31/05/2023
ချစ်ခွင့်လေးတော့ပေးပါမောင် - အပိုင်း ( ၆ )
ဘာလိိုလိုနဲ့ ကျောင်းတွေတောင် ပြန်ဖွင့်တော့မယ်။
တစ်ချို့ကကျောင်းဖွင့်ရင်ပျော်ကြတယ်။သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရမယ်။မုန့်ဖိုးတွေ ပိုရမယ်ဆိုပြီ တစ်မျိုးတစ်ဖုံ သူသူကိုကိုယ် ကျောင်းတက်စမှာ ပျော်ကြတာပါပဲ။
သူငယ်ချင်း အတည်တစ်ကျ မရှိသေးသည့် ရောင်စဥ့်အဖို့ နွေကျောင်းပြန်ဖွင့်တာက သာမာန်ခံစားမှုတွေထက် မပိုခဲ့။
ဒါပေမယ့် ဒီနှစ်အတွက် ခံစားချက်ကတော့မတူ။
သူများတွေပျော်နေချိန်မှာ ရောင်စဥ်မပျော်နိူင်။
ခွဲခွာခြင်တွေနောက်မှာပါလာတဲ့ဝေးကွာခြင်းတွေကိုတော့ ရောင်စဥ်တုန်လှုပ်နေမိသည်။
တယောသံပိုင်ရှင်လေးရော ဒီနှစ်ဒီမှာဘဲ ကျောင်းတက်မှာလားဆိုတာသိချင်မိသည်။
လေးလေးကလည်း နှစ်ပတ်လောက်နေရင် ရန်ကုန်ကို ပြန်တော့မှာ။
ရောင်စဥ် ကလောကိုပြန်ဖို့အတွက်လေးလေးက မေမေ့ကို လာခေါ်မနေနဲ့တော့တဲ့။သူလည်း ကလောကို မရောက်တာကြာလို့ အလည်လာရင်းနဲ့ ရောင်စဥ့်ကို ပြန်လိုက်ပို့မယ်တဲ့။ဖြစ်နိူင်ရင် ရောင်စဥ် ကလောကိုမပြန်ချင်။
__________________________________________
"Hello သားငယ် ဘာလုပ်နေလဲ။"
"ခုမှ ရေချိုးပြီးတာ"
သားလေးလေးက ဘယ်နေ့လောက်လာမယ်ပြောလဲ။
"နောက်အပတ်ထဲလောက်တော့ ဖြစ်မယ်ထင်တယ်။သားကိုသေချာတော့မပြောသေးဘူး။"
"ေအာ်..အေးပါ။ဘာရယ်တော့မဟုတ်ပါဘူး မေမေက ဒီတိုင်းသိချင်လို့ မေးလိုက်တာ။"
"သားထမင်းရောစားပြီးပြီလား"
"မစားရသေးဘူး။"
"အဲ့ဒါဆိုလည်း စားတော့လေ မေမေဖုန်းချလိုက်တော့မယ်။"
"မေမေ !"
"အင်း....ပြောလေ"
"သားဒီမှာဘဲ ကျောင်းတက်လို့ ရလား။"
"သားက ဘာစိတ်ကူးနဲ့ ပြောရတာလဲ။"
"သားဒီနေရာလေးကို သဘောကျတယ်။ ဒီနေရာလေးကနေ မပြန်ချင်တော့ဘူး။"
"နေရာကို သဘောကျရုံ သက်သက်တစ်ခုထဲဘဲလားသား။
တစ်ခြား အကြောင်းပြချက်တွေ မရှိတော့ဘူး လား။"
ရောင်စဥ် ဘာမှပြန်မပြောပေမယ့် မျက်နှာလေး ကတော့ ပန်းရောင် သန်းနေလေပြီ။
"မေမေက. မေမေ့သားကို လူကြီးတစ်ယောက်လို တွေးပြီးနေထိုင်တတ်ပြီ ထင်နေတာ။တစ်ကယ်တော့ သားက ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက် တာထက် သားရဲ့ ခံစားချက် သဘောကျမှုတွေနောက်ကို ဦးစားပေးလိုက်ချင်နေသေးတာဘဲ။"
"မေမေပြောတာကို သေချာနားထောင်နော်သား။တစ်ကယ်လို့ သားအဲ့ဒီမှာဘဲကျောင်းတက်မယ်ထား။သားနဲ့သွေးသားတော်စပ်တဲ့လူ ဘယ်သူမှ သားနဲ့ အတူ ရှိနေမပေးနိူင်ဘူး။သားလေးလေးကလည်း သူ့အလုပ် နဲ့ သူရန်ကုန်မှာဘဲနေရမှာ။မေမေဆိုလည်းမေမေ့ အလုပ်တွေပြစ်ပြီး သားနဲ့လာနေမပေးနိူင်ဘူး။"
"အန်တီခိုင် တို့တစ်တွေကလည်း တစ်နေ့တစ်နေ့ အိမ်အလုပ်တွေ နဲ့ ဘဲပြီးနေရတာ။ "
"သားကမနေ့တစ်နေ့ကမှ မန္တလေးကို ရောက်တဲ့လူဘယ်ကျောင်းကကောင်းလို့ ဘယ်ကျူရှင်က. သားတွက်အဆင်ပြေမယ်ဆို သားကိုယ်တိုင်ရွေးချယ်ဖို့ သားမှာလုံလောက်တဲ့ အချိန်မရတော့ဘူး။သားရဲ့လိုအပ်တာမှန်သမျှကို ရေရေလည်လည် လုပ်ကိုင်ပေးနိင်တဲ့ လူလည်းမရှိဘူး။"
"ပြီးတော့ မေမေလည်း သားကို တစ်ယောက် တည်း စိတ်မချဘူး ။"
"မေမေပြောတာ သဘောပေါက်လားသား။ "
"ဟုတ် သားသိပါပြီမေမေ။"
"ကိုယ့် ဘဝအတွက် လုပ်သင့်လုပ်ထိုက် တာတွေဘဲ ရွေးချယ် တက်စမ်းပါသားရယ်။
_____________________________________________