Aung Tharaphu Thein

Aung Tharaphu Thein 17°58'12.3"N 96°42'37.0"E

ကိုယ်ပိုင်ကျောင်းထားတဲ့ မိဘများ နားလည်ပေးသင့်တဲ့ ကိစ္စတချို့ ရှိပါတယ်။၁။ မိမိရင်သွေးကို သင်တဲ့ ဆရာ၊ ဆရာမရဲ့ ဖုန်းနံပါတ်က...
03/08/2026

ကိုယ်ပိုင်ကျောင်းထားတဲ့ မိဘများ နားလည်ပေးသင့်တဲ့ ကိစ္စတချို့ ရှိပါတယ်။
၁။ မိမိရင်သွေးကို သင်တဲ့ ဆရာ၊ ဆရာမရဲ့ ဖုန်းနံပါတ်ကို တောင်းရင် ကျောင်းက မပေးတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ဆရာ၊ ဆရာမရဲ့ စာသင်ကြားမှုကို အနှောင့်အယှက် ဖြစ်စေနိုင်လို့၊
(ခ) ဆရာ၊ ဆရာမရဲ့ ကိုယ်ပိုင်ချိန်ကို ကျူးကျော်မိသလို ဖြစ်နိုင်လို့၊
(ဂ) ကျောင်းက ခွင့်မပြုနိုင်တဲ့ မိမိရင်သွေးကို ကျူရှင်ခေါ်သင်တာမျိုးကို တားဆီးနိုင်ဖို့၊
(ဃ) မလိုလားအပ်တဲ့ ဆက်နွယ်မှုတွေ ဖြစ်မလာစေဖို့တို့ ဖြစ်ပါတယ်။
ဖြေရှင်းနည်း - မိမိရင်သွေးနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးလိုရင် ကြိုတင် Appointment ရယူပြီး ကျောင်းတွင် သွားရောက်ဆွေးနွေးရမှာပါ။

၂။ မိမိရင်သွေးနဲ့ တခြားကလေး ရန်ဖြစ်ကြရင် တစ်ဘက်မိဘ ဖုန်းနံပါတ်ကို တောင်းရင် ကျောင်းက မပေးတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က)မိဘအချင်းချင်း တိုက်ရိုက်ပြောဆိုရာကနေ စိတ်လိုက်မာန်ပါဖြစ်ပြီး ပြဿနာပိုကြီးသွားနိုင်လို့၊
(ခ)ကျောင်းရဲ့ ကြားဝင်ဖြေရှင်းပေးမှုကသာ ပိုမိုမျှတပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လျော့ကျစေနိုင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကျောင်းအုပ်ကြီး သို့မဟုတ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကျောင်းရဲ့ တရားဝင် ဖြေရှင်းပေးမှုကို ယုံကြည်စွာ လက်ခံပါ။ လိုအပ်ပါက ကျောင်းရဲ့ စီစဉ်ပေးမှုဖြင့်သာ နှစ်ဖက်မိဘ တွေ့ဆုံရမှာပါ။

၃။ ကျောင်းချိန်အတွင်း စာသင်ခန်းထဲအထိ မိဘများ ဝင်ရောက်ခွင့် မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) သင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေလို့၊ (ခ) တခြားကလေးတွေရဲ့ အာရုံစူးစိုက်မှုကို ပျက်ပြားစေလို့၊
(ဂ) ကျောင်းလုံခြုံရေးစနစ်အရ စိစစ်ရန် လိုအပ်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကလေးကို ပစ္စည်းပေးစရာရှိလျှင် သို့မဟုတ် တွေ့ဆုံလိုလျှင် ဧည့်ကြိုကောင်တာ (Reception)မှာ အကြောင်းကြားပြီး စောင့်ဆိုင်းရမှာပါ။

