Bamboo Delight Library and Summer School

Bamboo Delight Library and Summer School Bamboo Delight Library and Summer School, led by Sue, is a project by Hand to Hand Charity Myanmar. Library has opened since 2013 and so has Summer School.

Now it has become a new and better project “Summer Youth Camp” led every summer for 3 months.

စာကြည့်တိုက်လေးဆီ စာအုပ်အသစ်စက်စက်လေးတွေ ရောက်ရှိလို့လာပါပြီ 📚✨အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻✨စေတနာရှင် အလှူရှင်များရဲ့ မေတ္...
13/08/2026

စာကြည့်တိုက်လေးဆီ စာအုပ်အသစ်စက်စက်လေးတွေ ရောက်ရှိလို့လာပါပြီ 📚✨

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻✨

စေတနာရှင် အလှူရှင်များရဲ့ မေတ္တာနွေးထွေးမှုတွေကြောင့် ကျွန်မတို့ စာကြည့်တိုက်လေးဆီကို စာအုပ်အသစ်လေးတွေ ထပ်မံရောက်ရှိလို့ လာခဲ့ပါပြီရှင်!

ကျွန်မတို့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အများစုကို စာအုပ်ငှားရမ်းသူတွေက ဖတ်ရှုပြီးသွားကြပြီဖြစ်တာကြောင့်မို့လို့ စာဖတ်ပရိသတ်တွေအတွက် အတွေးအမြင်သစ်တွေပေးမယ့် စာအုပ်အသစ်လေးတွေကို ဖြည့်ဆည်းပေးချင်ခဲ့တာပါ။ အခုလို လိုအပ်နေတဲ့ စာအုပ်အသစ်လေးတွေကို စေတနာထက်သန်စွာ လှူဒါန်းပေးကြပါသော အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

အဲ့ဒီအပြင် အရင်က စာဖတ်သူတွေ နှစ်သက်စွာ ဖတ်ရှုခဲ့ကြတဲ့ အနှစ်သာရပြည့်ဝပြီးတော့ ရင်ထဲစွဲကျန်ခဲ့တဲ့ စာအုပ်ကောင်းလေးများကိုလည်း စာအုပ်လိုအပ်နေသည့် အခြားနေရာများဆီသို့ ဆက်လက်မျှဝေ ပေးသွားဦးမှာ ဖြစ်ပါတယ်။ Hand to Hand ရဲ့ အဓိပ္ပာယ်လေးအတိုင်း ကျွန်‌မတိုရဲ့ တချို့စာအုပ်လေးတွေကို ကျွန်မတို့လို Community စာကြည့်တိုက်လေးတွေဆီကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

အသိပညာ ဗဟုသုတတွေ၊ အတွေးအမြင်သစ်တွေနဲ့ စိတ်ကူးစိတ်သန်းဆန်းတွေကို ဆောင်ကြဉ်းပေးမယ့် စာအုပ်အသစ်လေးတွေကို လာရောက်ငှားရမ်းဖတ်ရှုကြဖို့ စာအုပ်ဖတ်ရတာ နှစ်သက်တဲ့သူ လူကြီး၊ လူငယ်၊ ကလေးငယ် မရွေး အားလုံးကို ကျွန်မ‌တို့ Bamboo Delight Library မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

စာကြည့်တိုက်လေး ရေရှည်တည်တံ့ပြီး စာဖတ်သူတွေအတွက် စာအုပ်အသစ်ဆန်းတွေကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် စေတနာရှင်များအနေဖြင့် လူငယ်နဲ့ ကလေးများအတွက် သင့်တော်ပြီး အသိပညာတိုးပွားစေမယ့် စာအုပ်ကောင်းများကို ကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ပါဆယ်ပို့ဆောင်၍သော်လည်းကောင်း လှူဒါန်းနိုင်သလို စာအုပ်အသစ်များ ထပ်မံဝယ်ယူရန်အတွက်လည်း မိမိတို့ တတ်နိုင်သမျှ အလှူငွေများ ပါဝင်ကူညီလှူဒါန်းနိုင်ပါတယ်ရှင့်။

လှူဒါန်းလိုက်တဲ့ စာအုပ်တစ်အုပ် ဒါမှမဟုတ် အလှူငွေလေးတစ်ခုဟာ စာဖတ်သူများစွာရဲ့ အသိပညာအလင်းတံခါးကို ပွင့်စေမှာဖြစ်တာကြောင့် စေတနာထက်သန်စွာ ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင်။

⏰ စာကြည့်တိုက် ဖွင့်ချိန် - ဝါတွင်းကာလကျောင်းပိတ်ရက်များတွင်

မနက်ပိုင်း: ၉:၀၀ နာရီ မှ ၁၁:၀၀ နာရီအထိ

ညနေပိုင်း: ၃:၀၀ နာရီ မှ ၅:၀၀ နာရီအထိ

📍 စာကြည့်တိုက် တည်နေရာ -

ညောင်ရွှေမြို့၊ နန္ဒဝန် (၆) ရပ်ကွက်၊ ဖောင်တော်ပြန်လမ်း။

လှူဒါန်းလိုပါက Page Messenger ကနေ ဆက်သွယ်လို့ရပါတယ်ရှင့်။

ဝါတွင်းကာလ ကျောင်းပိတ်ရက်များအတွက် စာကြည့်တိုက် အချိန်ဇယား ပြောင်းလဲဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း 📚✨မင်္ဂလာပါရှင် 🙏🏻...
12/08/2026

