေး လာလို့ရှိရင် ခြံထဲမှာ ပန်းဥယျာဥ်လေး ဖြစ်နေအောင် အဘစိုက်ထားပေးမယ်။
ရောင်စဥ် မျက်လုံးလေးတွေ မှိတ်ကြသွားသည် အထိပြုံးပြလိုက်သည်။
ထိုစဥ် ခြံရှေ့မှ ဖြတ်သွားသည့်ဆိုင်ကယ်သံကြားသဖြင့် ရောင်စဥ် ကြည့်လိုက်မိသည်။
တယောထိုးတဲ့ ကောင်လေး။ သေချာတယ်။
ဒါပေမယ့် ဆိုင်ကယ်ဦးထုပ် ဆောင်းထားသဖြင့် ဘေးတိုက်ဆိုတော့ မျက်နှာလေးကိုတော့မမြင်လိုက်ရ။
သို့သော် နောက်က ဘေးတစ်စောင်း ထိုင်လိုက်လာသည့် ထိုလူ့ရဲ့ အမေကိုတော့ သေသေချာချာ မြင်လိုက်ရသည်။
တောင့်တောင့်တင်းတင်း ကိုယ်ခန္ဓာနှင့် ခန့်ခန့်ညားညားရှပ်ရည်တော့မဟုတ်။သို့သော် အရမ်းချစ်စရာ ကောင်းသည်။မျက်လုံးမြင်လိုက် ရတဲ့ ခဏက ရောင်စဥ်ရင်ကို အေးချမ်းစေသည်။နွေးထွေးတဲ့ အပြုံးလေးကိုတော့မြင်လိုက်ရသည်။
ရောင်စဥ် ဘိုးရုံကို စကားနည်းနည်းလောက်ထပ်ပြောပြီးတာနဲ့အိမ်ထဲသို့ပြန်ဝင်လာလိုက်သည်။
_________________________________________________
အပန်းမကြီးရင် Pageလေးကို followလုပ်ပေးကြပါဦးနော်။
20/05/2023
ချစ်ခွင့်လေးတော့ပေးပါမောင်–အပိုင်း(၄)
မေမေပြန်သွားတာ သုံးရက်ရှိပြီ။
လေးလေးလည်း ဒီနေ့လာမယ်လို့ ပြောထားသဖြင့် ရောင်စဥ် အခန်းလေးထဲမှာဘဲ အတွေးနယ်ချဲ့ရင်း လေးလေးကို စောင့်နေမိသည်။
သုံးရက်လုံး ညစဥ်ရက်စက် တီးခက်နေသည့် တယောသံလေးက နွေလေရူးနဲ့ အတူ ရောင်စဥ့်ရဲ့ အိပ်ခန်းနားတွင် ပျံလွင့်လာတတ်သည်။
ရောင်စဥ်လေးရေ သားလေးလေး ရောက်နေပြီ ဆင်းခဲ့ပါဦး။
အန်တီခိုင်ရဲ့ အော်သံကြောင့် ရောင်စဥ်အပြေးလေးဆင်းလာခဲ့သည်။
"လေးလေး စောတယ်နော်။"
"သားက နောက်ထပ်တစ်နာရီလောက်နေမှ ရောက်မယ်ထင်နေတာ။"
လေးလေးက ဘယ်မှ မဝင်ဘဲ အမြန်နှုန်းနည်းနဲ့ တန်းမောင်းလာတာလေ။
ဟောဒီက ကိုယ့်တူ လူပျိုပေါက်စ ချောချောလေးကို တွေ့ချင်လွန်းလို့။
"ဟာ..လေးလေးကလည်း"
ဟော...ကလေးကရှက်တာလား။
ကြည့်ပါ့ဦး မျက်နှာလေးတွေ နီကုန်ပြီ။လေးလေးကစတာပါ။
ဧည့်သည်ကို အိမ်ထဲ မဝင်ခိုင်းတော့ဘူးလား။
တော်ကြာ ဧည့်သည် စိတ်ဆိုးသွားရင် ပါလာသမျှလက်ဆောင် မပေးဘဲနဲ့ နေလိုက်မှာနော်။
"အား.... လေးလေးကလည်း"
"သားကခေါ်မလို့ပါ။"
ဟုတ်ပါပြီ အိမ်ထဲဝင်ရအောင်။
"လေးလေး ရေချိုးပြီး နားလိုက်ဦးနော်။ခရီးပန်းလာပြီးနေမကောင်းဖြစ်နေလိမ့်ဦးမယ်။"
ဟုတ်ကဲ့ပါဗျာ။အဲ့ဒါဆို လေးလေး နားလိုက်ဦးမယ်။
"ဟုတ်ကဲ့ဗျ"
ရောင်စဥ်လည်း လေးလေးကို ပြောပြီးသည်နှင့် ကိုယ့်အခန်းထဲဘဲ ဝင်နေမိသည်။
လေးလေးက စကားပြောရာမှာလည်း နွေးထွေးမှုရှိတာဘဲ။
ဒီလောက်ယောင်္ကျားပြီသပြီး ချောမောတဲ့ ရုပ်ရည်ရှိတာတောင် ဘာလို့ခုချိန်ထိ အိမ်ထောင်မပြုသေးတာလဲ။
ရုပ်ရည်တစ်ခုထဲ အားသာချက်ရှိတယ်လို့ပြောရအောင်လည်း ကိုယ်ပိုင်စီးပွားရေးနဲ့ အောင်မြင်အောင်ရပ်တည်နိူင်တဲ့ လူတစ်ဦးပါ။
သူလည်း သူ့အကြောင်းနဲ့သူရှိမှာပါလေ။ရောင်စဥ် အတွေးစလေးတွေကို ရပ်လိုက်သည်။
ထို့နောက် ခြေလှမ်းလေးတွေက ပြတင်းပေါက်တွေနား ရပ်လိုက်သည်။ခန်းစည်းတွေကို ကွယ်ရင်း အမြဲကြည့်နေမိသည်ဖြစ်တဲ့ တစ်ဖက်အိမ်က တယောသံ ပိုင်ရှင်လေး။
ထိုလူ့ရဲ့ တယောသံလေးကို စွဲလမ်းမိရုံနှင့်တင်မက တွေ့ချင်စိတ်တွေ ဖြစ်မိပြန်ရင်လည်း ခန်းစည်းတွေနောက်မှသာ တွေ့လို့တွေ့ညား ရှာကြည့်နေမိသည်။
သို့သော် တစ်ခါတစ်ရံမှသာ လှုပ်ရှားနေတဲ့ အရိပ်လေးကိုတွေ့ရတတ်သည်။
.....................................................................