၄။ ကျောင်းဆင်းချိန် နောက်ကျမှ လာကြိုတဲ့အခါ ကျောင်းက သတိပေးတာ သို့မဟုတ် ဒဏ်ကြေးတပ်တာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေမှာလည်း သတ်မှတ်ထားတဲ့ အလုပ်ချိန်ရှိလို့၊
(ခ) ကလေးငယ်အနေနဲ့ အခြားသူငယ်ချင်းတွေ ပြန်သွားချိန်မှာ ကျန်ရစ်ခဲ့တဲ့အတွက် စိတ်ဓာတ်ကျဆင်းမှုနဲ့ အထီးကျန်မှု ဖြစ်နိုင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - သတ်မှတ်ချိန်အတွင်း အမီလာကြိုရမှာပါ။ (သို့မဟုတ်) အခက်အခဲရှိပါက ကြိုတင်အကြောင်းကြားပြီး ကျောင်းကြိုပို့ယာဉ် စီစဉ်ရမှာပါ။

၅။ ကလေးနေမကောင်းဖြစ်နေချိန် (ဖျားနာ၊ ကူးစက်တတ်သော ရောဂါဖြစ်ချိန်) ကျောင်းလွှတ်တာကို လက်မခံတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) အခြားကျောင်းသားတွေကို ရောဂါကူးစက်နိုင်လို့၊
(ခ) နေမကောင်းတဲ့ကလေးကိုယ်တိုင်လည်း စာသင်ခန်းထဲမှာ အာရုံမစိုက်နိုင်ဘဲ ပိုပြီး ပင်ပန်းနိုင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကလေးကို အိမ်မှာ အပြည့်အဝ အနားယူစေပြီး ခွင့်တိုင်ကြားရမှာပါ။ လွတ်သွားတဲ့ သင်ခန်းစာတွေအတွက် ပြန်လည်ဖြည့်ဆည်းပေးဖို့ ကျောင်းနဲ့ တိုင်ပင်ပါ။

၆။ မိမိကလေးကို အခြားအခန်း (သို့မဟုတ်) အခြားဆရာနဲ့ ပြောင်းပေးဖို့ တောင်းဆိုတာကို ချက်ချင်း လက်မခံတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းအနေနဲ့ အခန်းတစ်ခန်းချင်းစီရဲ့ ကလေးအရေအတွက်၊ သင်ကြားမှုစံနှုန်းနဲ့ ကလေးတွေရဲ့ အချိုးအစားကို စနစ်တကျ မျှတအောင် တွက်ချက် (Balance) လုပ်ထားလို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကလေးရဲ့ သင်ယူမှု အခက်အခဲကို အတိအကျ ဆွေးနွေးပြီး ဆရာ၊ မိဘ၊ ကျောင်း ပူးပေါင်းဖြေရှင်းမယ့် နည်းလမ်းကို ရှာဖွေရမှာပါ။

၇။ စာမေးပွဲ အမှတ်စာရင်းတွေနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေကို တိုက်ရိုက် ဖိအားပေး မေးမြန်းခွင့် မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) အကဲဖြတ်မှုတွေဟာ သတ်မှတ်ထားတဲ့ အမှတ်ပေးစည်းမျဉ်း (Marking Schemes) တွေအတိုင်း စနစ်တကျ လုပ်ဆောင်ထားတာဖြစ်ပြီး ဆရာတစ်ဦးတည်းရဲ့ သဘောဆန္ဒသက်သက် မဟုတ်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - အမှတ်စာရင်းနဲ့ ပတ်သက်ပြီး ပြန်လည်သိရှိလိုပါက ကျောင်းရဲ့ တာဝန်ရှိသူများထံ တရားဝင် စိစစ်ပေးရန် တောင်းဆိုပါ။

၈။ တန်ဖိုးကြီး ပစ္စည်းတွေ၊ ဖုန်း၊ လက်ဝတ်ရတနာတွေ ကျောင်းယူလာခွင့် မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ပျောက်ဆုံး၊ ပျက်စီးတဲ့အခါ တာဝန်ယူရခက်ခဲလို့၊
(ခ) ကလေးတွေအကြား လူတန်းစား ခွဲခြားမှုလို ခံစားချက်မျိုး ဖြစ်လာနိုင်လို့၊
(ဂ) စာသင်ခန်းထဲမှာ သင်ကြားမှုအပေါ် အာရုံစိုက်မှု အားနည်းစေလို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကျောင်းက သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံနဲ့ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများကိုသာ သေချာစွာ ထည့်ပေးပါ။

