07/11/2022
ညောင်ဦးခရိုင်
ညောင်ဦးခရိုင် (အင်္ဂလိပ်: Nyaung-U District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။
ညောင်ဦးခရိုင်မြို့နယ်များ
ညောင်ဦးမြို့နယ်
ကျောက်ပန်းတောင်းမြို့နယ်
ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
• ညောင်ဦးမြို့နယ်
• ညောင်ဦးမြို့
• ပုဂံမြို့
• ငါ့သရောက်မြို့
• ကျောက်ပန်းတောင်းမြို့နယ်
• ကျောက်ပန်းတောင်းမြို့
သမိုင်းကြောင်း
ယခင်က မန္တလေးတိုင်း မြင်းခြံခရိုင်တွင် မြင်းခြံနယ်နှင့် ပုဂံ (ညောင်ဦးနယ်)တို့ ပါဝင်သည်။ ပုဂံ (ညောင်ဦး)နယ်တွင် ပုဂံ(ညောင်ဦး)မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ငဇွန်(ငါန်းဇွန်)မြို့နယ်များ ပါဝင်ခဲ့သည်။၁၉၇၃ခုနှစ်တွင် ညောင်ဦးမြို့နယ်တွင် ညောင်ဦးမြို့နှင့် ပုဂံမြို့ဟူ၍ မြို့ (၂)မြို့ သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် ပုဂံ( ညောင်ဦး)မြို့နယ်ကို မြင်းခြံခရိုင်မှ ခွဲထုတ်၍ ပုဂံ(ညောင်ဦး)ခရိုင်ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၀၀၃ခုနှစ်တွင် ငါ့သရောက်မြို့ကို ဖွဲ့စည်းခဲ့ကာ မြို့နယ်ခွဲအဆင့် ဖြစ်လာသည်။ ခရိုင်၏ တရားဝင်အမည်မှာလည်း ညောင်ဦးခရိုင်ဖြစ်သည်။၂၀၁၄ခုနှစ် ဇန်နဝါရီ (၁၅)ရက်နေ့တွင် မြင်းခြံခရိုင်မှ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်လက်အောက်သို့ ပြောင်း၍ဖွဲ့စည်းရာ ညောင်ဦးခရိုင်တွင် မြို့နယ်(၂)မြို့နယ်နှင့် မြို့နယ်ခွဲ (၁)ခု ပါဝင်ခဲ့သည်။၂၀၁၅ခုနှစ်တွင် မြို့နယ်ခွဲဟူသော စကားရပ်အား ပယ်ဖျက်ခဲ့သဖြင့် လက်ရှိညောင်ဦးခရိုင်တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် (၂)ခုသာ ပါဝင်သည်။
ပထဝီဝင်အနေအထား
နယ်နိမိတ်
မြောက်ဘက်တွင် မြင်းခြံခရိုင်နှင့် မကွေးတိုင်းမှ ပခုက္ကူခရိုင်၊ အရှေ့ဘက်တွင် မြင်းခြံခရိုင်နှင့် မိတ္ထီလာခရိုင်၊ တောင်ဘက်တွင် မကွေးတိုင်းမှ မကွေးခရိုင်၊ အနောက်ဘက်တွင် မကွေးတိုင်းမှ မကွေးခရိုင်နှင့် ပခုက္ကူခရိုင်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများ ပေါများသည်။တူရွင်းတောင်တန်းသည် ခရိုင်အတွင်း (၁၀)မိုင်ခန့်ရှည်ကာ ပေ(၁၀၀၀)ကျော်မြင့်သည်။ ခရိုင်အတွင်း စိုက်ပျိုးရေးအတွက် အသုံးဝင်သည့် သဲဆန်သောမြေများရှိသည်။ဧရာဝတီမြစ်အတွင်းတွင် မြေနုကျွန်းများလည်းရှိသည်။ ခရိုင်အတွင်းရှိ ပုပ္ပါးတောင်မှာ ထင်ရှားသည်။
ရေဆင်း
ခရိုင်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်ကြီး စီးဆင်းနေပြီး မကွေးတိုင်းနှင့် နယ်နိမိတ်အဖြစ် ပိုင်းခြားထားသည်။ ခရိုင်အတွင်း မြစ်ချောင်းများပေါများကာ ရေချိုများဖြစ်သည်။ သဲချောင်းများလည်း တည်ရှိသည်။
လူဦးရေ