ရောင်စဥ် ညစာစားရန် အောက်သို့ ဆင်းလာခဲ့သည်။
လေးလေးက laptop တစ်လုံးဖြင့် ဧည့်ခန်းထဲတွင် အလုပ်လုပ်နေသည်။
"လေးလေး ထမင်းစားတော့မလား။"
အော်...အေး စားကြတာပေါ့။
မေမေပြန်သွားတည်းက တစ်ယောက်ထဲ စားနေရသည့် ထမင်းဝိုင်းလေးက ဒီနေ့တော့ တစ်ယောက်ထဲမဟုတ်သဖြင့် ရောင်စဥ် အနည်းငယ်တက်ကြွနေသည်။
သားငယ်လေးက ဒီနှစ်ဘယ်နှစ်တန်းတက်ရမှာလဲ။
"၉တန်းပါလေးလေး"
၉တန်းလား။ လေးလေး မျက်လုံးထဲမှာတော့ ငါးတန်းကလေးလေးကြနေတာဘဲ။
ရောင်စဥ်မျက်လုံးလေးတွေ မှိတ်ကြသွားသည် အထိ ပြုံးမိသည်။
သားငယ်လေးနဲ့ မတွေ့ရတာလဲကြာတော့ တစ်ခါတစ်လေစဥ်းစားမိတယ် လေးလေးရဲ့တစ်ဦးတည်းသောတူလေးက ဘယ်လိုပုံစံလေးနဲ့ကြီးပြင်းနေလဲလို့။
ခုတွေ့လိုက်ရတော့ ဝါဂွင်းလေးဥထားသလိုသလိုဘဲ။
"လေးလေးကလည်း သားကအဲ့လောက်နုနေလို့လား။"
နုတာပေါ့ဗျာ မသိတဲ့လူဆို မိန်းကလေးလေးကြနေတာဘဲ။
"လေးလေးနော်"
မဟုတ်ပါဘူး လေးလေးပြောတာက အသားရည်ပြောတာပါ။
ဟား...ဟား...
လေးလေးက သူ့ဟာသူပြောပြီး သူ့ဟာသူ သဘောတွေကြနေသည်။
"အကိုကြီးခွန်သာတို့ ရောင်စဥ်းလေးတို့ ထည့်စားကြနော်။"
"စကားပြောတာလည်းပြောကြပေါ့။"
စားတယ် စားတယ် မခိုင်လက်ရာကတော်တော်ကောင်းတယ်။
မန္တလေးရောက်တုန်းတော့မခိုင်လက်ရာကို အဝစားသွားဦးမှ။
အကိုကြီးခွန်သာတို့ ရောင်စဥ်လေး တို့သာစားချင်တယ်ဆို ဟောဒီကမခိုင်က မမောမပန်း ချက်ကျွေးနိူင်ပါတယ်။
ဟုတ်ကဲ့ပါဗျာ တော်ကြာနေမှ မညဥ်းနဲ့နော်။
စိတ်ချမညဥ်းစေရဘူး။
စကားတစ်ပြောပြောနဲ့သာ ထမင်းဝိုင်းလေးကပြီးဆုံးသွားသည်။
ထမင်းစားပြီးသည်နှင့် ဧည့်ခန်းမှာ ခဏ ထိုင်နေရင်း လေးလေးက အလုပ်ကိစ္စ ပေါ်လာလို့ စောစော အပေါ်တက်သွားသည်။
ရောင်စဥ်ကတော့ အန်တီခိုင်ခွဲပေးထားသည့် သစ်သီးလေးတွေ စားရင်း အန်တီခိုင်နှင့် အတူ တီဗွီ ခဏကြည့်နေသည်။
ရောင်စဥ် တီဗွီကြည့်တယ်လို့သာ ခေါင်းစဥ်တက်ထားပေမယ့် လက်တွေ့မှာ နာရီကိုသာ ထိုင်ကြည့်နေသလို
ဖြစ်နေသည်။
ခုရက်ပိုင်းတွေဆို ရောင်စဥ်နေ့ရက်တွေကို ညတွေသာဖြစ်စေချင်သည်။ ထိုညတွေကလည်း အမြဲ ကိုးနာရီဝန်းကျင်ဖြင့်သာ ရပ်တန့်နေစေချင်သည်။
ထိုအချိန်ကသာ သူမြတ်နိူး တွယ်တာနေမိသည့် တယောသံလေးကို ငြီးငွေ့ခြင်း အလျင်းမရှိဘဲ အမြဲစိတ်ဝင်တစ်စား နားထောင်လို့ရချိန်ဖြစ်သည်။
"ရောင်စဥ်လေးအိပ်ချင်နေပြီလား။"
"အိပ်ချင်ရင်သွား အိပ်နော်။"
"ဟုတ် အာ့ဆို သားသွားအိပ်တော့မယ်ဗျ"
"အန်တီခိုင် မအိပ်ချင်သေးရင်ဆက်ကြည့်ပါ။"
အေး...အေး အန်တီခိုင်လည်း ခဏနေ အိပ်တော့မှာ။
အချိန်ကလည်း ကိုးနာရီထိုးဖို့ ဆယ်မိနစ်ပဲ လိုတော့သဖြင့် ရောင်စဥ်အခန်းထဲသို့အပြေးလေးသွားမိသည်။
ကိုးနာရီထိုးဖို့ အနည်းငယ် လိုသေးသဖြင့် ရောင်စဥ်ညအိပ်ယာမဝင်ခင် ကိုယ်လက်သန့်စင်ထားလိုက်သည်။
ကိုးနာရီတောင်ကျော်လွန်လို့ သွားသည်။သို့သော် ရောင်စဥ်မျှော်နေသည့် တယောသံလေးကထွက်ပေါ်မလာ။
အရိပ်ကလေးဖြစ်ဖြစ် မြင်ရလို့မြင်ရညား ဆိုပြီး ပြတင်းပေါက်ဘေး သွားရပ်ကြည့်မိတာလည်းအခေါက်ခေါက်အခါခါ။
လိုချင်တာမရလို့ စိတ်ကောက်နေသည့် ချစ်စရာ ကလေးငယ်လေးတစ်ယောက်လို အိပ်ယာပေါ်သို့ ရောင်စဥ် ပစ်လှဲလိုက်သည်။
မျက်ဝန်းအိမ်လေးတွေကတော့ ညှိုးငယ်နေစပြုလာသည်။
နှုတ်ခမ်းလေးတွေကလည်း ဆူထော်နေသည်။
အပြင်မှာသာ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးနေရင် ဘာလို့ အချိန်မှန်မှန် တယောမထိုးရတာလည်းဆိုပြီး နှုတ်ခမ်းလေးတစ်ထော်ထော်နဲ့ ရန်တွေ့နေမိမှာအမှန်ပင်။
ရောင်စဥ်လေးက သူ့ရင်ထဲမှာခင်တွယ် နေမိတဲ့လူတွေအပေါ်မှာ အရမ်းဆိုးနွှဲ့ပြီးချွဲချင်သည့် စိတ်ကလေးရှိသည်။
သို့ပေမယ့် ရောင်စဥ့်မှာ ချွဲလို့ရသူဆို၍ ဖွားဖွားသာရှိသည်။
မေမေကတော့ ချွဲဖို့နေနေသာသာ အရင်တုန်းကဆို အနားကိုကပ်ဖို့ရာပင် ဖမ်းလို့မမိ။