၉။ ကျောင်းက စီစဉ်ပေးတဲ့ အစားအသောက် (သို့မဟုတ်) အစီအစဉ်တွေကို မိမိကလေးအတွက် သီးသန့် ချွင်းချက်လုပ်ပေးဖို့ တောင်းဆိုတာကို မလိုက်လျောနိုင်တာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းဆိုတာ အများနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး စံလုပ်ထုံးလုပ်နည်း (SOPs) တွေနဲ့အညီ ညီတူမျှတူ စနစ်တကျ လည်ပတ်နေရလို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကျန်းမာရေးအရ ဓာတ်မတည့်မှု (Allergy) ရှိပါက ဆရာဝန်လက်မှတ်ဖြင့် ကြိုတင်အကြောင်းကြားထားပြီး၊ အခြားအကြိုက်မတူမှုများအတွက် မိမိဘာသာ အိမ်မှ ထုပ်ပိုးထည့်ပေးလိုက်ရမှာပါ။

၁၀။ ကျောင်းနဲ့ ပတ်သက်တဲ့ မကျေနပ်ချက်တွေကို လူမှုကွန်ရက် (Social Media) ပေါ်မှာ တိုက်ရိုက် ရေးသားတာကို တားမြစ်ထားတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ပြဿနာကို အမှန်တကယ် ပြေလည်အောင် မဖြေရှင်းနိုင်တဲ့အပြင်၊ ကျောင်းရဲ့ ဂုဏ်သိက္ခာ၊ ဆရာ/မတွေရဲ့ သိက္ခာနဲ့ အခြားကလေးတွေရဲ့ လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာတွေကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - မကျေနပ်ချက်၊ အကြံပြုချက် ရှိပါက ကျောင်းရဲ့ စီမံခန့်ခွဲသူတွေနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးပါ (သို့မဟုတ်) အကြံပြုစာပုံး (Suggestion Box) ကနေတဆင့် တရားဝင် အသိပေးပါ။

၁၁။ ကျောင်းက စီစဉ်တဲ့ ပြင်ပလေ့လာရေးခရီး (Field Trips) တွေမှာ မိဘတွေ လိုက်ပါခွင့်မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကလေးတွေရဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အလေ့အကျင့်ကို တည်ဆောက်ပေးချင်လို့၊
(ခ) ဆရာ/မတွေရဲ့ အုပ်ချုပ်မှုအောက်မှာ အများနဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ စိတ်ဓာတ် ပျိုးထောင်ပေးချင်လို့၊
(ဂ) မိဘပါတဲ့ကလေးနဲ့ မပါတဲ့ကလေးကြားမှာ ခံစားချက် ကွာဟမှု မဖြစ်စေချင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကျောင်းက တာဝန်ယူ စီစဉ်ပေးတဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးစနစ်ကို ယုံကြည်စိတ်ချစွာ အပ်နှံပေးပါ။

၁၂။ ကလေးရဲ့ အိမ်စာ (Homework) နဲ့ ပရောဂျက်တွေကို မိဘက ဝင်ရောက်လုပ်ကိုင်ပေးတာကို လက်မခံတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကလေးရဲ့ တကယ့် နားလည်တတ်ကျွမ်းမှုကို ဆရာ၊ ဆရာမတွေက အမှန်တကယ် အကဲဖြတ်နိုင်ဖို့၊
(ခ) ကလေးကိုယ်တိုင် ကြိုးစားအားထုတ်လိုစိတ်နဲ့ တာဝန်ယူမှုရှိလာစေဖို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - မိဘအနေနဲ့ လိုအပ်တဲ့ အကြံဉာဏ်နဲ့ လမ်းညွှန်မှုသာ ပေးပြီး ကလေးကိုယ်တိုင် လုပ်ဆောင်နိုင်အောင် အားပေးကူညီပါ။