၂၀၁၄ သန်းခေါင်စာရင်း စတင်ကောက်ယူချိန်တွင် ညောင်ဦးခရိုင်အောက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပါဝင်ဖွဲ့စည်းပြီးဖြစ်သော်လည်း (၂)လခန့်သာရှိသေးသည်။ ကြိုတင်ပြင်ဆင်ထားသော စာရင်းဇယားများအရ ကျောက်ပန်းတောင်းမြို့နယ်မှာ မြင်းခြံခရိုင်အောက်တွင်သာ စာရင်းကောက်ယူခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင်တွင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့နယ်ခွဲတို့ကိုသာ ကောက်ယူထားသည်။
၂၀၁၄သန်းခေါင်စာရင်းအရ ညောင်ဦးခရိုင်တွင် လူဦးရေ ၂၃၉,၉၄၇ နေထိုင်ကြကာ အမျိုးသား ၁၀၉,၄၇၆ဦး၊ အမျိုးသမီး ၁၃၀,၄၇၁ဦးဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၅၄,၃၄၃ဦးဖြစ်ကာ မြို့ပြနေရာခိုင်နှုန်းမှာ ၂၂.၆ရာခိုင်နှုန်းဖြစ်သည်။ ထိုစဉ်က ကျောက်ပန်းတောင်းမြို့နယ်၏ လူဦးရေ ၂၆၁,၉၀၈ဦးကိုပါ ထည့်တွက်မည်ဆိုပါက ညောင်ဦးခရိုင်၏ လူဦးရေမှာ ၅၀၁,၈၅၅ဦးဖြစ်သည်။ ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
စီးပွားရေး
ညောင်ဦးခရိုင်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးကောင်းမွန်သော ဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ နှမ်း၊ ပဲအမျိုးမျိုး၊ ဆန်စပါး၊ ကြက်သွန်၊ ထန်းလျက်၊ မန်ကျည်း စသည်တို့ထွက်ရှိသည်။ ယွန်းထည်နှင့် လက်မှုလုပ်ငန်း လုပ်ကိုင်သူများလည်းရှိသည်။ ညောင်ဦးမြို့နယ်ရှိ ပုဂံဘုရားများနှင့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်တို့ကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးကာ ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ကိုင်သူများလည်းရှိသည်။
ပို့ဆောင်ဆက်သွယ်ရေး
ညောင်ဦးခရိုင်သည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း၊ ရထားလမ်းများ အားလုံးဖြင့် သွားလာနိုင်သည်။ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့များသည် အခြား ခရိုင်၊ မြို့နယ်များရှိ မြို့များသို့ ကွန်ယက်သဖွယ် ကားလမ်းများရှိသည်။ ရံဖန်ရံခါတွင် သဲချောင်းများ ရေကျော်တတ်၍ လမ်းပိတ်ခြင်းများရှိတတ်သည်။ မကွေးတိုင်း ပခုက္ကူမြို့နှင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့အား ဆက်သွယ်ပေးသော ဧရာဝတီတံတား (ပခုက္ကူ)မှာ လက်ရှိတွင် မြန်မာနိုင်ငံ၏ အရှည်ဆုံး မြစ်ကူးတံတားကြီးဖြစ်သည်။ဤတံတားကြီးမရှိစဉ်က ပခုက္ကူမြို့ရှိရာ တဖက်ကမ်းသို့ကူးရန် စက်လှေများအသုံးပြုရသည်။
မန္တလေးမြို့မှ ညောင်ဦးမြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း သွားလာနိုင်သည်။ရန်ကုန်မှသော်လည်းကောင်း၊ မန္တလေးမှသော်လည်းကောင်း နေ့စဉ်ရထားများရှိသည်။ညောင်ဦးလေဆိပ်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ပြီးလျှင် မန္တလေးတိုင်း၏ ဒုတိယမြောက် အများပြည်သူသုံးလေဆိပ်ဖြစ်ကာ နိုင်ငံတကာခရီးစဉ် ပျံသန်းသည့်လေယာဉ်များ ဆင်းသက်နိုင်သည့် အကောက်ခွန်လေဆိပ်ဖြစ်သည်။
ပညာရေး
၂၀၁၄သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက်လူဦးရေ၏ စာတတ်မြောက်နှုန်းမှာ ၈၆ရာခိုင်နှုန်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ယွန်းပညာသင်ကောလိပ်မှာ ညောင်ဦးမြို့နယ်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်းတွင် စက်မှုသိပ္ပံကျောင်းရှိသည်။