ဝါတွင်းကာလ ကျောင်းပိတ်ရက်များအတွက် စာကြည့်တိုက် အချိန်ဇယား ပြောင်းလဲဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း 📚✨

မင်္ဂလာပါရှင် 🙏🏻✨

ဝါတွင်းကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ Bamboo Delight စာကြည့်တိုက်ကို ပုံမှန်ကျောင်းပိတ်ရက်မှာ မဖွင့်တော့ဘဲနဲ့ ဝါတွင်းကာလ ကျောင်းပိတ်ရက်အချိန်များကို ပြောင်းလဲဖွင့်သွားမှာပဲဖြစ်ပါတယ်။ အောက်မှာရေးထားတာကတော့ ဝါတွင်း ၃ လရဲ့ ကျောင်းပိတ်ရက်တွေဖြစ်ပြီးတော့ စာကြည့်တိုက်ကို အဲ့ဒီနေ့တွေမှာ ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။

📅 ဝါတွင်းကျောင်းပိတ်ရက် ဖွင့်လှစ်မည့် ရက်စွဲများ -

August (ဩဂုတ်လ)

၁၃ ရက် (ကြာသပတေး)

၁၆ ရက် (တနင်္ဂနွေ)

၂၁ ရက် (သောကြာ)

၂၃ ရက် (တနင်္ဂနွေ)

၂၈ ရက် (သောကြာ)

၃၀ ရက် (တနင်္ဂနွေ)

September (စက်တင်ဘာလ)

၅ ရက် (စနေ) & ၆ ရက် (တနင်္ဂနွေ)

၁၁ ရက် (သောကြာ) & ၁၃ ရက် (တနင်္ဂနွေ)

၁၉ ရက် (စနေ) & ၂၀ ရက် (တနင်္ဂနွေ)

၂၆ ရက် (စနေ) & ၂၇ ရက် (တနင်္ဂနွေ)

October (အောက်တိုဘာလ)

၄ ရက် (တနင်္ဂနွေ)

၁၁ ရက် (တနင်္ဂနွေ)

၁၉ ရက် (တနင်္လာ)

⏰ စာကြည့်တိုက် ဖွင့်ချိန် -

မနက်ပိုင်း: ၉:၀၀ နာရီ မှ ၁၁:၀၀ နာရီအထိ

ညနေပိုင်း: ၃:၀၀ နာရီ မှ ၅:၀၀ နာရီအထိ

📍 စာကြည့်တိုက် တည်နေရာ -
ညောင်ရွှေမြို့၊ နန္ဒဝန် (၆) ရပ်ကွက်၊ ဖောင်တော်ပြန်လမ်း။

စာအုပ်တစ်အုပ်ဟာ စာဖတ်သူရဲ့ အတွေးအခေါ်ကို တိုးတက်စေရုံတင်မကဘဲ အသိပညာ ဗဟုသုတအသစ်တွေကို သယ်ဆောင်ပေးတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝါတွင်းကာလ ကျောင်းပိတ်ရက် ပေါ့ပေါ့ပါးပါး အားလပ်ချိန်လေးတွေမှာ စာအုပ်ကောင်းလေးတွေကို ဖတ်ရှုရင်း စိတ်ရောကိုယ်ပါ အနားယူဖို့၊ အတွေးသစ် အမြင်သစ်တွေ ရှာဖွေဖို့အတွက် ကျွန်မတို့ စာကြည့်တိုက်လေးဆီ စာအုပ်များ လာရောက်ငှားရမ်း ဖတ်ရှုကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ ❤️

လှပတဲ့ ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်က ကျွန်မတို့ရဲ့ Uncut Moments လေးများ 📸✨English Version Below ⬇️ အားလုံးပဲ မင်္ဂလာပါရှင...
08/08/2026

လှပတဲ့ ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်က ကျွန်မတို့ရဲ့ Uncut Moments လေးများ 📸✨

English Version Below ⬇️

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻✨

စနေနေ့ရဲ့ ပေါ့ပေါ့ပါးပါး အားလပ်ရက်လေးမှာ ကျွန်မတို့ Bamboo Delight အဖွဲ့ရဲ့ ဓာတ်ပုံလှလှလေးတွေရဲ့ နောက်ကွယ်က မမေ့နိုင်စရာ အမှတ်တရလေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။