၁၃။ ကျောင်းဝတ်စုံနဲ့ ဆံပင်ပုံစံ (Grooming) ကို တင်းကျပ်စွာ စည်းကမ်းသတ်မှတ်ထားတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းသား၊ ကျောင်းသူတွေအကြား တန်းတူညီမျှမှုရှိစေဖို့၊
(ခ) စည်းကမ်းလိုက်နာတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ငယ်စဉ်ကတည်းက ကိန်းအောင်းသွားစေဖို့၊
(ဂ) ကျောင်းရဲ့ ပုံရိပ်နဲ့ အသွင်အပြင်ကို စနစ်တကျ ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ကျောင်းက ထုတ်ပြန်ထားတဲ့ ဝတ်စားဆင်ယင်မှု စည်းကမ်းချက်များကို မိဘကိုယ်တိုင်က ကလေးကို သေချာစွာ ရှင်းပြပြီး လိုက်နာစေပါ။

၁၄။ ကလေးအချင်းချင်း ပြဿနာဖြစ်တဲ့အခါ တစ်ဖက်ကလေးကို ချက်ချင်း ကျောင်းထုတ်ပေးဖို့ တောင်းဆိုတာကို မလိုက်လျောတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းဆိုတာ ကလေးတွေ အမှားကနေ သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးရမယ့် နေရာဖြစ်လို့၊
(ခ) ပြဿနာတိုင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ အဆင့်ဆင့် သတိပေးတဲ့ စနစ် (Disciplinary Procedures) ရှိပြီး အဲ့ဒီအတိုင်းသာ စနစ်တကျ ဆောင်ရွက်ရလို့ ဖြစ်ပါတယ်။
ဖြေရှင်းနည်း - ကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးပြီး ချမှတ်တဲ့ မျှတသော ဆုံးဖြတ်ချက်ကို နားလည်လက်ခံပေးပါ။

၁၅။ ကျောင်းအဝင်အထွက် အချိန်တွေမှာ ဆရာ၊ ဆရာမတွေကို တားပြီး အချိန်ကြာမြင့်စွာ မေးမြန်းဆွေးနွေးတာကို ခွင့်မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ဆရာ၊ ဆရာမတွေဟာ အဲ့ဒီအချိန်မှာ ကလေးတွေရဲ့ လုံခြုံရေးနဲ့ အဝင်အထွက်ကို အဓိက အာရုံစိုက်နေရလို့၊
(ခ) အခြားမိဘတွေရဲ့ အချိန်ကို နှောင့်နှေးစေနိုင်လို့၊
(ဂ) လမ်းကြိုလမ်းကြားမှာ ကလေးရဲ့ အကြောင်းကို ဆွေးနွေးခြင်းဟာ ပရော်ဖက်ရှင်နယ် မဆန်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - အရေးကြီးကိစ္စရှိပါက ကျောင်းရုံးခန်းသို့ ဆက်သွယ်ပြီး ဆရာ၊ ဆရာမအား တွေ့ဆုံရန် သတ်မှတ်ချိန် (Appointment) ရယူပါ။

၁၆။ ကလေး ကျန်ခဲ့တဲ့ ပစ္စည်းတွေ (စာအုပ်၊ ထမင်းဘူး၊ ရေဘူး) ကို နေ့စဉ်ရက်ဆက် လာပို့ခွင့် မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကလေးတွေအနေနဲ့ ကိုယ့်ပစ္စည်းကိုယ် တာဝန်ယူ ပြင်ဆင်တတ်တဲ့ အလေ့အကျင့် (Responsibility) ပျောက်ဆုံးသွားနိုင်လို့၊
(ခ) ကျောင်းရုံးခန်းနဲ့ သင်ကြားရေးလုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေလို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ညအိပ်ရာမဝင်ခင်ကတည်းက မနက်ဖြန်အတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်းတွေကို ကလေးကိုယ်တိုင် စစ်ဆေးထည့်သွင်းတတ်အောင် လေ့ကျင့်ပေးပါ။