ကျန်းမာရေးပြင်ဆင်
ညောင်ဦးမြို့နယ်တွင် ကုတင် (၂၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ (၁၆)ကုတင်ဆံ့ သံဃာ့ဆေးရုံ (၁)ရုံ တည်ရှိသည်။
ညောင်ဦးမြို့နယ်
ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ တောင်ဘက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံ၊ညောင်ဦးနှင့် ငါ့သရောက်တို့ပါဝင်သည်၊
ညောင်ဦးမြို့နယ်
ကိုဩဒိနိတ်:
21°12′N 94°55′E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေးခရိုင်
ညောင်ဦးမြို့နယ်
ရုံးစိုက်ရာမြို့
ညောင်ဦးမြို့
လူဦးရေ (၂၀၁၄) •
စုစုပေါင်း၁၉၈,၁၈၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)
သမိုင်းကြောင်း
ပုဂံ-ညောင်ဦးမြို့သည် ၉ရာစုခန့်တွင် ရွာကြီး ၁၉ရွာ၊ကျေးလက်၁၀၀ကျော်စုစည်းပြီး ပထမနန်းတော်မြို့အဖြစ် တူရွင်းတောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း၌လည်းကောင်း၊ ဒုတိယနန်းတော်မြို့ကို သီရိပစ္စယာရပ်၌လည်းကောင်း၊ တတိယနန်းတော်မြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီဟူ၍လည်းကောင်း၊ စတုတ္ထနန်းတော်မြို့ကို ယခုမြို့ရိုးနှင့်တကွ ပုဂံမြို့ဟောင်းတွင်တည်ခဲ့သည်။
ညောင်ဦးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ပုဂံမြို့စည်ပင်သာယာနယ်နိမိတ်ကို ၂၅.၉.၁၉၇၃ ရက်စွဲပါစာများဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ညောင်ဦးမြို့အားရပ်ကွက်၅ခုဖြင့် စတင်ဖွဲ့စည်းကာ ၂၄-၁၁-၁၉၉၅ခုနှစ်တွင် ရပ်ကွက်တစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့သည်။၃၀.၄.၂၀၀၉တွင် ရပ်ကွက်တစ်ခုထပ်မံတိုးချဲ့ကာ ညောင်ဦးမြို့၏ ဧရိယာမှာ ၅၆၁၈ဧကဖြစ်လာသည်။
ပုဂံမြို့အား ၂၅.၉.၁၉၇၃ခုနှစ်တွင် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၄.၁၁.၁၉၉၅တွင် သီရိပစ္စယာ၊ရွှေတွင်း၊အရှေ့ရွာနောင်၊ဂန့်ဂါဟူသော ရပ်ကွက်အသစ်၄ခု ထပ်မံဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် မြေဧရိယာ ၆၂၈၉ဧကဖြစ်လာသည်။
ငါ့သရောက်မြို့အား ၂၆.၂.၂၀၀၃တွင် ရပ်ကွက်၄ခုဖြင့်ဖွဲ့စည်းခဲ့သည်။
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၁မိနစ်နှင့် ၂၅ဒီဂရီ ၁၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၉မိနစ်နှင့် ၉၅ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၂၃မိုင်ရှိပြီး ၅၇၂.၇၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်တွင် တောင်သာမြို့နယ်၊ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် မကွေးတိုင်းရှိ ချောက်မြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မကွေးတိုင်းရှိ ပခုက္ကူမြို့နယ်တို့ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၀၆ပေအထက်တွင်တည်ရှိကာ မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများရှိသောဒေသဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဘက်၆မိုင်ခန့်အကွာတွင် အရှည်၁၀မိုင်ခန့်ရှိ၍ အမြင့်၁၁၇၁ပေရှိသော တုရင်တောင်တန်းတည်ရှိသည်။ မြို့နယ်အတွင်းတွင် ရေချိုမြစ်ချောင်းများ ပေါများကာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။