ပုံကောင်းတစ်ပုံ ရရှိဖို့ဆိုရင် ကင်မရာရှေ့မှာရှိတဲ့သူတွေရဲ့ ပြင်ဆင်မှုအပြင် ကင်မရာနောက်ကွယ်က Cameraman ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ရှည်မှုကလည်း အရမ်းကို အရေးပါပါတယ်။ ကျွန်မတို့ Youth Leader လေးတွေရဲ့ဓာတ်ပုံလှလှလေးတိုင်းမှာ သက်ဝင်လှုပ်ရှားနေတဲ့ အပြုံးတွေကို ဖန်တီးပေးတဲ့ အဓိက အသက်သွင်းပေးသူကတော့ "Hand to Hand Charity Myanmar" ရဲ့ Founder, ကျွန်‌မတို့ရဲ့ အချစ်တော် အန်တီဆူး ပဲဖြစ်ပါတယ်။

အဖွဲ့လိုက် ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဂယက်ကလေးတွေကတော့ အမြဲတမ်း ပါစမြဲပါပဲ။ ပုံမရိုက်ခင် နှုတ်ခမ်းနီဆိုးသူကဆိုး၊ ဆံပင်ပြင်သူကပြင်နဲ့ မပြီးနိုင်မစီးနိုင် ဖြစ်နေကြတဲ့အခါမျိုးဆိုရင်တော့ ကျွန်မတို့ရဲ့ အန်တီဆူးမှာ မမောနိုင်မပန်းနိုင် လိုက်ပြီးတော့ သတိပေးရ၊ ဆူရပါတော့တယ်။

ပုံရိုက်တဲ့အခါမှာလည်း အားလုံးကြည့်ကောင်းပြီး သဘာဝကျကျ လှနေစေဖို့ Pose ပေးခိုင်းရတာ၊ ပြုံးခိုင်းရတာနဲ့တင် အာညောင်းရတဲ့အထိပါပဲ။ ကလေးတွေ မပြုံးဘဲ တောင့်တောင့်ကြီး ဖြစ်နေရင်လည်း ပုံထဲမှာ သဘာဝကျကျ ပြုံးလာအောင်၊ ရယ်လာအောင် အန်တီဆူးကပဲ ဟာသတွေပြော၊ စနောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ရယ်သံတွေနဲ့ ပြည့်နှက်သွားအောင် ဖန်တီးပေးတတ်ပါသေးတယ်။

ဒီလို ရယ်မောပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေဟာ ကျွန်မတို့အတွက်တော့ တကယ့်ကို တန်ဖိုးရှိလှတဲ့ မမေ့နိုင်စရာ အမှတ်တရလေးတွေပါပဲ။ ပုံရိုက်ပြီးသွားလို့ ထွက်လာတဲ့ ဓာတ်ပုံလှလှလေးတွေကို ကြည့်ပြီး အန်တီဆူးလည်း ရိုက်ပေးရကျိုးနပ်သလို၊ ကျွန်မတို့ Youth Leader လေးတွေမှာလည်း ဒီလို အမှတ်တရပုံရိပ်ကောင်းတွေ ရရှိခဲ့တဲ့အတွက် အန်တီဆူးကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်မိပါတယ်ရှင်။

အဆုံးသတ်အနေနဲ့ ခြုံပြီးပြောရရင်တော့ ဒီလိုလှပတဲ့ ဓာတ်ပုံတစ်ပုံရဲ့ နောက်ကွယ်မှာ အန်တီဆူးရဲ့ ဂရုစိုက်မှု၊ စိတ်ရှည်မှုတွေနဲ့အတူ ကျွန်မတို့ရဲ့ စည်းလုံးမှုနဲ့ ပျော်ရွှင်စရာ အမှတ်တရတွေ ဒွန်တွဲနေတာမို့ ဒီဓာတ်ပုံလေးတွေဟာ ကျွန်မတို့ Bamboo Delight က Youth Leader အတွက်တော့ တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ အမှတ်တရပုံရိပ်လေးတွေ ဖြစ်ပါတယ်။

The Uncut Moments Behind Our Beautiful Photos 📸✨

Happy Saturday, everyone! 🙏🏻✨

On this relaxed Saturday, we would like to share some unforgettable memories from behind the scenes of our Bamboo Delight photo sessions!

Capturing a great photo takes more than just getting ready in front of the camera—the hard work and patience of the photographer behind the lens are equally essential. The key person who creates the vibrant smiles in every beautiful photo of our Youth Leaders is none other than the Founder of Hand to Hand Charity Myanmar, our beloved Aunty Sue!

Whenever it’s time for a group photo, a little chaos is bound to happen. Before taking the shots, there are always endless last-minute touch-ups, with some still applying lipstick and others fixing their hair! That’s when our Aunty Sue tirelessly steps in to keep everyone on track and focused.

When it comes to posing, getting everyone to look good and smile naturally takes a lot of effort too! Whenever the youth feel a bit stiff and stop smiling, Aunty Sue cracks jokes and teases us, filling the entire room with laughter so we can relax and smile naturally for the camera.

These joyful moments filled with laughter are truly precious and unforgettable memories for all of us. Looking at the final, beautiful pictures, all the effort feels completely worth it for Aunty Sue, and we Youth Leaders are deeply grateful to her from the bottom of our hearts for capturing such wonderful memories for us.