၁၇။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေကို ရိုင်းစိုင်းစွာ ဆက်ဆံတာ၊ အော်ဟစ်ပြောဆိုတာမျိုးကို လုံးဝ လက်မခံတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းဟာ အပြန်အလှန် လေးစားမှုကို အခြေခံတဲ့ ပတ်ဝန်းကျင်ဖြစ်ရမှာဖြစ်လို့၊
(ခ) လူကြီးတွေရဲ့ အပြုအမူကို ကလေးတွေက အတုယူ သင်ယူတတ်ကြလို့၊
(ဂ) ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ကာကွယ်ပေးရန် ကျောင်းမှာ တာဝန်ရှိလို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ရုံးခန်းတွင် တာဝန်ရှိသူများနှင့်သာ အေးချမ်းစွာ တရားဝင် လာရောက်ဆွေးနွေး အဖြေရှာပါ။

၁၈။ စာသင်နှစ်အတွင်းမှာ မိသားစုခရီးရှည်ထွက်ဖို့ ရက်ရှည်ခွင့်ယူတာကို အားမပေးတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ဆက်တိုက်သွားနေတဲ့ သင်ခန်းစာတွေ၊ စာမေးပွဲတွေနဲ့ လွဲချော်သွားပြီး ကလေးအတွက် သင်ယူမှု နောက်ကျကျန်ရစ်နိုင်လို့၊
(ခ) အတန်းတွင်း အုပ်စုဖွဲ့ လုပ်ဆောင်ရတဲ့ ပရောဂျက်တွေမှာ အခြားကလေးတွေကိုပါ ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - မိသားစုခရီးစဉ်များကို ကျောင်းပိတ်ရက်ရှည် (School Holidays) များနှင့် ကိုက်ညီအောင် ကြိုတင် စီစဉ်ပါ။ လွှဲမရှောင်သာပါက ကျောင်းအုပ်ကြီးထံ ကြိုတင်ခွင့်တိုင်ပါ။

၁၉။ ကျောင်းရဲ့ သင်ရိုးညွှန်းတမ်း (Curriculum) နဲ့ သင်ကြားရေးနည်းစနစ်တွေကို မိဘက မိမိစိတ်တိုင်းကျ ဝင်ရောက်စွက်ဖက်ခွင့် မပြုတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းရဲ့ သင်ရိုးနဲ့ သင်ကြားမှုစနစ်များဟာ စနစ်တကျ လေ့လာရေးဆွဲထားတဲ့ Standard တွေဖြစ်လို့၊
(ခ) ဆရာတစ်ဦးချင်းစီရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ သင်ကြားရေး လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - သင်ကြားရေးနဲ့ ပတ်သက်ပြီး အကြံပြုလိုပါက မှတ်ချက်ပေးစာ (Feedback) ရေးသားနိုင်ပြီး ကျောင်းရဲ့ ပညာရေးစံနှုန်းများကို ယုံကြည်ပေးပါ။

၂၀။ ကျောင်းလခနဲ့ အခြားကျသင့်ငွေတွေကို သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ ပေးသွင်းတဲ့အခါ ဒဏ်ကြေးတပ်တာ (သို့မဟုတ်) သတိပေးတာပါ။
ဘာကြောင့်လဲဆိုတော့ -
(က) ကျောင်းရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနဲ့ လည်ပတ်မှု ယန္တရားတွေ ကြန့်ကြာမှုမရှိစေဖို့၊
(ခ) အချိန်မီ ပေးသွင်းတဲ့ မိဘတွေနဲ့ နှိုင်းယှဉ်ပါက တရားမျှတမှု ရှိစေဖို့နဲ့ စည်းမျဉ်းတွေကို အားလုံး တပြေးညီ လိုက်နာစေဖို့ ဖြစ်ပါတယ်။

ဖြေရှင်းနည်း - ငွေသွင်းရမည့် နောက်ဆုံးရက် (Due Date) များကို သတိပြုပြီး အချိန်မီ ပေးသွင်းပါ။ အခက်အခဲရှိပါက ကျောင်းဘဏ္ဍာရေးစီမံခန့်ခွဲသူများထံ ကြိုတင် အသိပေး ဆွေးနွေးပါ။

Crd.
#နိုင်ဝင်းလတ်_ဂုဏ်ထူးဇီဝ

28/07/2026

အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်းမှ မြို့နယ်အဆင့်တွင်အတီးဝင်ရောက်ယှဉ်ပြိုင်သော သမီးလေး၏ စောင်းတီးစွမ်းရည်❤️

