24/06/2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်
ဇွန်လမှ ဖေဖော်ဝါရီလအထိ တစ်လ ကျပ် (တစ်သောင်း ) နှုန်းဖြင့် (၉၀၀၀၀)ကျပ်ကို ကျောင်းသူတစ်ဦးအတွက်
C & D Foundation သို့ အလှူရှင် ဒေါ်ဧရာမိုးမှ ဒုတိယကြိမ်မြောက် ပါဝင်လှူဒါန်း ထောက်ပံ့ပေးသွားပါတယ်ရှင့်🍀🍀🍀🍀
အလှူရှင်နှင့်တကွ မိသားစုများအားလုံးသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ🌻
ကြီးကျယ်သော၊နက်နဲသော၊ထက်သော၊လျင်မြန်သော၊ရွှင်သော၊ဆန်းကြယ်သော ဉာဏ်ပညာနှင့်ပြည့်စုံပါစေ🌻
စကားကောင်းကိုဆိုနိုင်၍ဒီထက်မက လိုအပ်သောနေရာများတွင် တိုး၍ တိုး၍ လှူဒါန်းနိုင်ပါစေ၊မျှဝေနိုင်ပါစေ🌻
ဘေးအန္တရာယ် အသွယ်သွယ်မှလည်းကင်းရှင်းပါစေ🌻
အနွေးဓာတ်လိုသည်ရှိသော် နွေး၍ အအေးဓာတ်လိုသည်ရှိသော် အေးပါစေ🌻
ဤကောင်းမှုကုသိုလ်သည် နိဗ္ဗာန်ချမ်းသာ၏အထောက်အပံ့ကောင်းများဖြစ်ပါစေကြောင်း
C & D Foundation မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်🙏
အမှတ်စဉ် - ၄