In conclusion, behind every beautiful photo lies Aunty Sue's care and patience, alongside our unity and happiness. This makes these photos truly meaningful memories for our Youth Leaders from Bamboo Delight! ❤️

-Alaina

လူငယ်တွေရဲ့ အနာဂတ်လမ်းကြောင်းအတွက် မျှော်လင့်ချက်ခြေလှမ်းသစ် - Adolescent Skilling Pilot Project 🚀✨English Version Below...
07/08/2026

လူငယ်တွေရဲ့ အနာဂတ်လမ်းကြောင်းအတွက် မျှော်လင့်ချက်ခြေလှမ်းသစ် - Adolescent Skilling Pilot Project 🚀✨

English Version Below ⬇️

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻

ဒီနေ့မှာတော့ ကျွန်မတို့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ "Adolescent Skilling Pilot Project" ဆိုတဲ့ စီမံကိန်းအသစ်လေးအကြောင်းကို မျှဝေပေးသွားချင်ပါတယ်ရှင်။

ဒီစီမံကိန်းလေးကိုတော့ ရွှေအင်းသူကိုယ့်အားကိုယ်ကိုးအမျိုးသမီးများအဖွဲ့ ရဲ့ ပံ့ပိုးကူညီမှုနဲ့ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် အရှိန်အဟုန်နဲ့ တက်ကြွစွာ လည်ပတ်နေပြီဖြစ်ပါတယ်ရှင်။

🌱 ဘာကြောင့် ဒီ Project ကို စတင်ရတာလဲ?

ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသက် (၁၃) နှစ်ကနေ (၁၈) နှစ်ကြား လူငယ်တွေကို ဦးစားပေးပြီး သူတို့ရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ စွမ်းရည် (Skills) တွေကို မြှင့်တင်ပေးချင်တာပါ။

ယနေ့ခေတ်မှာ ကလေးတွေအနေနဲ့ Online Learning ကနေတစ်ဆင့် အဆင့်မြင့်ပညာရေးဆီ လွယ်လွယ်ကူကူ ဆက်လှမ်းနိုင်ဖို့၊ ကိုယ့်ရဲ့ အရည်အသွေးတွေကို တိုးတက်စေပြီး လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့ ပိုမိုကောင်းမွန်တဲ့ အသိုက်အဝန်း (Community) နဲ့ အနာဂတ်တစ်ခုကို အတူတူ ဖန်တီးသွားနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

📚 ဘယ်ဘာသာရပ်တွေကို သင်ကြားရတာလဲ?

ဒီ Project မှာ လူငယ်တွေရဲ့ နေ့စဉ်ဘဝနဲ့ အနာဂတ်အတွက် အဓိက လိုအပ်တဲ့ ဘာသာရပ် (၄) ခုကို သင်ကြားပေးနေတာ ဖြစ်ပါတယ် -

၁။ Digital Literacy (နည်းပညာဆိုင်ရာ အသိပညာ)

၂။ Financial Literacy 1 (ဘဏ္ဍာရေး စီမံခန့်ခွဲမှု အခြေခံ - ၁)

၃။ Financial Literacy 2 (ဘဏ္ဍာရေး စီမံခန့်ခွဲမှု - ၂)

၄။ Job Preparedness (အလုပ်အကိုင်အတွက် အဆင်သင့်ဖြစ်စေရေး)

ကျောင်းသားကျောင်းသူတစ်ဦးစီကို အနည်းဆုံး ဘာသာရပ် (၂) ခု စနစ်တကျ သင်ယူလေ့လာသွားကြရမှာ ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေကိုတော့ Learning Passport (Myanmar) Platform ကနေတစ်ဆင့် လေ့လာရတာဖြစ်ပြီး ဒီဘာသာရပ် (၄) ခုအပြင် အခြား စိတ်ဝင်စားစရာကောင်းတဲ့ သင်ခန်းစာများလည်း ရှိပါသေးတယ်ရှင်။

👨🏻‍💻 ဘယ်သူတွေကနေပြီးတော့ ကြီးကြပ်ကွပ်ကဲပေးနေတာလဲ?

ဒီလို သင်ခန်းစာတွေကို ကလေးတွေကနေပြီးတော့ အဆင်ပြေပြေနဲ့ သင်ယူနိုင်အောင်လို့ ဘေးကနေ Facilitators အဖြစ် Senior Youth Leader Ye Htut Aung (Ivan) နဲ့ Sai Wai Htun (Ryan) တို့က တက်တက်ကြွကြွ ဦးဆောင်လမ်းပြပေးနေတာပဲ ဖြစ်ပါတယ်။