တစ်ခါတစ်လေ ရောင်စဥ်လေး စိတ်ကောက်နေတာတောင်မသိလိုက်။ ချော့မယ့်သူ မရှိမှတော့ ကိုယ့်ဘာ့သူဘဲ စိတ်ကောက်ဖြေလိုက်တာလည်း အခါခါ။
ဖွားဖွား ဆုံးပြီးထဲက အရင်နဲ့မတူဘဲ ပိုပြီး တိတ်ဆိတ် အေးစက်သွားသည့် ရောင်စဥ့်ကို မေမေကအနည်းငယ် ဂရုစိုက်လာသလိုခံစားရသည်။
ဒါပေမယ့် ရောင်စဥ် ဘယ်သူ့အပေါ်မှ မစိုးနွှဲ့ချင် မချစ်ချင်တော့ပါ။
ကိုယ်ဘက်က အပြည့်အဝပုံအောပြီးချစ်နေရင်လူတွေကထွက်သွားကြသလိုဘဲ။
ကိုယ်ကချစ်ပါတယ်။မြတ်နိူး တွယ်တာပါတယ်လို့ ပြောမိလေ လူတွေကကိုယ့်ကိုချနင်းချင်ကြလေဘဲလို့ ဘွားဘွားပြောဖူးသည်။
ဒါပေမယ့် မမြင်ဖူးသေး မရင်းနီးသေးသည့် ထိုလူသား အပေါ်တွင်တော့ ခုထဲကစိတ်ကောက်တက်ချင်နေသည်။
သို့သော် ရောင်စဥ် ထိုလူ့ ကိုတော့ ကိုယ်တိုင် သွားမတွေ့ရဲသေး။
ဘယ်လောက်ပဲ နီးကပ်နေတဲ့ အနေအထားဘဲ ပြောပြော ရောင်စဥ် အဝေးကနေဘဲငေးကြည့်ချင်သေးသည်။
ခံစားချက်တွေကို လွယ်လွယ်နဲ့ ကောက်ချက်ချချင်သေးတာလည်းပါသည်။
__________________________________________________
07/05/2023
ချစ်ခွင့်လေးတော့ပေးပါမောင်—အပိုင်း(၃)
ရွှေဝါရောင်ဖိုးလမင်းကြီးရဲ့အလင်းရောင် မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေရဲ့ အလင်းတန်း မောင်ရင်ဆိုင်းတန်းနှင့် ဖျောက်ဆိတ်ကြယ်လေးတွေရဲ့ အလလှက နွေလယ်ညကို ပိုပြီးအသက်ဝင်စေသည်။
ရောင်စဉ် ကောင်းကင်ကြီးကို ငေးမောရင်း အတွေးပေါင်းများစွာဖြင့် စိတ်အစဉ်မှာ အဝေးသို့လွင့်မျောနေသည်။
လူသူနည်းတဲ့ ပတ်ဝန်းကျင်ဖြစ်တာကြောင့် ညဦးယံသည်ပင် တိတ်စိတ်မှုက အားကောင်းနေသည်။
ညရဲ့ တိတ်စိတ်ခြင်းကို ဖြိုခွဲသည့် ပိုးကောင်ငယ်လေးတွေရဲ့ အော်သံကိုသာ တစ်ချက်တစ်ချက် ကြားရသည်။
သိို့သော် သူတို့လည်း အော်ပါများလို့ မောသွားပြီထင် ပတ်ဝန်းကျင်ကတိတ်ဆိတ်ခြင်းသို့ ပြန်ရောက်သွားသည်။
လေလွင့်နေတဲ့ စိတ်အစဉ်သည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။
ရောင်စဉ် ခေါင်းလေးတစ်ချက်ထောင် သွားသည်။
မျက်ဝန်းအိမ်လေးတွေမှာ အရောင်လဲ့နေပြီး သိချင်စိတ်တွေက တဖြည်းဖြည်း ကြီးစိုးနေသည်။
နားလေး စွင့်ပြီး သေချာအာရုံစိုက်နားထောင်းရင်း ပတ်ဝန်းကျင်ကိုလည်း စူးစမ်းရှာဖွေနေမိသည်။
ရောင်စဉ် ပြတင်းပေါက်နားသို့ သွားရပ်လိုက်သည်။
သူထင်ထားသည့်အတိုင်းပင် ကျွန်းအမည်းရောင်တွေနှင့်
ဆေးနီရောင်တွေ ခြယ်သထားသည့် တစ်ထပ်တိုက် အိမ်ကြီးထဲမှ လူတစ်ယောက် "တယော" ထိုးနေသည့် အရိပ်လေးကို တွေ့လိုက်ရသည်။
တစ်ထပ်တိုက်ဆိုပေမယ့် အိမ်ကြီးကကြီးမားလွန်းသည်။
ရောင်စဉ် ထိုအိမ်ကြီးထဲမှ "တယော"ထိုးနေသူကို ငေးမောမိရင်း "တယောသံ"ကို အပြီးထိ အာရုံစိုက် နားထောင်လိုက်သည်။
"အဲ့ဒီ တယောသံကဘာလို့ကျွန်တော့်ကို ရင်ခုန်စေတာလဲ။
ပြီးတော့ နားထောင်နေသူတွေအဖို့ ဆွေးဆွေးမြေ့မြေ့ သံစဉ်တစ်ခု ဖြစ်ပေမယ့် ရောင်စဉ်အဖို့ ရင်ထဲမှာနွေးထွေးနေသယောင်။
ဒေါက်.....ဒေါက်......ဒေါက်
ရောင်စဉ်လေး အန်တီခိုင်ပါ။
"ဝင်ခဲ့ပါ"
မအိမ်ခင် နွားနို့လာပို့တာပါ။
"ဟုတ်ကဲ့ ထားခဲ့လိုက်ပါ"
ခရီးပန်းလာတာ ဆိုတော့စောစော အနားယူလိုက်ဦးပေါ့။
အန်တီးခိုင်လည်း မီးဖိုခန်းထဲမှာ အလုပ်လေးကျန်တာ လက်စသတ်လိုက်ဦးမယ်။
ခိုင်းစရာရှိရင် လှမ်းခေါ်လိုက်နော်။
"ဟုတ်"
အန်တီခိုင်ထွက်သွားပြီးတာနှင့် ရောင်စဉ် ပြတင်းပေါက်နားသို့ သွားလိုက်သည်။
တယောထိုးနေသည့်အရိပ်လေးမရှိတော့။
"နောက်ထပ် တစ်ပိုဒ်လောက်များ ထပ်တီးပါတော့လား။
ဒါမှမဟုတ် မင်းလည်းပင်ပန်းသွားလို့နေမှာပါ။"
ဒီနေ့တော့ ရောင်စဉ်ရဲ့ ဒဏာရီ စာအုပ်လေးထဲပါ အမည်မသိတဲ့ တယောသံ လေးအကြောင်းကို ထည့်ရေးဖြစ်သည်။
.................................................................................
