16/01/2024
📣 International Grading Exam IGE🎯
၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် UCMAS Myanmar မှ ဦးစီး၍ကျင်းပမည့် International Grading Exam ( IGE ) စာမေးပွဲကို မြန်မာနိုင်ငံရှိ အမြို့မြို့ အနယ်နယ်တွင် ဖွင့်လှစ်ထားသော UCMAS Centers များတွင် တစ်ပြိုင်နက်ထဲ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
စာမေးပွဲဖြေဆိုရရှိခြင်း၏ ရည်ရွယ်ချက်မှာ
▪️Level အလိုက် မိမိတို့ သင်ယူခဲ့သည်များကို IGE ဌာနမှ စီစစ်အတည်ပြုပေးခြင်း
▪️ Malaysia နိုင်ငံမှ တိုက်ရိုက် ချီးမြှင့်သော နိုင်ငံတကာ အသိမှတ်ပြု International Grading Exam ( IGE Certificate ) ရရှိခြင်း
▪️၄င်း IGE certificate သည် နိုင်ငံတကာတွင် ပြောင်းရွေ့နေထိုင်သော ကလေးများအတွက်လည်း Level ထပ်ဆင့်သင်ကြားမှု အတွက် အထောက်အကူ ပြုခြင်း
▪️အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေခြင်း
▪️Abacus & Mental စွမ်းရည် ကို အတည်ပြုပြီး အဆင့်မြှင့်တင်ပေးသော စာမေးပွဲ ဖြစ်ခြင်း
▪️UCMAS Academic Graduation Ceremony တွင် ပါဝင်ခွင့် ရခြင်း
အစရှိသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပရခြင်း ဖြစ်ပါသည်။
IGE ဖြေဆိုမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့်မိမိတက်ရောက်နေသော UCMAS Centers များတွင် ဇန်နဝါရီလ ၁၀ မှ ၂၁ ရက်နေ့အထိ စာမေးပွဲကြေး ပေးသွင်း၍ စာရင်းပေးသွင်း နိုင်ပြီ ဖြစ်ပါသည်။
ထို့အပြင် လက်ရှိတွင် Online Class ဖြင့် တက်ရောက်နေသော ကျောင်းသူ/ကျောင်းသား များ အနေဖြင့်လည်း မိမိတို့နှင့် နီးစပ်ရာ UCMAS Center တွင် Registration လုပ်၍ဝင်ရောက် ဖြေဆိုနိုင်ပါသည်။
Registration ပြုလုပ်ထားသော ကျောင်းသူ/ကျောင်းသားများသည် IGE စာမေးပွဲအား စာမေးပွဲခန်း အတွင်းတွင်သာဖြေဆိုရမည် ဖြစ်ပြီး Online ဖြင့် ဖြေဆိုခြင်းများအားခွင့်ပြုပေးမည် မဟုတ်ပါကြောင်းအသိပေးလိုပါသည်။
Registration fees များအား မိမိတက်ရောက်နေသော UCMAS Center များတွင် မေးမြန်းနိုင်ပါသည်။