စီမံကိန်းကာလအတွင်းမှာ Junior Youth Leader လေးတွေကနေ ဦးဆောင်ပြီးတော့ သင်ခန်းစာများကို အဖွဲ့လိုက် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်သွားဦးမှာပဲ ဖြစ်ပါတယ်။ ဒီလို ဦးဆောင်ဆွေးနွေးခွင့် ရရှိခြင်းကြောင့် ကလေးတွေအနေနဲ့ သင်ကြားထားတဲ့ ဘာသာရပ်များကို ပိုမိုနားလည်သဘောပေါက်သွားမယ့်အပြင် Junior Youth Leader လေးများအနေနဲ့လည်း စီမံခန့်ခွဲမှုစွမ်းရည် (Management Skills)၊ ခေါင်းဆောင်မှုစွမ်းရည် (Leadership Skills)၊ ရဲဝံ့စွာ ပြောဆိုဆက်ဆံနိုင်စွမ်း (Communication Skills) နဲ့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် စွမ်းရည် (Teamwork Skills) စတဲ့ အရည်အသွေးများကိုပါ တစ်ပါတည်း တိုးတက်လေ့ကျင့်သွားနိုင်မှာ ဖြစ်ပါတယ်ရှင်။

ဒီ Adolescent Project လေးကနေတစ်ဆင့် ကလေးတွေရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ စွမ်းရည်တွေကို ဖြည့်ဆည်းပေးရင်း၊ ပိုမိုကောင်းမွန်တဲ့ လူငယ်အသိုက်အဝန်းတစ်ခုကို အတူတူ ပုံဖော်တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဆက်လက်စောင့်ကြည့်ပေးကြပါဦးရှင့်။ ❤️

Pathways of Hope for Youth Futures – Adolescent Skilling Pilot Project 🚀✨

Hello everyone! 🙏🏻

Today, we are excited to introduce our newly implemented initiative, the "Adolescent Skilling Pilot Project"!

Launched with the generous support of the Shwe Inn Thu Self-Help Women’s Organization, the project is now running at full momentum with great enthusiasm!

🌱 Why Did We Launch This Project?

Our primary goal is to empower young people aged 13 to 18 by enhancing the essential skills needed for their futures.

In today's digital age, we aim to help youth transition seamlessly toward higher education through online learning, improve their core capabilities, and collaboratively build a brighter future within a supportive youth community.

📚 What Subjects Are Being Taught?

The project focuses on four essential subjects crucial for daily life and future career paths:

Digital Literacy

Financial Literacy 1 (Basic Financial Management)

Financial Literacy 2 (Advanced Financial Management)

Job Preparedness

Each student will systematically study at least two subjects. These courses are accessed through the Learning Passport (Myanmar) platform, which also offers a variety of other engaging lessons beyond these four main subjects.

👨🏻‍💻 Who Is Mentoring the Program?

To ensure students can navigate and learn these lessons smoothly, Senior Youth Leaders Ye Htut Aung (Ivan) and Sai Wai Htun (Ryan) are actively leading and guiding them as Facilitators.

Throughout the project, Junior Youth Leaders will also step up to lead group discussions on the lessons. This interactive setup not only helps students deepen their understanding of the material, but also enables Junior Youth Leaders to practice and hone key skills such as Management, Leadership, Communication, and Teamwork.

Through the Adolescent Pilot Project, we are committed to equipping youth with essential skills while shaping a better, stronger youth community together. Please stay tuned for more updates! ❤️

Myanmar Music Festival Season 10 - Community & Cultural Engagement 🎶✨English Version Below ⬇️ အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻...
06/08/2026

Myanmar Music Festival Season 10 - Community & Cultural Engagement 🎶✨

English Version Below ⬇️

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻✨

ဒီနေ့မှာတော့ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ Myanmar Music Festival Season 10 Celebration Concert မှာ ကျွန်မတို့ Bamboo Delight အဖွဲ့အနေနဲ့ ပါဝင်ဆင်နွှဲခဲ့ရတဲ့ မမေ့နိုင်စရာ အမှတ်တရ ခရီးစဉ်လေးကို မျှဝေပေးချင်ပါတယ်ရှင်။

ဒီပွဲလေးဟာ ရိုးရိုး ဂီတဖျော်ဖြေပွဲတစ်ခုထက် ပိုပြီး ဂီတအနုပညာကတစ်ဆင့် လူငယ်တွေအချင်းချင်း ချိတ်ဆက်မိစေခဲ့သလို အတွေ့အကြုံသစ်များစွာကိုပါ တိုးပွားစေခဲ့တဲ့ ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

✨ မမေ့နိုင်စရာ ပွဲစဉ် highlights များ :

ရန်ကုန်ကို ရောက်ရောက်ခြင်း ပထမနေ့မှာတင် Chatrium Hotel မှာ ပြုလုပ်တဲ့ Press Conference ကို တက်ရောက်ခဲ့ကြပါတယ်။ Malaysia မှ Vocalist ဆရာမ YiLing Chaing က Vocal Coaching ၊ Stage Performance အမူအရာတွေနဲ့ အသံ Tone အလိုက် နေရာချထားပေးမှုတွေကို သေချာသင်ကြားပေးခဲ့ပြီး Media အဖွဲ့အတွက် ကျွန်မတို့ Youth Leaders များက "Home" သီချင်းကို Live Conference ဖျော်ဖြေ ရိုက်ကူးခဲ့ကြပါတယ်ရှင်။ ညနေပိုင်းမှာလည်း တီချယ်အိမ့်ရတီက ပွဲနေ့မှာ Myanmar Music Festival အဖွဲ့သားတွေနဲ့အတူ Collaboration လုပ်မယ့် "Follow" သီချင်းကို စိတ်ရှည်လက်ရှည် အချိန်ပေး လေ့ကျင့်ပေးခဲ့ပါတယ်။