သားငယ် နိုးပြီလား။
လာ မနက်စာစားလှည့် ။မေမေသားအတွက်ပြင်ပေးထားတယ်။
မခိုင်ရေ ခုထဲက ကြိုမှာထားလိုက်မယ် သားကမနက်စာကို ကော်ဖီတွေ မုန့်တွေမစားဘူးနော်။
ထမင်းဘဲစားတာ။
ဟုတ်ကဲ့ ကျွန်မ မှတ်ထားပါ့မယ့်။
"သား မေမေ မနက်ဖြန်ပြန်တော့မယ်။"
"လေးလေး လာတဲ့အထိမစောင့်တော့ဘူးလား။"
"သား လေးလေးက နောက်အပတ်ထဲမှ ရောက်မှာတဲ့ ရက်တောင်အတိအကျ မပြောသေးဘူး။"
"မေမေ့ အလုပ်တွေက အဲ့ဒီအချိန်ထိ စောင့်လို့မရဘူး။"
"အော်..ဟုတ်"
"မေမေ့ သဘောပါ"
"သားကတော့ ကျောင်းပိတ်ရက် အေးအေးဆေးဆေး သားနေချင်သလောက်နေခဲ့ပေါ့။"
"ပြန်လာချင်ရင်တော့ မေမေ့ကို ဖုန်း လှမ်းဆက်လိုက်ပေါ့။
"ဟုတ်ကဲ့"
ပူပြင်းလှသည့် နွေရာသီကြောင့် ရောင်စဉ်အခန်းတွင်းသာအောင်းနေတော့သည်။
စာအုပ်တွေဖတ်လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့သာ အချိန်ကို ဖြုန်းနေမိသည်။
တဖြည်းဖြည်းနှင့်အပူရှိန်သည်လည်းလျော့လာသည်။
ညနေစောင်းချိန်လည်း ဖြစ်သဖြင့် ရောင်စဉ် အိမ်ရဲ့နောက်ဖေးသို့ လျှောက်ကြည့်ရန် ထွက်လာခဲ့သည်။
အိမ်ရဲ့နောက်ဖေးတွင်တော့ ဘိုးရုံ စိုက်ထားသည့် ဟင်းသီးဟင်းရွက်ပင်လေးတွေ၊ ပန်းပေါင်းစုံတို့ရဲ့မျိုးစေ့ကို ပတ်ကျဲထားပုံပေါ်သည့် ရောင်စုံခြယ် ပန်းခင်းလေးရယ်
ခြံစည်းရိုးနားတွင် တော့ စိမ်းစိမ်းစိုစို ဝါးပင်လေးတွေနှင့်
ပုပုဝဲဝဲလေးနှင့်ချစ်စရာ ကောင်းနေသည့်ကုက္ကိုပင်ငယ်လေးက ပူပြင်းလှသည့် မန္တလေးနွေကို အကောင်းဆုံးအကောင်းဆုံးခိုလှုံဖို့ သစ်ရိပ် ဝါးရိပ်ပင်လေးတွေ
ဖြစ်သည်။
စော််ဘွားမျိုးနွယ်တွေဖြစ်သည့်ရောင်စဥ်တို့အိမ်က လူမှုဆက်ဆံရေးမှာ သိပ်ကိုဘောင်ခတ်လွန်းသည်။
အဆင့်အတန်းခွဲခြားတာထက် ချင်ခွန်စံအိမ်ရဲ့ တစ်ဦးတည်းသာ မျိုးစက်ဖြစ်သည့် ရောင်စဉ်အပေါ်မှာ အမှားယွင်းမရှိ အထက်တန်းကျကျ ကြီးပြင်းစေချင်သည်မှာ
ဖွားဖွားလည်း နည်းတူပင်။
ဖွားဖွားကတစ်ခြားကိစ္စတွေသာ လိုက်လျောပေးပေမယ့်
အပေါင်းအသင်းပေါင်းရာမှာ သိပ်ကိုတင်းကျပ်လွန်းသည်။
ဒါ့ကြောင့် ရောင်စဉ် တစ်ကိုယ်တည်းသာနေဖြစ်သည်။
ရောင်စဥ့်ရဲ့ တစ်နေ့တာက အိမ်ထဲမှာဘဲ စာအုပ်တွေနှင့်အချိန်ကုန်ဆုံးစေသည်။
ခုလိုသဘာဝဆန်ဆန် အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးဆိုတော့ ရောင်စဥ့် အတွက် နေရာသစ် ခံစားချက်အသစ်တွေ ရစေသည်။
အိမ်ရဲ့ နောက်ဖေးမှာရှိတဲ့ ပုပုဝဲဝဲ လေးဖြစ်နေတဲ့ ကုက္ကိုပင်လေးဆီသို့ ရောင်စဉ်သွားလိုက်သည်။
ထိုအပင်လေး အောက်မှာဘဲထိုင်ရင်း ညနေဆည်းဆာရဲ့ သဘာဝအလှကို ငေးမောနေလိုက်သည်။
လယ်ကွင်းတွေထဲမှ ဗျိုင်းဖြူဖြူတွေက ဟိုတစ်ကေါင်ဒီတစ်ကောင် ပြေးလွှားရင်း ဝမ်းစာအတွက် အလုအရက်
ရှာဖွေနေကြသည်။
နေ့လယ်ပိုင်း နေပူချိန်က လမ်းမပေါ်တွင် လူမရှိသလောက် ဆိုပေမယ့် ညနေနေအေးချိန်တွင်တော့ အရှေ့အနောက်လမ်းမကြီးသည် လုပ်ငန်းအသီးသီးမှ ပြန်လာကြသည့် လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကြောင့် စည်ကားနေသည်။
ရောင်စဉ်လမ်မကြီးပေါ်မှ လူတွေရဲ့လှုပ်ရှားမှုတွေကို ငေးမိပြန်သည်။
လိမ်မော်ရောင်နေလုံးကြီးက တစ်စတစ်စနဲ့ အနီရောင်ရင့်ရင့်သို့ ပြောင်းလာပြီး တောင်တွေကြားသို့ တိုးဝင်ပျောက်ကွယ်ဖို့ အစပြုနေသည်။