လူဦးရေ
ညောင်ဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ချင်း၊ရခိုင်၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
ညောင်ဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ ပုဂ္ဂလိကအလုပ်ရုံ၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၃ခုရှိသည်။
ဈေးများ
ညောင်ဦး
• မဏိစည်သူဈေး
• စဉ့်ကူဈေး
• တောင်ဇင်းဈေး
ပုဂံ
• ပုဂံဈေး
ငါ့သရောက်
• ဗိုလ်ချိုဈေး
• ဈေးကုန်း
• နှောတွင်း
ပို့ဆောင်ဆက်သွယ်ရေး
ညောင်ဦးမြို့နယ်အတွင်းတွင် ညောင်ဦးလေဆိပ်တည်ရှိသည်။ ပုဂံယဉ်ကျေးမှုနယ်မြေအတွက် အရေးပါသောဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ညောင်ဦးအထိခရီးစဉ်များရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့များသို့ နေ့စဉ်ရထားပြေးဆွဲသည်။ ချောက်-ပျဉ်းမနားရထားလမ်းပေါ်တွင်လည်း တည်ရှိသည်။ ညောင်ဦးမှ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊မုံရွာ၊တောင်ကြီးမြို့များသို့လည်းကောင်း၊ ငါ့သရောက်မှ ရန်ကုန်၊မန္တလေးမြို့များသို့လည်းကောင်း ကားများရှိသည်။
ပညာရေး
အဆင့်မြင့်ပညာ
• ယွန်းပညာကောလိပ် (ပုဂံ)
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၈ကျောင်းရှိသည်။
• အထက ညောင်ဦး
• အထက ပုဂံ
• အထက ငါ့သရောက်
• အထက တောင်ဇင်း
• အထက စဉ့်ကူ
• အထက လက်ပန်ခြေပေါ်
• အထက လက်ဝဲ
• အထက သပြေအိုင့်
အထက(ခွဲ)/အလက
• အလက (ထ(ခွဲ)) ဖလန်ကန်
• အလက (ထ(ခွဲ)) တက်မ
• အလက (ထ(ခွဲ)) ကြအို
• အလက (ထ(ခွဲ)) မြို့မ
• အလက (ထ(ခွဲ)) မြင်းကပါ
• အလက (ထ(ခွဲ)) တောင်တော
• အလက (ထ(ခွဲ)) ကုလားတဲ
• အလက (ထ(ခွဲ)) ဂန့်ဂါ
• အလက (ထ(ခွဲ)) သူကောင်းတည်
• အလက (ထ(ခွဲ)) ဆည်
• အလက (ထ(ခွဲ)) ရေလယ်ကျွန်း
• အလက (ထ(ခွဲ)) ကူရွာ
• အလက ဖွားစောအနောက်
• အလက ရွာသစ်
• အလက သဲပြင်တော
• အလက စုတည်
• အလက လက်ထ
• အလက ရွာသာ
• အလက ဗြူကြီး
• အလက ဝက်လူး
• အလက မြေသင်း
• အလက တောင်ဘီ
• အလက ချောင်းရှည်
• အလက သနပ်ပင်
• အလက ငါ့မင်းမေး
• အလက ဒါန်း
• အလက မြေနီ
• အလက အနောက်အုံ
• အလက အိုရင်း
• အလက ကူတော
• အလက ကျောက်ပြင်ကန်
• အလက ကန်ကြီးကုန်
• အလက ကျွန်းခင်းကြီး
• အလက ညောင်ပင်ကန်
• အလက ကန်နီကြီး
• အလက ကမ္မ
• အလက ပြတိုင်းတောင်နောက်
• အလက ပနီတွင်း
• အလက အရာတော်
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၆၉ကျောင်းရှိသည်။
ကျန်းမာရေး
ဆေးရုံများ
• ညောင်ဦးခရိုင်ဆေးရုံ
• ငါ့သရောက်ဆေးရုံ
• တောင်ဇင်းဆေးရုံ
• စဉ့်ကူဆေးရုံ
ထင်ရှားသောနေရာများ
ဘုရား၊ပုထိုး၊စေတီများ

သမိုင်းကြောင