ဒုတိယနေ့မှာတော့ Myanmar Music Festival အဖွဲ့သားတွေရဲ့ အကူအညီနဲ့ "Follow" သီချင်းကို စနစ်တကျ ဆက်လက် လေ့ကျင့်ခဲ့ကြပါတယ်။ လေ့ကျင့်ချိန်အတွင်း အဖွဲ့သားတွေနဲ့ အပြန်အလှန် ရင်းနှီးခွင့်ရခဲ့ပြီး သူတို့ရဲ့ ဖျော်ဖြေမှုအပေါ် ကြိုးစားအားထုတ်ပုံတွေကို ကြည့်ကာ Inspiration တွေအများကြီး ရရှိခဲ့ပါတယ်ရှင်။

နောက်ဆုံး ပွဲနေ့ကြီး ရောက်လာတဲ့အခါမှာတော့ ကျွန်မတို့ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်းဖြစ်တဲ့ "Home" ကို စင်မြင့်ပေါ်မှာ ပရိသတ်ပေါင်းများစွာရှေ့ အကောင်းဆုံး ချပြဖျော်ဖြေခွင့်ရခဲ့သလို၊ Myanmar Music Festival အဖွဲ့ရဲ့ "Follow" သီချင်းမှာလည်း အတူတူ ပူးပေါင်းသီဆိုခွင့်ရခဲ့ပါတယ်။ ကိုယ်ပိုင်သီချင်းကို ပထမဆုံးအကြိမ် စင်ကြီးပေါ်မှာ ဖျော်ဖြေခဲ့ရတာမို့ စိတ်လှုပ်ရှားခဲ့ရသလို အရမ်းလည်း ဝမ်းသာပျော်ရွှင်ခဲ့ရပြီး Myanmar Music Festival အဖွဲ့နဲ့အတူ ပူးပေါင်းသီဆိုခွင့်ရခဲ့တာ‌ေကြာင့် ကျွန်မတို့ လူငယ်တွေအတွက်တော့ မေ့မရနိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။

💡 ခွန်အားနှင့် စိတ်ကူးဉာဏ်သစ်များ (Joy & Inspiration) :

ခရီးစဉ်အတွင်းမှာ မမျှော်လင့်ထားတဲ့ အခက်အခဲတချို့ ကြုံတွေ့ခဲ့ရပေမဲ့လည်း အားလုံး အတူတူ လက်တွဲပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။ ဒီပွဲမှာ ပါဝင်ခဲ့ရတာကြောင့် စင်ပေါ်က Stage Performance ပိုင်း၊ Professional ဆန်တဲ့ ပြင်ဆင်ပုံတွေနဲ့ ပွဲကြီးတစ်ခုကို စနစ်တကျ လည်ပတ်ပုံတွေကို အနီးကပ် လေ့လာခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ဝါရင့် ဂီတပညာရှင်ကြီးတွေ၊ သူငယ်ချင်းအသစ်တွေဆီက ဝါသနာ၊ ကြိုးစားမှုနဲ့ စိတ်ဓာတ်ခွန်အားတွေကို အနီးကပ် ရရှိခဲ့တာကြောင့် ကျွန်မတို့ Youth Leader တွေလည်း အရင်ကထက် ပိုမို တိုးတက်လာခဲ့ကြပါတယ်။

ဂီတနဲ့အတူ အားလုံးနဲ့ ချိတ်ဆက်မိပြီး အမှတ်တရတွေ ဖန်တီးခွင့်ရခဲ့တဲ့ ဒီအတွေ့အကြုံကတော့ ကျွန်မတို့အတွက် အလွန်တန်ဖိုးရှိလှပြီး နောင်မှာလည်း ဒီလို အခွင့်အရေးကောင်းတွေ ထပ်မံရရှိခဲ့ရင် ဝမ်းမြောက်ဝမ်းသာနဲ့ ဆက်လက် ပါဝင်သွားချင်ပါသေးတယ်။

ဒီလို အခွင့်အရေးကောင်းကို ဖန်တီးပေးခဲ့တဲ့ Myanmar Music Festival အဖွဲ့အစည်းနဲ့ အစအဆုံး ဝိုင်းဝန်းကူညီပေးကြသူများ၊ အမြဲမပြတ် စောင့်မျှော်အားပေးကြသူများ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

[Myanmar Music Festival Season 10 - Community & Cultural Engagement 🎶✨]

Hello everyone! 🙏🏻✨

Today, we are excited to share the unforgettable memories of our trip as the Bamboo Delight team, participating in the Myanmar Music Festival Season 10 Celebration Concert in Yangon!