ကုက္ကိုပင်ပေါ်မှ အိပ်တန်းတက်ငှက်ငယ်လေးတွေရဲ့ တွတ်ထိုးသံလေးတွေကို နားထောင်ရင်းရောင်စဉ်ပြုံးမိသည်။
အချိန်သည်လည်း တစ်ဖြည်းဖြည်း မှောင်စပြုလာပြီ။
လမ်းမပေါ်တွင်လည်း လူမရှိသလောက် ဖြစ်နေသည်။
သို့သော် ရောင်စဉ်ထဖို့ စိတ်ကူးမရှိသေး။
မှိုင်းညို့ညို့ အုပ်စိုင်းနေသည့် မန္တလေးတောင်တန်းကြီးနှင့် ကောင်ကင်ယံမှ ထွက်စပြုနေပြီဖြစ်တဲ့ ရွှေဝါရောင်လမင်းကြီးက ငေးမောနေသူတိုင်းအဖို့ ရှူ့မညဉ်းနိူင်အောင် သဘာဝဆန်လွန်းသည့် ပန်ခီကားတစ်ချပ်ဖြစ်သည်။
လူသူကင်းမဲ့သွားသည့် လမ်းမကြီးကို ဖြတ်သွားဖို့ လူတစ်ယောက်တော့ ကျန်ရှိနေသေးပုံပေါ်သည်။
ရောင်စဉ် ထိုလူဖြတ်သွားပြီးရင်တော့ အိမ်ထဲဝင်ဖို့ ဆုံးဖြတ်ထားသည်။
ထိုလူသည်တစ်ခုခုကို စီးနင်းလာသည်။
ဆိုင်ကယ်လည်းမဟုတ်၊ စက်ဘီးလည်းမဟုတ်။
သို့သော် သူ၏ လက်တွေက လေပေါ်မှာ ဆန့်တန်းထားသည်။
ထိုလူ၏ ပုံစံမှာ လွတ်လပ်ပေါ့ပါးနေသည်။
အနီးရောက်လာမှ ထိုလူစီးနင်းလာသည့် ကိုသဲသဲကွဲကွဲမြင်ရခြင်းဖြစ်သည်။
စကိတ်ကို ကျွမ်းကျင်စွာစီးနေခြင်းဖြစ်သည်။
ထိုလူသည် တဖြည်းဖြည်းနှင့် ရောင်စဉ်တို့ အိမ်ရှေ့မှ ဖြတ်သွားလေသည်။
သို့သော် ညနေစောင်း၏ အမှောင်ရိပ်ကြောင့် ယောင်္ကျားလေးတစ်ယောက်ဆိုတါသိရုံကလွဲရင် ထိုလူ၏ ပုံပန်းသွင်ပြင်ကိုမမြင်လိုက်ရ........
—————————————————————–——————
12/04/2023
ချစ်ခွင့်လေးတော့ပေးပါမောင် အပိုင်း(၂)
ကလောမြို့ရဲ့ အုံ့မှိုင်းမှိုင်းရာသီဥတုနှင့်အတူ စိမ်းညို့ညို့
အရောင်တွေ ခြယ်သထားတဲ့ "ချင်ခွန်" စံအိမ်ကြီးက
လည်း တစ်ကိုယ်တည်း ကျန်ရစ်ခဲ့လေသည်။
ခဏပဲသွားမှာပါ ပြီးရင် တိတ်ဆိတ်ပြီး အထီးကျန်စံတဲ့
မင်းရင်ခွင်ဆီကို ငါ့ရဲ့ အေးစက်တဲ့နှလုံးသားလေးနဲ့ အတူပြန်လာမှာပါ။
"ရောင်စဥ် စိတ်ထဲကနေသာ တိတ်တစိတ်ရေရွတ်နေမိသည်။"
အသွားမှာ အေးစက်တဲ့ နှလုံးသားလေးနဲ့ သွားပေမယ့်
အပြန်မှာ အေးစက်တဲ့နှလုံးသားလေးက မီးတောက်တွေနဲ့
အတူပြန်လာမယ် ဆိုတာ ကောင်လေးတစ်ယောက် ဘယ်သိနိူင်မလဲ။
ကားမှန်မှတစ်ဆင့် လွမ်းမောဖွယ် ရှမ်းတောင်တန်းကြီး
တွေကို ငေးကြည့်ရင်း ရင်ထဲမှာ အမည်မသိတဲ့ ခံစားချက်လိုင်းလေးတွေလှုပ်ခတ်နေသည်။
"မေမေ ကတော့ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။"
"သား"
"မေမေက သားကိုပို့ပြီးလို့ တစ်ရက် နှစ်ရက်လောက်နေရင် ပြန်မှာနော်။"
ဘာဖြစ်လို့လည်း ဆိုတဲ့မျက်ဝန်းလေးတွေနဲ့ ရောင်စဥ်ပြန်ကြည့်လိုက်သည်။
မေမေကအဲ့လိုဘဲ အလုပ်ကိစ္စပေါ်လာရင် ပေးထားတဲ့
ကတိစကားတွေကို အကြိမ်ကြိမ် မသိကြိုးကျွံပြုတတ်ပြန်သည်။
"အလုက်ကိစ္စတွေ ပေါ်လာလို့ပါသားရယ်။"
"သားတစ်ယောက်ထဲလည်း မဟုတ်ပါဘူး။"
"သားလေးလေးလည်း အလုပ်ကိစ္စနဲ့ လာနေဦးမှာပါ။
ဒီကြားထဲ မေမေ အားရင်လည်း လာအုန်းမှာပါ။"
လေးလေးနဲ့ မတွေရတာတောင် နှစ်အတော်ကြာနေပြီ။
ဟို အရင်တုန်းကတော့ လေးလေးကဖွားဖွားနည်းတူ ကိုယ့်အပေါ်ကို အလေးပေးပြီး နွေးနွေးထွေးထွေး ဆက်ဆံတတ်သည်။
————————————————————————————
"မန္တလေးခြံက မေမေ သားအတွက် ရည်ရွယ်ပြီး ဝယ်လိုက်တာ။"
"သားကတစ်ယောက်ထဲဘဲ နေတော့ တိတ်ဆိတ်တဲ့နေရာတွေဆို ပိုပြီးသဘောကျမယ် ထင်လို့။"
"သားကရော သဘောကျရဲ့လား။"
"ဟုတ် အဆင်ပြေပါတယ်။"
"မေမေရယ် သားက အေးချမ်းတိတ်ဆိတ်တဲ့ နေရာတွေကိုတော့ သဘောကျပါတယ်။"
