02/06/2025
မူကြို (Preschool) ကိုစောစောထားတာနဲ့ နောက်ကျကျထားတာတို့မှာ အားသာချက်နဲ့ အားနည်းချက်
⭐မူကြိုကိုစောစောထားခြင်း (၂ နှစ်ခွဲ - ၃ နှစ်)
🦾အားသာချက်များ:
လူမှုရေးအရကျွမ်းကျင်မှု တိုးတက် — အခြားကလေးများနှင့်အတူ ဆက်ဆံမှုတိုးပြီး ခင်မင်မှု၊ မျှဝေမှု စသဖြင့် လူမှုရေးကျွမ်းကျင်မှုရရှိပါမယ်။
ဘာသာစကားဖွံ့ဖြိုးမှုမြန် — မကြာခဏအပြောအဆိုများ ကြားရခြင်းကြောင့် စကားပြောရည်မွန်တိုးတက်သည်။
ကျင့်ဝတ်သိမြင်မှု တိုးတက် — ဆရာ/ဆရာမများနှင့် စည်းမျဉ်းလိုက်နာမှု ချမှတ်မှုတွေကြောင့် လိုက်နာ နာခံနိုင်မူတွေတိုးတက်ပါတယ်
အလုပ်ခွင်ပြန်ရောက်လိုသူအမေများအတွက် အဆင်ပြေ
👎အားနည်းချက်များ:
မိခင်နဲ့ကလေး သဘာဝချစ်ခြင်းမေတ္တာ ချိတ်ဆက်မှု ထိခိုက်နိုင် — အချိန်တိုတောင်းစွာပဲ တွေ့ရခြင်းကြောင့် attachment ကို သက်တမ်းဖွံ့ဖြိုးနိုင်မှုနည်းပါမယ်။
စိတ်ဖိစီးမှုဖြစ်နိုင် — အသက်ငယ်သေးရာကနေ လူစုလူဝေးကြီးထဲသွားရခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်နိုင်ပါတယ်။
ကိုယ်ခံအားနည်းကလေးတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေး အန္တရာယ်များ
⭐မူကြိုကိုနောက်ကျစွာထားခြင်း (၄ နှစ်နောက်ပိုင်း)
🦾အားသာချက်များ:
မိဘနှင့် attachment အားကောင်း — မိဘနှင့် အတူနေရတဲ့အချိန်များသည် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အကျိုးရှိသည်။
မိမိအလိုအလျောက်လေ့လာမှုများ စတင်ဖွံ့ဖြိုး — တစ်ဦးတည်းနေတဲ့အချိန်များမှာ စိတ်ကူးစိတ်သန်းဖြင့် ကစားပြီး စဉ်းစားနိုင်မှုများ ပိုမိုကောင်းမွန်လာသည်။
ကိုယ်ခံအားအပြည့်ဖြစ်လာချိန်မှ စတင်လေ့လာစေနိုင်
👎အားနည်းချက်များ:
လူမှုရေးကျွမ်းကျင်မှုနည်း — အသက်အရွယ်တူများနှင့် ပေါင်းသင်းမှုပြုနိုင်မှုနည်းတတ်
သင်ယူမှုအပေါ် ရင်ဆိုင်ရခက်ခဲ — စည်းမျဉ်း၊ အုပ်ချုပ်မှုနဲ့တင်ဆက်မှုတွေအပေါ် စိတ်ပင်ပန်းနိုင်
ဘာသာစကားဖွံ့ဖြိုးမှုနည်းနိုင် — အပြင်သင်ယူမှုနည်းပါးခြင်းကြောင့် အသုံးအနှုန်းနဲ့ အသံထွက်များမှာနည်းနည်းနောက်ကျနိုင်
👉မိဘအနေနဲ့ အရေးကြီးတာက မူကြိုကို စောစောဖြစ်စေ နောက်ကျဖြစ်စေ၊ မိမိကလေးရဲ့ စိတ်ပိုင်းခြားနားမှုနဲ့ ဖွံ့ဖြိုးမှုအခြေအနေကို လေ့လာပြီး အချိန်မှန်ပြုလုပ်ပေးသင့်ပါတယ်။
👶မူကြိုစတင်ဖို့သင့်တော်တဲ့အချိန်သိရန် စဉ်းစားရမည့်အချက်များ
1. အသက်
၂ နှစ်ခွဲ ~ ၃ နှစ်: အခြေခံစတင်သင်ယူနိုင်စွမ်း (ကစားခြင်းဖြင့်လေ့လာခြင်း၊ စကားပြောစတင်မှု) တဖြည်းဖြည်းရှိလာသည်။
၄ နှစ်: စည်းမျဉ်းနားလည်မှုပိုကောင်းလာပြီး အုပ်စုထဲတွင် ပိုမိုအဆင်ပြေစွာ ပေါင်းသင်းနိုင်သည်။
2. စကားပြောခြင်းဖွံ့ဖြိုးမှု
သင့်ကလေးဟာ စကားများစွာပြောတတ်လာပြီလား? မိမိလိုအပ်ချက်တွေကို စကားဖြင့်ဖော်ပြနိုင်ပါသလား?
3. အိပ်ရေး/အိပ်ခန်းစနစ်
တစ်ယောက်တည်းအိပ်နိုင်ခြင်း၊ နေရာအသစ်များတွင် လွယ်လွယ် ထိတ်လန့်ခြင်းမျိုးရှိပါသလား?
4. အခြားကလေးများနှင့် ဆက်ဆံမှု
ကလေးအခြားသူများကိုမြင်ပြီးဝင်ဆံ့တတ်သလား? တူညီတဲ့ကစားစနစ်များကိုပါ၀င်တတ်သလား?
5. မိဘ၏အလုပ်ချိန်အခြေအနေ
မိဘသည် အလုပ်လုပ်ရန်လိုအပ်ပါက စောစောသင်ကြားရေးစနစ်တစ်ခုဖြစ်တဲ့ မူကြိုက ကူညီပေးနိုင်ပါတယ်။
⭐အကြံပြုချက်
သင့်ကလေးမှာ စကားပြောနည်း၊ လူတွေနဲ့မဆက်ဆံချင်ခြင်း၊ သီးသန့်နေတာမျိုး တို့ရှိခဲ့ရင် ပတ်ဝန်းကျင်တိုးချဲ့ဖို့ လိုအပ်နေပြီဆိုရင် 2နစ်ခွဲ 3 နှစ်ခွဲ ဝန်းကျင်ကစတင်ရင်အထူးအကျိုးရှိနိုင်ပါတယ်။
သို့မဟုတ် တစ်ယောက်တည်းကောင်းကောင်းနေနိုင်ပြီး စကားပြောကျွမ်းကျင်၊ စည်းမျဉ်းနားလည်မှုကောင်း ဆိုပါက ၄ နှစ်လောက်အထိစောင့်ပြီးမှ မူကြိုစတင် လည်းရပါတယ်
#ကလေးဖွံ့ဖြိုးရေး
တိုက်ရိုက်ကူးယူခွင့်မပြုပါရှင် လွှတ်လွှတ်လပ်လပ် share သွားလို့ရပါတယ်ရှင်