More than just a music concert, this event was a wonderful platform that connected youth through the power of music while broadening our horizons with invaluable new experiences.

✨ Unforgettable Event Highlights:

Upon arriving in Yangon on our very first day, we attended the Press Conference held at Chatrium Hotel. Since our Youth Leaders team was set to perform our song "Home" for media coverage, vocalist teacher YiLing Chaing from Malaysia provided us with hands-on coaching in vocals, stage presence, and pitch positioning before we recorded our live performance at the press conference. In the evening, Teacher Eaint Yati patiently dedicated her time to help us rehearse "Follow," the collaboration song we were set to perform with the Myanmar Music Festival team.

On the second day, with the support of the Myanmar Music Festival team, we continued our structured rehearsal for "Follow." Through these practice sessions, we built close bonds with the team and drew tremendous inspiration from their dedication to their performance.

When the final performance day arrived, we had the honor of performing our very first original song, "Home," live on stage in front of a large audience, as well as collaborating on Myanmar Music Festival's song, "Follow." Performing our own song on a big stage for the first time was both thrilling and deeply gratifying, and collaborating with the Myanmar Music Festival team made it an unforgettable memory for all of us youth!

💡 Joy & Inspiration:

Although we encountered a few unexpected challenges during the trip, we worked hand in hand to overcome them together. Participating in this event allowed us to observe up close what goes into professional stage performance, meticulous preparation, and running a large-scale event smoothly. Furthermore, learning directly from veteran musicians and new friends—witnessing their passion, hard work, and drive—helped our Youth Leaders grow and improve more than ever before.

Creating memories and connecting with everyone through music was a truly precious experience for us. If given similar opportunities in the future, we would gladly love to participate again!

We extend our heartfelt gratitude to the Myanmar Music Festival organization for creating such a wonderful opportunity, as well as everyone who supported us behind the scenes and continuously cheered us on! ❤️

August 2 ရက်နေ့ မှာကျင်းပမဲ့...Myanmar Music Festivial Season 10 မှာ ကိုယ်ပိုင်သီချင်းလေးနဲ့ သီဆိုပါဝင်ဖျော်ဖြေ ကြမှာဖြစ...
31/07/2026

August 2 ရက်နေ့ မှာကျင်းပမဲ့...
Myanmar Music Festivial Season 10 မှာ ကိုယ်ပိုင်သီချင်းလေးနဲ့ သီဆိုပါဝင်ဖျော်ဖြေ ကြမှာဖြစ်ပါတယ်...
လာရောက်အားပေးကြပါဦးခင်ဗျာ🥰

Hand to Hand Charity Myanmar

31/07/2026

Our First day of music rehearsal! 🎼🎶🎸

So Excited to be part of MMF🥰
31/07/2026

So Excited to be part of MMF🥰

စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အလေ့အကျင့်ကောင်းတစ်ခု 🧘🏻‍♀️✨English Version Below 👇🏻အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻✨ဒ...
09/07/2026

စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အလေ့အကျင့်ကောင်းတစ်ခု 🧘🏻‍♀️✨

English Version Below 👇🏻

အားလုံးပဲ မင်္ဂလာပါရှင် 🙏🏻✨

ဒီနေ့ခေတ်မှာ လူတိုင်းက အလုပ်တွေ၊ စာတွေနဲ့ တစ်နေ့လုံး ရုန်းကန်လှုပ်ရှားနေရလို့ စိတ်ဖိစီးတာ၊ အာရုံမစိုက်နိုင်တာမျိုးတွေ ကြုံတွေ့နေရကြမှာပါ။ အဲဒီလို စိတ်ရှုပ်စရာတွေ သောင်းခြောက်ထောင်ကြားမှာ စိတ်ကို အနားပေးဖို့နဲ့ ခွန်အားပြန်ဖြည့်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ Meditation လုပ်တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် Meditation ဟာ ဘာသာရေးအရတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ပါ ကမ္ဘာတစ်ဝှမ်းလုံးက ကျောင်းတွေ၊ လုပ်ငန်းခွင်တွေနဲ့ နေရာတိုင်းလိုလိုမှာ နေ့စဉ် အလေ့အကျင့် (Habit) တစ်ခုအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါပြီ။

လူအများစုက Meditation လို့ ပြောလိုက်ရင် အချိန်အများကြီးပေးပြီး ငြိမ်ငြိမ်လေးထိုင်နေရမှာလားဆိုပြီး ခက်ခဲတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Meditation လုပ်ရတာ ကျွန်မတို့ ထင်ထားတာထက် အများကြီး ပိုပြီး လွယ်ကူပါတယ်။ အလုပ်တွေ အရမ်းရှုပ်နေလို့ အချိန်သီးသန့် မပေးနိုင်ရင်တောင်မှ မနက်ခင်း အိပ်ရာနိုးချိန် ဒါမှမဟုတ် လမ်းလျှောက်နေရင်း (၅) မိနစ်လောက်ပဲဖြစ်ဖြစ် မိမိရဲ့ ဝင်လေထွက်လေလေးကို သတိကပ်ပြီး မှတ်နေရုံနဲ့တင် လုံလောက်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတွေ အရမ်းများပြီး စိတ်တွေ အလွန်အမင်း ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ တခြားအရာအားလုံးကို ခဏမေ့ထားပြီး ကိုယ့်ရဲ့ ဝင်လေထွက်လေလေးဆီပဲ အာရုံပြန်စိုက်လိုက်ပါ။ ဒါက စိတ်ကို စက္ကန့်ပိုင်းအတွင်း အမြန်ဆုံး ပြန်လည်တည်ငြိမ်အေးချမ်းသွားစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါပဲ။