"ဒါပေမယ့် သားရဲ့စကားတွေကို အချိန်ပေးပြီး နားထောင်ပေးမယ့် မိသားစုဝင် မရှိလို့ တစ်ယောက်ထဲ နှုတ်ဆိတ်နေခဲ့ရတာပါ။"
"သားက အေးအေးဆေးဆေး နေရတာကြိုက်ပေမယ့် စစ်
မှန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေရှိတဲ့ လူသားတွေနဲ့တော့ သားထိတွေဆက်ဆံချင်ပါသေးတယ်။"
"ရောင်စဥ် စိတ်ထဲကသာ ပြောနေမိသည်။"
ညနေ ၅နာရီလောက်မှသာ မန္တလေးမြို့ထဲသို့ စဝင်သည်။
မေမေဝယ်ထားတဲ့ခြံက မြို့ရဲ့အနီးနားက ရွာလေးတစ်ရွာ မှာဖြစ်သည်။
မြို့စဥ်ခြေဘုံးနားက ရွာလေးတစ်ရွာဆိုလည် မမှား။
စျေးနဲ့ဆို ၇မိနစ်လောက်သာ စီးရသည်။
လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်ပြေသည်။
မေမေရဲ့ ခြံက ရွာမဝင်ခင် ရွာရဲ့ အပြင်ဘက်မှာဆိုတော့ လူနေအိမ်ခြေ နည်းသည်။
စိုက်တဲ့ပျိုးတဲ့လူတွေနဲ့ အချို့ကသာထွက်နေကြသည်။
လမ်းတွေက အကွေအကောက် မဟုတ်ဘဲ တစ်ဖြောင်းတည်း တည့်တည့်ဖြစ်သည်။
အရှေ့နှင့်အနောက် တစ်ဖြောင်းထဲဖြစ်ပြီး ကွန်ကရစ်
လမ်းတွေ ခင်းထားသဖြင့် ရွာဆိုပေမယ့် ဖုန်တွေ အရမ်းထူထပ်မနေ။
လယ်ကွင်းတွေမှ ဖြတ်တိုက်လာသည့် လေပြေအေးအေးလေးက လူကို လန်းဆန်းစေသည်။
ပတ်ဝန်းကျင်က စိုက်ပျိုးသီးနှံ စိမ်းစိမ်းစိုစို တွေနဲ့ဆိုတော့ စိတ်ထဲမှာ ဒီနေရာလေးကို နှစ်သက်နေမိတာ အမှန်။
—————————————————————————————
တီ.....တီ.....တီ....
အသက်၆၀ကျော်အရွယ် အဖိုးကြီး တစ်ယောက် ခြံတံကား လာဖွင့်ပေးသည်။
အသက်၄၀ ဝန်းကျင်လောက်ရှိမည့် အမျိုးသမီး တစ်ဦးနှ
င့် အမျိုးသားတစ်ဦးက အပြေးတစ်ပိုင်း အိမ်ထဲမှ ထွက်လာကြသည်။
"မမဆက်" တို့ နောက်ကျတယ်နော်။
"ဟုတ်တယ် ခိုင်ရေ ဟိုဝင် ဒီဝင်နဲ့ ကြာသွားတာ။"
"ကိုကျော်စံ တို့ အထုပ်အပိုးတွေအိမ်ထဲသာ တစ်ခါထဲ သယ်ခဲ့လိုက်တော့။"
"သား အိမ်ထဲ ဝင်မယ်လေ။"
"ဟုတ်ကဲ့"
"ခရီးပန်းလာတာ ဆိုတော့် သံပုရာရည် အေးအေးလေး သောက်လိုက်ကြပါဦး။"
" အေး အေး အမောပြေတာပေါ့။"
မိတ်ဆက်ပေးရဦးမယ် ဒါကျွန်မရဲ့ တစ်ဦးတည်းသောသားလေး "အယ်လ်ခွန်ရောင်စဥ်"တဲ့ ရောင်စဥ်လို့ဘဲခေါ်ကြပေါ့။
နွေရာသီကျောင်းပိတ်ရက်မို့ အေးအေးဆေးဆေးအနားယူရအောင်ခေါ်လာတာ။
သားက အိမ်ဆောက်နေတုန်း တစ်ခေါက်ပဲ လိုက်လာဖူးတာဆိုတော့ ခိုင်တို့နဲ့က သိမှာမဟုတ်သေးဘူး။
သား ဒါက ဒေါ်သက်နှင်းခိုင် အန်တီခိုင်လို့ခေါ်ပေါ့။ ဟိုဘက်ကဦးကျော်စံနဲ့ ဘိုးရုံ။
"ဟုတ်ကဲ့ သားမှတ်ထားပါ့မယ်။"
"မေမေ သား နားချင်ပြီ။"
ဟုတ်ပါ့ ကားအကြာကြီး စီးလာရတာဆိုတော့ပင်ပန်းရောပေါ့။
သားအခန်းကို မေမေလိုက်ပို့ပေးမယ်။
အဖြူရောင်တွေပဲ သုံးထားသည့် အခန်းလေးက မထိရက်လောက်အောင်ကို သက်ရက်သန့်ရှင်းလွန်းလှသည်။
ရောင်စဥ် အခန်းလေးကို ခဏရပ်ကြည့်ပြီးသည်နှင့် ပြတင်းပေါက်နားသို့ သွားရပ်လိုက်သည်။
ခန်းစီးစများကို ဘေးသို့ဆွဲဖွင့်လိုက်သည်။
တောတောင်ရေမြေတွေရဲ့ ရနံ့နှင့်အတူ စပါးနံ့ သင်းသင်းလေးတွေကို ရောင်စဥ် အရမ်းကြိုက်နှစ်သက်သည်။
"မေမေ ဟိုဘက်ခြံကအသစ်ရောက်လာတာတွေလား။"
"အိမ်ကလည်းခုမှဆောက်ထားတာနဲ့တူတယ်နော်။"
အင်း ဟုတ်တယ် ။
ခိုင်ပြောတာတော့ ရန်ကုန်ကနေပြောင်းလာတာ တစ်လလောက်ပဲ ရှိသေးတာတဲ့။
မေးမေးလည်း သေချာမသိဘူး။
အဲ့ဒါတောင် ခိုင်နဲ့စကားစပ်မိလို့သိတာ။