အောင်သရဖူသိန်း ကိုယ်ပိုင်အလယ်တန်းကျောင်းမှ အဆိုအကအရေးအတီး ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သော သမီးလေးနှစ်ယောက်❤️
28/07/2026

အောင်သရဖူသိန်း ကိုယ်ပိုင်အလယ်တန်းကျောင်းမှ အဆိုအကအရေးအတီး
ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သော သမီးလေးနှစ်ယောက်❤️

အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ🙏🙏🙏27.7.2026
27/07/2026

အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်း
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ🙏🙏🙏
27.7.2026

24/07/2026

📢 English 4 Skills ဆရာ / ဆရာမများ ဖိတ်ခေါ်ခြင်း 📢

​အောင်သရဖူသိန်း ကိုယ်ပိုင်အလယ်တန်းကျောင်း တွင် ကျောင်းသား/သူများ၏ အင်္ဂလိပ်စာ စွမ်းရည် (Speaking, Listening, Reading, Writing) ကို ထိရောက်စွာ မြှင့်တင်သင်ကြားပေးနိုင်မည့် English 4 Skills Teacher များကို ခေါ်ယူလိုပါသည်။

​လိုအပ်သော အရည်အချင်းများ -

​အင်္ဂလိပ်စာ ၄ စကေး (Speaking, Listening, Reading, Writing) ကို ကျွမ်းကျင်စွာ သင်ကြားနိုင်သူဖြစ်ရမည်။

​ကျောင်းသား/သူများနှင့် မိတ်ဆက်ရလွယ်ကူပြီး သင်ကြားရေးတွင် တက်ကြွတက်ကြွရှိသူ ဖြစ်ရမည်။

​သက်ဆိုင်ရာ ဘာသာရပ် သင်ကြားရေးအတွေ့အကြုံရှိသူများကို ဦးစားပေးမည်။

​အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ ဖြစ်ရမည်။

​လျှောက်ထားရန် ....…..
စိတ်ပါဝင်စားသူများအနေဖြင့် CV Form နှင့်တကွ အောက်ပါဖုန်းနံပါတ် သို့မဟုတ် ကျောင်းသို့ တိုက်ရိုက်လာရောက် လျှောက်ထားနိုင်ပါသည်။



​ဖုန်းနံပါတ် -
09428010868
09692539542


​လိပ်စာ-
အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်း၊ရန်ကုန် မန္တ‌ လေး လမ်းမကြီးဘေး၊ညောင်လေးပင်မြို့ ၊ပဲခူးတိုင်း။

အောင်သရဖူသိန်း ကိုယ်ပိုင်အလယ်တန်းကျောင်းအာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနား
17/07/2026

အောင်သရဖူသိန်း ကိုယ်ပိုင်အလယ်တန်းကျောင်း
အာဇာနည်နေ့အကြိုဟောပြောပွဲအခမ်းအနား

2026-2027ပညာသင်နှစ် အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်းကျောင်းကောင်စီကတိသစ္စာခံယူပွဲ26.6.2026သောကြာနေ့
27/06/2026

2026-2027ပညာသင်နှစ်
အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်း
ကျောင်းကောင်စီကတိသစ္စာခံယူပွဲ
26.6.2026
သောကြာနေ့

နွေရာသီသင်တန်းပြီးထဲက  ကျောင်းပိတ်ရက်သင်တန်းကို စောင့်မျှော်နေကြသော သားသားမီးမီးများအတွက်စနေ၊တနင်္ဂနွေသင်တန်းလေး လာပါပြီ...
26/06/2026

နွေရာသီသင်တန်းပြီးထဲက ကျောင်းပိတ်ရက်သင်တန်းကို စောင့်မျှော်နေကြသော သားသားမီးမီးများအတွက်စနေ၊တနင်္ဂနွေသင်တန်းလေး လာပါပြီနော်။

ညောင်လေးပင်မြို့ရှိ Grade 4 မှ Grade 9 ကျောင်းသားကျောင်းသူ
လေးများအတွက်

🎯 English စာဖွံ့ဖြိုးတိုးတက်စေရန်၊

🎯 လွယ်ကူရိုးရှင်းသော English Grammar (သဒ္ဓါ)၏ အခြေခံသဘောတရားများကိုနားလည်တတ်ကျွမ်းစေရန်။