ဒီလို ရိုးရှင်းတဲ့ အလေ့အကျင့်လေးကနေ -
🧠 အာရုံစူးစိုက်မှု ပိုကောင်းလာမယ် : နေ့စဉ် မိနစ်ပိုင်းလောက် ဝင်လေထွက်လေ မှတ်ရုံနဲ့တင် ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို သိသိသာသာ တိုးတက်လာစေလို့ အလုပ်လုပ်တဲ့အခါ၊ စာဖတ်တဲ့အခါမျိုးမှာ စိတ်မလွင့်တော့ပါဘူး။
🧘🏻‍♀️ စိတ်ပေါ့ပါးလန်းဆန်းစေမယ် : မနက်ခင်းကို ဝင်လေထွက်လေ မှတ်ပြီး စတင်လိုက်တာက တစ်နေ့လုံးအတွက် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး Overthinking ဖြစ်ပြီး စိတ်ပူပန်တတ်တာတွေကို သက်သာစေပါတယ်။
💡 မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်မယ် : စိတ်က အမြဲတမ်း ငြိမ်သက်အေးချမ်းနေတဲ့အတွက် နေ့စဉ်ဘဝမှာ ပြဿနာတစ်ခုခု ကြုံလာရတဲ့အခါ ဒေါသတကြီး တုံ့ပြန်မယ့်အစား အေးအေးဆေးဆေးနဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းရည်ကိုပါ ပိုမိုကောင်းမွန်လာစေပါတယ်။

ဒါကြောင့် Meditation ဆိုတာ ခက်ခဲတဲ့အရာ မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို အနားပေးနေတာနဲ့ အတူတူပါပဲ။ တစ်ရက်ကို (၅) မိနစ်ပဲဖြစ်ဖြစ်၊ စိတ်ရှုပ်စရာ ကြုံလာရတဲ့ မိနစ်ပိုင်းလေးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ထွက်သက်ဝင်သက်လေးကို သတိကပ်ပြီး Meditation လုပ်လိုက်တာက စိတ်ဖိစီးမှုကို လျှော့ချပေးပြီးတော့ မိမိရဲ့ နေ့တစ်နေ့တာကို အဆင်ပြေပြေနဲ့ဖြတ်သန်းသွားနိုင်မှာပါ။



A Great Habit to Melt Away Your Stress 🧘🏻‍♀️✨

Hello everyone! 🙏🏻✨

In this fast-paced world, we all constantly find ourselves juggling work, studies, and daily struggles, which often leads to stress and a lack of focus. When you are overwhelmed by a million thoughts and chaos, the most effective way to pause and recharge your mind is through Meditation.

Nowadays, meditation has gone far beyond just a religious practice. It is widely embraced across the globe in schools, workplaces, and almost everywhere as a powerful daily habit for personal growth and mental well-being.

Most people tend to think that meditation is difficult, assuming it requires sitting perfectly still for hours. In reality, practicing meditation is much simpler than we think! Even if you are extremely busy and can't find a dedicated time, just being mindful of your breathing for about 5 minutes—whether right after waking up or while walking—is more than enough.

Especially when your stress levels peak and your mind is completely cluttered, simply forget everything else for a moment and bring your focus back to your inhalation and exhalation. This is the easiest and most powerful way to instantly calm your mind within seconds.

With this simple practice, you can unlock these amazing benefits:
🧠 Sharper Focus: Tuning into your breath for just a few minutes a day noticeably trains your brain's ability to focus, keeping you from getting distracted while studying or working.
🧘🏻‍♀️ A Lighter, Refreshed Mind: Starting your morning with mindful breathing lowers your stress for the entire day, helping to ease anxiety and quiet down overthinking.
💡 Better Decisions: When your mind stays calm and grounded, you will find yourself reacting to daily challenges with a peaceful approach rather than anger, naturally enhancing your ability to make better and wiser decisions.
So, meditation isn't something complicated at all—it is simply giving your soul a well-deserved rest. Whether it’s just 5 minutes a day or a brief moment when things get stressful, taking a little time to focus on your breath will relieve your stress and help you navigate your day with ease.

Address

Nyaungshwe
06081

Alerts

Be the first to know and let us send you an email when Bamboo Delight Library and Summer School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Bamboo Delight Library and Summer School:

Shortcuts

Share

Category