—————————————————————————————
03/04/2023
ချစ်ခွင့်လေးတော့ပေးပါမောင် အပိုင်း(၁)
________________________
ခန်းစည်းလေးတွေ ကြားမှထိုးဖောက်ဝင်ရောက်လာသည့် နေရောင်ခြည်နွေးနွေးသည် ဖွေးလွန်းနုလွန်း၍ အကျောစိမ်းစိမ်းလေးတွေ ယှက်ပြေးနေသည့် ဖောင်းဖောင်းပြည့်ပြည့် မျက်နှာလေးပေါ်သို့ ကျရောက်လာသည်။
နေမင်း၏ စူးရှရှအလင်းရောင်ကြောင့် ညိမ်သက်နေသည့်မျက်ခွံလေးများ လှုပ်ခတ်လာသည်။
မျက်လုံးမှေးမှေးကျင်းကျင်းလေးတွေက အိပ်ယာထစမို့ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေရှာသည်။
အိပ်ယာမှ ဖြည်းညှင်းစွာ ထပြီး ခန်းစည်းစများကိုဖယ်ရှားလိုက်သည်။မှန်သားပြင်မှတစ်ဆင့် ပြင်ပလောကသို့ငေးကြည့်နေမိသည်မှာ အတန်ကြာ။
နှင်းမြူတွေနှင့်မှိုင်းဝေအုပ်ဆိုင်းနေသည့် ရှမ်းတောင်တန်းကြီးက နေ့ရက်တိုင်းအတွက် လွမ်းမောစရာတွေပေးတတ်သည်။အလားတူပင် တည်ငြိမ်မှုတွေနဲ့ ရင့်ကျက်မှုတွေကိုလည်း ပေးပြန်သည်။
တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ ကုန်ဆုံးသွားလို့ နောက်ထပ်တစ်ဖန် နွေဦးကိုတောင်ရောက်လို့လာပြီ။ ကိုးနှစ်တောင်ရှိသွားပြီဘဲ ချစ်ရတဲ့သူ တွယ်တာရတဲ့သူ နွေးထွေးမှုတွေအပြည့်ပေးလို့ အားကိုးတစ်ကြီးနဲ့ ခိုနားမိတဲ့ ရင်ခွင်လေး ပျောက်ဆုံးသွားတာ ကိုးနှစ်တောင်ရှိပါပေါ့လား။
မိဘရဲ့ ချစ်ခြင်းမေတ္တာတွေ လစ်ဟာနေပေမယ့် အဖွားဖြစ်သူရဲ့ရင်ခွင်လေးက သူ့အတွက်လုံခြုံစေတဲ့အပြင် ချစ်ခြင်းမေတ္တာတွေနဲ့နွေးထွေးခဲ့ရသည်။
ဒါပေမယ့်ကံကြမ္မာက သူ့ကိုချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေရရှိနေတာကို မလိုလားဘူးနဲ့တူပါတယ်။ထိုရင်ခွင်လေးကို သူရှင်သန်နေသ၍ ထိတွေလို့မရနိူင်တော့တဲ့ အဝေးဆုံးကို ပို့ပစ်လိုက်သည်။
အခုလို တိတ်ဆိတ်နေတဲ့ ရပ်ဝန်း အေးစက်နေတဲ့ လေထုတွေကြားမှာ ရေခဲတုံးတစ်တုံးလို ရှင်သန်နေရတာ ကြာလာတော့လည်း နေသားကျလာတာနဲ့ အမျှ ရင်ထဲမှာ အချစ်ဆိုတာလည်း ခံစားချက်မဲ့ နေခဲ့သည်။
ဒေါက်......ဒေါက်......ဒေါက်...
"ဝင်ခဲ့"
"သခင်လေး" သခင်မကြီးက သခင်လေးထည့်စရာရှိတာတွေထည့်ပြီးလို့ရှိရင် Luggage ကိုသယ်ခိုင်းလိုက်လို့ပါရှင့်။
"အင်း..ယူသွားလို့ရပြီ။"
"ညိုသက်"ရယ်ကြာလိုက်တာ ကျုပ်ကြောက်လို့ "သခင်လေး"အခန်းရှေ့ ခေါက်တုန့်ခေါက်ပြန် လုပ်နေတာနဲ့ ကြာသွားတာ ဟဲ....ဟဲ...
ညည်းနဲ့လုပ်နေပုံတွေနဲ့" သခင်မကြီး"ကစိတ်ရှည်ရှည်နဲ့တော့ ငါရင်လေးလိုက်တာ..
"ညိုသက်"တို့မလည်း အလုပ်လုပ်ရင် ဟိုစမ်းဒီစမ်းနဲ့ ငါဖြင့်အားမရလိုက်တာ။" မောင်လုံး"ကို ကားထဲပစ္စည်းတွေထည့်ထားနှင့်လို့ပြောလိုက် သွား...သွား..
ဟုတ်ကဲ့။
"မေမေ"
အေး သားမနက်စာစားပြီး သွားရအောင်။
"သားမစားချင်ဘူး။"
အဲ့ဒါဆိုလည်း လမ်းမှစားကြတာပေါ့။
မမြင့် စိတ်ချမယ်နော်။
ဟုတ်ကဲ့စိတ်ချပါ။
အဲ့ဒါဆိုကျွန်မတို့သွားပြီ။
သခင်မကြီးတို့ ကားထွက်သွားသည်အထိ ညိုသက်မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။
ဟဲ့..ညိုသက် အိမ်ထဲမဝင်ဘဲ ဘာရပ်လုပ်နေတာလဲ။
"ညိုသက်"ရယ်ညည်းမလည်း ငေးငေးငိုင်ငိုင်နဲ့လူငယ်ဆိုပြီး သွက်သွက်လက်လက်ကို မရှိဘူး။
"ကြီးမြအော်မှသာ ညိုသက် အိမ်ထဲသို့သုတ်ခြေတင် ပြေးလာခဲ့တော့သည်။"
ကြီမြ.....