🎯 Language 4 Skills
(ဘာသာစကားတစ်ခုကိုပိုင်နိုင်တတ်ကျွမ်းစေရန်အတွက် နားလည်နိုင်စွမ်း၊ ပြောနိုင်စွမ်း၊ စာဖတ်နိုင်စွမ်း၊ စာရေးနိုင်စွမ်းစသော အခြေခံစွမ်းရည်များကျွမ်းကျင်ပိုင်နိုင်စေရန်)

🎯 မူလတန်းမှသည် 🔜 အလယ်တန်း 🔜 အထက်တန်းအထိ English စာကို ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အတွေ့အကြုံဖြင့် ရေးသားနိုင်လာပြီး English Language အတွက် စိတ်အေးရစေရန်စသော တိုးတက်များမှုများရရှိစေရန်အတွက်

(Weekend Classes)ကို စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်များတွင် (၁၁.၇.၂၀၂၆)ရက်၊ စနေနေ့မှစတင်၍ဖွင့်လှစ်‌သင်ကြားပါတော့မည်။

သင်ကြားမည့်သင်ရိုး
🔰 Cambridge English Curriculum ဖြင့်သင်ကြားပေးမည်ဖြစ်ပါသောကြောင့် Cambridge English Exam ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများလည်း တက်ရောက်နိုင်ပါသည်။

Class Level (တက်ရောက်နိုင်မည့်အတန်းများ)
Starters (Pre A1)
Level 1 to 2
( Grade 4, Grade 5, Grade 6)
အသက် (၁၀ နှစ်မှ ၁၂)အထိကျောင်းသားကျောင်းသူများ။
✍️ သင်တန်းကြေး ၅၀,၀၀၀/-
📒 Course Book ၃၅,၀၀၀/- (Student's Book+ Home Book)
🕝သင်တန်းအချိန် 2:30PM မှ 4:00PM အထိ

Movers (A1)
Level 2 to 3
( Grade 6, Grade 7,Grade 8)
အသက် (၁၂ နှစ် မှ ၁၄) အထိကျောင်းသားကျောင်းသူများ။
✍️ သင်တန်းကြေး ၆၀,၀၀၀/-
📒 Course Book ၃၅,၀၀၀/- (Student's Book+ Home Book)
🕚သင်တန်းအချိန် 11:00AM မှ 12:30PM အထိ

Flyers (A2)
Level (5 to 6)
(Grade 7, Grade 8, Grade 9)
အသက် ( အသက် ၁၃ နှစ်မှ ၁၇) အထိကျောင်းသားကျောင်းသားကျောင်းသူများ။
✍️ သင်တန်းကြေး ၇၀,၀၀၀/-
📒 Course Book ၃၅,၀၀၀/- (Student's Book+ Home Book)
🕘သင်တန်းအချိန် 9:00AM မှ 10:30AM အထိ

သင်တန်းကာလ
==========
July 2026 to February 2027 (၈ လ)

🏫သင်တန်းနေရာ🏫
အောင်သရဖူသိန်းကိုယ်ပိုင်အလယ်တန်းကျောင်း၊ညောင်လေးပင်မြို့။

☎️ဆက်သွယ်စုံစမ်းရန်☎️
09428010868
09692539542

လူဦးရေကန့်သတ်ထားပါသဖြင့် သင်တန်းမစမှီကြိုတင်စာရင်းသွင်းပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

#ကျောင်းသား၏အခြေခံ၊ အရည်အချင်းနှင့်စိတ်ပါဝင်စားမှုပေါ်မူတည်၍လည်းဆွေးနွေးသင်ကြားနိုင်ပါသည်။

ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ကြမယ်❤️☘️
23/06/2026

ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ကြမယ်❤️☘️

20/06/2026

English Language Teaching

Oxford YLE Level 5 to Grade 8 Students

DSD Club "Do something different" by Grade 8 students.

Address

ရန်ကုန်မန္တလေးကားလမ်းဘေး
Nyaunglebin

Website

Alerts

Be the first to know and let us send you an email when Aung Tharaphu Thein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category