အင်း.. ကျုပ်မေးစရာရှိလို့။
ဘာတုန်းအေ...ညည်းမလည်း အမေးအမြန်းထူလိုက်တာ့ကို့။
ဟို.... သခင်လေးကအရင်တုန်းကလည်း အဲ့လို အေးတိအေးစက်ကြီးနေတာလား။
အင်း....အဲ့လိုဘဲပြောရမှာ။
ကြီးမြပြောလိုက်သည့်စကားသည့် စကားသည် အကြောင်းအရာကို အဆုံးစွန်ထိ မပြောသေးပေမယ့် အသံမှာ ဖျော့တော့နေသည်မှာ ညိုသက် အနည်းငယ်ရိပ်စားမိသည်။
ညိုသက်တော့လေ သခင်လေးကို သိပ်ကြောက်တာဘဲ။ဒီစံအိမ်ကြီးထဲမှာ ညိုသက်အကြောက်ဆုံးက သခင်လေးဘဲ။"ရောင်စဥ်"လေးက အဲ့လောက်ကြောက်စရာမကောင်းပါဘူးအေ။
ဟာ" ညိုသက်"ကတော့ ကြောက်တာဘဲသိတယ်။ "သခင်လေး"က ဘယ်သူနဲ့မှလည်းရောရောနှောနှောမနေသလို စကားလည်းမပြောဘူး။ "သခင်လေး"ရဲ့ ကြည့်လိုက်တဲ့အကြည့်တွေက အမြဲအေးစက်နေပြီး သွေးအေးအေးနဲ့ ရက်စက်မဲ့ပုံဘဲ။
တော်..တော်.."ညိုသက်" ညည်းပေါက်တက်ကရတွေ လျှောက်မပြောနဲ့ ။ တစ်ကယ့်တော့ "ရောင်စဥ်"လေးက သနားစရာ ကောင်းပါတယ်အေ။
"သခင်ကြီး"ကလည်း တစ်နေ့တစ်နေ့ သူ့ကုမ္ပဏီအလုပ်တွေနဲ့ဘဲ အချိန်ကုန်သွားတာ။ "သခင်မကြီး"ကြတော့လည်း ပွဲစားဆိုတဲ့အတိုင်း ဟိုထွက်ရ ဒီထွက်ရ အချိန်လေး ရပြန်တော့လည်း ရရင်ရသလို လောင်းကစားဝိုင်းလေးကသွားလိုက်ချင်တာ "ရောင်စဥ်"လေးအနားကို ဘယ်သူမှအချိန်ပေးပြီး မကပ်ကြဘူး။
ကလေးအရွယ်တွေဆိုတာ ဖအေ မအေနား တစ်ကပ်ကပ်လုပ်ချင်တယ်။ မိဘရဲ့နွေးထွေးကြင်နာမှုလေးတွေ လိုချင်ကြတယ်။လိုချင်တာလေးများရှိရင် မိဘနား ကပ်ချွဲပြီး ပူစာချင်ကြတာ ကလေးတွေရဲ့ သဘာဝမလား။
"ရောင်စဥ်"လေးကတော့ အဲ့လိုမဟုတ်ဘူး။ မိဘနားကပ်ချွဲ ဖို့ မပြောနဲ့ တစ်အိမ်ထဲနေပြီး မတွေ့လိုက်ရတဲ့ ရက်တွေက ရှိသေးတယ်။
မနက်ဆို "ရောင်စဥ်"လေးမနိုးခင် အလုပ်ကိုယ်စီနဲ့ အပြင်ထွက်သွားကြတယ်။ညဆိုရင်" ရောင်စဥ်"လေး အိပ်ချိန်လောက်မှပြန်လာကြတယ်။
လိုချင်တာ မှန်သမျှကတော့ ငွေနဲ့ အကုန်ဖြည့်ဆည်းပေးတယ်။ကစားစရာ အရုပ်တွေကဆိုတာ ပုံအောနေတာဘဲ။
လွယ်လွယ်နဲ့ ရနေတဲ့ပစ္စည်းတွေဆိုတော့ ဘယ်သူကလေးလေးနက်နက်နဲ့ မက်မက်မောမောရှိမှာတုန်း။
အသစ်ရတုန်းခဏ ကစားလိုက် ပြီးရင်သူ့အရုပ်ခန်းလေးထဲသွားထည့်ထားတော့တာ။
ပြီးရင် အရင်လို အေးစက်စက်လေးပြန်ငြိမ်သွားလိုက်နဲ့ရောင်စဥ်လေးကအခုချိန်ထိလည်း သူငယ်ချင်း အပေါင်သင်းဆိုတာလည်း မရှိတာထက်မထားတာ ပိုမှန်မယ်။
အရယ်အပြုံးဆိုတာ တစ်ရက်ကုန်လို့ တစ်ခါမတွေ့ရဘူး။
"ကြီးမြ"လေ "ရောင်စဥ်"လေးကို ရယ်မောအောင် လုပ်ပေးနိူင်မယ့် လူမျိုးလေးမြန်မြန်တွေ့စေချင်လိုက်တာ။
"ကြီးမြ"ပြောပြတော့လည်း "သခင်လေး"က သနားစရာပါလားနော်။
မနေ့တစ်နေ့ကမှ ဒီစံအိမ်ကိုရောက်လာပြီး ဟိုလူ့အကြောင်းမေး ဒီလူ့အကြောင်းမေးနဲ့ ညည်းတော်တော်စပ်စပ်စုစုနိူင်ပါ့ဘဲ။"ကြီးမြ"ကလည်း ကျုပ်ကဒီအိမ်မှာနေရတော့မှာဆိုတော့ ဒီလူတွေရဲ့ အရိပ်အကဲကိုကြည့်ပြီး နေရမှာလေ။သူတို့အကြောင်းသိထားတော့ ကျုပ်ရှေသ့င်သင့်တာ ရှောင်ရအောင်လို့ပါတော်။
အေးပါ...အေးပါ...
"ရောင်စဥ််"လေးသာ သူ့ကိုသနားတယ်ပြောတာကြားလို့ကတော့ ညည်းကိုယ့်အထုပ်ကိုရွက်ပြီးရွာပြန်ရမယ်သာမှတ်။
ဘာဖြစ်လို့လည်း"ကြီးမြ"။
သူ့ကိုကြည့်တဲ့အကြည့် သူ့ကိုပြောတဲ့စကားတွေထဲမှာ သနားဂရုဏာသက်တဲ့အကြည့်တွေ အပြောတွေပါရင် တစ်စက်လေးမှမကြိုက်တာ။တစ်ခြားကိစ္စတွေဆိုရင်တောင်ဘာမှပြောတာမဟုတ်ဘူး။သူ့ရှေ့ရောက်ရင် သတိထားနေ။ရှပ်ပြာရှပ်ပြာ မဖြစ်စေနဲ့။သတိထားနေ။
ဟုတ်ကဲ့ပါ "ကြီးမြ"ရယ်။"ညိုသက်"တို့က အဲ့လောက်တော့ အရိပ်အကဲ သိတတ်ပါတယ်။
အေးပါ....အေးပါ...
ပြီးရင်ညည်းဘဲ ရင်တုန်ရတာနဲ့ ဖင်တုန်ရ
တာနဲ့။
ဟဲ.....ဟဲ.....နည်းနည်းပါ။